Arakan Yoma|

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူငယ်နှင့် နိုင်ငံရေးခေါင်းစဉ်ဖြင့် ဒီမိုကရေစီဖက်ဒရယ် စကားဝိုင်းတစ်ခု လုပ်ခဲ့ကြသည်။ စကားဝိုင်းကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီ (AYAC) က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံရေးလောကထဲသို့ လူငယ်များ ပါဝင်လာနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းသည်။

စကားဝိုင်းတွင် ဆွေးနွေးဟောပြောခဲ့သည့် ရခိုင့်ဒီမိုကရေစီအဖွဲ့ – ALD ပါတီ၏ အမျိုးသမီးနဲ့ ကလေး သူငယ်ရေးရာကော်မတီ ဥက္ကဌ ဒေါ်စိုးစိုးဌေးကတော့ နိုင်ငံတနိုင်ငံရဲ့ တည်ဆောက်ရေး ကဏ္ဍတစ်ခုစီ၏ အပြီးတွင် လူကြီးများပြီးလျှင် လူငယ်များက တာဝန် ထမ်းဆောင်ရစမြဲဖြစ်သည့်အတွက် လူငယ်များအနေဖြင့် နိုင်ငံရေးတွင် ပါဝင်ရန်လိုအပ်သည်ဟု ပြောသည်။

ဒေါ်စိုးစိုးဌေးက “နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တဲ့အခါမှာ လူငယ်ကနေ လူကြီးဖြစ်လာတယ်။ လူကြီးတွေပြီးသွားတဲ့အခါမှာ လူငယ် တွေကပဲ တည် ဆောက်ရေးကကဏ္ဍကိုသွားကြရပါတယ်။ ကျမတို့နိုင်ငံမှာက စနစ်ဆိုးကြီးအောက်မှာ နေခဲ့ရတာကြောင့် လူငယ်တွေ အကုန်လုံး နိုင်ငံရေး နဲ့ ကင်းကွာသွားကြတယ်။ နိုင်ငံရေးလို့ ကြားလိုက်တာနဲ့ မိသားစုအသိုင်းအဝိုင်းကအစ ဟန့်တားတာတွေတွေ့ရ တယ်။ သို့သော် ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းတဲ့အချိန်မှာ ဒီစနစ်နဲ့ ကိုက်ညီတဲ့ စံချိန်စံညွှန်းတွေကို သိဖို့လိုအပ်လာတယ်။ နိုင်ငံ သားတစ်ယောက်ရဲ့ လုပ်ငန်း၊ ရပိုင်ခွင့်၊ အခွင့်အလန်းတွေကို သိဖို့လိုအပ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က ဖက်ဒရယ် ဒီမို ကရေစီစနစ်ကို သွားရမှာ ဖြစ်တဲ့အတွက်ကြောင့်ပဲ။” ဟု ပြောသည်။

ယင်းအပြင် လူငယ်များ နိုင်ငံရေးတွင်ပါဝင်လာလျှင် ဖြစ်ပေါ်လာမည့် အကျိုးကျေးဇူးများ၊ လက်ရှိပါဝင်မှုနှုန်းနှင့် ယခင်ကပါဝင်မှုနှုန်းများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသေးသည်။

ဆွေးနွေးရာတွင် ယင်းစကားဝိုင်းကို ဦးဆောင်ပြုလုပ်သည့် ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီဝင်များအပါအဝင် ရခိုင်အရပ်ဖက်အဖွဲ့ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်မှ တက္ကသိုလ်ကျောင်းသားများ၊ လူမှုရေးသိပ္ပံကဲ့သို့ သင်တန်းကျောင်းများမှ ကျောင်းသားလူငယ်များ စသဖြင့် လူငယ် ၈၀ ခန့်က တက်ရောက်ခဲ့ကြသည်။

တက်ရောက်ခဲ့သည့် လူငယ်များကလည်း လူငယ်နှင့် နိုင်ငံရေးဟုဆိုသည့် အဆိုပါခေါင်းစဉ်အောက်တွင် သိလိုသည့် မေးခွန်းများ ဆွေး နွေးမေးမြန်းခဲ့ကြသည်။

ဓာတ်ပုံ – ဒီဇင်ဘာလ ၂၅ ရက်နေ့က လူငယ်နှင့် နိုင်ငံရေးစကားဝိုင်းပြုလုပ်စဉ် (ဓာတ်ပုံ – AYAC)

 705 total views,  1 views today