ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ အခုနောက်ပိုင်း ရွေ့လျား စာကြည့်တိုက်ချေတိ ဖန်တီးပနာ စနေ၊ တနင်္ဂနွေ စာဖတ်ဝိုင်းချေတိ ပြုလုပ်လာကတ်စွာကို အင်တန်ချေလောက်ကို တွိ့မြင်လာရပါရေ။

ပတ်ဝန်းကျင်၏ တိုးတက်တေ လက္ခဏာလို့ ဆိုရဖို့ ဒေအစီစဉ်ချေတိကို ရခိုင်လူငယ်တစ်စုက ဦးဆောင်ဦးရွက်ပြုနီကတ်စွာပါ။

ဒေလူငယ်တိစွာ ပြီးခရေ ၂၀၁၉ မှာ ဖွဲ့စည်းခရေ Green Sittwe အဖွဲ့ဝင်တိဖြစ်ပြီးကေ စစ်ဘေးရှောင်စခန်းရောက် စာသင်ကျောင်းပြင်ပက ဒုက္ခသည်အချေငယ်တိကို Story Telling လို့ခေါ်ရေ စာအုပ်ဖတ်ပနာ ပုံပြောပြစွာတိ၊ အချေငယ်ရို့၏ စိတ်ဒဏ်ရာတိကို နှစ်သိမ့်ဖြေဖျောက်ပီးရင်းကနီ ပေါ်ပေါက်လာခရေ အိုင်ဒီယာချေ တစ်ခု ဖြစ်ပါရေ။

“စစ်ပွဲကာလသုံးနှစ်အတွင်းမှာ ပညာရေးနဲ့ အလှမ်းဝေးခစွာတိ ရှိပါရေ။ ရခိုင်မှာ ပြည်တွင်းစစ် ရပ်နားချိန်တွင်းမှာ စစ်ဘေးရှောင် Camp (စခန်း)က ကျောင်းစာမသင်ခရရေ အချေတိဘားကို လားပြီးကေ စာအုပ်ဖတ်ပြရေ။ သူရို့နဲ့အတူ ကစပ်ခစွာတိ ရှိပါရေ။ ယင်း Camp က အချေတိက တဆင့် ပြည်သူလူထု ဘားကို လားကေပိုပြီးကေ မကောင်းလားပေါ့။ ပထမဆုံး ဒေ mobile library ကို စတင်လုပ်ဖို့ အတွက်နဲ့ ကျွန်တော်က ရန်ကုန်၊ မန္တလေးမှာရှိရေ သူငယ်ချင်းတိကို အကူညီ လှမ်းတောင်းရေ။ ရခိုင်မှာရှိရေ စစ်ဘေးရှောင်တိကိုလားပြီးကေ Mobile library လုပ်ကတ်ဖို့ပေါ့။ သူရို့က ယင်းကနီပြီးကေ စာအုပ်တိ အလှူခံပီးရေ။ ယင်းကနီစာအုပ်တိ စုပနာလုပ်ခစွာပါ။” လို့ ဦးဆောင်လူငယ် ကိုငြိမ်းချမ်းက စတင်ဖြစ်ခရေ အကြောင်း ပြောပြပါရေ။

ဒေစိတ်ကူးကို အကောင်အထည်ဖော်ဆောင်ဖို့အတွက် သူရို့ လူငယ်တစ်စုစွာ ရန်ကုန်နဲ့ မန္တလေးရို့မှာ ရှိရေ အသိမိတ်ဆွေတိ ဘားကနီ စာအုပ်အကူအညီ လှမ်းတောင်းခကတ်ပြီးကေ အုပ်ရေ ၂၅၀၀ လောက် စုဆောင်း ရမိချိန် ပြီးခရေ မေလလယ်လောက်မှာ စတင်ခကတ်စွာလို့ ဆိုကတ်ပါရေ။

ပွဲဦးထွက်အနေနဲ့ စစ်တွေမြို့က ကမ်းနားလမ်းမှာ စတင်ပြုလုပ်ခကတ်စွာဖြစ်ပြီးကေ ရက်သတ္တပတ် ၆ ခုလောက် အတွင်း ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုလောက်ထိ တိုးချဲ့ဖွင့်လှစ်နိုင်ခစွာ တွိ့ရပါရေ။ လက်ရှိမှာဆိုကေ စစ်တွေအပြင် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူနဲ့ ရမ်းဗြဲတိမှာလည်း ရွေ့လျား စာကြည့်တိုက်တိ ရှိနီပါယာ။

“ ကျနော် အကြိုက်ဆုံး စကားတစ်ခွန်းရှိရေ။ ဂျွန်ရက်စ်ကင်းပြောခစွာ။ ကျနော်ရို လူမျိုးတစ်မျိုးစွာ သိပ္ပံပညာကိုလည်း အထင်မကြီး၊ စာပေအနုသုခုမကိုလည်း အထင်မကြီး ဆိုကေ လူမျိုး တစ်မျိုးစွာ လူမျိုးတစ်မျိုး အဖြစ်ကနီ ရပ်စဲလားပါဖို့။ ယင်းပိုင် မရပ်စဲလားအောင် စာအုပ်စာပေတိ ဖတ်ဖို့လိုပါရေ။”

စစ်တွေမှာအခြေစိုက်ထားရေ ဦးဆောင်အဖွဲ့က နယ်မြို့တိမှာ ရွေ့လျားစာကြည့်တိုက် ချဲ့တိုး ဖွင့်လှစ်ဖို့လို့ ဆက်သွယ်လာကေ သူရို့အလှူခံရရှိထားရေ စာအုပ်တိထဲက လုံလောက်နိုင်ရေ အတိုင်းအတာ တစ်ခုကို ထုတ်ပီးကေလေ့ လည်ပတ်တေ စနစ်ကိုက ထိန်းချုပ်လေ့ မရှိပါ။

Green Sittwe အဖွဲ့ဝင် မလှမိုးတာရာလှိုင်က “ကိုယ်ရို့ ရခိုင်မူချေနဲ့ နာမည်ချေတိ ပီးကတ်တေ။ ပြီးကေ လူငယ်တစ်စုကပဲ လုပ်ကတ်တေ။ ယင်းလူငယ်တိက Independence (အမှီအခိုကင်း) ဖြစ်တေ။ တစ်ယောက်၏အကူညီမပါ။ လွမ်းမိုးမှု မပါ။ အကူညီကေတော့ ကိုယ်ရို့ Collaboration (ပူးပေါင်းဆောင်ရွက်မှု) လုပ်တေ ပုံစံမျိုးနဲ့ အထောက်အပံချေနဲ့လားကတ်ပါရေ။ ပြည်သူလူထု ဘားက အလှူငွေလက်ခံရေ။ ပြည်သူတိဘားက စာအုပ်အလှူလက်ခံရေ။ ယင်းချင့်နဲ့ လားပါရေ။” လို့ ပြောပါရေ။

ပုံမှန်အားဖြင့်ဆိုကေ စာဖတ်ဝါသနာပါသူတိ အလုပ်အကိုင်အားလပ်တေ ရုံးပိတ်ရက်တိကို တမင်ရွေးလုပ် ထားကတ်ပြီးကေ နေရာတိကိုလည်း စာဖတ်သူတိ စိတ်ကျေနပ်မှုရှိစီဖို့ မြို့တစ်မြို့၏အလှကို ဂုဏ်ဆောင်ရေ နေရာချေတိမှာ လုပ်ဖြစ်ကတ်ပြီးကေ တစ်မြို့နယ်ချင်းစီက ရွေ့လျားစာဖတ်ဝိုင်းချေတိကိုလည်း ရခိုင်အဓိပ္ပာယ် ဆောင်ရေ နာမည်ချေတိ ပီးထားကတ်ပါသေးရေ။

စာပီလီညှင်း လို့ အမည်ပီးထားရေ စစ်တွေမြို့က ရွှေ့ပြောင်းစာကြည့်တိုက်မှာ ဆိုကေ စာဖတ်သူတိ စိတ်ဝင်စားနိုင်မးဖို့ ကလေးစာပေ၊ သုတ၊ ရသ၊ မဂ္ဂဇင်းနဲ့ စရေစာပေအမျိုးမျိုးကို ဝင်ဖတ်နိုင်၊ ငှားယူနိုင်ဖို့အပြင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် နယ်မြေ ပုဂံမှာ ရေပန်းစားရေ လက်ဆွဲပန်းချီတိ ထည့်သွင်း ပီးထားစွာကလည်း လူငယ်တိအတွက် ဆွဲဆောင်မှုတမျိုးဖြစ်လို့ နီပါရေ။

“ဇာပိုင်ပုံစံမျိုးနဲ့ လည်ပတ်လဲဆိုကေ ဒေစာအုပ်တိ အားလုံးကို စစ်တွေကမြို့က ဓညဝတီဘုန်းကြီးကျောင်းမှာပဲ အခြေချထားပါရေ။ ယင်းကနီပြီးကေ အခြား မြို့နယ်တိကို ဥပမာ ပုဏ္ဏားကျွန်းဖြစ်စီ၊ မြောက်ဦးဖြစ်စီ ချိတ်ဆက်လာရေအခါ အကိုရို့က စာအုပ်တိဇာလောက်ယူဖို့လဲ။ဇာနှစ်လယူဖို့လဲဆိုပြီးကေ ယင်းပိုင်ပုံစံမျိုးတိနဲ့ ထည့်ပီးလိုက်ပါရေ။ သူရို့ကို စာအုပ်စာရင်း ပီးရေ။ ပြီးကေ သူရို့ဘားမှာ မြို့ခံလူတိစုပြီးကေ ပုဏ္ဏားကျွန်းမြို့ကဆိုကေ ပုဏ္ဏားကျွန်းက စာပေတိကို စိတ်ဝင်စားကတ်တေ လူငယ်တိစုပနာ ဝိုင်းဝန်းလုပ်ဆောင်ကတ်ပါရေ။ ကျွန်တော်ရို့က စာအုပ်အကူအညီ ပီးလိုက်ပါရေ။” လို့ ကိုငြိမ်းချမ်းက ပြောပါရေ။

Green Sittwe အဖွဲ့ကို ပြီးခရေ၂၀၁၉ ခုနှစ်မှာ လူငယ်သူငယ်ချင်းအယောက် ၂၀ လောက်က စတင်ဖွဲ့စည်းခ ကတ်စွာဖြစ်ပနာ အစပိုင်းမှာ သစ်ပင်စိုက်စွာ၊ အမှိုက်ကောက်စွာတိ၊ နောက်ပိုင်းမှာ စစ်ဘေးရှောင် အချေတိကို စာပေနဲ့ ပုံပြောပြစွာတိကိုပါ လုပ်ဆောင်လာခပနာ လက်ရှိမှာတော့ အဖွဲ့ဝင် ၁၀၀ လောက် အထိ ရှိနေပြီးကေ ရွှေ့လျားစာကြည့်တိုက်တိပါ တိုးချဲ့လုပ်ဆောင်နိုင်ခစွာ ဖြစ်ပါရေ။

လူငယ်တိကတော့ အခုလည်ပတ်နီရေ ရွှေ့လျားစာကြည့်တိုက် Mobile Library ကနီ၊ ပြည်သူ့စာကြည့်တိုက် Public Library၊ ယင်းကနီတဆင့် အမျိုးသားစာကြည့်တိုက် National Library အထိလားဖို့ ကြိုးပမ်း နီကတ်ပါရေ။

“ကမ်းနားလမ်းမှာက လူလားလူလာလည်း ရှိရေဆိုခါ လူတိက အရက်ပုလင်း ကိုင်ပြီးကေ ထိုင်နီကတ်စွာ မဟုတ်ပဲ စာအုပ်ဖတ်ပြီးကေ ထိုင်နီကတ်စွာဆိုကေ စိတ်ဝင်တစားနဲ့ ကြည့်ကတ်ပါရေ။ Attention (အာရုံစိုက်ခံ) ရရေပေါ့။ ဝင်လာပြီးကေ ဇာလုပ်နီစွာလဲ။ စာအုပ်ရောင်းနီစွာလား။ မဟုတ်ပါ။ စာအုပ်ငှားလို့ ရပါရေ။ အလကား ဖတ်လို့ရပါရေ။ ဒေဟာ အကုန်လုံး Free ပါ စိတ်ကြိုက် ယူဖတ်လို့ရပါရေ။ ယပိုင်မျိုး ချပြထားရေပေါ့။”

လက်ရှိမှာ ရွေ့လျားစာကြည့်တိုက်အနေနဲ့ တိုးချဲ့ဖို့ မြို့နယ်တိ များပြားလာစွာကြောင့် စာအုပ်အရေအတွက်တိ ပိုမိုလိုအပ်နီပြီးကေ ငွေကြေးအားဖြင့်သော်လည်းကောင်း၊ စာအုပ်သော်လည်းကောင်း တတ်နိုင်သူတိ အနေနဲ့ ကူညီပံ့ပိုးပီးကတ်ဖို့ Green Sittwe အဖွဲ့က ဖေ့စ်ဘွတ် စာမျက်နှာကနီ အကူညီတောင်းခံထားပါရေ။

“စာအုပ်ကတော့ အဓိက အခက်အခဲပါ။ဇာလို့ဆို အကျွန်ရို့ ပုံမှန်က တစ်မြို့နယ်ကို အုပ်ရေ ၃၀၀၊ ၃၅၀ ခွဲပြီးကေ ပို့ရေပေါ့။ အကျွန်ရို့ စစ်တွေမှာတော့ စာအုပ် ၅၀၀ ရှိပါရေ။ ခွဲလို့ပီးရေအခါမှာ ၁၇ မြို့နယ် တွက်ကျကေ စာအုပ်စွာ အခက်အခဲရှိပါရေ။ စာအုပ် အခုတော့ ထောင်ဂဏန်း ရှိပါရေ။ ၃ ထောင်လောက် ရှိပါရေ။ ထပ်ပြီး စာအုပ်တိ အလှူလက်ခံနီပါရေ။ လှူရေသူတိရှိရေ။ လိုစွာတော့ လိုအပ်တုန်းပါ။” လို့ မလှမိုးတာရာလှိုင်က မေတ္တာရပ်ခံပါရေ။

အခုပိုင် မတည်ပြီးကေ ဖြန့်ဝေရေ အဖွဲ့မှာ အခက်ခဲရှိနီရေပိုင် လူဦးရေနည်းရေ မြို့နယ်ခွဲတိမှာလည်း လုပ်ဖို့ ဆန္ဒရှိနီကတ်ကေလည်း လူအင်အားနဲ့ အချိန်မအားလပ်မှု ပြဿနာတိ ကြုံနီကတ်ရပါရေ။ လတ်တလော မှာတော့ မြို့နှယ်အနှံ့ပြုလုပ်တေ အဆိုပါစာဖတ်ဝိုင်းတိမှာ လူငယ်တိ အားတက်သရော လာဖတ်၊ လာငှားကတ်စွာတွိ့နီရပါရေ။

စာတွေမြို့က စာပေလီညှင်း ရွှေ့လျားစာကြည့်တိုက်အဖွဲ့က မမျိုးသီရိကျော်က စာလာဖတ်ကတ်ဖို့ ဖိတ်ခေါ်လိုက်ပါရေ။

“ တစ်လနဲ့ နှစ်ပတ်ရှိပါယာ။ နောက်အပတ်တိမှာ လူငယ်လေးတိအပြင် တစ်ခြား လူတိ စာပေချစ်တေ လူကြီး၊ လူငယ် လာရောက်စီချင်ပါရေ။ Green sittwe အပြင် တစ်ခြား စာပေလေညင်းအချေတိ၊ တစ်ခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိမ်းသိမ်းမှုတိနဲ့ အချေငယ်တိကို အခြေပြုပြီးကေ Mobile Library အများကြီး ရှိပါရေ။ လူတိကလည်း အားပီးကတ်ဖို့ဖိတ်ပါရေ။”

 453 total views,  1 views today