ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူငယ်ညီလာခံမှ ချမှတ်နိုင်ခဲ့သည် မူဝါဒများကို အကောင်အထည်ဖော်နိုင် ရေး အစိုးရအပါအဝင် နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့စည်း စသည်တို့နှင့် ပူးပေါင်းကာ ဆောင်ရွက်ရန် လူငယ်များက ကြိုးပမ်းနေကြ သည်။

ရခိုင်လူငယ်ညီလာခံမှ တာဝန်ရှိသူများသည် သြဂုတ်လ ၁၉ ရက်နေ့က စစ်တွေမြို့ရှိ အာရီယန် စားသောက်ဆိုင်တွင် ပြီးခဲ့သည့် မေလက ပြုလုပ်ခဲ့သည့် အဆိုပါ ညီလာခံဆိုင်ရာ သတင်းစာရှင်းလင်းပွဲနှင့် တာဝန်လွှဲပြောင်း ပေးအပ်ပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ထိုသို့ ပူးပေါင်း ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“အခုလက်ရှိ အန်အယ်လ်ဒီအစိုးရရှိမယ်။ ပြည်ထောင်စုအစိုးရ။ ပြီးတော့ ပြည်နယ်အစိုးရ။ ဒေသန္ဒရအစိုးရ။ အရပ်ဖက်အဖွဲ့အစည်း။ ပါတီ အဲဒါတွေနဲ့ သဟဇာတဖြစ်တာနဲ့ စည်းလုံးမှုတွေကို တည်ဆောက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျနော်တို့မှာ အစီစဉ်ရှိ ပါတယ်။”ဟု ရခိုင်လူငယ်ညီလာခံ ဦးဆောင်ကော်မတီဝင် ကိုမင်းသိန်းဇံက ပြောသည်။

ရခိုင်လူငယ်ညီလာခံက သဘောတူချက်မှတ်လိုက်သည့် မူဝါဒ ၂၄ ချက်မှာ လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်းစသည့် ကြောရိုးကြီးလေးခုအပေါ် အခြေခံပြီး ဆွေးနွေးထားသည့် အချက်များလည်း ဖြစ်သည်။

ယင်းအစီစဉ်များအနက် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျော်ဇောသတင်းရှိသော ကွမ်းယာဆိုင်၊ ဈေးဆိုင် တို့ကို စနစ်တကျ စစ်ဆေးရန်၊ အရက်သေစာနှင့် ဆေးလိပ်ကို ရခိုင်ပြည်နယ်အတွင်းသို့ အကန့်အသတ်ဖြင့်သာ တင်သွင်းရန်၊ မူးယစ်ဆေးဝါး သုံးစွဲမှုရှိ၊ မရှိ ကျောင်းသူ၊ ကျောင်းသားနှင့် လူငယ်များကို အချိန်ကာလ အပိုင်းအခြားအလိုက် စစ်ဆေးရန်၊ ကျောင်းသင်ခန်းစာတွင် ထည့်သွင်းပါရှိသည့် မူးယစ်ဆေးဝါးအကြာင်းကို အလေးအနက်ထား သင်ကြားပေးရန်နှင့် လူငယ်စင်တာတွေ ထားရှိရန် စသည့် အချက်များပါဝင်သည်။

 537 total views,  1 views today