Arakan Yoma |

မိုင်းနန့် စစ်ကျန်လက်နက် အန္တရာယ်တိကို ကာကွယ်လျှော့ချနိုင်ဖို့ရည်ရွယ်ပြီးကေ တိုက်ပွဲဖြစ်နီရေ ရခိုင်မြောက်ပိုင်းက မြို့နယ်တိအပါအဝင် မြို့နယ် ၁၀ ခုက ပညာရေးဌာနတာဝန်ရှိသူတိကို စစ်တွေမြို့မှာ ဇူလိုင် ၂၀ ရက်ကနေ ၂၁ ရက် အထိ ၂ ရက်တာကြာမြင့်ရေ ဆရာဖြစ်သင်တန်းပို့ချခပါရေ။

လက်ရှိတိုက်ပွဲဖြစ်နီရေ ရခိုင်ပြည်နယ်ထဲက ကျောင်းသူ၊ ကျောင်းသားတိအနီနဲ့ မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီးလို့ ဗဟုသုတရရှိနိုင်ဖို့ရည်ရွယ်ပြီးကေ မြို့နယ် ၁၀ ခုက ပညာရေးမှူးတိကို သင်တန်းပို့ချနီစွာလို့ ဆိုပါရေ။

“အဓိကကတော့ ရခိုင်ပြည်မှာ မိုင်းအန္တရာယ်နဲ့ စစ်ကျန်လက်နက်ရှိလာနိုင်ရေ နေရာဒေသတိမှာရှိရေ ကျောင်းသူ၊ ကျောင်းသားတိကို မိုင်းအန္တရာယ်အသိပညာ ရရှိဖို့အတွက် ပညာရေးဌာနနဲ့ ပူးပေါင်းပြီးကေ ရခိုင်ပြည်နယ်မှာရှိရေထဲက ၁၀ မြို့နယ်က ပညာရေးမှူးတိကို ၂ ရက်တာ ဆရာဖြစ်သင်တန်းပို့ချနီစွာဖြစ်ပါရေ။” လို့ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ရဲ့ မိုင်းအန္တရာယ် အသိပညာပီး ကာကွယ်ရေးလုပ်ငန်း အရာရှိ ဦးကျော်ဝင်းဦးက ပြောပါရေ။

ယင်းကနီတဆင့် မြို့နယ်အသီးသီးမှာရှိကတ်တေ ကျောင်း ၃၀၀ ကျော်ထဲမှာရှိရေ ဆရာ၊ ဆရာမ ၆၀၀ ကျော်ကို ဆင့်ပွားသင်တန်း တစ်ရက်သင်တန်းပီးလားဖို့ဖြစ်တယ်လို့ UNICEF စစ်တွေရုံး ယာယီတာဝန်ခံ ဒေါ်ခင်မိုးအေးက ပြောပါရေ။

“သူရို့ကနီတဆင့် သက်ဆိုင်ရာမြို့နယ်တိကို ပြန်ရောက်လားလို့ရှိကေ စုစုပေါင်း ကျောင်း ၃၀၀ ကျော်ထဲမှာရှိရေ ဆရာ၊ဆရာမ ၆၀၀ ကျော်ကို ဆင့်ပွားသင်တန်း တစ်ရက်သင်တန်းပီးလားဖို့ ဖြစ်ပါရေ။ ယင်းထဲမှာ ဆရာ၊ ဆရာမတိကတဆင့် ကျောင်းပေါင်း ၃၀၀ မှာရှိရေ ကျောင်းသူ၊ ကျောင်းသားပေါင်း ၆၄၀၀၀ ကျော်ကို မိုင်းနဲ့ ပတ်သတ်လို့ အန္တရာယ်ရှိစွာတိကို အသိပညာပီးစွာတွေကို ဆက်လက်လုပ် ဆောင်လားပါဖို့။”လို့ ပြောပါရေ။

ယင်းအပြင် ယင်းပိုင် ပညာပီးမှုတိအတွက် လိုအပ်တေ ပိုစတာတိနဲ့ လက်ကမ်းစာစောင်တိ ဖြန့်ဝီလားဖို့ ရှိနီသိရယ်လို့ ဆိုပါတယ်။ တပ်မတော်နဲ့ အေအေ ရက္ခိုင့်စစ်တပ်ရို့ တိုက်ပွဲကာလ ၆ လအတွင်းမှာ  မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုဖြစ်စဉ် ၂၃ ခုရှိခပြီးကေ မိုင်းထိသူ အရပ်သား၂၉ ဦးရှိခရာကနီ အချေအပါအဝင် ၁၁ ဦးသေဆုံးခရယ်လို့ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF က ထုတ်ဖော်ပြောဆိုခပါရယ်။

 532 total views,  1 views today