ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း

မြန်မာစံတော်ချိန် မိုးထ ၇ နာရီတီးယာဆိုကေ စူနာဒင်း (ခေါ်) ကိုမောင်မောင်တစ်ယောက် စက်ဘီးချေကို စီးပြီးအိမ်ကနီ စတင် ထွက်ခွာပါဗျာလ်။

“မိုးထ ၇ ဆိုကေလာရေ။ တစ်ခါတစ်လီဆိုကေတော့ ၈ နာရီလည်းကြာသွားရေ။ တစ်ခါတစ်လီဆိုကေလည်း ၉ နာရီပေါ့။ စက် သီးနဲ့လာစွာလေ။”လို့ ကွမ်းယာလည်းဝါး ဆံပင်လည်းကိုနီယင်းနဲ့ ကိုမောင်မောင်က ပြောပါရေ။

ကိုမောင်မောင်ရေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က “လက်သာ” လို့ခေါ်ရေ ရပ်ကွက်မှာနီထိုင်ရေ ဟိန္ဒူအမျိုးသားတစ်ဦးပါ။ ယင်းရပ်ကွက် မှာ ဟိန္ဒူလူမျိုးတိ နေထိုင်ကတ်စွာဖြစ်ပြီး အများစုက ရွာနာမည်လက်သာဆိုရေ ဆောင်ပုဒ်နဲ့အညီ လက်သာအလုပ်ကို လုပ်ကိုင် လေ့ရှိ ကတ်ပါရေ။ ကိုမောင်မောင်ကတော့ “ဆံသ” လုပ်ငန်းလုပ်ကိုင်စွာပါ။

စစ်တွေမြို့ထဲမှာဖွင့်ထားရေဆိုင်ကို ရောက်ရောက်ချင်းမှာတော့ကေ ကိုမောင်မောင်က ဘုရား၊ တရားကို ပူဇော်လေ့ရှိပါရေ။

“ဘုရားကို ရှိမခိုးဘဲနဲ့ ငွေမဝင်။ ယင်းပိုင်လည်းရှိရေ။ အဓိက ဘုရားကိုရှိခိုးရရေ။ နံသာတိုင်ထွန်းရမယ်။ ဖယောင်းတိုင်လည်း ထွန်းရမယ်။ ဘုရားရှိခိုးကေ ကျနော့်ကိုခေါ်ရေ။ ကျနော့်ကို ကူညီရေ။ သူရို့ဆိုင်မှာလိုအပ်နီရေ။ ယာ သူရို့ဆိုင်မှာ ဝင်။ ယပိုင်ရှိရေ။”

ကိုမောင်မောင်ကတော့ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပါရေ။ ယပိုင်ကိုင်းရှိုင်းစွာတိကြောင့်လည်း သူ့ကိုဘုရားက အမြဲတမ်း စောင့်ရှောက်ထားရေလို့ ခံယူထားတတ်ပါရေ။

သူရဲ့ ဘိုးဘွားတိက အိန္ဒယကနီ ပြောင်းရွှေ့လာစွာဖြစ်ပြီးကေ သူရို့မိဘတိကို မောင်တောမှာ မွေးဖွားခစွာဖြစ်ပါရေ။ ယင်းနောက် မှာ တော့ သူ့ရဲ့မိဘတိရေ စစ်တွေကို ပြောင်းရွှေ့လာခဲ့ပြီးကေ ကိုမောင်မောင်လက်ရှိနီထိုင်ရေ လက်သာရွာမှာ အခြေချနေထိုင်ခကတ်ပါ ရေ။

မိဘတိ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးလားပြီးနောက်မှာ ယင်းအချိန်က အသက် (၁၅) နှစ်ရာရှိသိမ့်ရေ သူစွာ ဖခင်ညွှန်ပြပီးခရေ လမ်းစဉ် အတိုင်း လျှောက်လှမ်းခစွာပါ။ သူဝါသနာမပါဘဲ လျှောက်လှမ်းခရရေ သူ့ရဲ့သက်မွေးဝမ်းကြောင်းအကြောင်းကိုလည်း အခုပိုင်ဗျာလ် ပြန်ပြောင်းပြောပြပါရေ။

“ကျနော်က ဝါသနာပါလို့ လုပ်လာစွာ မဟုတ်။ ကျနော့်မိဘတိက ဒေအလုပ်ကိုလုပ်စားလို့ ကျနော်လုပ်စားနီစွာ။ ကျနော့် အဖိုး၊ အဘောင်ရို့ ဒေလက်သာလုပ်လို့ စားစွာ။ ယင်းတွက်နဲ့ ကျနော်ရို့မှာ ဒေအလုပ်ကို လုပ်ရရေ။ တစ်ခုအလုပ်လေ့ လုပ်လို့မရ။ ဆံပင်ညှပ် စားလို့ ရရေ။ အနှိပ်သည်လုပ်စားလို့ရရေ။”

ဟိန္ဒူဘာသာဝင်တိရဲ့ ပြောဆိုချက်တိအရတော့ အများစုစွာ မိဘဘိုးဘွားတိ လုပ်ကိုင်လာရေ လုပ်ငန်းတိကိုရာ အမွီဆက်ခံ လုပ်ကိုင်လေ့ရှိ ကတ်ပါရေ။ ကိုမောင်မောင်ကလည်း ထိုနည်း၎င်းပါဗျာလ်။ ဝါသနာကို အရင်းခံပြီးကေ လုပ်ကိုင်ကတ်ဖို့ဆိုကေလည်း ပညာအရည်အချင်းရော ငွေကြေးအရပါ နိမ့်ကျသူတိဖြစ်စွာကြောင့်လည်း မိရိုးဖလာလုပ်ကိုင်လာရေ လုပ်ငန်းတိကို လုပ်ကိုင်နီကတ်ရစွာ ဖြစ်ပါရေ။

ယင်းပိုင် လျှောက်လှမ်းလာခရကေလည်း ကိုမောင်မောင်စွာ ပစ္စုပန်ကို အကောင်းဆုံးဖြတ်သန်းနိုင်သူပီပီ စစ်တွေမြို့က ဆံသဆိုင်တိုင်း လိုလိုမှာ အလုပ်တိ ဝင်လုပ်ဖူးရေလို့ ကြုံခရရေ အခက်ခဲတိကို စိတ်မကောင်းစွာနဲ့ ပြောဆိုပါရေ။

“အရင်က ကြုံခရရေပေါ့။ ဆင်းရဲခရေ။ အရင်ကဆိုမရှိခ။ သူများတိပါးမှာ လုပ်ရရေ။ စားဖို့မလောက်။ တစ်ရက်ရစွာ တစ်ရက်မစားရ။ ဆိုင်ကိလားမှ စားရရေ။ ဆိုင်ကိုမလားကေ မစားရ။ အခုကတော့ အဆင်ပြေနီဗျာလ်။ ထမင်းစားရရေ။ သူများပါးမှာ လုပ်စွာက ထမင်းက နပ်မမှန်။” 

ဘဝကို ရုန်းကန်နီဆဲ အသက် ၂၀ မှာ အရွယ်မှာ အိမ်ထောင်ကျခပါရေ။ ယင်းချင့်ကလည်း သူ့အတွက် အခက်ခဲဆုံးအချိန်တိ ဖြစ် နီခ ပြန်ပါရေ။ ယင်းပိုင် ဖြစ်နီခကေလည်း ကိုမောင်မောင်စွာ တစ်ရက်ကို ငွေ ၁ ထောင်ဖြစ်ဖြစ်၊ ၂ ထောင်ဖြစ်ဖြစ် ၂ နှစ်လောက် စုခပါရေ။ ယင်းနောက်မှာတော့ သူရေ ဆိုင်ခန်းချေတစ်ခန်းငှားပြီးကေ ကိုယ်ပိုင်ဆိုင်ချေ ဖွင့်နိုင်ခပါရေ။

နာမည်တစ်ခုလေ့ ပီးမထားရေ ယင်းဆိုင်ချေ ဖွင့်ပြီးချိန်မှာတော့ကေ သူ့မိသားစုရဲ့စားဝတ်နေရေးကို ပြေလည်အောင်ဖြေရှင်းနိုင်ခလေ့ ငွေစုဖို့လောက်ထိတော့ မပိုချန်ခပါ။

“စားဖို့သောက်ဖို့နည်းနည်းပါးပါးယာရရေ။ တစ်ရက်ကို တစ်သောင်းရရေ။ အများကျကေနှစ်သောင်းရရေ။ တစ်ခါတစ်လီ ဈီးကွက် မကျကေ အိမ်ကိုပြန်ရရေ။ စားဖို့သောက်ဖို့ကတော့ကေ အဆင်ပြေရေပေါ့။ ဇာလည်းဆိုကေကေ စုလို့ တစ်ခုမရ။ စုလို့ တစ်ခုမရ။”

“ဆိုင်လခက တစ်လကို ၅ သောင်းပီးရရေ။ ကိုယ်ပိုင်ဆိုင်က မဟုတ်။ ငှားထားစွာကို။ ကိုယ်တစ်ယောက်တည်းဖွင့်ထားစွာပေါ့။ တစ်ယောက်လေ့တော့ မပါ။”

ဘဝမှာ ယပိုင်ကျင်လည်နီခရင်းနဲ့ အခုဆိုကေ အသက် (၄၀) အရွယ်ကိုရောက်နေပါဗျာလ်။ သား၊ သမီး ၄ ဦးကိုလည်း ပိုင်ဆိုင်ထားပါယာ။ သား၊ သမီးတိကို ကိုယ့်ပိုင်မဖြစ်စီဖို့ ဆင်းရဲခြင်းကနီ ထွက်ပေါက်ပီးဖို့ ပညာသင်ပေးချင်ကေလည်း ဘဝရဲ့ ကံကြမ္မာက မျက်နှာသာ မပီးခစွာကိုလည်း သူက ဝမ်းနည်းပက်လက်နဲ့ ပြောပြပြန်ပါရေ။

“ကျနော်က ကျောင်းတက်ခိုင်းရေ။ ကျောင်းမတက်ဆိုတယ်။ သူကမသင်ချင်လတ်။ စာမသင်ချင်လတ်။ သူ့ဘဘောနဲ့သူ။ ကျနော်က သင်ဖို့ခိုင်းရေ။ သူကမသင်။”

သား၊ သမီးတိစွာ ဖခင်ကပေးတဲ့ လမ်းစဉ်ကို လက်ခံဖို့ ငြင်းပယ်ချိန်မှာတော့ ဒေလမ်းအတိုင်းဗျလ် သူတို့စွာဆက်လားကတ်ရဖို့ ဖြစ်ပါရေ။

“ဆိုင်ကိုလာကေ ထိုင်နီကတ်တယ်။ ဖုန်းကြည့်ရေ။ နည်းနည်းပါးပါးတော့ကေ တတ်နီကတ်ယာ။ ကောင်းကြီးတော့ မကျွမ်းကျင်ကတ်သိ။ ခေါင်းတိဘာတိ လျှော်တတ်တယ်။ ကိုယ်ကတော့ သင်ပြရစွာပေါ့လေ။ ကိုယ်ကဖြစ်စေချင်ရေ။ သူရို့က မသင်လို။ ကျနော် ပြောလို့က မရတော့စွာကို။ ကျနော်ရှိနီတုန်း သူရို့ စာမသင်လိုစွာ မတတ်နိုင်။”

ကိုမောင်မောင်ရဲ့ တစ်ခုတည်းသော ကျန်ရှိနီရေ အိမ်မက်က ဒေဆိုင်ထက် ပိုကြီးရေ ဆိုင်ချေတစ်ဆိုင်ကို တိုးချဲ့ဖွင့်လှစ်ချင်နီစွာပါ။  လက်ရှိမှာတော့ကေ အခက်အခဲရှိနီပါရေ။ ယကေလေ့ သူကတော့ အရင်းအနှီးမပြုတ်လားအောင် ကြိုးစားလုပ်နီရရေလို့ ပြောပါရေ။

“ဆိုင်တော့ တိုးလို့ဖွင့်ချင်ရေ။ နရာကမရှိလေ။ ဒေမှာနီစွာ ၂၀ ရှိနီယာ။ ခုက ခေါင်းလျှော်ရည်ထည့်ပီးရရေ။ ပြီးကေခေါင်း လျှော်ရေ။ ခေါင်းတိကို ခြစ်ရရေ။ ပြီးရင် ခန္ဒာကိုယ်တိကို နှိပ်ပီးရရေ။ အရင်းကတော့ ပြုတ်လို့မရ။ ဘလိတ်ဓားယူရစွာ၊ ခေါင်းလျှော်ဘူးဝယ်ရစွာ။ ယင်းချင်တိကတော့ ရှိရေပေါ့။”

ကိုမောင်မောင်စွာ ဆံသလုပ်ငန်းကို တစ်ကိုယ်တော် ရုန်းကန်လှုပ်ရှားနီရစွာကြောင့် ဆိုင်မှာ လူပါးရေအချိန်တိကျကေတော့ ကွမ်းယာချေတိက သူ့၏အဖော်ပါ။

“ကွမ်းယာစားလို့လုပ်တယ်။ တစ်ရက်မှာ ၂ ထောင်ကုန်ရေ။ စားစွာတစ်ခုကို မစားနဲ့ဆိုလဲ မရလေ။ တစ်ခါတစ်လေ ၁၅၀၀ ကုန်ရေ။ ၁ ထောင်ကုန်။ ၂ ထောင်ကုန်ရေ။ အလုပ်မရှိဆိုကေ ကွမ်းယာစားရေ။ အလုပ်ရှိကေတော့ ယလောက်မစား။ တစ် ထောင်ဖိုး လောက်စားရေ။”

 585 total views,  1 views today