အာရ်ကန်ရိုးမ ၊ စစ်တွေ


ဗမာပြည်မှာ ကုန်စျီးနှုန်းမြင့်တက်ရေအတွက် ရင်ဆိုင်လာရရေ အထွေထွေအကျပ်အတည်းစွာ ရခိုင်ပြည်ဘက်ကိုလည်း ရိုက်ခတ်မှု ရှိနီပါရေ။


ပြည်မဖက်ကနီ ရခိုင်ပြည်ကို တင်သွင်းရေ ကုန်စျီးနှုန်းတိစွာ အစောပိုင်းက ၅၀ ရာခိုင်နှုန်းရာ စျီးမြှောက်ခ စွာဖြစ်ပနာ စက်တင်ဘာနောက်ဆုံး ရက်တိမှာ ၁၀၀ ရာခိုင်နှုန်းထိ စျီးထိုးတက်လားရေလို့ ရခိုင်စီးပွားရေး လေ့လာစောင့်ကြည်သူရို့က ဆိုပါရေ။


ဓာတ်ဆီစျီး တစ်လီတာကို ပုံမှန်အရောင်းဆိုင်ကြီးတိမှာ ၁၈၀၀ ကျပ်အထိရှိပြီးကေ လမ်းဘေးဆိုင်တိမှာဆိုကေ ၂၂၀၀ ကျပ်အထိ မြင့်နီရေပိုင် တခြားစားကုန်တိကလည်း ယခင်စျီးနှုန်းထက် ထက်ဝက်ခန့်လောက် တက်လားပါရေ။


သာမန်အရပ်သားတစ်ဦးအနေနဲ့ နိန့်တိုင်း ဆိုင်ကယ်စီးနင်းအသုံးပြုဖို့ ဓာတ်ဆီဖိုးလိုငွေ ၂၀၀၀ ကျပ်လောက်နဲ့ ဖြေရှင်းနိုင်ခကေ့လည်း ခုချိန်မှာ ၅ ထောင်ခန့်ထိကို အသုံးပြုဖို့ ဖြစ်လာရစွာကြောင့် စားဝတ်နီရေးကို အနှောင့်ယှက်လားဖြစ်စီရေ လို့ အာရ်ကန်ရိုးမက တွိ့ရှိခပါရေ။


တပိုင်တနိုင်ရောင်းကတ်တေ အိမ်ဆိုင်ချေ တိဆိုကေ ကုန်စုံပစ္စည်းတိ ထပ်မံတင်ဖို့ အခက်ခဲဖြစ်နီရပါရေ။ တည်ငြိမ်ရေ စျီးနှုန်းထားတစ်ခုကို အလျင်ဆုံး သတ်မှတ်နိုင်ကတ်ဖို့ တာဝန်ရှိသူတိကိုလည်း တောင်းဆို နီကတ်ပါရေ။ ယင်းထဲ စစ်တွေမြို့ ဓညဝတီရပ်ကွက်က ကုန်စုံဆိုင်ချေ ဖွင့်ထားရေ ဒေါ်ယဉ်ပန်းသူလည်း တစ်ဦးအပါအဝင်ပါ။


မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးရေနောက် တစ်နိုင်ငံလုံး မတည်မငြိမ်ဖြစ်နီပနာ နိန့်တိုင်း ဗုံးပေါက်ကွဲမှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုတိ ရှိနီပါရေ။ ရခိုင်ပြည်ဘက်မှာတော့ လုံးဝ တည်ငြိမ်နီခစွာပါ။ အကေလည်း ၇ လ အကြာမှာ ဒေါ်လာစျီးနဲ့ ရွှေစျီးနှုန်းတိ အဆမတန် မြင့်မားလာမှု ရှိလာပြီးကေ ရခိုင်ပြည်လည်း ဒေ အကျပ်အတည်းကို မရှောင်လွဲနိုင် ဖြစ်လာခပါရေ။


မြန်မာ့ကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းလာနီစွာက နိုင်ငံရေးတည်ငြိမ်နီရေ ရခိုင်ပြည်ကိုပါ ခက်ခဲ လာစီပါရေ။ ရခိုင်ပြည်သူတိလည်းဒေ အကျပ်အတည်းမှာ အလူးအလဲ ရင်ဆိုင်နီကတ်ရရေ လို့ ဒေသတွင်း သတင်းရို့ကဖော်ပြလာစွာ တွိ့နီရပါရေ။


စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ သူရို့ဌာနနဲ့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းရို့ ပူးပေါင်းပနာ ပြီးခရေ စက်တင်ဘာလ ၂၂ ရက်မှာ စက်သုံးဆီ 92၊ ဒီဇယ်ဆီနဲ့ Premium ဆီ တစ်လီတာကို ၁၂၀၀ ဝန်းကျင်နဲ့ ရောင်းချလျက်ရှိရေလို့ သတ်မှတ်ဆိုင် အမည်တိနဲ့တကွ ထုတ်ပြန်ထားပါရေ။


စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်တွင်းမှာ ဒေါ်လာစျီးမြင့်တက်နီစွာကို ဖြေရှင်းဖို့ ဗဟိုဘဏ်ကနီ ဒေါ်လာထုတ်ရောင်းနီကေလည်း လိုသလောက် မဖြည့်ဆည်းနိုင်ပါလို့ စက်တင်ဘာလ ၃၀ ရက်နိန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောခပါရေ။

 392 total views,  1 views today