Arakan Yoma  |

မတူကွဲပြားရေ ယုံကြည်ကိုးကွယ်မှု ဘာသာ ၄ ခုထက်မနည်းနဲ့ ဖွဲ့စည်းထားရေ ရခိုင်မြောက်ပိုင်း မောင်တောမြို့က ဘာသာပေါင်းစုံလူမှုအဖွဲ့စွာ ဇွန်လ ၂၁ ရက်နိမှာ လှုပ်ရှားမှုကမ်ပိန်းတစ်ခုကို စတင်ခပါရေ။

လူဦးရေ ၅၀ ခန့်ပါဝင်ရေ ထိုနိက လှုပ်ရှားမှုမှာပါဝင်ရေ အဆိုပါ အဖွဲ့နဲ့အတူ မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကလေ့ ပူးပေါင်းဆောင်ရွက်ခပြီး ၎င်းရို့ရေ အမှိုက်ကောက် ကမ်းပိန်းတစ်ခုကို အတူတကွ စတင်ခကတ်စွာဖြစ်ပါရေ။

ယင်းအဖွဲ့မာ ရခိုင်အပါအဝင် မူဆလင်၊ မြို၊ သက်၊ ဟိန္ဒူ၊ ဒိုင်းနက်နှင့် မာရမာကြီးရို့ပါဝင်ပြီး ရေရှည်တည်တံ့ရေ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကော်မတီ CSPD လို့ ထိုအဖွဲ့၏ နာမည်ကို သတ်မှတ်ထားကတ်ပါရေ။

ယင်းနိက လှုပ်ရှားမှုမှာ မောင်တောမြို့အဝင်မှသည် မြို့ဈေးအထိ၊ မြို့မဈေးမှသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့တိုင် အမှိုက်ကင်းစင်ရေး ပညာရေးပိုစတာ ဆိုင်းဘုတ်တိ စိုက်ထူပနာ စုပေါင်းအမှိုက်ကောက်ခြင်းကို ပြုလုပ်ခကတ်စွာဖြစ်ပါရေ။

ယင်းသို့ စတင်ခဲ့ရေ ကမ်ပိန်းမှသည် စုပေါင်းလုပ်ဆောင်မှုတိကို ဆင့်ကဲဖြစ်စဉ်ဖြင့် သယ်ယူလက်ဆင့်ကမ်းလာနိုင်ဖို့ ဖြစ်တေပိုင် ပဋိပက္ခတိကို လျော့ချစီနိုင်ဖို့ စတင်ရေ အလားအလာကောင်းတစ်ခုလေ့ ဖြစ်ဖို့လို့ သူရို့က ဆိုကတ်ပါရေ။

ရေရှည်တည်တံရေ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ CSPD လို့ သူရို့ကိုယ်တိုင် အမည်ပီးထားရေ အဖွဲ့ကို လူမျိုးပေါင်းစုံက လူကြီး၊ လူငယ်တိနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်တိအပါအဝင် ပဋိပက္ခတားဆီးကာကွယ်ရေး၊ ရင်းနှီးကျွမ်းဝင်မှု ထွန်းကားရေး စရေ ရည်ရွယ်ချက်တိနဲ့ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလမှာ စတင်ဖွဲ့စည်းခစွာ ဖြစ်ပါရေ။

 538 total views,  1 views today