ရခိုင်ပြည်နယ်မှာ ကျောင်းတိ ပြန်ဖွင့်လားဖို့လို့ ညွှန်ကြားပြီးနောက်မှာ မြို့နယ်တချို့က ကျောင်းဆရာ၊ ဆရာမ အများစု ကျောင်း လာကပ်တေလို့ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးတိက ပြောပါရေ။

ဖေဖော်ဝါရီ ၂၁ ရက်နိန့် နေ့စွဲနဲ့ ညွှန်ကြားရေ ကြေညာချက်မှာ ရခိုင်ပြည်နယ် အတွင်းက အခြေခံပညာ ကျောင်းတိက ကျောင်းအုပ် တိနဲ့ ဆရာ၊ ဆရာမရို့စွာ ဖေဖော်ဝါရီ ၂၂ ရက်နိန့်ကနီ စတင်ပနာ ကျောင်း တက်ရဖို့ ဖြစ်ပြီးကေ ပျက်၊ ကွက် အခြေအနေတိကို ပြန်လည် အစီရင် ခံရဖို့ လို့ ပါရှိပါရေ။


Arakan Yoma က ဆက်သွယ် မေးမြန်းခါမှာက ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦးနဲ့ မင်းပြား မြို့နယ်ရို့မှာ ပညာရေး ဝန်ထမ်းတိ အားလုံးက ကျောင်းလာကပ်ပြီးကေ နယ်ဝီးမှာ ရှိနီသူတိ လောက်ယာ ပျက်ကွက်တေလို့ အဆိုပါ မြို့နယ် တာဝန် ရှိသူတိက ဆိုကပ်ပါရေ။


စစ်တပ်က အာဏာ သိမ်းယူလိုက်ပြီးရေနောက် ၂၂ ရက်အကြာမှာ မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခု ရှိနီရေအထဲက ရခိုင် ပြည်နယ် တစ်ခုတည်းမှာယာ စာသင်ကျောင်းတိ ဖွင့်လှစ်ဖို့ယာလို့ ညွှန်ကြား လာစွာပါ။


လက်ရှိ တစ်နိုင်ငံလုံးမှာ စစ်အာဏာ သိမ်းမှုကို ကန့်ကွက်တေ ဆန္ဒပြ၊ သပိတ်မှောက်မှုတိ ရှိနီပါဆရ။ ယင်းထဲမှာ တခြား အစိုးရ ဝန်ထမ်းတိပိုင် ပညာရေး ဝန်ထမ်းတိကကလည်း ပါဝင်ပြီးကေ CDM (ရုံးမတက်) လှုပ်ရှားမှုတိ လုပ်နီကပ်ပါရေ။ ဒေ အခြေအနေတိကြောင့် ရခိုင်ပြည်နယ်အတွင်းက ဆရာ၊ ဆရာမတချို့လည်း အဆိုပါ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်မှုတိလည်း ရှိနီစွာကို လှုမှုကွန်ယက် စာမျက်နှာတိမှာ မြင်တွေ့ရပါရေ။

စစ်တွေမြို့မှာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဦးအောင်ကျော်မင်း ဦးဆောင်ပြီးကေ မြို့ပေါ်စာသင် ကျောင်းတိကို လှည့်လည် စစ်ဆေးမှုတိ ပြုလုပ်ခပနာ တချို့ကျောင်းတိမှာတော့ ရဲနဲ့ စစ်တပ်က ပညာရေး ဝန်ထမ်းတိနဲ့ ပူးပေါင်းပြီးကေ ကျောင်း သန့်ရှင်းရေးတိ လုပ်ဆောင်ခကပ်ပါရေ။

လက်ရှိမှာ ပညာရေး ဝန်ထမ်းတိနဲ့ တာဝန်ကျ ဆရာ၊ ဆရာမတိကယာ ကျောင်းတက်နီရသိပနာ ကျောင်းသူ၊ ကျောင်းသားတိ ကျောင်းတက်စွာတော့ မရှိသေးပါ။ မြောက်ဦးမြို့နယ်ပညာရေးမှူးက ဒေချင့်ရေ ပြည်နယ်၏ ညွှန်ကြားချက် အပေါ်မှာယာ မူတည်ပနာ လုပ်ဆောင်ရဖို့ သဘော ရှိရေလို့ ပြောပါရေ။

ဓာတ်ပုံ – (ပြီးခဲ့တဲ့ ဇွန်လက စစ်တွေမြို့ အထက ၂ အတွင်း ရိုက်ကူးထားသည့် ကျောင်းသားတချို့ မြင်ကွင်း – ArakanYoma)

 438 total views,  1 views today