ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြိုနန့် ၇ မိုင်အကွာ အုန်းတောရွာအနားမှာ ကျောက်ဖြူတောင်ဆိုစွာ ရှိပါရေ။ ယင်းကျောက်ဆောင်မှာ ထုံးေ ကျာက်ဆောင်တစ်ခုဖြစ်ပြီးကေ ယင်းထုံးရေ မြန်မာရို့ကွမ်းစားကတ်တေခါ အသုံးပြုရေ ထုံးအမျိုးအစားလေ့ဖြစ်ပါရေ။ ယင်းကျောက်ဖြူ တောင်ကို အစွဲပြုပြီးကေ အနားမှာရှိရေရွာကို ကျောက်ဖြူရွာလို့သတ်မှတ်ခစွာဖြစ်ပြီးကေ မြို့အဖြစ်ပြောင်းရွှိတည်ဆောက်ရာမှာလေ့ ေ ကျာက်ဖြူမြို့ဆိုဗျာလ် နှာမေပီးခစွာ ဖြစ်ပါရေ။

“ယင်းကျောက်ပုံရေ ထုံးကျောက်။ ကွမ်းစားလို့လေ့ရရေ။ မီးဖုတ်လိုက်စွာနဲ့ အိပျောင်းပြီးကေ ဖြစ်လားရေ။ မြီအိုးထဲမှာ ရီနန့်ဘာနန့် ထည့်ထားကေ ဂျီးတိဘာတိကျွတ်လို့ ဖြူဖွေးလို့ဖြစ်လားကေ ကွမ်းစားလို့ရဗျာလ်။”

ကျောက်ဖြူရွာရေ ဟိုးလွန်ခရေနှစ်ပေါင်းများစွာကပင်တည်ရှိလာစွာဖြစ်ပြီးကေ ယင်းရွာမှာ လူဦးရေ ၁၂၀၀ လောက်နေထိုင်ခကတ်ပါရေ။ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ဗြိတိသျှတိအုပ်ချုပ်စဉ်မှာ သူရို့စစ်တပ်တိကို ချထားခရေခါ ခရိုင်ဌာနချုပ်အဖြစ် အမ်းမြို့ကို သတ်မှတ်ခပါရေ။ ယကေလေ့ အမ်းမြို့မာ ခရိုင်ဌာနချုပ်တည်ရှိရာမြို့နန့် မညီညွတ်တေ အကြောင်းအရာတိ အများကြီးရှိနီခရေလို့ သိရပါရေ။

“အင်္ဂလိပ်အစိုးရလက်ထက်မှာ ဂန့်ဂေါ်တောဘုရားနောက်စွယ်မှာ ကျောက်ဖြူရွာဆိုစွာရှိရေ။ အိမ်ခြေ ၁၂၀၀ လောက်ရှိရေပေါ့။ ယင်းရှိ ရေလူတိက ဒေတောထဲမှာရှိရေကျောက်ပုံကို ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် ဆွမ်း၊ ပန်း၊ ဝေယျာဝစ္စပူဇော်ကတ်တေ။ကိုးကွယ်ကတ်တေ။ အရင်ကလူတိကလေ။ နှစ်ပေါင်း ၁၅ နှစ်လောက်ကြာလားခါ ဒုတိယကမ္ဘာစစ်မှာ အင်္ဂလိပ်က ဂျပန်ကို စစ်နိုင်လားလို့ ကျောက်ဖြူကို မြို့ တည်ဖို့လို့ လူလိုရေ။ လူလိုခါ ဒေကျောက်ဖြူရွာကလူတိကို ကျောက်ဖြူ မြို့ကိုပြောင်းပြီးကေ ကျောက်ဖြူမြို့လုပ်လိုက်တေ။ ကျောက်ဖြူ မြို့က ရီကောင်းရေ။ လေယာဉ်ကွင်းက အလွယ်တကူဆင်းလို့ အဆင်ပြေရေ။ ငလပွိဆိပ်က သင်္ဘောကြီးတိ အလွယ်တကူ ဝင်ထွက် နိုင်ရေအတွက်ကြောင့် ကျောက်ဖြူရွာကလူတိကို ကျောက်ဖြူမြို့ကိုပြောင်းပြီးကေ တည်လိုက်တေပေါ့။”

ယင်းကြောင့် အင်္ဂလိပ်အစိုးရကပင်လယ်ကူးသင်္ဘောကြီးတိ လွယ်လင့်တကူကမ်းကပ်နိုင်ဖို့၊ လေယာဉ်ပြီးလမ်းတိအဆင်ပြေဖို့ နေရာတစ် ခုကိုရွီးချယ်ခပါရေ။ ယင်းအချိန်မှာ သင့်တော်လိုက်ဖက်ဖို့နေရာရေ လက်ရှိကျောက်ဖြူမြို့တည်နေရာဖြစ်လာပါရေ။ ဒေပိုင်နန့် လူဦးရေ ၁၂၀၀ လောက်နီထိုင်ရေ ကျောက်ဖြူရွာချေကို ဖျက်သိမ်းပြီးကေ အမြှောက်အချက် ၄၀ လောက်ပစ်ဖောက်ပနာ လက်ရှိ ကျောက်ဖြူမြို့ တည်နေရာကို ပြောင်းရွှိခစွာ ဖြစ်ပါရေ။

“အင်္ဂလိပ်က အမြှောက်အချက် ၄၀ လောက်ပစ်ဖောက်ပြီးကေ ကျောက်ဖြူမြို့ကိုတည်လိုက်တေ။ တည်ရေခါ ကျောက်ဖြူရွာနန့် ကျောက်ဖြူတောင်ရေ သဘာဝအတိုင်းပဲ ကျန်နီခရေ။”
ယင်းအချိန်က အုပ်ချုပ်တေ ဗြိတိသျှအစိုးရကတော့ ကျောက်ဖြူမြို့တည်ပြီးရေခါ မြို့တစ်မြို့ရဲ့အင်္ဂါရပ်နန့်အညီ လိုအပ်တေ အုပ်ချုပ် ရေးအပိုင်းမာ တာဝန်ပီးအပ်စွာ၊ ဝန်ထမ်းအဖြစ်ခန့်အပ်သူကို ဝန်ထမ်းခန့်ပြီးကေ ဒရဝန်အဖြစ်ထိုက်တန်သူကို ဒရဝန်၊ ဗျာတာပီးသင့် သူကို ဗျာတာစသဖြင့် ခန့်အပ်ပနာစတင်ခစွာဖြစ်ပါရေ။

“စပြောင်းခါက လူဦးရေ ၁၂၀၀ လောက်ရှိရေ။ စျီးနားတစ်ဝိုက်လောက်ပဲရှိရေ။ ယင်းမှာ နီချင်ပိုင်နီ။ လုပ်ချင်ပိုင်လုပ်။ အင်္ဂလိပ်အစိုးရက အလုပ်ချေအကိုင်ချေလေ့ ပီးသင့်ရေလူကိုပီးထားရေ။ ဗျာတာ၊ ဒရဝန်ပေးသင့်၊ သုံးသင့်ရေ လူတိကို ပီးထားရေ။ လူ ၁၂၀၀ နဲ့ ကျောက် ဖြူမြို့ကို စတင်ခစွာ။”

ဒေပိုင်နန့် ကျောက်ဖြူမြို့ရေ စစ်တွေခရိုင်နယ်မြေထဲမှာပါလိုက်၊ သံတွဲခရိုင်နယ်မြေထဲမှာပါလိုက်နန့် နှစ်ပေါင်းအင်တန် ချေကြာနီခပြီး ကေ နောက်ပိုင်းမှာတော့ ရမ်းဗြဲနဲ့ အမ်းရို့ကိုပါစုပေါင်းဗျာလ် ကျောက်ဖြူခရိုင်ထဲမှာ ထည့်သွင်းခစွာဖြစ်ပါရေ။ နောက်ပိုင်းခရိုင်တိကို ဖျက်သိမ်းလိုက်ချိန်မာလေ့ ကျောက်ဖြူရေ ရခိုင်ပြည်နယ်၏ မြို့နယ်တစ်ခုအဖြစ်တည်ရှိနီခရေပိုင် ပြန်လည်ပြင်ဆင်လိုက်ချိန်မာလေ့ ခရိုင်အဖြစ် ပြန်လည်အသက်ဝင်လာပါရေ။

နှစ်ပေါင်းများစွာကြာလာပြီးကေ မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်မှာ ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ကျလာရေ ဗိုလ်ကြီးအောင်ကျော် ညွန့်ဆိုသူက ကျောက်ဖြူမြို့မှာ လိုအပ်နီရေ ကားဂိတ်တိကို ဖောက်လုပ်၊ လားလာရအဆင်ပြေပြီးကေ ဆက်သွယ်ရေးကောင်းမွန်ဖို့ အတွက် ရန်ကုန်-ကျောက်ဖြူအဝေးပြေးကားလမ်းမဖောက်လုပ်၊ မီးသဂြိုဟ်စက်တိတည်၊ မြို့အနှ့ံမာ အများသူငါ ကိုးကွယ်ဆည်းကပ် နိုင်ဖို့ ဘုရားစေတီတိ တည်ဆောက်ခပါရေ။

ဒေအချိန်မှာ ကျောက်ဖြူရွာကို မြို့အဖြစ်ပြောင်းရွှိလိုက်ခါကပင် အကောင်းပကတိအတိုင်းရှိနီကေလေ့ မှေးမှိန်လားခရရေ ကျောက်ဖြူ တောင်ကိုလေ့ မျက်စိကျလာရေ။ ယင်းအချိန်ခါ လွတ်ခါနီးအကျဉ်းသားရို့၏အကူအညီနန့် ပေ ၇၀ လောက်မြင့်ရေ ယင်းတောင်ဖြူကို ထက်ဝက်ကျောက်လောက်ဖြိုဖျက်ပြီးကေ ရလာရေကျောက်သား၊ ကျောက်တုံးတိနဲ့ ယင်းကျောက်ဆောင်ထက်မာဗျာလ် စေတီတစ်ဆူ နန့် သိမ်တစ်ဆူဆောက်လုပ်ခပါရေ။

“အဂု ဒေဘုရားကို တည်ထားရေ လူကကျကေ ၅ မြို့နယ်ကိုင်ရေ ခဝတအတွင်းရေးမှူး။ မန္တလေးတိုင်း၊ မြင်းခြံဇာတိ ဗိုလ်ကြီးအောင် ကျော်ညွှန့်ဆိုရေပုဂ္ဂိုလ်။ သူက ဒေ(ကျောက်ပုံထက်က)ဘုရားကိုလေ့လုပ်တေ။ ဂန့်ဂေါ်တောဘုရားကိုလေ့ လုပ်တေ။ ရခိုင်ဘုရင်တိ တည်ထားခရေ ကျောက်တစ်လုံးဘုရားကိုလေ့လုပ်တေ။ လွန်ခရေနှစ်ပေါင်း ၂၀ ကျော်လောက်က သင်္ချိုင်းကုန်းဖြစ်တေ အဝေးပြီး ကားဂိတ်ကိုလေ့ လုပ်တေ။ သင်္ချိုင်းကုန်းကိုလေ့ မီးသင်္ဂြိုဟ်စက်ဖြစ်အောင် ရွှိပြောင်းပြီးကေလုပ်ခရေ။ ငလပွိဆိုရေရွာမာလေ့ စေတီတိ တည်ရေ။ အများသူငါကိုးကွယ်ဖို့ရအောင်အတွက်လုပ်ခရေ။ နောက်ပြီးကေ အခု ရန်ကုန်ကလာရေ အဝေးပြီးကားလမ်းကိုလေ့ ရမ်းဗြဲ မြို့နယ်နန့် တောင်ကုတ်မြို့နယ်ကို ဆက်ထားရေ ဒီရေတောကြီးကို မိုင် ၄၀ လောက်ရှည်စော်ကို ယင်းပုဂ္ဂိုလ်က အမ်းမြို့နယ်နန့် ရမ်းဗြဲ မြို့နယ်ကလူတိကို ခွတ်ခိုင်းရေ။ ကျောက်ဖြူကလူတိက အုပ်၊ သဲ၊ ကျောက်၊ ရီ၊ ဘိလပ်မြေ၊ ယင်းမာလုပ်တေလူတိအတွက် စားသောက် ဖို့အတွက် လုပ်ပီးရေ။ အလုပ်လုပ်ဖို့ မလိုက်ဘဲနဲ့ ဝန်ထမ်းတိ၊ ဘာတိဆိုခါလေ။ ဒေဘုရားက ဒေပိုင်နဲ့ ဖြစ်လာစွာ။”

ဆောက်လုပ်ပြီးစီးထားပြီးဗျာလ်ဖြစ်တေ သိမ်မှာ ရှိဟောင်းဘုရားတစ်ဆူတည်ထားကိုးကွယ်ဖို့ ဆုံးဖြတ်ခပါရေ။ ယင်းကြောင့် လွန်ခရေ နှစ်ပေါင်း ၁၃၀ ကျော်လောက်က အင်္ဂလန်ရွှေဓါးရရွာသူကြီးမိသားစုဝင်တိနဲ့ ကျေးရွာသားတိ ကိုးကွယ်ခကတ်တေ ကျောက်ဖြူမြို့နယ် ဘောရဘာကျေးရွာက ရွှီ၊ ငွေ၊ ကြေး၊ သံ၊ သွပ်စရေ သတ္တုငါးမျိုးနန့် သွန်းလုပ်ထားရေ ဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဖိတ်တော်ဗျလ် ဆည်းကပ် ပူဇော်ခကတ်စွာပါ။

“ဒေဘုရားက စနဲနဲ့ ဘောရဘာက ဟိုးနှစ်ပေါင်း ၁၃၀ လောက်က အင်္ဂလိပ်အစိုးရလက်ထက်မှာ ရွာလူကြီး မိသားစုတိ၊ အင်္ဂလန်ငွေဓါးရ ရွာသူကြီးတိ အုပ်ချုပ်ဖို့ခန့်ခွဲထားဟာ။ ယင်းမိသားစုတိက အားလုံးပေါင်းစပ်ပြီးကေ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သွပ်ဆိုရေ ပဥ္စငါးမျိုးနဲ့သွန်းပစ်ခ ရေ။ ယင်းချင့်ကို ဗိုလ်ကြီးအောင်ကျော်ညွှန့်ကသိလို့ ဒေကျောက်မှာ ဘုရားကို ကိုးကွယ်ဖို့၊ ပူဇော်ဖို့ လိုရေဆိုပြီးကေ ခေတ်ဟောင်းဘုရား တစ်ပါးရှာဖွေလို့ ဒေကျောက်မှာ တင်လို့ပီးခစွာ သူက။”
ယင်းအချိန်က ကျောက်ဖြူတောင်မှာ ဘုရားတစ်ဆူနန့် သိမ်တစ်ဆူရှိနီခကေလေ့ ကကောင်းကြီးတော့ စစည်ကကား မရှိခပါ။ နောက် ပိုင်းမာတော့ခါ နိုင်ငံခြားရောက်မိသားစုတိက ယင်းမာလိုအပ်နီရေ ပစ္စည်းတစ်ချို့ကို လှူဒါန်းဖို့ ကျောက်ဖြူမြို့မှာ နီထိုင်ရေ ဘုန်းကြီး တစ်ပါးပါးကို ဆက်သွယ်လာပါရေ။

ရန်ကုန်မှာနီထိုင်ရေ ဆရာတော် ဦးအိန္ဒပါလက လက်ခံရရှိထားရေ လှူဒါန်းဖွယ်ရာတိကို ကျောက်ဖြူတောင်မှာ ပီးအပ်ပြီးကေ ပြန်လား ရေလို့ ဆိုပါရေ။ နောက်ပိုင်းမှာတော့ကေ လိုအပ်ချက်တိရှိလို့ ပြန်လာခါ ဆရာတော်က ကျောက်ဖြူတောင်မှာနီထိုင်ဖို့ အစီစဉ်ကျသွားစွာ ဖြစ်ပါရေ။

ယင်းကြောင့် လက်ရှိ အချိန်ထိ ယင်းမာဗျာလ် သီတင်းသုံးလျှက်ရှိနီပါရေ။ ကျောက်ဖြူတောင်အကြောင်းကို သူက အခုပိုင်ပြောပြလာစွာ ဖြစ်ပါရေ။

“စလို့နီရေခါ ဒေအခန်းချေတစ်ခန်းတည်း။ ဝရံတာချေတစ်ခန်းကို စင်ကာပူကမိသားစုတိက လုပ်ပီးချင်ရေဆိုလို့ ဦးဇင်းက လာလုပ်ပီးစွာ။ ကျောက်ဖြူမြို့ကတစ်ယောက်ကတော့ ဒေ ၁ရထစ်ရှိရေ လဂကိုနည်းနည်းပါးပါးလုပ်ခိုင်းရေ။ ဒေပိုင်နန့် ဦးဇင်းက ၁၁နှစ်ဖြစ်လားရေပေါ့။ ၁၁ နှစ်အတောအတွင်းမှာ ဒေဘုရားရေ ဓမ္မာရုံနဲ့ မီးလေ့ရနီယာ။ ရီလေ့အဆင်ပြေရေ။ တိုးချဲ့အဆောင်အယောင်တိဘာတိနန့် ဖြစ်နီရေ ပေါ့။”

ဆရာတော်ရှိနီရေ နှစ်ပေါင်း ၁၁ နှစ်လောက်အတွင်းမှာတော့ခါ ကျောက်ဖြူတောင်ထက်မှာ ကနဦး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနဲ့ နောက်ထပ် ဘုရားနှစ်ဆူကိုသွန်းလုပ်ပူဇော်တည်ထားကိုးကွယ်နိုင်ခပြီးကေ လက်ရှိမှာတော့ကေ လိုအပ်တေ ကျောင်းသိမ်တိဆောက်၊ တောင်တက် လမ်းတိဖောက်၊ လျှပ်စစ်မီးတိသွယ်တန်း၊ ရီတိသွယ်ယူပနာ တောတောင်ထဲမှာဆိုကေလေ့ ပပြည့်စစုံနဲ့ ပြုလုပ်နိုင်ခလို့ ပွဲတော်ရက်တိနန့် အခါကြီးနိတိမှာလေ့ ဥပုသ်သီလလာရောက်ဆောက်တည်နိုင်ကတ်တေပိုင် ဘုရားဖူးဖို့လေ့ အချိန်မရွီးလာရောက်နိုင်ပါဗျာလ်။ ယကေ လေ့ လိုအပ်ချက်အသွေးအမွှားချေတိကတော့ ရှိနီဆဲပါ။

“အခုကျကေ ဖွံ့ဖြိုးတိုးတက်လားယာလေ။ အရင်ကကျခါ တစ်ခုလေ့မရှိ။ လူသူလေ့ မရှိ။ လားလို့၊ လာလို့လေ့ မရှိကတ်။ လား၊ လာနီဖို့ လေ့မကောင်း။ တောထဲမှာဖြစ်နီခါလေ။ အခုဆိုကေ လမ်းတိဘာတိ ကျကျနနနဲ့ ဆိုင်ကယ်ရို့၊ ကားရို့လေ့ လား၊ လာလို့အဆင်ပြေရေ။ ရီတိဘာတိလေ့ ပွဲပြင်ကျကလေ့ သုံး၊ စားဖို့ လုပ်လို့ရနီယာ။ အရင်က သောက်ရီမရှိဘာမရှိနဲ့ လူတိလေ့ မနီခါ ဘုရားတစ်ပါးကို သော့ ခတ်ပြီးကေ လုပ်ထားကတ်တေ။”

လက်ရှိမှာတော့ကေ ကျောက်ဖြူတောင်၊ ကျောက်ဖြူရွာနဲ့ ကျောက်ဖြူမြို့ ၃ ခုထဲက မြို့အဖြစ်တိုးမြှင့်ခံခရရေ ကျောက်ဖြူရွာချေရေ ရခိုင် ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ဗျာလ်ပိုင် ပင်လယ်ကူးသင်္ဘောတိဆိပ်ကမ်းဖို့ အကောင်းဆုံးနရာဖြစ်ရေတွက်နန့် တရုတ်နိုင်ငံက ရွှေသ ဘာဝဓာတ်ငွေနဲ့ ပိုက်လိုင်းစီမံကိန်းတည်ရှိရာဒေသအဖြစ် ဖြစ်လာပါဗျာလ်။

ကျောက်ဖြူတောင်ဆိုကေလေ့ လက်ရှိမာဆိုကေ နဂို အတိုင်းမဟုတ်ယာဆိုကေလေ့ ရှိသင့်ရှိထိုက်တေ အနေအထားတိစုံလို့ ဘုရားဖူး သားတိကလေ့ စည်ကားလျှက်ရှိနီပါဗျာလ်။

“ဒေချင့်ကိုလာလုပ်ရင်းနဲ့ ၁၅ ရက်၊ ၁၆ ရက်ကြာလားရေ။ ယင်းအချိန်မှာ ကြီွးပြားခင်းဖို့အတွက်ဖြတ်ဖို့ မီးတိဘာတိလိုရေ။ ယချင့်တိကို ကကြံဖဖန်လုပ်တေ။ လွှနဲ့တိုက်၊ ပလယာနဲ့ လုပ်ပြီးခါ ၁၅ ရက်၊ ၁၆ ရက်ကြာချိန်မှာ ရန်ကုန်ကို ပြန်လားရေ။ နောက်တစ်ခါလုပ်ဖို့ဟာတိ ရှိခါ ပြန်လာရရေ။ ပြန်လာခါ ဒေမာဗျာလ် ဆက်နီဖို့ဖြစ်လားရေ။ လူတိ၊ ဘာတိရောက်လာလို့ ဘုန်းကြီးမရှိကေ မဖြစ်လေ။ ဦးဇင်းနီခါ လူ စည်လာရေ။ လူတိလေ့ နီကတ်ထိုင်ကတ်ပြုကတ် ဘာညာဆိုခါ နီစီချင်ကတ်တေ။ ဦးဇင်းကလေ့ ရန်ကုန်မှာနီခါကပင် လလွတ်လလပ်နဲ့ ဝိပဿနာအလုပ်ချေဘာချေလုပ်ဖို့ဆိုခါ ကိုယ့်အသက်အရွယ်နဲ့ အခု ပစ္စပ္ပန်ဘဝနန့် နောင်သံသရာအတွက် ငါ့မှာ ဒေဘဝမှာလုပ်ကိုင်စား သောက်လို့ ရန်ကုန်မြို့မှာ အတည်တကျ ကားနန့်၊ တိုက်နန့်၊ အိမ်နန့်၊ ယာနန့် သားကလေ့ ပညာတတ်လို့ ကိုယ်ဟာကိုယ်ဖြစ်နီယာ။ ယ င်းကြောင့် ဒေဟာတိကို မလုပ်ပဲနန့် သူများတိ တိုက်တွန်းလို့၊ အိမ်ကလူတိ တိုက်တွန်းလို့ ဖြစ်စွာမဟုတ် ကိုယ့်စိတ်ကကိုယ်ပေါ်လာရေ။ နိုင်ငံခြားတိ၊ ဘာတိ ရန်ကုန်မှာ မိုးကုတ်ရို့မှာ လားလို့လာလို့ တွိရေ။ ကိုယ့်ဒေသကလူတိက ဆွမ်းကွမ်းဝေယျာဝစ္စကျွေးမွီးရေ။ ဦးဇင်းက အမြဲတမ်းလိုက်ပါရေ။ လုပ်တေ။ လုပ်နီရင်းနဲ့ ဝိပဿနာအလုပ်၊ ကမ္မဌာန်းအလုပ်၊ တရားထိုင်စွာ ကိုယ့်အတွက်ပဲ။ မိသားစုအတွက် ဗုံ ဆိုင်အလုပ် မဟုတ်။ ဒါသည် ကိုယ့်အတွက်၊ နောင်သံသရာအတွက် အရိပ်ပမာကဲ့သို့ ကိုယ့်နောက်က ကောင်းရေအလုပ်ကိုပဲ အကျိုးပီး ဖို့ အလုပ်ဖြစ်ပါရေကော။ ငါဒေဟာကိုလုပ်ဖို့ဆိုပြီးကေ ဝိပဿနာလုပ်တေအလုပ်က လူနန့်၊ ဘာနဲ့ ရောရောထွီးထွီး မနီဘဲနန့် လွတ်တေ နရာကို လားချင်ရေစိတ်ဟာဖြစ်လာရေ။ အခုဆိုကေ မိုးရွာရွာ၊ နီပူပူ ဒေဟာမှာတရားထိုင်လို့ တရားနာလို့နီရင်းစိတ်ကရွှင်လန်းနီရေလေ။ နောက်ပြီး ဒေအလုပ်ကိုလုပ်တေလူက စားဖို့ဟာ၊ သောက်ဖို့ဟာကို ပူစရာမလို။ သူ့ဟာနဲ့သူ ရောက်လာရေ။ ကိုယ်ကကြံကြံဖန်ဖန်လုပ်နီ စရာမလို။ တစ်ခါလှူကေ မေတ္တာပို့ရေလေ။ သူ့မိသားစုတိ၊ ရုံးသူ၊ ရုံးသား၊ အလုပ်သမားရှိသမျှလူတိအား ကျန်းမာပါစီ၊ ချမ်းသာပါစီဆိုရေ ရည်ရွယ်ချက်ချေနန့်။ ဒေပိုင်မျိုးတိက စျီးမှာဝယ်လို့လေ့ မရ။ နိုင်ငံခြားကလာစွာမျိုးမဟုတ်။ လူတစ်ယောက်ကို တစ်ယောက်မေတ္တာနန့် ကျန်းမာပါစီ၊ ချမ်းသာပါစီ ဆိုစွာမျိုး။”

နောက်ပြီးကေ ကျောက်ဖြူရွာကို ရွာအတိုင်းရာဆက်လက်တည်ထားခဖို့ဆိုကေ လက်ရှိမှာလေ့ တံငှာရွာချေတရွာအတိုင်းယာ တည်ရှိ နီဖို့ဖြစ်ပြီးကေ မြို့ပေါ်ရပ်ကွက် ၁၇ နဲ့ ကျေးရွာပေါင်း ၂၇၆ ရွာရှိရေ ခရိုင်မြို့တစ်မြို့လေ့ ဖြစ်လာစရာအကြောင်း မရှိပါ။

 712 total views,  1 views today