ပုဏ္ဏားကျွန်းမြို့နယ်က မြိုနဲ့ ခမီလူနည်းစုတွေ နေတဲ့ ကျေးရွာအုပ်စုမှာ ကျန်းမာရေးဌာနခွဲတစ်ခု လိုအပ်နေ

Arakan Yoma ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ဝေးလံခေါင်ဖျားပြီး သွားလာရခက်ခဲ့တဲ့ မြို့နဲ့ ခမီလူနည်းစုတွေ နေထိုင်ရာ ကျေးရွာအုပ်စုမှာ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု လိုအပ်နေပါတယ်။ အဆိုပါကျေးရွာအုပ်စုမှာ မြို့ရွာ၊ ဘဲငါးရာ၊ ထုံးဘူး၊ သရက်ချောင်း၊ မရစ်ချောင်းစတဲ့ကျေးရွာ ငါးရွာပါဝင်ပါတယ်။ ဒီရွာတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်-လက်ဝဲစာတိုက်ကားလမ်းပေါ်မှာတည်ရှိနေပေမယ့် ကားလမ်းမှာ ဆိုး ဝါးစွာပျက်စီးနေတာမို့ သွားလာဖို့အတွက်အသုံးပြုလို့မရဘူးဖြစ်နေပါတယ်။ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က […]

 422 total views

ပြည်မဘက် ကမာကောင် မှာယူမှု နည်းလာလို့ ရခိုင်က ကမာကောင်လုပ်ငန်း လုပ်ကိုင်သူတွေ အခက်တွေ့နေ

ပြည်မဘက်ကို အဓိကတင်ပို့နေတဲ့ ကမာကောင်မှာယူမှု အရင်ကထက် နည်းပါးလာတာကြောင့် ရခိုင် ပြည်နယ်က ကမာကောင်လုပ်ငန်းလုပ်ကိုင်သူတွေ အခက်ခဲတွေ့နေကြရပါတယ်။ “ရောဂါတွေကတမျိုး၊ စစ်ရေးကတမျိုးနဲ့ အဆင်မပြေပါဘူး။ လမ်းပန်းဆက်သွယ်ရေး အဆင်မေ ပြတော့လို့။ ငွေအကြပ်အတည်းတွေ ဖြစ်နေတယ်။ ကမာကောင်တွေက ပုံမှန်တော့ ရနေတယ်။ အရင်ကလိုမျိုးက မမှာနိုင်ကြတော့ဘူး။ နည်းလာတာပေါ့။”လို့ ကိုခိုင်အောင်က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် ကမာကောင်တွေကို ရမ်းဗြဲမြို့နယ် အဝတောင်နဲ့ လက်ပံဒေသတွေမှာ […]

 609 total views

ပလက်ဝ-ကျောက်တော် ကုလားတန်ရေကြောင်းလမ်း ပြန်မဖွင့်ပေးသေးတဲ့အတွက် ပလက်ဝမှာ ကုန်ဈေးနှုန်းတွေမြင့်တက်နေဆဲ

ရခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတို့ စစ်ပွဲကာလထဲက ပိတ်ထားခဲ့တဲ့ ပလက်ဝ-ကျောက်တော် ကုလားတန်မြစ်ရေကြောင်းလမ်းကို ပြန်မဖွင့်ပေးသေးတဲ့အတွက် ပလက်ဝမှာ ကုန်ဈေးနှုန်းတွေ မြင့် တက်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အခုလို ပိတ်ထားတာ လက်ရှိအချိန်ထိဆိုရင် ၂ နှစ်ကျော်ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလက စားနပ်ရိက္ခာပြတ်လပ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရတာကြောင့် ေ ဒသခံတွေဟာ စစ်တပ်ကို […]

 363 total views

တောတောင်တွေ ကြားက လူနည်းစု အ မျိုးသမီးတွေရဲ့ အခက်အခဲများ

Arakan Yoma ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တယ်ဆိုတာကို လူတိုင်းအသိပဲဖြစ်ပါတ ယ်။ရခိုင်မှာ တောတောင်မြစ်ချောင်းပေါများတာမို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာဟာ ပြည်နယ်အနှံ့ဖြစ်ပါတ ယ်။ ဒီအထဲမှာတော့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေရှိ လူနည်းစုတွေနေထိုင်ကြတဲ့ဒေသတွေမှာ လူမှုရေး၊ကျန်းမာရေး၊ပညာရေးစတဲ့ကဏ္ဍပေါင်းစုံမှာ နိမ့်ကျနေဆဲဖြစ်ပါတယ်။ အဲဒီလိုအခြေအနေထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ဘဲငါးရာတောင်အနောက်ဖက်ရှိ မြို၊ခမီတွေနေထိုင်တဲ့ ကျေးရွာငါးရွာလည်းပါဝင်ပါတယ်။ ဒီရွာတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးတရုတ်-လက်ဝဲစာတိုက်ကားလမ်းပေါ်မှာတည်ရှိနေပေမယ့် ကားလမ်းမှာ ဆိုး ဝါးစွာပျက်စီးနေတာမို့ သွားလာဖို့အတွ က်အသုံးပြုလို့မရဘူးဖြစ်နေပါတယ်။ ဒီငါးရွာထဲက […]

 434 total views

တိန်ညို တိုက်နယ် ဆေးရုံမှာ ဆရာဝန်သစ် ချပေးဖို့ လိုအပ်နေ

မြောက်ဦးမြို့နယ်၊ တိန်ညိုတိုက်နယ်ဆေးရုံမှာ ဆရာဝန်ချပေးဖို့ လိုအပ်နေပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိန်ညိုတိုက်နယ်ဆေးရုံမှာ တာဝန်ကျ ဆရာဝန် လွဲပြောင်းသွားတာ တစ်လခွဲလောက်ကြာနေပြီဖြစ်ပေမယ့် အစားထိုးဆရာဝန်သစ် ရောက်ရှိမလာသေးလို့ အရေးပေါ် လူနာတွေကို ကုသဖို့ အခက်အခဲဖြစ်နေပါတယ်။ တိန်ညိုဆေးရုံကို အနီးအနားက ကျေးရွာပေါင်း ၅၄ ရွာနဲ့ အဲဒီရွာထဲက စစ်ဘေးဒုက္ခသည် ၃ ထောင်ကျော်က မှီခိုအားထားနေရတာပါ။ လက်ရှိမှာတော့ အဆိုပါဆေးရုံမှာ သူနာပြုအနည်းငယ်ပဲ […]

 324 total views

အမျိုးသားတွေရဲ့ ထိန်းကွပ်မှုအောက်က မလွတ်မြောက်နိုင်သေးတဲ့ ဟိန္ဒူအမျိုးသမီးများ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ဟိန္ဒူလူမျိုးတွေဟာ ကိုယ်ပိုင်ဘာသာစကား၊ ရိုးရာဓလေ့၊ ယဉ်ကျေးမှုတွေနဲ့ ရပ်တည်နေကြတဲ့ လူမျိုးတစ်ခု ဖြစ်ပါတယ်။ ဟိန္ဒူလူမျိုးတွေဟာ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်တော်နဲ့ တခြားမြို့နယ်တွေမှာလည်း ဖြန့်ကြဲနေထိုင်ကြပါတယ်။ ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ဟိန္ဒူအမျိုးသမီးတွေအတွက်တော့ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေနည်းပါးမှုတွေကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေးတွေမှာ အခက်အခဲများစွာ ရှိနေကြပါတယ်။ ဟိန္ဒူအမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ အသက်(၁၉) နှစ်အရွယ် မဖြူဖြူဝင်းကတော့ […]

 459 total views