Arakan Yoma|

ကိုရိုနာရောဂါကာကွယ်ရေးအတွက် စစ်တွေမြို့မှ အရပ်ဖက်အဖွဲ့အစည်းတချို့ဦးဆောင်ပြီး ထင်ရှားသောနေရာများတွင် အသိပညာပေး ခြင်းများလုပ်ဆောင်နေကြသည်။

စစ်တွေမြို့၏ ထင်ရှားသည့်နေရာများဖြစ်သော ကားဂိတ်၊ စျေး၊ သင်္ဘောဆိပ်၊ စစ်ဘေးရှာင်စခန်းများနှင့် တချို့နေရာများတွင် လက် ဆေးခြင်း၊ တစ်ဦးနှင့် တစ်ဦးသုံးပေအကွာတွင် နေထိုင်ခြင်း၊ အိမ်တွင်နေခြင်း စသောကြိုတင်ကာကွယ်မှုများကို လိုက်နာကြရန် လုပ် ဆောင်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် Green Network Sittwe အဖွဲ့၊ CYO အဖွဲ့၊ ရခိုင်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် ရခိုင်တိုင်းရင်းသားမျိုး နွယ်များအစည်း အရုံး REC အဖွဲ့တို့မှ လုပ်ဆောင်နေကြခြင်းဖြစ်ပြီး စေတနာ့ဝန်ထမ်းအဖြစ် စစ်တွေမြို့မှ လူငယ်လူရွယ်များလည်း ပူးပေါင်းပါဝင်နေကြ သည်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးဌာနများမှစုပေါင်း၍ ဖွဲ့စည်းထားသော နိုင်ငံခြားမှ ပြန်လာသူများတွင် ကိုရိုနာဗိုင်းရပ် ရောဂါမပါလာရေးစောင့်ကြည့်ရေးအဖွဲ့တွင်လည်း Green Network Sittwe အဖွဲ့မှ ပါဝင်ပူးပေါင်းလျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိကမ္ဘာ့နိုင်ငံအများစုတွင် ကပ်ရောဂါအသွင်ဖြစ်ပွားသော Covid 19 သည် မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်နေ့အထိ ကူးစက်ခံရ သူ ၁၄ ဦးရှိနေသည်။ ရခိုင်ပြည်နယ်တွင်မူ မတ်လ ၃၀ ရက်နေ့အထိ စောင့်ကြည့်လူနာ ၁၂ ဦးအထိရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက သိရသည်။

 566 total views,  1 views today