စစ်တွေ၊ အာရ်ကန်ရိုးမ

မြန်မာနိုင်ငံ၏ ကိုဗစ်တတိယလွိုင်း ကူးစက်မှုမွာ ရခိုင်ပြည်လည်း အလူးအလဲ ခံစားနီရပါရေ။ ပြည်မ ဘက်တိမှာ အောက်စီဂျင် လုံလောက်မှု မရှိစွာကြောင့် အသက်ဆုံးရှုံးမှု ဖြစ်နီရစွာတိကို သင်ခန်းစာယူပြီးကေ ရခိုင်ပြည်အတွင်း အောက်စီဂျင် လုံလောက်မှု ရှိစီဖို့ ကြိုးစားလာနီကတ်စွာကို တွိ့ရပါရေ။ အောက်စီဂျင် စက်ရုံတိကို မြို့နယ်အလိုက် တည်ဆောက်ဖို့ ကြိုးစားနီကတ်မှုအထဲ စစ်တွေမြို့နယ်က တက်ကြွစွာ ပါဝင် လှုပ်ရှားနီရေ ရခိုင်တိုင်းရင်းသားတိ အစည်းအရုံး က ကိုဇော်ဇော်ထွန်းကို အာရ်ကန်ရိုးမသတင်းထောက် အောင်အောင်ထူးက ဆက်သွယ်မေးမြန်းထားစွာဖြစ်ပါရေ။

မီး။ ။ ဒေရခိုင်ပြည်နယ် စစ်တွေမြို့က ပြည်သူတိ စည်းကမ်းလိုက်နာမှု အခြေအနေတိ ဇာပိုင်ရှိပါလဲ။ ဒေ အပြင်မှာပါလေ။‌

ဖြီ။ ။ စည်းကမ်းလိုက်နာမှုကတော့ လိုက်နာရေ လူတိကတော့များလာပါရေ။ တစ်ချိုလည်း အနည်းငယ် လိုက်နာမှု လျော့နည်းစွာကိုလည်း တွိ့ရပါရေ။ အထူးအဖြင့် ဝင်ငွေနည်းပါးရေ မိသားစုတိ နီရေ ရပ်ကွက်တိပါလေ။ ယင်းမှာ mask တိကို စနစ်တကျ မတပ်ဘဲနဲ့ နီကတ်စွာတိ၊ အပြင်ကိုလည်း လိုအပ်စွာ ထက် ထွက်နီကတ်စွာတိကို တွိ့ရပါရေ။ တစ်ချို့ကလည်း မလွဲသာ မရှောင်သာ စားဝတ်နီရေးအတွက် ထွက်ကတ်စွာလည်း မြင်ရပါရေ။ တစ်ဘက်မှာလည်း တစ်ချို့လိုက်နာဖို့ အခက်အခဲတိ ရှိကောင်း ရှိနိုင်ပါရေ။ ဇာပိုင်လိုမျိုးလဲဆိုလို့ရှိကေ သူရို့အတွက် mask တစ်ခုရရှိဖို့ အတွက်က မလွယ်ပါလေ။ ယပိုင်မျိုးတိရှိပါရေ။ ဝယ်သုံးဖို့ကလည်း နိန့်တိုင်းနိန့်တိုင်းတစ်ရက်မှာ ဥပမာ ဆိုပါစို့ mask ကို ကျနော်ရို့နိန့်တိုင်း နိန့်တိုင်း စနစ်တကျတပ်ပြီးကေ အချိန်တစ်ခုအတိုင်းအတာမှာ ရပ်လိုက်ရဖို့ အသစ်တပ်ရဖို့ဆိုကေ တစ်ရက်မှာ ၃၊ ၄၊ ၅ ခုလောက် အပြင်ထွက်လည်း အပြင်ကပြန်လာကေ ယင်း mask ကို ပြန်တပ်လို့ မရပါယာလေ။ ယပိုင်မျိုးတိုှာ အေသးစိတ်လိုက်နာဖို့ အပိုင်းတိမှာ သူရို့နားမလည်။ သူရို့က mask မတပ်ကေ အရေးယူဖို့ ဆိုလို့ရာ တပ်နီကတ်တေ။ သို့သော် စနစ်တကျ တပ်ဆင်စွာ စွန့်ပစ်စွာတိ လုံလုံလောက်လောက် တပ်နိုင်စွာတိမျိုးတော့ မတွိ့ရပါ။

မီး။ ။ ဟုတ်ပါရေ။ ပြီးကေ အကိုရို့အနေနဲ့လည်း Quarantine Centre တစ်ခုဖွင့်ပြီးကေ ဆောင်ရွက်နီစွာကို သိရပါရေ။ ယင်းမှာ ခု လူဦးရေ ဇာလောက်လောက်ရှိပါလဲ။ ဇာပိုင်ပုံစံ ဆောင်ရွက်ပြီးကေ ဇာတိ လိုအပ်နီပါလဲ။‌

ဖြီ ။ ။ ကျနော်ရို့က အဆင်သင့် Ready ဝန်ထမ်းတိ၊ လိုအပ်တေ အသုံးဆောင် ပစ္စည်းတိကအစ ဖြည့်ဆည်း ထားရေ။ အကေလည်း ကောရိန်တိမ်းဆန်တာထဲမှာ ကောရိန်တိန်းဝင်ရေသူတော့ မရှိသိပါ။ တစ်ယောက်မှ မရှိသိပါ။ ယင်းချင့်က မူပိုင်းဆိုင်ရာနဲ့ ပတ်သက်ကေလည်း ပတ်သက်နိုင်ပါရေ။ ဥပမာ ဇာပိုင် လူတိကို ထားဖို့လဲ။ ဇာပိုင် လူကိုထား၊ ဇာပိုင်လူကိုထားဖို့လဲ၊ လာသမျှလူကို ထားဖို့ ဆိုစွာကလည်း မလောက်။ နယ်ကလည်း တစ်ရက်မှာ မကြာမကြာ ဖြတ်နီရေ။ တစ်ခြားလမ်းကြောင်းက ဝင်စွာတိ ရှိနီခါ သူရို့ မူပိုင်းဆိုင်ရာ ရှင်းလင်းလားကေ့တော့ စပြီး ထားလာဖို့ရှိပါဖို့။

မီး။   ။ ဟုတ်ပါရေ အကို အခုဆိုကေ ရခိုင်မှာ ကိုဗစ် ကူးစက်ခံထားရေရသူ ၁၇၀၀ ကျော်နဲ့ သေဆုံးသူ ၆၃ ယောက်လောက်ရှိယာလို့ ကျန်းမာရေး စာရင်းစယားတိ အရ သိရပါရေ။ စစ်တွေမှာဆိုကေ လည်း သေဆုံးသူ ဒေနိန့်ထိ ဆိုကေ ၆ ယောက်နဲ့ ကူးစက်ခံထားရေရ သူ ၃၃၀ ကျော်လောက်ရှိယာလို့ သိရပါရေ။ ယပိုင်ဆိုကေ ဒေ အခြေအနေမှာ ပြည်သူ့ဆေးရုံကြီးက ရခိုင်တစ်ပြည်နယ်လုံးမှာ အောက်ဆီဂျင်တိ လုံလုံလောက်လောက် ရှိရေ ဆိုပြီးကေ စစ်ကောင်စီ ဘက်ကနီ ပြောထားပါရေ။ ပြောထားရေ အထဲမှာ လုံလောက်မှု မရှိဆိုရေ အကြောင်းတိကိုလည်း တစ်ချို့က ဖော်ထုတ်ပြီးကေ တိုက်ရိုက်ထုတ်လွင့်ပြီး ပြကတ်စွာတိလည်း တွိ့ရပါရေ။ ဆိုတော့ ဒေချင့် နဲ့ပတ်သက်ပြီးကေ အောက်ဆီဂျင် စီမံခန့်ခွဲမှု နဲ့ပတ်သက်ပြီးကေ စစ်ကောင်စီက အရပ်ဖက် အဖွဲ့အစည်းတိကို လွဲပီးထားစွာတိရှိပါလား။ အကိုရို့လည်း ဒေ ကိစ္စတိနဲ့ ပတ်သက်ပြီးကေ ပြောစွာတိ ရှိလို့ပါလေ။ စစ်ကောင်စီကို ဒေ ကိစ္စတိနဲ့ ပတ်သက်ပြီးကေ ဆွေးနွေးစွာတိ ရှိပါလား။‌

ဖြီ ။ ။ သူရို့ကတော့ ဒေ အောက်ဆီဂျင်နဲ့ ပတ်သက်ပြီးကေ စီမံခန့်ခွဲရေး ကော်မတီ ဖွင့်ထားရေလို့ ပြောပါရေ။ ဇာသူတိနဲ့ ဖွဲ့ထားရေ ဆိုစွာတော့ အတိကျမပြောသိပါ။ သို့သော် ယင်းမှာက အားလုံးရေ အစိုးရဌာန ဆိုင်ရာတိ အာဏာပိုင်တိလည်း ပါပါ ရေ။ အရပ်ဘက်တော့ မပါထားပါ။ ကျနော်ရို့ကလည်း နီပြီးကေ အရပ်ဘက် စုပေါင်း လှူဒါန်းမှုတိနဲ့ တည်ဆောက်တေ။ ကိုယ်ရို့မှာ ကိုယ်ရို့ စီမံခန့်ခွဲ ချင်ရေ။ သို့သော် လိုအပ်စွာတိ ရှိရေ။ ဆေးရုံတိကိုလည်း ပံ့ပိုးဖို့ပေါ့။ တစ်ခြားနေရာတိကိုလည်း လိုအပ်ချက်ပေါ် မူတည်ပြီးကေ ကျနော်ရို့ ထုတ်ပီးနိုင်ရေ အတိုင်းအတာအရ ချိန်ကိုက်ပြီးကေ ပြုလုပ်ဖို့။ စက်ရုံ တည်ဆောက်ဖို့ စွာတိ ကိုယ် သင့်တင့်ရေ နေရာတိမှာ သင့်တင့်ရေပိုင် လုပ်ပီးဖို့ တောင်းဆို ထားစွာတိ ရပါရေ။ လောလောဆယ်တော့ နောက်ဆုံး ဆွေးနွေးချက်တိမှာတော့ ကျနော် မပါလိုက်စွာကြောင့် မသိပါ။ အကေလေ့ ကြားစွာက စက်ရုံတည်ဆောက်ဖို့။ ပြီးကေ ထွက်လာစွာတိကို လိုအပ်တေ နေရာတိကို ဆေးရုံတိကို ပီးဖို့အတွက်တော့ အကြမ်းဖျင်း သဘောတူထားရေလို့ ပြောပါရေ။ အတိအကျညွန်ကြားချက်တိတော့ မထွက်သိပါ။

မီး။ ။ ဟုတ် ဆိုလိုရေ သဘောက အကိုရို့က အောက်ဆီဂျင်စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးကေ အရပ်ဖက်အဖွဲ့ကို လွဲပီးဖို့ တောင်းဆိုထားရေ။ ယကေလေ့ စစ်ကောင်စီကတော့ ပြန်ဖြေကြားစွာ မရှိသိ။ ယပိုင်ပါလား။‌

ဖြီ ။ ။ မဟုတ်ပါ။ စစ်ကောင်စီဘားက စီမံခန့်ခွဲမှု ဆိုစွာက ထွက်လာသမျှ ရရှိသမျှ အောက်စီဂျင်တိကို သူရို့က ပြင်ဆင်နီစွာပါ။ ယကေလေ့ ကျနော်ရို့ ပြောစွာက ယင်းချင့်ပါ အပြီးပြောစွာ မဟုတ်။ ကိုယ်ရို့လုပ်တေ ကိုယ်ရို့ဘားက ထွက်တေ အောက်ဆီဂျင်ကိုပင် ကိုယ်ရို့စီမံခန့်ခွဲ့ဖို့ပြောစွာပါ။ ယင်းချင့်ကိုတောင် ကျနော်ရို့ အပြည့်အဝ ပီးဖို့လား မသေချာသိပါ။ အောက်ဆီဂျင်ထုတ်လုပ်ခွင့် ပြုလုပ်ဖို့ စစွာတိကိုတော့ မကန့်သတ် မကန့်ကွက်လို့တော့ ပြောပါရေလတ်။

မီး။ ။ ဟုတ်ပါရေ။ ဒေနောက်ပိုင်းမွာ စစ်တွေမွာ Oxygen Plant ပေါ်လာရေကိစ္စကို သူရို့ဘက်က ဇာတိ ထောက်ပံ့ပီးစွာတိ ရှိပါလဲ။ စစ်ကောင်စီ ဘက်ကပါ။‌

ဖြီ။ ။သူရို့ကတော့ အောက်ဆီဂျင် စက်ရုံ တည်ရေဆိုကေ တည်ရေအပေါ်မှာ ထုပ်လုပ်ဖို့အတွက် သူရို့ မကန့်ကွက်။ စက်ရုံတည်ဖို့ဆို တည်ပေါ့။ ဆေးရုံ ဆေးခန်းမှာ သုံးလို့ရအောင် စနစ်တကျ လုပ်ရဖို့ လို့တော့ ပြောပါရေ။တကယ်လို့ စက်ရုံ တည်ဆောက်လို့ရှိကေလည်း သူရို့ဘားက တည့်ဝင်ငွေ တစ်ချို့ ထောက်ပံ့မှု တစ်ချို့ထည့်ပီးဖို့ပေါ့။ သိန်း ၁၀၀ လောက်တော့ ပြောတော့ ပြောနီရေ။ ယကေလေ့ အတိအကျတော့ မသိရသိပါ။

မီး။ ။ ဟုတ်ပါရေ အကိုရို့ ဒေဟာကို အကောင်အထည်ဖော်ဖို့ဟာကိုကျတော့ ငွေအားဖြင့်ဇာလောက် လိုနိုင်ခြေ ရှိပါလဲ။ ပြီးကေ ခုက ဇာလောက်ထိ ရရှိထားပါယာလဲ အကောင်အထည်ဖော်ဖို့ အတွက်ပေါ့။‌

ဖြီ။ ။ ဒေဟာကျကေ နှစ်ပိုင်းရှိပါရေ။ ကျနော်ရို့ REC က စတင် တည်ထောင်ရေဆိုစွာက တစ်ပိုင်းပါ။  ယကေလေ့ မြို့နယ်ကော်မတီဖွဲ့ပြီးကေ လုပ်နီရေ အထဲမှာတော့ ကျနော်က ပြောရေးဆိုခွင့်ရှိသူ မဟုတ်ပါ။ ယင်းချင့်ကို စစ်တွေအောက်စီဂျင် ဆောက်လုပ်ရေးကော်မတီ မေးရပါဖို့။ Sittwe Oxygen Plant ဆိုပြီးကေ ဖွဲ့လို့ ရှိရေ။ ကျနော်ရို့က တစ်ရက်မှာ အလုံးတစ်ရာထွက် စက်ရုံတည်ဖို့။ စက်ရုံမြေနေရာနဲ့ စက်ရုံဆောက်ဖို့။ နောက်ပြီးကေ တစ်ခြားမြို့တိကို ခပြီးဖို့။ နောက် အောက်ဆီဂျင် ဆလန်ဒါအိုးတိဝယ်ဖို့။ သိန်းထောင့်ငါးရာ လောက်တော့ မျှော်မှန်းထားပါရေ။

မီး ။ ။ ခုက ဇာတိလိုအပ်ချက်ရှိနီသိပါလဲ။ အကောင်အထည်ဖော်ဖို့ကိစ္စမှာ။‌

ဖြီ။ ။ လိုအပ်ချက်ကတော့ အလှူငွေ အတိုင်းအတာတိ ဇာလောက်လောက် ရှိနီယာလဲ။ ကျနော်လဲ မသိ။ယင်းချင့်က ယင်းကော်မတီခွဲမှာက ကျနော်မပါပါ။ ဘဏ်ဏ္ဍာငွေစာရင်းကုမ္ပဏီခွဲကို မေးရပါဖို့။ ယင်းကမဟုတ်ကေ ပြန်ကြားရေ SOP ကိုမေးရပါဖို့။ ကျနော်ရို့ကတော့ အတိကျမသိရသိပါ။ ငွေကြေး မပြည့်သေးလို့တော့ ပြောပါရေ။ နောက်တစ်ခုက လိုအပ်ချက်က ခွင့်ပြုချက်တိကို ပီးဖို့ပါ။ နောက်ပြီးကေ အောက်ဆီဂျင်ထွက်တေ ဟာတိကို လိုအပ်တေ အများပြည်သူ လိုအပ်တေနေရာမှာ သုံးစွဲခွင့်ရဖို့ ခွင့်ပြုချက်ပီးဖို့ ဟာတိတော့ လိုပါရေ။ နောက်ထွက်လာရေ အောက်ဆီဂျင်တိကို ဖြန့်ဖြူးရေ အခါမှာလည်း ဇာပိုင် စည်းမျည်းစည်းကမ်း လူထု သတ်မှတ်ချက်တိနဲ့ ပီးဖို့လဲဆိုစွာကို အတိအကျဆွေးနွေးရပါဖို့။

မီး။  ။ ဟုတ်ပါရေ အကိုအနေနဲ့ နောက်ဆုံး အောက်ဆီဂျင်ကိစ္စ လက်ရှိ ကိုဗစ်ကူးစက်မှုကိစ္စနဲ့ ပတ်သက်ပြီးက ဇာတိ ပြောချင်စွာတိ ရှိပါလဲ။‌

ဖြီ။  ။ ကျေနာ်ရို့ ကိုဗစ် Third Wave တတိယ ကြိမ်စပြီးကေ ဖြစ်လာဖို့ ဟာကို အချိန်အခါ ကနော်ရို့က စစ်ကောင်စီဖက်က အာဏာပိုင်တိစွာ ဒေ အပေါ်မှာ အေလးနက်ထားပြီးကေ ဖြစ်လာဖို့ အကျိုးအဆက်တိကို ဆုံးဖြတ်ရစွာမျိုးလည်း မရှိခလို့ အကြမ်းဖျင်း ပြောရပါဖို့။ သူရို့ကတော့ ထိခိုက်နိုင်စွမ်းကို ကူးစက်မှုများလာကတ်မှပဲ လုပ်ဖို့။ နောက်ပြီးကေ အောက်ဆီဂျင်နဲ့ ပတ်သက်ပြီးကေ အစိုးရဖက် စီစဉ် ဆောင်ရွက်ထားစွာတိနဲ့ ပတ်သက်ပြီးကေ အများပြည်သူကို သတင်းအချက်အလက် ပီးစွာတိ နောက်ကျရ။ ရှိနေရေ အစီစဉ်တိအတိုင်း အတိအကျ အကောင်ထည်ဖော်နိုင်ရေ အပိုင်းတိမှာ လိုအပ်ချက်တိရှိနီရေ။

မီး။ ။ စစ်တွေက လက်ရှိ အောက်စီဂျင်အခြေအနေက ဇာပိုင် မြင်တွိ့ရပါလဲ။‌

ဖြီ။ ။ ရခိုင်တပြည်နယ်လုံးမှာ ရှိရေ ဆေးရုံဆေးခန်းတိမှာ ကုသနီရေ လူဦးရေစာရင်းတိ၊ နောက်ပြီးကေ အောက်စီဂျင် လိုအပ်ချက်တိကို စာရင်း ကောက်ယူပြီးကေ သူရို့တိက ပံ့ပိုးနီလို့ သိရပါရေ။ နောက်ထပ်လို့ လိုလာဖို့ အောက်စီဂျင်တိကိုလည်း မှာယူနီရေလို့ သိရပါရေ။ ယင်းချင့်တိရာ အသေအချာ ဖြစ်လာရေဆိုကေတော့ နောက် ၂ ပတ်၊ ၃  ပတ်အတွင်းမှာ အောက်စီဂျင်လိုအပ်ချက် အများကြီးကို ဖြည်းစည်းလာနိုင်ဖို့လို့ သုံးသပ်ပါရေ။

အခုက အခက်အခဲတိ အားလုံးမှာရှိနီကတ်တေ။ ပြည်သူ လူထုမှာရော ရောဂါကူးစက်ခံနီရရေ မိသားစုတိ မှာရော လူနာရှင်တိမှာရော ဆေးဝယ်နီရစွာတိကော အများကြီး ရှိနီကတ်တေ။ ဒါကြောင့် ဆင်းရဲ ပင်ပန်းစွာတိ အများကြီးဖြစ်နီကတ်တေ။ မပြောသင့်ရေ စကားတိပြောနီကတ်တေ။ ဆေးရုံ ဝန်ထမ်းတိမှာလည်း  မလုံလောက်တေ အနေအထားနဲ့ အားနည်းချက်တိကြားထဲမှာ ဖိအားတပုံကြီးနဲ့ အလုပ် လုပ်နီကတ်ရရေ။ သူရို့ကလည်း ပြန်ပြောစွာတိ ရှိနီရေ။ ယပိုင်မျိုးဖြေရှင်းလို့ မရနိုင်ပါ။ တဖက်ကို တစ်ဖက် နားလည် ပီးပြီးကေဖြစ်လာရေ အခြေအနေကို နားလည်မှုရှိရှိနဲ့ ဖြေရှင်းဖို့ရာ ရှိပါရေ။ အောက်ခြေပိုင်းမှာ အကောင်အထည်ဖော်စွာတိကို ဖြေရှင်းဖို့အတွက်လည်း ကောင်းကောင်း မွန်မွန်ဖြစ်အောင် အသေအချာ လိုက်လုပ်ပီးဖို့လိုပါရေ။ မဟုတ်ကေ အထက်ကတော့ အားလုံးကို စီစဉ် ဆောင်ရွက်ပီးထားရေ။ အောက်ခြေမှာ ကျကေ ပြဿနာတစ်ပုံကြီး ဖြစ်ပြီးကေ ပြည်သူလူထုနဲ့ ထိတွိ့ရရေ ဝန်ထမ်းတိကြားထဲမှာ အင်မတန်မှ အန္တရာယ်ကြီးပါရေ။ ယင်းချင့်တိကိုလည်း ပြင်ဆင်ပီးဖို့လိုပါရေ။

မီး။ ။ စစ်တွေမှာရော တက်ရောက် ကုသနီရေ လူဦးရေ အခြေအနေနဲ့ ရှိနီရေ အောက်စီဂျင်နှုန်းနဲ့ကော။‌

ဖြီ။ ။ အခုနောက်ဆုံး စီမံခန့်ခွဲနီရေ အစီစဉ်ကတော့ အရမ်းကြီးတော့ ပြဿနာ မတတ်နိုင်လို့တော့ ထင်ပါရေ။ တစ်ရက်နဲ့ တစ်ရက်က အခြေအနေမတူ။ လိုအပ်ချက်ကလည်း မတူနိုင်။ ဒေနိန့်တက်ရောက် ကုသနီရေ လူနာအခြေအနေ၊ ရှိနီရေ အောက်စီဂျင်ပမာနနဲ့ ချပီးထားရေ အစီစဉ်ကတော့ သင့်လျော် ကောင်းမွန်ရေ အခြေအနေမှာရှိပါရေ။

မီး။ ။ အခုဖြစ်နီရရေ အခြေအနေက အောက်စီဂျင်ပြတ်လပ်စွာလား။ မဟုတ်ဘဲနဲ့ ဇာပိုင် အခြေအနေပါလဲ။‌

ဖြီ။ ။ နှစ်ပိုင်း ရှိပါရေ။ တစ်ပိုင်းက အောက်စီဂျင် လိုသဘောက် မြန်မြန်ဆန် မထုတ်ပီးနိုင်။ လူနာ တိကလည်း စိုးရိမ်တကြီးနဲ့ လိုအပ်ချက်တကြီးနဲ့ အတင်းအဓမ္မ တောင်းစွာတိရှိရေ။ နောက်တခုက ရှေ့မှာ ဖြစ်လာဖို့ အကျိုးဆက်တိကို ကြိုပြီးကေ စီစဉ်ရေအပိုင်း။ ဒေနိန်မှာ အောက်စီဂျင် လိုအပ်ချက် ဇာလောက်ရှိရေ။ မနက်ဖြန် ဇာလောက်လိုဖို့လဲ ဆိုစွာကို မှန်းမကျ။ ကြိုတင်ပြီးကေ အရံ ထားရဖို့။ ဇာနေရာမှာ ပိုလို့ရှိရေ။ယင်းနေရာမှာတော့ အရေးပေါ်လိုနီရေ။ ယပိုင်မျိုးသတင်းအချက် အလက် တိကလည်း စီစဉ်မှုတိလဲ လိုပါရေ။ နောက်တခုက အောက်စီဂျင်လူနာတိကို ကုသရေ အခါမှာ အနီးကပ် လိုသလောက် ကုသမှုတိ မပီးဘဲနဲ့ ပစ်ထားရေဆိုရေ သဘောမျိုးတိ ဖြစ်နီရေ။ ယင်းအချက်နှစ်ခုကြောင့် ဖြစ်နေစွာ၊

မီး။ ။ အကိုရို့ပြောရေ အောက်စီဂျင်စီမံခန့်ခွဲမှုကို အရပ်ဘက်ကို အပ်မှတော်ကာ ကျဖို့ဆိုရေ ကိစ္စကကော။‌

ဖြီ။ ။ ယင်းကက သူရို့ ထုတ်လာရေ အောက်စီဂျင်ကို ကျနော်ရို့ စိတ်ရှိရေအတိုင်းလုပ်ဖို့ကို ပြောစွာ မဟုတ်ပါ။ စစ်ကောင်စီ ဖက်ကနီပြီးကေ လိုအပ်ချက်ရှိလို့ ပြောစွာပဲ ဖြစ်ဖြစ်၊ ဆေးရုံဖက်က လိုအပ်ချက် ရှိလို့ ပြောစွာပဲ ဖြစ်ဖြစ် လူတိကို ကုသပီးနီစွာပဲပေါ့။ ကျနော်ရို့က တခြား ဆေးရုံဆေးခန်း မရောက်ဘဲနဲ့ တစုံတယောက် ဥပမာ ဆိုပါစို့။ ဆေးရုံဆေးခန်းကို တက်ရောက် မကုသနိုင်။ ယင်းအချိန်မှာ အရေး အကြောင်း ကုသဖို့ လိုအပ်နီရေ။ ဆေးရုံတက်ဖို့လည်း မဖြစ်နိုင်။ယင်းချင့်ကို အရေးပေါ် ကုဖို့ဆိုကေ ကျနော်ရို့က ပီးလို့ရ ရဖို့လေ။ ယပိုင်မျိုး အခြေအနေတိ ဖြစ်လာနိုင်ရေ။

မီး။ ။ ဆိုတော့ ငွေသာ လက်ထဲ အလုံအလောက်ရှိဖို့ဆိုကေ အချိန်ဇာလောက်ယူကေ အကောင်အထည် ဖော်နိုင်ဖို့ ထင်ပါလဲ။‌

ဖြီ။ ။ သြဂတ်စ်လကုန် စက်တင်ဘာလလောက် ဆိုကေတော့ လည်ပတ်နိုင်လိမ့်မယ်လို့ ကျနော်ရို့က ယုံကြည်ထားရေ။

 433 total views,  1 views today