အာရ်ကန်ရိုးမ ၊ စစ်တွေ

ရခိုင်စစ်ဖီးရှောင်စခန်းတချို့မှာ အလှူရှင်တိ လျော့နည်းပါးလာရေ အတွက်တာနဲ့ ဒုက္ခသည်တိ အကြပ်အတည်းနဲ့ ရင်ဆိုင်နီရရေလို့ စခန်း တာဝန်ရှိသူတိက ပြောပါရေ။

ကျောက်တော်မြို့နယ်က ကန်ဇောက်စစ်ရှောင်စခန်းမှာဆိုကေ အစိုးရက လူတစ်ယောက်ကို တစ်လမှာ မြန်မာငွေ ကျပ် ၁ သောင်းခွဲနှုန်းထား ထောက်ပံ့ငွေကိုရာ ရရှိစွာကြောင့် ကျန်းမာရေး မကောင်းရေ အချေငယ်တိ ရှိနီကေလေ့ ဆီးခန်းမပြနိုင်လို့ အကူညီပီးနီရေ ဆရာတော်က မိန့်ပါရေ။

ဒုက္ခသည် ဦးရေ ၃၃၀၀ ကျော်ရှိရေ မြောက်ဦးမြို့နယ်က တိမ်ညိုစစ်ရှောင်စခန်းမှာဆိုကေ လစဉ်ပီးနီကျ စားနပ်ရိက္ခာ၏ ထက်ဝက်ကို ICRC အဖွဲ့က လျှော့ချလိုက်တေလို့ စခန်းခေါင်းဆောင် ဦးစိုးနိုင်က ပြောပါရေ။

အဖွဲ့အစည်း အနေနဲ့ ငွေကြေး မလည်ပတ်မှုတိ့ ရှိစွာကြောင့် လျှော့ချလိုက်စွာလို့ ပြောကေလေ့ စခန်းမှာက ရှိစွာချေနဲ့ ဝေမျှ စားသောက်နီရရေလို့ ဆိုပါရေ။

အေအေနဲ့ မြန်မာတပ်မတော်ရို့ဖြစ်ခရေ ၂ နှစ်ကျော်ကြာ စစ်ပွဲအတွင်း ရခိုင်ပြည်နယ်မှာ ဒုက္ခသည် ၂ သိန်းကျော် နေရပ်စွန့်ခွာခကတ်ရပါရေ။

စစ်ပွဲတိ ရပ်တန့်နီစွာ နှစ်ဝက်ကျော်နီယာ ဖြစ်ကေလေ့ ကျေးရွာတိအနားမှာ စစ်ကောင်စီက တပ်စွဲထားဆဲ ဖြစ်စွာ၊ တိုက်ပွဲတိပြန်ဖြစ်ဖို့ကို စိုးရိမ်စွာ ကျေးရွာနဲ့ တောတောင်တိမှာ မိုင်းရှင်းလင်း ရေးတိ မလုပ်ဆောင်သိ့စွာတိကြောင့် ဒုက္ခသည် တစ်သိန်းခွဲစွာ နီရပ်မပြန်ကတ်သိပါ။

စစ်ဖီးရှောင်တချို့စွာလည်း သူရို့ ခိုလှုံရာ ဒုက္ခသည်စခန်းတိနဲ့ နီးစပ်ရာတိမှာ အလုပ်ထွက်လုပ် ကတ်ကေလေ့ အာဏာသိမ်းထားရေ ကာလလည်းဖြစ်၊ မိုးတွင်းရာသီလည်း ဖြစ်တေ အတွက်ကြောင့် ကျဘန်းအလုပ်တိလည်း အဆင်မပြေဖြစ်နီကတ်စွာပါ။

 542 total views,  2 views today