Arakan Yoma |

ရခိုင်ပြည်နယ် စစ်တွေမြို့မဈီးကြီးမှာ ရောင်းချနီကတ်တေ ပျံကျဈီးသည် ၅၀၀ ကျော်လောက်ကို နီရာပြောင်းရွှိ့ပီးဖို့ မြို့နယ် စည် ပင်သာယာရေးအဖွဲ့က စီစိုဉ်နီပါရေ။

တစ်နှစ်ထက်တစ်နှစ် ပေါများလာရေ လမ်းဘေးဈီးသည်ရို့၏ အခက်ခဲကို ဖြေရှင်းနိုင်ဖို့အတွက် ယင်းပိုင်စီစိုင်ရခြင်းဖြစ်ပြီးကေ လက်ရှိမှာ ပြည်နယ် အစိုးရအဖွဲနန့် ကိုရီးယားပိုင်ကုမ္ပဏီ BXT ရို့အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားရေ စစ်တွေမြေထဲက ၂ ဧကကို အဆိုပါဈီး သည်ရို့အတွက် လျာထားရေလို့ စစ်တွေမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးကျော်မိုးက ပြောပါရေ။

“ပျံကျဈီးရောင်းချရေ လူတိကို ရွှိ့ပြောင်းဖို့ စီစဉ်ထားစော် ဖြစ်ပါရေ။ လွန်ခရေ ၂ နှစ်၊ ၃ နှစ်ကပင် ဈီးသည်တိက ဈေးတွင်းမှာ မဆံ့ရေခါ လမ်းကိုထွက်လို့ အဆင်ပြေရေပိုင် ရောင်းချနီကတ်ရခါ ဈီးနားက မြစ်ကမ်းဘေးမှာ နီရာချပီးဖို့ကိစ္စကို နဂိုကပင် စီစဉ်ခရေပိုင် အခုက တော့ မြေယာလေ့ ဖော်ထုတ်ရရှိထားဗျာလ်ဖြစ်တေအတွက်နန့် ဒေနရာမှာ ကျနော်ရို့က စနစ်တကျနရာချထားပီးလို့ရအောင် ဈီးသူဈီး သားတိနဲ့ တွိဆုံဆွေးနွေးထားပါရေ”

စည်ပင်သာယာရေးအဖွဲ့၏ စာရင်းအရ စစ်တွေမြို့မဈီးကြီးမှာ ရောင်းချနီရေ ပျံကျဈီးသည် ၅၀၀ ကျော်လောက်ရှိနေပြီး သူရို့မှာ နေရာအတည်မရှိရေအတွက် လိုအပ်ကေ ဘေးဖယ်ပေးရခြင်း၊ အချိန်ကန့်သတ်ခံရခြင်းစရေ အခက်အခဲတိကို နေ့စိုင်ရက်ဆက် ကြုံတွေ့နီကတ်ရရေပိုင် တစ်ဖက်မှာလေ့ ယာဉ်ကြောပိတ်ဆို့မှုတိကို ဖြစ်ပေါ်စီပါရေ။

ယင်းတွက်နန့် ပြောင်းရွှိပီးဖို့ အစီအစဉ်ကို သြဂုတ်လအတွင်းမှာ စစ်တွေမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့က ဈီးသူ၊ ဈီးသားတိနန့် တွိဆုံပနာ တွိဆုံမှုတစ်ရပ်လေ့ ပြုလုပ်ထားပြီးဖြစ်တေပိုင် ယင်းအစီအစိုင်မှာ သူရို့၏ အခက်ခဲတိကို ဖြေရှင်းပီးနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်လို့ ကြိုဆိုသူတိလေ့ ရှိနီကတ်ပါရေ။

ပျံကျဈေးသည် ဒေါ်ဖြူယိုင်ဦးက “လူကြီးတိ ခရီးစဉ်ရှိရေလို့လေ့ ဖယ်ပီးရရေ။ အထက်လူတိလာမယ်။ ဇာဖြစ်တယ်။ ဇာဖြစ်တယ်။ အခု ချက်ချင်းဖယ်။ တနားချေကြာလားကေ ထိုချင့်ကိုကောက်ယူလားလိုက်၊ ဒေချင့်ကိုကောက်ယူလားလိုက် ယင်းပိုင်မျိုး အခက်ခဲတိ မကြာ မကြာကြုံရရေ။ အစောကြီး ကြိုတင်ပြောထားကေတော့ တစ်မျိုးပေါ့။ မပြောရေခါကျကေ အကုန်လုံးပါလားရေ။ ယပိုင်အခက်ခဲတိ ကြုံရ ရေ။ ကိုယ့်မှာနေရာမရှိစွာနဲ့ လမ်းဘေးမှာရောင်းရစွာ အဆင်မပြေ။ ယင်းပိုင်နေရာချေတစ်ခုရဖို့ဆိုကေတော့ ကောင်းရေပေါ့။”လို့ ပြောပါရေ။

ယကေလေ့ ယင်းဈီးကို ဇာအချိန်မှာ တည်ဆောက်လို့ တစ်ယောက်စီပါးက အခကြေးငွေ ဇာလောက်ကောက်ခံဖို့ဆိုစော်ကိုတော့ မသိရသိပါ။ စစ်တွေမြို့မဈေးကြီးစော် ရခိုင်ပြည်နယ်၏ မြို့နယ် ၉ ခုလောက်က ဒေသခံတိအတွက် အဓိကမှီခိုအားထားရရေ ဈီးတစ်ခုဖြစ်ပြီးကေ မြို့ ထက်ကလူတိတောင်မက နယ်ကလူတိပါလာရောက် ရောင်းချနီကတ်တေ ဈီးကြီးတစ်ခုလေ့ ဖြစ်ပါရေ။

 518 total views,  1 views today