Arakan Yoma|

လွတ်လပ်စွာ သွားလာခွင့် အခွင့်အရေး ဆုံးရှုံးနေတာကြောင့် တန်းတူ အခွင့်အရေး ရရှိဖို့ ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်က မွတ်ဆလင်တွေ လိုလားနေကြပါတယ်။

သူတို့မှာ နိုင်ငံသား အထောက်အထား မရှိတာကြောင့် ကျေးရွာအတွင်းမှာပဲ လုပ်ကိုင် စားသောက် နေကြ ရတယ်လို့ ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာနေ မွတ်ဆလင်တွေက ပြောပါတယ်။ အဲဒီ အတွက် ကြောင့် လည်းပဲ အလုပ်အကိုင် ရှားပါးမှု ပြဿနာတွေကို ရင်ဆိုင် နေရတယ်လို့ အဆိုပါ ကျေးရွာ တာဝန်ခံ ဦးမောင်မောင်က ပြောပါတယ်။

ဒီ ကျေးရွာအုပ်စုထဲမှာ မွတ်ဆလင် ကျေးရွာ နှစ်ခုရှိပြီး လူဦးရေ ၁၅၀၀ ဝန်းကျင်နေထိုင်ကြတာပါ။ အလုပ်အကိုင်အားဖြင့် တပိုင်တနိုင် ငါးဖမ်းတာ၊ လယ်လုပ်ငန်း လုပ်ကိုင်ကြတာတွေ၊ နောက်ပြီးတော့ ကျဘမ်း တွေ ရှိပါတယ်။ ဒါကြောင့် သူတို့ကို မြို့နယ် ကျော်လွန် သွားလာခွင့်ပေးပြီး လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်ရဖို့ တောင်းဆို ရတာလို့ ကျေးရွာသား ကိုမောင်မောင်စိုးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နောက်ပိုင်းကနေ အသွား အလာ ကန့်သတ် ခံခဲ့ရပြီး မြို့နယ်ကျော်လွန် သွားလာခွင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီထဲမှာ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာက မွတ်ဆလင်တွေလည်း ပါဝင်ပါတယ်။

ကျေးရွာလူကြီး ဦးအာဇီလုပ်ကတော့ သူတို့လည်း ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေ နေထိုင်လာ သူတွေ ဖြစ်တာကြောင့် တိုင်းရင်းသားတွေလိုပဲ တန်းတူ အခွင့်အရေးတွေ ရချင်တယ်လို့ ပြောပါတယ်။

အခုလို ကန့်သတ်ခံထားရတာကြောင့် သူတို့ဟာ စားဝတ်နေရေးအပြင် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေ မှာလည်း ဆုံးရှုံးမှုတွေ ရှိတယ်လို့ အဆိုပါ ရွာသားတွေက ပြောပါတယ်။

 431 total views,  1 views today