ArakanYoma|

ကျောင်းဖွင့်ရာသီရောက်လာစွာနန့် စစ်ဘေးရှောင်နီကတ်ရရေ ရခိုင်ပြည်နယ်အတွင်းက ကျောင်းသားတိလေ့ အချိန်မြိန် ကျောင်းတက် နိုင်ဖို့ အစီအမံတိလုပ်ဆောင်နီရေလို့ ပြည်နယ်ပညာရေးဌာနတာဝန်ရှိသူတိက ပြောပါရေ။

စစ်ဘေးရှောင်ကျောင်းသားတိရေ အချက်အလက်တိ မပါကေလေ့ နီးစပ်ရာ စာသင်ကျောင်းတိက လက်ခံပီးဖို့၊ စခန်းတိမာ စာသင်ဖို့ နရာတိရှိရေဆိုကေ ယင်းစခန်းတမာယာ စာသင်ကြားနိုင်ဖို့ စရေ အစီအမံတိကို လုပ်ဆောင်နီစွာလို့ ဆိုပါရေ။

ပြီးခရေ နှစ်ကလေ့ ဒေအတိုင်းပဲဆောင်ရွက်ခစွာဖြစ်ပြီးကေ စစ်ဘေးရှောင်ကျောင်းသားအရေအတွက်ရေ အတည်တကျမရှိရေ ဒေနှစ်မာ လေ့ စာရင်းတိ ထပ်ကောက်နီရရေလို့ ရသေ့တောင်မြို့နယ် လက်ထောက်ပညာရေးမှူးက ပြောပါရေ။

ရခိုင်ပြည်နယ်အတွင်းက စစ်ပွဲတိကြောင့် အရပ်သားပြည်သူ ၁သိန်းခွဲကျော်လောက်ရေ နေရပ်စွန့်ခွာထွက်ပြီးနီကတ်ရပြီးကေ ယင်းထဲမာ ကျောင်းသား၊ ကျောင်းသူအရေအတွက် သောင်းနန့် ချီပါဝင်နီစွာပါ။

ဒေစစ်ပွဲကာလအတွင်း တချို့ကျောင်းသားတိရေ ကျောင်းတက်နီရင်းနန့် ထွက်ပြီးလာရစွာ၊ စာမေးပွဲအတွင်းမာ ပစ်ခတ်မှုတိဖြစ်စွာ စရေ ဖြစ်စဉ်တိလေ့ ရှိစွာကြောင့် ကျောင်းသားတချို့ရေ ကျောင်းတက်ခွင့်ဆုံးရှုံးခရစွာတိလေ့ များစွာရှိခပါရေ။

 721 total views,  1 views today