Arakan Yoma |

တိုက်ပွဲကာလအတွင်း မီးရှို့ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာသားတွေရဲ့ ပြည်နယ် ကောင်စီထံ တင်ပြချက်မှာ ထူးခြားမှု မရှိသေးဘူးလို့ တင်းမဆရာတော်က မိန့်ပါတယ်။

စစ်ဘေးရှောင်နေရတဲ့ တင်းမကျေးရွာသားတွေဟာ ကျေးရွာအတွင်း ပြန်လည်နေထိုင်ခွင့်ရဖို့အတွက် မိုင်းရှင်း လင်းပေးဖို့နဲ့ တပ်စွဲထားတာကို ရုပ်သိမ်းပေးဖို့၊ ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ ပညာရေး၊ ဘာသာရေး အဆောက် အဦးတွေကို ပြုပြင်မွမ်းမံပေးဖို့၊ ပြန်လည်နေရာ ချထားရေးအတွက် လိုအပ်တာတွေ ကူညီဆောင်ရွက် ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ပျောက်ဆုံးနေတဲ့ ရွာသား ၁၈ ယောက်ကိစ္စကို စုံစမ်းဖော်ထုတ်ပေးဖို့နဲ့ လွတ်လပ်စွာ သွားလာခွင့်ရရှိဖို့ စတဲ့ အချက်တွေလည်း ပါဝင်ပါသေးတယ်။

ဒီအချက်တွေကို ပြီးခဲ့တဲ့ ဧပြီလက တစ်ကြိမ်နဲ့ မေလမှာ တစ်ကြိမ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီကို ကျေးရွာသားတွေနဲ့ ကျောင်းထိုင် ဆရာတော်တို့က စာနဲ့ရောလူပါ တွေ့ဆုံတောင်းဆိုထားကြတာပါ။

ဒါပေမယ့် ၂ လလောက်ကြာမြင့်လာပြီး မိုးရာသီသာ ရောက်လာပေမယ့် တာဝန်ရှိသူတွေက လျစ်လျူရှုထားဆဲ ဖြစ်တယ်လို့ ကျေးရွာသား ဦးစောသိန်းက ပြောပါတယ်။

တင်းမရွာဟာ ပြီးခဲ့တဲ့ ၂၀၂၀ မတ်လအတွင်းက အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးစဉ် နေအိမ်တွေ မီးရှို့ခံခဲ့ရတာပါ။

 435 total views,  1 views today