Arakan Yoma |

၂၀၂၀ ပြည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးရုံးကို စစ်တွေမြို့မှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

အဆိုပါရုံးဖွင့်လှစ်ပွဲကို ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ဟု ပူးပေါင်းဖွဲ့စည်းထားကြသည့် အရပ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ဝံလက်ဖောင်ဒေးရှင်း၊ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ယက်၊ People For People၊ Initiative Education For Pecce and Development နှင့် PDI-Kintha For  Peaceand and Development စသည့်အဖွဲ့များက ဖွင့်လှစ်ကြခြင်းဖြစ်သည်။

ယင်းအခမ်းအနားကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှအပါအဝင် အဆိုပါအရပ်ဖက်အဖွဲ့အစည်းများက တာဝန်ရှိသူများ၊ ရခိုင်နိုင်ငံရေးပါတီတာဝန်ရှိသူများ၊ ရွေးကောက်ပွဲကို စိတ်ပါဝင်စားသည့် ပြည်သူတစ်ချို့နှင့် နိုင်ငံခြားသားစောင့်ကြည့်လေ့လာသူတစ်ချို့ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် မဲပေးရုံစုစုပေါင်း ၂၁၀၀၀ နှင့် မဲပေးခွင့်ရှိသူပေါင်း ၁ ဒသမ ၄ သန်းရှိကြောင်း သိရပြီး ရခိုင်ပြည်မြောက်ပိုင်း ၈ မြို့နယ် တွင် စစ်ရေးပဏ္ဍိပက္ခများတင်းမာနေသော်လည်း ရခိုင်ပြည်နယ်၏ မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပရန် ဆုံးဖြတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှိက မီဒီယာများကို ပြောဆိုထားသည်။

သို့ရာတွင် ပြင်းထန်နေဆဲဖြစ်သည့် အေအေနှင့် တပ်မတော်တို့၏ တိုက်ပွဲများကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်မည်ကို ရခိုင်နိုင်ငံရေး ပါတီများအပါအဝင် ပြည်သူများကလည်း စိုးရိမ်လျှက်ရှိနေကြသည်။

 518 total views,  1 views today