ပွင့်လင်းရာသီရောက်လာလို့ ရခိုင်က ဘုရားစေတီတွေမှာ တပ်စွဲနေထိုင်မှု ဖယ်ရှားပေးဖို့ ဒေသခံတွေလိုလား

အာရ်ကန်ရိုးမ ၊ စစ်တွေ ပွင့်လင်းရာသီရောက်လာပြီဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက ဘုရားစေတီတွေမှာ တပ်စွဲထားတာကို ဖယ်ရှားပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ အဆိုပါ တပ်တွေဟာ ရခိုင်ပြည်နယ်မှာ AA နဲ့ လက်နက်ကိုင်ပဋိပက္ခစတင်ချိန်တည်းကနေ ဘာသာရေး အဆောက်အဦးတချို့မှာ နေရာယူခဲ့ကြပြီး တိုက်ပွဲတွေရပ်ချိန်မှာလည်း ပြန်လည်ရုပ်သိမ်းခဲ့တာ မရှိပါဘူး။ တချို့နေရာတွေမှာဆိုရင် ၂ နှစ်ကျော်လောက်အထိ ကြာမြင့်နေပြီလို့ ဒေသခံတွေက အခိုင်အမာ ပြောကြပါ တယ်။ […]

 348 total views

ကုန်စျေးနှုန်းများ မြင့်တက်နေချိန် ဆန်စပါးစျေးကောင်းမရ၊ လယ်သမားတွေအရှုံးပေါ်နိုင်

အာရ်ကန်ရိုးမ ၊ စစ်တွေ မြန်မာနိုင်ငံ အတွင်းမှာ ကုန်စျေးနှုန်းတွေ အဆင်မတန်စျေးမြင့်တက်နေပေမယ့် ဆန်စပါးစျေးတွေ စျေးကောင်းမရလို့ ယခုနှစ် စပါးပေါ်ချိန်မှာ တောင်သူလယ်သမားတွေ အရှုံးနဲ့ ရင်ဆိုင်ရမယ့် အနေအထား ရှိနေပါတယ်။ အခုလို ဖြစ်ရတာဟာ တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်တဲ့ ဆန်စပါးစျေးနှုန်း သတ်မှတ်ချက်ကြောင့် ဆိုရမှာပါ။ ထုတ်ပြန်ချက်မှာ အခြေခံ စပါးတင်း ၁၀၀ […]

 300 total views

ကုန်စျေးနှုန်းမြင့်တက်မှု အကြပ်အတည်း မြန်မာတွေနဲ့အတူ ရခိုင်ပြည်မှာလည်း ရင်ဆိုင်ရ

အာရ်ကန်ရိုးမ ၊ စစ်တွေ ဗမာပြည်မှာ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ရင်ဆိုင်လာရတဲ့ အထွေထွေအကြပ်အတည်းဟာ ရခိုင်ပြည်ဘက်ကိုလည်း ရိုက်ခတ်မှု ရှိနေပါတယ်။ ပြည်မဖက်ကနေ ရခိုင်ပြည်ကို တင်သွင်းတဲ့ ကုန်စျေးနှုန်းတွေဟာ အစောပိုင်းက ၅၀ ရာခိုင်နှုန်းပဲ စျေးမြှောက်ခဲ့ တာဖြစ်ပြီး စက်တင်ဘာနောက်ဆုံး ရက်တွေမှာ ၁၀၀ ရာခိုင်နှုန်းထိ စျေးထိုးတက်သွားတယ်လို့ ရခိုင်စီးပွားရေး လေ့လာစောင့်ကြည်သူများက ဆိုပါတယ်။ ဓာတ်ဆီစျေး တစ်လီတာကို ပုံမှန်အရောင်းဆိုင်ကြီးတွေမှာ […]

 377 total views

ကိုဗစ်ကူးစက်ခံထားရတဲ့ ရခိုင်စစ်ဘေးရှောင် ကိုယ်ဝန်သည် ကျန်းမာရေးကောင်းမွန်

Arakan Yoma ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ကျန်းမာရေးကောင်းမွန်လျှက်ရှိတယ်လို့ ကျောက်တော် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက အတည်ပြုပါတယ်။ အဆိုပါစစ်ဘေးရှောင်စခန်းမှာ အနံ့ပျောက်နေတဲ့ ကိုယ်ဝန်လေးလရှိ အမျိုးသမီးတစ်ဦးကို စက်တင်ဘာလ ၂၁ ရက်နေ့က ကျန်းမာရေးဆေးစစ်ချက်ရရာယူမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း သိရှိခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါအမျိုးသမီးကူးစက်ခံရပြီးနောက် စခန်းတွင်းက ဒုက္ခသည် ၂၀ […]

 356 total views

PHD ဘွဲ့ရ ဟု လိမ်လည်ကာ ကျောင်းတည်ထောင်သူကို ULA အဖွဲ့ကဖမ်းဆီး

Arakan Yoma ဟားဘတ်တက္ကသိုလ်မှ PHD ဘွဲ့ရဆိုပြီး လိမ်လည်ကာ စစ်တွေမြို့မှာ သင်တန်းဖွင့်လှစ်နေတဲ့ ဒေါက်တာ စည်သူအောင်ဆိုသူကို ရခိုင့်တပ်တော် ပြည်သူ့အာဏာပိုင်အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က AA ဒု စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က သူ့ရဲ့ဖေ့စ်ဘုတ်လှုမှုကွန်ယက် စာမျက်နှာပေါ်မှာ ရခိုင်ဘာသာစကားနဲ့ ရေးသားထားထုတ်ပြန်လာတာပါ။ စည်သူအောင်ဆိုသူဟာ စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှာ Vertex of […]

 490 total views

တင်းမရွာသားတွေ နေရပ်ပြန်နိုင်ရေး တတိယအကြိမ် အကူညီတောင်းခံထား

Arakan Yoma ကျောက်တော်မြို့နယ် တင်းမကျေးရွာသားတွေအနေနဲ့ နေရပ်မှာပြန်လည်သွားရောက် နေထိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရထံ တတိယအကြိမ် အကူအညီတောင်းခံထားရတယ်လို့ သိရပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ ဥက္ကဌနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ထံ စက်တင်ဘာလ ၂ ရက်နေ့ကနေ စာရေးသား တင်ပြလိုက်တာလို့ တင်းမဆရာတော် ဦးဝါယာမိန္ဒက မိန့်ပါတယ်။ တင်းမရွာသားတွေဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ၂ ကြိမ်တောင်းဆိုခဲ့ကြပြီး အောက်တိုဘာလမှာ နေရပ်ပြန်ကြဖို့ သဘောတူညီချက်ရခဲ့ပေမယ့် […]

 444 total views

မြောက်ဦးဒေသ UNESCO စာရင်းဝင်နိုင်ရေး စက်တင်ဘာလမှာ အဆိုပြုလွှာမူကြမ်းတင်တော့မည်

Arakan Yoma | မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်နိုင်ရေးအတွက် လာမယ့် စက်တင်ဘာလမှ အဆိုပြုမူကြမ်းလွှာ တင်သွင်းတော့မယ်လို့ ရှေ့ဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန မြောက်ဦးဌာနခွဲ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောပါတယ်။ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ပေးပို့လာတဲ့ မူကြမ်းကို ရှေးသုဌာန အနေနဲ့ ရုံးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်စွက်လျက် ရှိနေပါတယ်။ […]

 405 total views

ANP ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦး ပါတီက နှုတ်ထွက်

Arakan Yoma | ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်း ပါတီကနေ နှုတ်ထွက်လိုက်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပါတီ ရပ်တည်ချက်တွေနဲ့ အမြင်သဘောထား မတူတော့တာ၊ ပါတီခေါင်းဆောင် တချို့ဟာ မူဝါဒတွေကို ဆန့်ကျင်ပြီး လုပ်ဆောင်နေတာတွေကြောင့် နှုတ်ထွက်ရတာ ဖြစ်တယ်လို့ ကာယကံရှင်က ပြောပါတယ်။ နှုတ်ထွက်စာကို ဇွန်လ ၁၃ ရက်နေ့ကတည်းက တင်ထားခဲ့တာဖြစ်ပြီး သြဂုတ်လ […]

 448 total views

မိုးကြီးရေလျှံမှုကြောင့် ပျက်စီးသွားတဲ့ စိုက်ပျိုးလယ်ဧကတွေ ပြန်ပြင်ဖို့ အကူအညီတွေ လိုအပ်နေ

အာရ်ကန်ရိုးမ ၊ စစ်တွေ ပြီးခဲ့တဲ့ ရက် သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်မှာ မိုးကြီးရေလျှံမှုတွေ ရှိခဲ့ပြီး စိုက်ပျိုးပြီး လယ်ဧကတွေ သောင်းနဲ့ချီ ပျက်စီးခဲ့ရပါတယ်။ ပြန်လည် ပြုပြင်နိ်ုင်ဖို့ကို လယ်သမားတွေက လိုလားနေကြပြီး ငွေကြေးအခက်အခဲ ရှိနေတာကြောင့် အကူအညီကို အစိုးရဘက်က ရယူနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ပြန် စိုက်ပျိုးနိုင်ဖို့ စပါးမျိုးစေ့တွေ ပြန်ဝယ်ရမှာ၊ မြေသြဇာ လိုအပ်တာတွေအတွက် အခက်အခဲကြုံနေရတယ်လို့ […]

 396 total views

ကိုဗစ်ကာလ ကျေးလက်တွေမှာ ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်

Arakan Yoma | ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု တားဆီးထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ကန့်သတ်မိန့် ထုတ်ပြန်တာ အပါအဝင် ကျေးရွာချင်း ဆက်ထားတဲ့ လမ်းတချို့တွေကိုပါ ပိတ်ထားတာကြောင့် မြို့ပြနဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ ရိက္ခာနဲ့ ဆေးဝါး ရရှိမှု၊ ကုသခံယူမှု အပိုင်းတွေမှာ အခက်ကြုံနေရပါတယ်။ တချို့ရွာတွေမှာဆိုရင် ကြက်ဥက အစ ပြတ်လပ်သွားတာ ဖြစ်ပြီး အနီးက ကျေးရွာနဲ့ မြို့ပေါ်ကိုလည်း […]

 342 total views