Arakan Yoma|

ရခိုင်အမျိုးသားပါတီ – ANP တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တို့ ရခိုင်အရေးကို ဆွေးနွေးခဲကြ တယ်လို့ ရခိုင်အမျိုးသားပါတီက ဧပြီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အွင်လိုင်းကတစ်ဆင့် ပြုလုပ်တဲ့ အဲဒီ Online Video Conference မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်၊ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren နဲ့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် တွေဖြစ်တဲ့ ဒေါ်အေးနုစိန်၊ ဦးခိုင်ပြည်စိုးနဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြကျော်တို့ ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးမှု ထဲမှာတော့ လက်ရှိရခိုင်မှာ စစ်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေတာ၊ ရပ်ရွာအတွင်းက အရပ်သားတွေ ပစ်မှတ်ထားထိခိုက်ခံ နေရတာနဲ့ အရပ်သားတွေ သေဆုံးထိခိုက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိစ္စရပ်တွေပါဝင်ပါတယ်။

နောက်ပြီး စစ်ပွဲနောက်ဆက်တွဲ အကျိုးဆက်ကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေတိုးပွားလာပြီး အရေးပေါ်လိုအပ်ချက်တွေရှိနေတာ၊ ရ ခိုင်ဒုက္ခသည်အရေးကို ပြည်တွင်း၊ ပြည်ပက ရခိုင်လူမျိုးတွေရဲ့အကူအညီနဲ့သာ ထောက်ပံ့နေရတာပြီး ရခိုင်အရေးအပေါ် တစ်ခြားကိစ္စရ ပ်တွေလောက် စိတ်ဝင်စားမှုနည်းပါးနေတာ၊ ကိုဗစ်နိုက်တင်းနဲ့ ပတ်သတ်လို့ ကာကွယ်ရေးအစီစဉ်တွေနဲ့ လာမယ့် ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍအသီးသီးကို အကျယ့်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တွေမြို့မှာ အခြေစိုက်နေတဲ့ ကုလသမဂ္ဂစီမံကိန်းရေးဆွဲရေးနဲ့ အကြံပေးပုဂ္ဂိုလ် Mr.Ducan နဲ့ အဖွဲ့ဝင်တွေက ရခိုင်အမျိုးသားပါတီရုံးမှာ ပြုလုပ်တဲ့ အဲဒီဆွေးနွေးမှုကို တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကလည်း အဆိုပါ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေကိုယ်စားလှယ်၊ ကုလသမဂ္ဂလူသားချင်းစာနာထောက် ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren နဲ့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှတို့က ရခိုင်အရေးကို အခုလိုပဲ အွင်လိုင်း ကတဆင့် ဆွေးနွေးခဲ့ကြပါသေးတယ်။

 524 total views,  1 views today