Arakan Yoma|

ကိုရိုနာရောဂါကာကွယ်ရေးအတွက် စစ်တွေမြို့က အရပ်ဖက်အဖွဲ့အစည်းတချို့ဦးဆောင်ဗျာလ် ထင်ရှားရေနေရာတိမှာ အသိပညာပီး မှုတိလုပ်ဆောင်နီကတ်ပါရေ။

စစ်တွေမြို့၏ ထင်ရှားရေနေရာတိဖြစ်တေ ကားဂိတ်၊ စျီး၊ သင်္ဘောဆိပ်၊ စစ်ဘေးရှာင်စခန်းတိနန့် တချို့နရာတိမာ လက်ဆီးခြင်း၊ တစ်ဦး နှင့် တစ်ဦးသုံးပေအကွာမာ နီထိုင်ခြင်း၊ အိမ်မာနီထိုင်ခြင်း စရေကြိုတင်ကာကွယ်မှုတိကိုလိုက်နာကတ်ဖို့ လုပ်ဆောင်နီကတ်စွာဖြစ်ပါရေ။

လက်ရှိမာ Green Network Sittwe အဖွဲ့၊ ရခိုင်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနန့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအ ရုံး REC အဖွဲ့ရို့က လုပ်ဆောင်နီကတ်စွာဖြစ်ပြီးကေ စေတနာ့ဝန်ထမ်းအဖြစ် စစ်တွေမြို့က လူငယ်လူရွယ်တိလေ့ ပူးပေါင်းပါဝင်နီကတ်ပါ ရေ။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးဌာနတိမှကပေါင်းပနာ ဖွဲ့စည်းထားရေ နိုင်ငံခြားက ပြန်လာသူတိမာ ကိုရိုနာဗိုင်းရပ် ရောဂါမပါလာရေးစောင့်ကြည့်ရေးအဖွဲ့မာလေ့ Green Network Sittwe အဖွဲ့မှ ပါဝင်ပူးပေါင်းလျှက်ရှိကြောင်း ထုတ်ပြန်ထားပါရေ။

လက်ရှိကမ္ဘာ့နိုင်ငံအများစုမာ ကပ်ရောဂါအသွင်ဖြစ်ပွားနီရေ Covid 19 ရေ မြန်မာနိုင်ငံမာ ဧပြီလဆန်းပိုင်းအထိ ကူးစက်ခံရ သူ ၁၀ ရှိနီ ပြီးကေ ၁ ဦးသီဆုံးမှုရှိနီပါရေ။ ရခိုင်ပြည်နယ်မာတော့ကေ စောင့်ကြည့်လူနာ ၁၂ ဦးအထိရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိ ရပါရေ။

 516 total views,  1 views today