ထူး ၊ အာရ်ကန်ရိုးမ

အေဂု တလော ရခိုင်ပြည်မှာ စစ်ပြန်ဖြစ်ဖို့လား ဝေဖန်သံတိ ကြားနီရပါရေ။
တပ်မတော်၏ စစ်ကြောင်း လှုပ်ရှားမှုတိကို ပေါ်တင် မြင်လာရရုံမက ရီပြင်မှာ လက်နက်ကြီး စမ်းသပ် ပစ်ခတ်စွာတိကိုပါ တွိလာရပြီးကေ အေဂုပိုင် အသံတိ ဆူညံလာစွာပါ။


အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို နီရာ ရယူလာပြီးကေ တော်လှန်ရေးခရီး ၇၅ ရာခိုင်နှုန်း အောင်မြင် ခယာလို့ ရခိုင့်တပ်တော် တပ်မှူးချုပ်က ထုတ်ဖော် ပြောကြားလာချိန် တပ်မတော် စစ်ကြောင်းတချို့ လှုပ်ရှားမှု ရှိလာပါရေ။


ဒေမတိုင်ခင် ရခိုင်ပြည်နယ် အတွင်း ဧည့်စာရင်းစစ်စွာတိ၊ လက်နက်စမ်းသပ် ပစ်ခတ်မှုတိကိုပါ တပ်မတော် ဘက်က လုပ်လာစွာပါ။ မြန်မာ့ အာဏာသိမ်းမှုမှာ ရခိုင်ဒေသစွာ ငြိမ်သက်နီခပြီး ကေပြီးခရေ ရက် သီတင်းပတ် တချို့က စပနာ AA ဘက်က မီဒီယာရို့တိ နဲ့ ခပ်စိပ်စိပ် တွိ့လာခပါရေ။ သူရို့၏ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး အကြောင်းကို ပေါ်ပေါ်တင်တင် မိတ်ဆက်လာရေ သဘော ယူဆရပါရေ။


ယင်းချင့်မက ကိုဗစ်ကာလ ရခိုင်ပြည်၏ ကူးစက်မှုကို ထိန်းချုပ်လျော့ချဖို့ အေအေက အမိန့်များထုတ်ပြန်စွာနဲ့ အပြစ်ပီး အရေးယူစွာတိ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခပါရေ။ ရခိုင်ပြည်ကို ချန်လှန်ထားပြီးကေ စစ်ရေးနဲ့ နိုင်ငံရေးမှာ ကျန်ဒေသများအတွက် အချိန်ပီးထားရရေ တပ်မတော်စွာ ချက်ချင်းဆိုရေပိုင် ပြန်ပြီးကေ အာရုံ စိုက်လာရရေ သဘောဖြစ်လားပါရေ။


ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်မှာ ဆိုကေ AA လှုပ်ရှားမှုတိကို သတင်းပီးဖို့ အုပ်ချုပ်ရေးမှူးတိကို စစ်တပ်က ညွှန်ကြားထားပနာ ဒေရက်ပိုင်း စစ်အင်အားနဲ့ တပ်စခန်း တိုးချစွာတိ ပိုမိုမြင်တွိ့လာရပါရေ။


သြဂုတ်လ ၂၆ ရက်နိန့်မှာဆိုကေ သစ်ပုတ်တောင် ရီတပ်စခန်း အနားက သိုင်းချောင်းရွာကို စစ်အင်အား ၁၀၀ လောက်က ဝင်ရောက် တပ်စွဲထားပြီးကေ အိမ်ထောင်စု စာရင်း စစ်ဆီးစွာတိ၊ အလားအလာ ကန့်သတ်စွာတိ လုပ်နီရေလို့ ပြောကတ်ပါရေ။


ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်က ”ကျနော့် အမြင်ကို ပြောရဖို့ဆိုကေ ဇာနိုင်ငံမှာ မဆို အာဏာက သုံးရပ်ရာ ရှိစွာ။ အုပ်ချုပ်ရေး အာဏာ၊ တရား စီရင်ရေး အာဏာ၊ ဥပဒေပြုရေး အာဏာ။ အာဏာသုံးရပ်မှာ နှစ်ရပ်ကို စစ်ဦးစီးချုပ်၏ အင်တာဗျူးမှာ ပါရေပိုင် အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေးအာဏာကို ULA/AA က လုပ်နီရေလို့ ပြောရေဟာက ထိပ်တိုက် တိုးဖို့ ပုံစံမျိုးမြင်ပါရေ။ အင်တာဗျူးပြီးစွာနဲ့ အရပ်ဖက်တိမှာ စစ်သားတိ လားလို့လာလို့ လုပ်နီ စွာတိ၊ နောက်ပြီးကေ စခန်းတိ တည်ဆောက်နီစွာတိ၊ တိုးချဲ့စွာတိ၊ စစ်သားတိကို နီရာ ပြောင်းရွှိစွာတိ၊ ပို့စွာတိ တွိ့ရရေ။ စစ်ဖြစ်နိုင်ခြီ ရှိရေလို့ ကျနော်က မြင်ရေ,, လို့ ပြောပါရေ။


သိုင်းချောင်းကျေးရွာစွာ ပြီးခရေ ရွေးကောက်ပွဲကာလ အတွင်းမှာပင် ရွာသားတချို့က မိုင်းထောင်ရေဆိုရေ စွပ်စွဲချက်နဲ့ စစ်တပ်က ဝင်ရောက်စစ်ဆေးပြီးကေ မဲပီးခွင့်နဲ့ အလားအလာ ကန့်သတ်ခံရဖူးရေ ရွာလည်း ဖြစ်ပါရေ။


ဒေဖြစ်စဉ်တိ မတိုင်ခင် ပြည်နယ်မြို့တော် စစ်တွေအပါအဝင် မြို့နယ်တချို့မှာ စစ်အင်အား တိုးချဲ့လာပြီးကေ လှည့်ကင်း ဆောင်ရွက်ပနာ လမ်းလား လမ်းလာတိကို စစ်ဆီးစွာ၊ တချို့ ရပ်ကွက်တိမှာ နီအိမ်တိ ဝင်စစ်စွာတိ ရှိပါရေ။ ဒေအပြင် စစ်တွေနဲ့ ပေါက်တောအပိုင် ပင်လယ်ပြင်မှာ လက်နက်ကြီးပစ် စမ်းသပ်မှု ပြုလုပ်ဖို့လို့ ခြိမ်းခြောက်စွာတိလည်း ရှိခပါရေ။

သြဂုတ်လ ၂၈ ရက်နိန့်မှာ စစ်ကောင်စီက တပ်စခန်းချထားရေ မင်းပြားမြို့နယ် မင်းရွာအရှေ့ဖက် တောင်တန်းက ကျယ်လောင်ရေ ပေါက်ကွဲသံ တချက်ထွက်ပေါ်လာခပါရေ။ နောက်တစ်နိန့်သြဂုတ်လ ၂၉ ရက်နိန့်မှာ တပ်ရဟတ်ယာဉ်တိ ပျံဝဲနီစွာတိ ရခိုင်မှာ တွိ့လာရပါရေ။


မင်းပြားမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက Arakan Yoma ကို ခုပိုင် ပြောပါရေ။
”မ ရို့ရွာ အရှိဖက်က မိုင်းတစ်လုံး ပေါက်လားစွာ။ လေယာဉ်လည်း သစ်ပင်တစ်ရပ် ကျော်လောက်က ဝဲလားရေ။ တောင်ထက်မှာ ပျံဝဲပြီးကေ ကြည့်လားရေ၊ ဒေနိန့် နှစ်စီးလားရေ။
သူရို့ အယင်က ထောင်ထားရေ မိုင်းတိ တခါတလီ ပေါက်ကွဲရေ။ တခါတလီ သူရို ထိရေ။ ယပိုင် ရှိရေ။ မကြာမကြာ ပေါက်တေ။ သူရို့ ထောင်ထားရေ မိုင်းတိ ရှိဖို့။ ညက နိန့်ခင်းက တစ်စီး တက်လားရေ။ စစ်သားတိက မ ရို့ရွာအရှိတည့်တည့်က တောင်ထိပ်မှာရှိရေ။ တိုက်ပွဲတိလည်း ရှိလမှာ ဖြစ်ဖို့လို့ ခန့်မှန်း နီကတ်တေ။ ရွာသားတိကလည်း တိုက်ပွဲဖြစ်ဖို့ ကြောက်နီကတ်တေ,,။


ဒေပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် တပ်ဖွဲ့ဝင် တချို့ထိခိုက်စွာ ရှိရေလို့ သတင်းထွက်နီကေလည်း အာဏာပိုင်တိဘား ဆက်သွယ်လို့မရရေ အခက်အခဲကြောင့် သတင်းကို အတည်ပြုဖို့ ခက်ခဲပါရေ။ ပြီးခရေ သြဂုတ် ၁၇ ရက်နိန့်ကလည်း ကျောက်တော်မြို့နယ် ဦးစွန်းတောင်ကျေးရွာက မြိုလူမျိုး တစ်ယောက် မိုင်းနင်းမိလို့ ခြေထောက် တစ်ဖက်ဖြတ်ခရပါရေ။


ရခိုင်ပြည်နယ်လို့ ဆိုလိုက်ကေ အနောက်ဘက်နယ်စပ် ပြဿနာတိ၊ လူမျိုးရေးအဓိကရုဏ်းနဲ့ လက်နက်ကိုင် ပဋိပက္ခတိနဲ့ တွဲမြင်ခကတ်ကေလည်း စစ်တပ်က အာဏာသိမ်းလိုက်ရေနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အတည်ငြိမ်ဆုံး ဒေသစွာ ရခိုင်ပြည်နယ်ဖြစ်လာခပါရေ။


လက်ရှိမှာ လက်နက်ကိုင်နှစ်ဖွဲ့ စလုံးက လှုပ်လှုပ်ရွရွဖြစ်လာရေ အခြီအနီကြောင့် ဒေသခံတိကတော့ တိုက်ပွဲတိ တကျော့ပြန် ဖြစ်လာဖို့လားဆိုပြီးကေ စိုးရိမ်နီကတ်ပါရေ။ တိုက်ပွဲဖြစ်နိုင်ခြေ နည်းရေဆိုရေသုံးသပ်ချက်တိ ရှိရေပိုင် စစ်ဖြစ်လာဖို့ လမ်းစကို မြင်နီရစွာတိ ရှိရေလို့လည်း နိုင်ငံရေးအကဲဖြတ်တိ အကြား ကြားနီရပါရေ။


တိုက်ပွဲ အဂင့်ယင့် ဖြစ် မဖြစ်ကို အာမခံချက်အတွက် AA နဲ့ စစ်ကောင်စီတပ်တိ အကြား တရားဝင် အပစ်ရပ် စာချုပ် ချုပ်ဆိုထားကတ်စွာ မရှိပါလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း မီဒီယာတိကို ဖြေကြားထားပါရေ။


ပြည်နယ် မြောက်ပိုင်းဒေသနီ ရခိုင်ဒေသခံ တချို့ကတော့ စစ်ကောင်စီတပ်တိ တိုးချဲ့လာရေပိုင် တချို့ ကျေးရွာတိမှာ လည်း မြေမြှုပ်မိုင်း အသစ်တိ ထောင်စွာ ရှိလာကြောင်း သံသယဝင်နီကတ်ပါရေ။


လက်ရှိမှာတော့ စစ်ကောင်စီတပ်က ကုန်ကြောင်း ရီကြောင်း လုံခြုံရေး ဆောင်ရွက်မှုတိ အလုံးအရင်းနဲ့ ရှိလာနီရေလို့ မျက်မြင်တိပါးက သိရပါရေ။

 439 total views,  1 views today