စစ်တွေ၊ အာရ်ကန်ရိုးမ

မြန်မာနိုင်ငံရဲ့ ကိုဗစ်တတိယလှိုင်း ကူးစက်မှုမှာ ရခိုင်ပြည်လည်း အလူးအလဲ ခံစားနေရပါတယ်။ ပြည်မ ဘက်တွေမှာ အောက်စီဂျင် လုံလောက်မှု မရှိတာကြောင့် အသက်ဆုံးရှုံးမှု ဖြစ်နေရတာတွေကို သင်ခန်းစာယူပြီး ရခိုင်ပြည်အတွင်း အောက်စီဂျင် လုံလောက်မှု ရှိစေဖို့ ကြိုးစားလာနေကြတာကို တွေ့ရပါတယ်။ အောက်စီဂျင် စက်ရုံတွေကို မြို့နယ်အလိုက် တည်ဆောက်ဖို့ ကြိုးစားနေကြမှုအထဲ စစ်တွေမြို့နယ်က တက်ကြွစွာ ပါဝင် လှုပ်ရှားနေတဲ့ ရခိ်ုင်တိုင်းရင်းသားများအစည်းအရုံး က ကိုဇော်ဇော်ထွန်းကို အာရ်ကန်ရိုးမသတင်းထောက် အောင်အောင်ထူးက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

မေး။ ။ ဒီရခိုင်ပြည်နယ် စစ်တွေမြို့က ပြည်သူတွေ စည်းကမ်းလိုက်နာမှု အခြေအနေတွေ ဘယ်လိုရှိပါသလဲ။ ဒီ အပြင်မှာပေါ့။

ဖြေ။ ။ စည်းကမ်းလိုက်နာမှုကတော့ လိုက်နာတဲ့ လူတွေကတော့ များလာတယ်ပေါ့။ တစ်ချို့လည်း အနည်းငယ် လိုက်နာမှု လျော့နည်းတာကိုလည်း တွေ့ရပါတယ်။ အထူးအဖြင့် ဝင်ငွေနည်းပါးတဲ့ မိသားစုတွေ နေတဲ့ ရပ်ကွက်တွေပေါ့။ အဲဒီမှာ mask တွေကို စနစ်တကျ မတပ်ဘဲနဲ့ နေကြတာတွေ၊ အပြင်ကိုလည်း လိုအပ်တာ ထက် ထွက်နေကြတာတွေကို တွေ့ရပါတယ်။ တစ်ချို့ကလည်း မလွဲသာ မရှောင်သာ စားဝတ်နေရေးအတွက် ထွက်ကြတာလည်း မြင်ရပါတယ်တစ်ဘက်မှာလည်း တစ်ချို့လိုက်နာဖို့ အခက်အခဲတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဘယ်လိုမျိုးလဲဆိုလို့ရှိရင် သူတို့အတွက် mask တစ်ခုရရှိဖို့ အတွက်က မလွယ်ဘူးပေါ့။ အဲလို မျိုးတွေရှိပါတယ်။ ဝယ်သုံးဖို့ကလည်း နေတိုင်းနေ့တိုင်းတစ်ရက်မှာ ဥပမာ ဆိုပါစို့ mask ကို ကျနော်တို့ နေ့တိုင်း နေ့တိုင်း စနစ်တကျတပ်ပြီးတော့ အချိန်တစ်ခုအတိုင်းအတာမှာ ရပ်လိုက်ရမယ် အသစ်တပ်ရမယ်ဆိုရင် တစ်ရက်မှာ ၃၊ ၄၊ ၅ ခုလောက် အပြင်ထွက်လည်း အပြင်ကပြန်လာရင် အဲဒီ mask ကို ပြန်တပ်လို့ မရတော့ဘူးပေါ့။ အဲလိုမျိုးတွေမှာ အသေးစိတ်လိုက်နာဖို့ အပိုင်းတွေမှာ သူတို့နားမလည်းဘူး။ သူတို့က mask မတပ်ရင် အရေးယူမယ် ဆိုလို့သာ တပ်နေကြတယ်။ သို့သော် စနစ်တကျ တပ်ဆင်တာ စွန့်ပစ်တာတွေ လုံလုံလောက်လောက် တပ်နိုင်တာတွေမျိုးတော့ မတွေ့ရပါဘူး။

မေး။ ။ ဟုတ်ကဲ့ပါ။ ပြီးတော့ အကိုတို့အနေနဲ့လည်း Quarantine Centre တစ်ခုဖွင့်ပြီးတော့ ဆောင်ရွက်နေတာ သိရပါတယ်။ အဲဒီမှာ ခု လူဦးရေ ဘယ်လောက်လောက်ရှိလဲဗျ။ ဘယ်လိုပုံစံ ဆောင်ရွက်ပြီး ဘာတွေ လိုအပ်နေလဲဗျ။

ဖြေ။ ။ ကျနော်တို့ကတော့ အဆင်သင့် Ready ဝန်ထမ်းတွေ၊ လိုအပ်တဲ့ အသုံးဆောင် ပစ္စည်းတွေကအစ ဖြည့်ဆည်း ထားတယ် ပေါ့။ ဒါပေမဲ့ ကောရိန်တိမ်းဆန်တာထဲမှာ ကောရိန်တိန်းဝင်တဲ့သူတော့ မရှိသေးပါ။ တစ်ယောက်မျှ မရှိသးပါ။ အဲဒါက မူပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင်လည်း ပတ်သက်နိုင်ပါတယ်။ ဥပမာ ဘယ်လို လူတွေကို ထားမလဲ။ ဘယ်က လူကိုထား၊ ဘယ်လိုလူကိုထားမလဲ၊ လာသမျှလူကို ထားမယ် ဆိုတာကလည်း မလောက်။ နယ်ကလည်း တစ်ရက်မှာ မကြာမကြာ ဖြတ်နေတယ်။ တစ်ခြားလမ်းကြောင်းက ဝင်တာတွေ ရှိနေတော့ သူတို့ မူပိုင်းဆိုင်ရာ ရှင်းလမ်းသွားရင်တော့ စပြီး ထားလာဖို့ရှိပါမယ်။

မေး။ ။ ဟုတ်ကဲ့ပါ အကို အခုဆိုရင် ရခိုင်မှာ ကိုဗစ် ကူးစက်ခံထားရတဲ့သူ ၁၇၀၀ ကျော်နဲ့ သေဆုံးသူ ၆၃ ယောက်လောက်ရှိပြီးလို့ ကျန်းမာရေး စာရင်းစယားတွေ ရပါတယ်။ စစ်တွေမှာဆိုရင်လည်း သေဆုံးသူ ဒီနေ့ဆိုရင် ၆ ယောက်နဲ့ ကူးစက်ခံထားရတဲ့သူ ၃၃၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ အဲလိုဆိုရင် ဒီ အခြေအနေမှာ ပြည်သူ့ဆေးရုံကြီးက ရခိုင်တစ်ပြည်နယ်လုံးမှာ အောက်ဆီဂျင်တွေ လုံလုံလောက်လောက် ရှိတယ် ဆိုပြီး စစ်ကောင်စီ ဘက်ကနေ ပြောထားပါတယ်။ ပြောထားတဲ့အထဲမှာ လုံလောက်မှု မရှိဆိုတဲ့ အကြောင်းတွေကိုလည်း တစ်ချို့က ဖော်ထုတ်ပြီး တိုက်ရိုက်ထုတ်လွှင့်ပြီး ပြကြတာတွေလည်း တွေ့ရပါတယ်။ ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီး အောက်ဆီဂျင် စီမံခန့်ခွဲမှု နဲ့ပတ်သက်ပြီး စစ်ကောင်စီက အရပ်ဖက် အဖွဲ့အစည်း တွေကို လွဲပေးထားတာတွေ ရှိလားဗျ။ အကိုတို့လည်း ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောတာတွေ ရှိလို့ပေါ့လေ။ စစ်ကောင်စီကို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေ ရှိပါသလား။

ဖြေ ။ ။ သူတို့ကတော့ ဒီအောက်ဆီဂျင်နဲ့ ပတ်သက်ပြီး စီမံခန့်ခွဲရေး ကော်မတီ ဖွင့်ထားတယ်လို့ ပြောပါတယ်။ ဘယ်သူတွေနဲ့ ဖွဲ့ထားတယ် ဆိုတာတော့ အတိကျမပြောသေးပါဘူး။ သို့သော် အဲမှာက အကုန်လုံး အစိုးရဌာန ဆိုင်ရာတွေ အာဏာပိုင်တွေလည်း ပါပါမယ်။ အရပ်ဘက်တော့ မပါထားပါဘူး။ ကျနော်တို့ကလည်း နေပြီးတော့ အရပ်ဘက်က စုပေါင်း လှူဒါန်းမှုတွေနဲ့ တည်ဆောက်တယ်။ ကိုယ်တို့မှာ ကိုယ်တို့ စီမံခန့်ခွဲ ချင်တယ်။ သို့သော် လိုအပ်တာတွေ ရှိတယ်။ ဆေးရုံတွေကိုလည်း ပံ့ပိုးမယ်ပေါ့။ တစ်ခြားနေရာတွေကိုလည်း လိုအပ်ချက်ကို မူတည်ပြီး ကျနော်တို့ ထုတ်ပေးနိုင်တဲ့ အတိုင်းအတာအရ ချိန်ကိုက်ပြီး ပြုလုပ်မယ်။ စက်ရုံ တည်ဆောက်မဲ့ ဟာတွေ ကိုယ် သင့်တင့်တဲ့ နေရာတွေမှာ သင့်တင်သလို လုပ်ပေးဖို့ တောင်းဆို ထားတာတွေ ရှိပါတယ်။ လောလောဆယ်တော့ နောက်ဆုံး ဆွေးနွေးချက်တွေမှာတော့ ကျနော် မပါလိုက်တာကြောင့် မသိပါဘူး။ ဒါပေမဲ့ ကြားတာတော့ စက်ရုံတည်ဆောက်မယ်။ ပြီးရင် ထွက်လာတာတွေကို လိုအပ်တဲ့ နေရာတွေကို ဆေးရုံတွေကို ပေးဖို့အတွက်တော့ အကြမ်းဖျင်း သဘောတူးထားတယ်လို့ ပြောပါတယ်။ အတိကျ ညွန်ကြားချက်တွေတော့ မထွက်သေးပါဘူး။

မေး။ ။ ဟုတ်ကဲ့ ဆိုလိုတဲ့ သဘောက အကိုတို့က အောက်ဆီဂျင်စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အရပ်ဖက်အဖွဲ့ကို လွှဲပေးဖို့ တောင်းဆိုထားတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ ပြန်ဖြေကြားတာ မရှိသေးဘူး။ အဲလိုလားဗျ။

ဖြေ။ ။ မဟုတ်ပါဘူး။ စစ်ကောင်စီဆီက စီမံခန့်ခွဲမှု ဆိုတာက ထွက်လာသမျှ ရရှိသမျှ အောက်စီဂျင်တွေကို သူတို့က ပြင်ဆင်နေတာပါ။ သို့သော် ကျနော်တို့ ပြောတာက အဲဒါပါ အပြီးပြောတာ မဟုတ်ဘူး။ ကိုယ်တို့လုပ်တဲ့ ကိုယ်တို့ဆီက ထွက်တဲ့ အောက်ဆီဂျင်ကိုပဲ ကိုယ်တို့စီမံခန့်ခွဲ့ဖို့ပြောတာပါ။ အဲဒါကိုတောင် ကျနော်တို့ အပြည့်အဝ ပေးမလား မသေချာသေးပါဘူး။ အောက်ဆီဂျင်ထုတ်လုပ်ခွင့် ပြုလုပ်ဖို့ စတာတွေကိုတော့ မကန့်သတ် မကန့်ကွက်ဘူးလို့တော့ ပြောပါတယ်တဲ့။

မေး။ ။ ဟုတ်ကဲ့။ ဒီနောက်ပိုင်းမှာ စစ်တွေမှာ Oxygen Plant ပေါ်လာတဲ့ကိစ္စကို သူတို့ဘက်က ဘာတွေ ထောက်ပံ့ပေးတာတွေ ရှိလဲဗျ။ စစ်ကောင်စီ ဘက်ကပေါ့။

ဖြေ။ ။သူတို့ကတော့ အောက်ဆီဂျင် စက်ရုံ တည်တယ်ဆိုရင် တည်တဲ့အပေါ်မှာ ထုပ်လုပ်ဖို့အတွက် သူတို့ မကန့်ကွက်ဘူး။ စက်ရုံတည်မယ်ဆို တည်ပေါ့။ ဆေးရုံ ဆေးခန်းမှာ သုံးလို့ရအောင် စနစ်တကျ လုပ်ရမယ် လို့တော့ ပြောပါတယ်။တကယ်လို့ စက်ရုံ တည်ဆောက်လို့ရှိရင်လည်း သူတို့ဆီက တည့်ဝင်ငွေ တစ်ချို့ ထောက်ပံ့မှု တစ်ချို့ထည့်ပေးမယ်ပေါ့။ သိန်း ၁၀၀ လောက်တော့ ပြောတော့ ပြောနေတယ်။ ဒါပေမဲ့ အတိအကျတော့ မသိရသေးပါဘူး။

မေး။ ။ ဟုတ်ကဲ့ အကိုတို့ ဒီဟာကို အကောင်အထည်ဖော်ဖို့ဟာကိုကျတော့ ငွေအားဖြင့်ဘယ်လောက် လိုနိုင်ခြေ ရှိသလဲ။ ပြီးတော့ ခုက ဘယ်လောက်ထိ ရရှိထားပြီးလဲ အကောင်အထည်ဖော်ဖို့ အတွက်ပေါ့။

ဖြေ။ ။ ဒီဟာကတော့ နှစ်ပိုင်းရှိပါတယ်။ ကျနော်တို့ REC က စတင် တည်ထောင်တယ်ဆိုတာက တစ်ပိုင်းပေါ့။ ဒါပေမဲ့ မြို့နယ်ကော်မတီဖွဲ့ပြီး လုပ်နေတဲ့ အထဲမှာတော့ ကျနော်က ပြောရေးဆိုခွင့်ရှိသူ မဟုတ်ပါဘူး။ အဲဒါကို စစ်တွေအောက်စီဂျင် ဆောက်လုပ်ရေးကော်မတီ မေးရပါမယ်။ Sittwe Oxygen Plant ဆိုပြီး ဖွဲ့လို့ ရှိတယ်။ ကျနော်တို့ကတော့ တစ်ရက်မှာ အလုံးတစ်ရာထွက် စက်ရုံတည်မယ်။ စက်ရုံမြေနေရာနဲ့ စက်ရုံဆောက်မယ်။ နောက်ပြီး တစ်ခြားမြို့တွေကို ချပေးမယ်။ နောက် အောက်ဆီဂျင် ဆလန်ဒါအိုးတွေဝယ်မယ်။ သိန်းထောင့်ငါးရာ လောက်တော့ မျှော်မှန်းထားပါတယ်။

မေး ။ ။ ခုက ဘာတွေလိုအပ်ချက်ရှိနေသေးလဲဗျ။ အကောင်အထည်ဖော်မဲ့ကိစ္စမှာ။

ဖြေ။ ။ လိုအပ်ချက်ကတော့ အလှူငွေ အတိုင်းအတာတွေ ဘယ်လောက်လောက် ရှိနေပြီလဲ။ ကျနော်လဲ မသိဘူး။ အဲဒါက အဲကော်မတီခွဲမှာက ကျနော်မပါပါဘူး။ ဘဏ္ဍာငွေစာရင်းကုမ္ပဏီခွဲကို မေးရပါမယ်။ ဒါမှမဟုတ်ရင် ပြန်ကြားရေ SOP ကိုမေးရပါမယ်။ ကျနော်တို့ကတော့ အတိကျမသိရသေးပါ။ ငွေကြေး မပြည့်သေးဘူးလို့တော့ ပြောပါတယ်။ နောက်တစ်ခုက လိုအပ်ချက်က ခွင့်ပြုချက်တွေကို ပေးဖို့ရယ်။ နောက်ပြီး အောက်ဆီဂျင်ထွက်တဲ့ ဟာတွေကို လိုအပ်တဲ့ အများပြည်သူ လိုအပ်တဲ့နေရာမှာ သုံးစွဲခွင့်ရဖို့ ခွင့်ပြုချက်ပေးဖို့ ဟာတွေတော့ လိုပါတယ်။ နောက်ထွက်လာတဲ့ အောက်ဆီဂျင်တွေကို ဖြန့်ဖြူးတဲ့ အခါမှာလည်း ဘယ်လို စည်းမျည်းစည်းကမ်း လူထု သတ်မှတ်ချက်တွေနဲ့ ပေးမလဲဆိုတာကို အတိကျဆွေးနွေးရပါမယ်။

မေး။ ။ ဟုတ်ကဲ့ အကိုအနေနဲ့ နောက်ဆုံး အောက်ဆီဂျင်ကိစ္စ လက်ရှိ ကိုဗစ်ကူးစက်မှုကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ ပြောချင်တာတွေ ရှိလဲဗျ။

ဖြေ။ ။ ကျနော်တို့ ကိုဗစ် Third Wave တတိယ ကြိမ်စပြီး ဖြစ်လာမဲ့ ဟာကို အချိန်အခါ ကျနော်တို့က စစ်ကောင်စီဖက်က အာဏာပိုင်တွေဟာ ဒီအပေါ်မှာ အလေးနက်ထားပြီးတော့ ဖြစ်လာမဲ့ အကျိုး အဆက်တွေကို ဆုံးဖြတ်ရတာမျိုးလည်း မရှိခဲ့ဘူးလို့ အကြမ်းဖျင်း ပြောရပါမယ်။ သူတို့ကတော့ ထိခိုက်နိုင်စွမ်းကို ကူးစက်မှုများလာကြမှပဲ လုပ်မယ်။ နောက်ပြီး အောက်ဆီဂျင်နဲ့ ပတ်သက်ပြီးတော့ အစိုးရဖက်က စီစဉ် ဆောင်ရွက်ထားတာတွေနဲ့ ပတ်သက်ပြီးတော့ အများပြည်သူကို သတင်းအချက်အလက် ပေးတာတွေ နောက်ကျတယ်။ ရှိနေတဲ့ အစီစဉ်တွေအတိုင်း အတိကျ အကောင်ထည် ဖော်နိုင်တဲ့ အပိုင်းတွေမှာ လိုအပ်ချက်တွေရှိနေတယ်။

မေး။ ။ စစ်တွေက လက်ရှိ အောက်စီဂျင်အခြေအနေက ဘယ်လို မြင်တွေ့ရပါသလဲ။

ဖြေ။ ။ ရခိုင်တပြည်နယ်လုံးမှာ ရှိတဲ့ ဆေးရုံဆေးခန်းတွေမှာ ကုသနေတဲ့ လူဦးရေစာရင်းတွေ၊ နောက်ပြီးတော့ အောက်စီဂျင် လိုအပ်ချက်တွေကို စာရင်း ကောက်ယူပြီးတော့ သူတို့တွေက ပံ့ပိုးနေတယ်လို့ သိရပါတယ်။ နောက်ထပ်လို့ လိုလာမယ့် အောက်စီဂျင်တွေကိုလည်း မှာယူနေတယ်လို့ သိရတယ်။ အဲဒါတွေသာ အသေအချာ ဖြစ်လာတယ်ဆိုရင်တော့ နောက် ၂ ပတ်၊ ၃ ပတ်အတွင်းမှာ အောက်စီဂျင်လိုအပ်ချက် အများကြီးကို ဖြည်းစည်းလာနိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။ အခုက အခက်တွေတွေ အားလုံးမှာရှိနေကြတယ်။ ပြည်သူ လူထုမှာရော ရောဂါကူးစက်ခံနေရတဲ့ မိသားစုတွေ မှာရော လူနာရှင်တွေမှာရော ဆေးဝယ်နေရတာတွေကော အများကြီး ရှိနေကြတယ်။ ဒါကြောင့် ဆင်းရဲ ပင်ပန်းတာတွေ အများကြီးဖြစ်နေကြတယ်။ မပြောသင့်တဲ့ စရားတွေပြောနေကြတယ်။ ဆေးရုံ ဝန်ထမ်းတွေမှာလည်း မလုံလောက်တဲ့ အနေအထားနဲ့ အားနည်းချက်တွေကြားထဲမှာ ဖိအားတပုံကြီးနဲ့ အလုပ် လုပ်နေကြရတယ်။ သူတို့ကလည်း ပြန်ပြောတာတွေ ရှိနေတယ်။ အဲဒီလိုမျိုးဖြေရှင်းလို့ မရနိုင်ပါ။ တဖက်ကို တစ်ဖက် နားလည် ပေးပြီးတော့ဖြစ်လာတဲ့ အခြေအနေကို နားလည်မှုရှိရှိနဲ့ ဖြေရှင်းဖို့ပဲ ရှိပါတယ်။ အောက်ခြေပိုင်းမှာ အကောင်အထည်ဖော်တာတွေကို ဖြေရှင်းဖို့အတွက်လည်း ကောင်းကောင်း မွန်မွန်ဖြစ်အောင် အသေအချာ လိုက်လုပ်ပေးဖို့လိုပါတယ်။ မဟုတ်ရင် အပေါ်ကတော့ အကုန်လုံးကို စီစဉ် ဆောင်ရွက်ပေးထားတယ်။ အောက်ခြေမှာ ကျတော့ ပြဿနာတစ်ပုံကြီး ဖြစ်ပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့ရတဲ့ ဝန်ထမ်းတွေကြားထဲမှာ အင်မတန်မှ အန္တရာယ်ကြီးပါတယ်။ အဲဒါတွေကိုလည်း ပြင်ဆင်ပေးဖို့လိုပါတယ်။

မေး။ ။ စစ်တွေမှာရော တက်ရောက် ကုသနေတဲ့ လူဦးရေ အခြေအနေနဲ့ ရှိနေတဲ့ အောက်စီဂျင်နှုန်းနဲ့ကော။

ဖြေ။ ။ အခုနောက်ဆုံး စီမံခန့်ခွဲနေတဲ့ အစီစဉ်ကတော့ အရမ်းကြီးတော့ ပြဿနာ မတတ်နိုင်ဘူးလို့တော့ ထင်တယ်။ တစ်ရက်နဲ့ တစ်ရက်က အခြေအနေမတူဘူး။ လိုအပ်ချက်ကလည်း မတူနိုင်ဘူး။ ဒီနေ့ တက်ရောက် ကုသနေတဲ့ လူနာအခြေအနေ၊ ရှိနေတဲ့ အောက်စီဂျင်ပမာနနဲ့ ချပေးထားတဲ့ အစီစဉ်ကတော့ သင့်လျော် ကောင်းမွန်တဲ့ အခြေအနေမှာရှိပါတယ်။

မေး။ ။ အခုဖြစ်နေရတဲ့ အခြေအနေက အောက်စီဂျင်ပြတ်လပ်တာလား။ မဟုတ်ဘဲနဲ့ ဘယ်လို အခြေအနေပါလဲ။

ဖြေ။ ။ နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းက အောက်စီဂျင် လိုသဘောက် မြန်မြန်ဆန် မထုတ်ပေးနိုင်။ လူနာ တွေကလည်း စိုးရိမ်တကြီးနဲ့ လိုအပ်ချက်တကြီးနဲ့ အတင်းအဓမ္မ တောင်းတာတွေရှိတယ်။ နောက်တခုက ရှေ့မှာ ဖြစ်လာမယ့် အကျိုးဆက်တွေကို ကြိုပြီးတော့ စီစဉ်တဲ့အပိုင်း။ ဒီနေ့မှာ အောက်စီဂျင် လိုအပ်ချက် ဘယ်လောက်ရှိတယ်။ မနက်ဖြန် ဘယ်လောက်လိုမှာလဲ ဆိုတာကို မှန်းမကျဘူး။ ကြိုတင်ပြီးတော့ အရံ ထားရမယ်။ ဘယ်နေရာမှာ ပိုလို့ရှိတယ်။ ဒီနေရာမှာတော့ အရေးပေါ်လိုနေတယ်။ အဲဒီလို သတင်းအချက် အလက် တွေကလည်း စီစဉ်မှုတွေလဲ လိုပါတယ်။ နောက်တခုက အောက်စီဂျင်လူနာတွေကို ကုသတဲ့ အခါမှာ အနီးကပ် လိုသလောက် ကုသမှုတွေ မပေးဘဲနဲ့ ပစ်ပယ်ထားတယ်ဆိုတဲ့ သဘောမျိုးတွေ ဖြစ်နေတယ်။ အဲဒီအချက်နှစ်ခုကြောင့် ဖြစ်နေတာ၊

မေး။ ။ အကိုတို့ပြောတဲ့ အောက်စီဂျင်စီမံခန့်ခွဲမှုကို အရပ်ဖက်ကို အပ်မှတော်ကာ ကျမယ်ဆိုတဲ့ ကိစ္စကကော။

ဖြေ။ ။ အဲဒါက သူတို့ ထုတ်လာတဲ့ အောက်စီဂျင်ကို ကျနော်တို့ စိတ်ရှိတဲ့အတိုင်းလုပ်မှာကို ပြောတာ မဟုတ်ဘူး။ စစ်ကောင်စီ ဖက်ကနေပြီးတော့ လိုအပ်ချက်ရှိလို့ ပြောတာပဲ ဖြစ်ဖြစ်၊ ဆေးရုံဖက်က လိုအပ်ချက် ရှိလို့ ပြောတာပဲ ဖြစ်ဖြစ် လူတွေကို ကုသပေးနေတာပဲပေါ့။ ကျနော်တို့က တခြား ဆေးရုံဆေးခန်း မရောက်ဘဲနဲ့ တစုံတယောက်က ဥပမာ ဆိုပါစို့။ ဆေးရုံဆေးခန်းကို တက်ရောက် မကုသနိုင်ဘူး။ အဲဒီအချိန်မှာ အရေး အကြောင်း ကုသဖို့ လိုအပ်နေတယ်။ ဆေးရုံတက်ဖို့လည်း မဖြစ်နိုင်။ အဲဒါကို အရေးပေါ် ကုမယ်ဆိုရင် ကျနော်တို့က ပေးလို့ရ ရမယ်လေ။ အဲဒီလို အခြေအနေတွေ ဖြစ်လာနိုင်တယ်။

မေး။ ။ ဆိုတော့ ငွေသာ လက်ထဲ အလုံအလောက်ရှိမယ်ဆို အချိန်ဘယ်လောက်ယူရင် အကောင်အထည် ဖော်နိုင်မယ် ထင်ပါသလဲ။

ဖြေ။ ။ သြဂတ်စ်လကုန် စက်တင်ဘာလလောက် ဆိုရင်တော့ လည်ပတ်နိုင်လိမ့်မယ်လို့ ကျနော်တို့က ယုံကြည်ထားတယ်။

 493 total views,  1 views today