ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတစ်ပါတ်မှာတော့ ကိုယ်နေထိုင်ရေ ရွာကရွာသားတိကို ကိုယ်ပိုင်လှေနဲ့ ကူညီပို့ဆောင်ရင်း ကူးတို့ စက်လှေမောင်း သမားဖြစ်လာသူ တစ်ယောက်အကြောင်း တင်ဆက်ပီးလားဖို့ ဖြစ်ပါရေ။

မြောက်ဦးမြို့နယ်ထဲက ဆင်အိုးကြီးရွာစွာ လေးမြို့မြစ်ကမ်းနားမှာရှိပါရေ။ ဆင်အိုးကြီးရွာမှာ ဈေးရှိရေအတွက် လေးမြို့ချောင်း အထက်ပိုင်း ကျေးရွာတိက ဈေးဝယ်လာကြရေပိုင်၊ ဆင်အိုးကြီးရွာက တဆင့် ဆိုင်ကယ်၊ သုံးဘီး၊ ခရီးတိုလိုင်းကားတိနဲ့ မြောက်ဦး၊ ကျောက်တော်မြို့တိကို ခရီးဆက်နိုင်ပါရေ။ ဆင်အိုးကြီးနဲ့ လေးမြို့မြစ်ထဲက တခြားရွာတိကိုတော့ စက်လှေတိနဲ့ပဲ ကူးသန်း လားလာ နိုင်ကြပါရေ။  ဆင်အိုးကြီး ဆိပ်ကမ်းမှာ နေ့စဉ် စက်လှေစီးရေ တစ်ရာလောက် အမြဲဝင်ထွက်နီပနာ ယင်းထဲမှာအသက် ၆၀ အရွယ် ဦးသာထွန်းစိန် စက်လှေကလဲ တစီးအပါအ၀င် ဖြစ်ပါရေ။ သူက စက်လှေမောင်းသူတိထဲမှာ အသက်အကြီးဆုံး တယောက်လို့လဲ ဆိုနိုင်ရေပိုင် လေးမြို့ မြစ်ထဲမှာ နှစ်ပေါင်း လေးဆယ်လောက် ရေကြောင်း ခရီးအတွိ့အကြုံရှိခသူပါ။ မြစ်ထဲက အန္တရာယ်တိကို ဇာပိုင် ရင်ဆိုင်ခလဲ၊ သူ့မျှော်လင့်ချက်တိက ဇာတိလဲ စရေ လှေခတ်သမား၊ စက်လှေမောင်း သမားတစ်ယောက် အတွေ့အကြုံ တိကို မေးမြန်းတင်ဆက်ပီးလားဖို့ ဖြစ်ပါရေ။

“ကြာပါယာ ဒေမှာမောင်းနေစွာ။ မှတ်တောင် မမှတ်မိယာ။ လိုင်းလိုင်စင်ဆိုရေ မရှိရေ ခေတကဘင်။ လိုင်စင် မရှိ။ ယင်းခါက လက်နဲ့လှော်ရရေ။ ယင်းအချိန်ကတည်းက။”

သူငယ်စဉ်ကတည်းက နေရပ်ရွာ မယ်ဇလီကုန်းကနေ မြောက်ဦးမြို့ဘက်ကမ်းကိုအစုန် အဆန် ကူးတို့ တိုက်နေခစွာပါ။ ယေလေ့သင့် ယင်းအချိန်ကာလက လိုင်စင်ကြေး၊ လိုင်းကြေးတိ သွင်းစရာမလိုရေအတွက် ရသမျှ ၀င်ငွေက ကိုယ့်လုပ်အားခ ဖြစ်ရေပိုင် ၊လှေတစီးနဲ့ လှော်တက်တချောင်းရှိရုံနဲ့ ကူးတို့လှေ လိုက်နေနိုင်စွာကြောင့် တခြားအရင်းမစိုက်ရဘဲ နေ့တွက်ကိုက်ခဖူးပါရေ။ စီးပွားရေးပုံစံတိ ပြောင်းလာရေပိုင် ကူးတို့တိကို ခရီးစဉ် ပိုင်းခြားသတ်မှတ်ပနာ စည်ပင်သာယာ ရံပုံငွေအဖြစ် လေလံတင်လာရေအခါမှာတော့ ကိုယ်တိုင် လေလံမဆွဲနိုင်စွာကြောင့် အခက်အခဲဖြစ်လာခရပါယာ။ သူကိုယ်တိုင် ပြေးဆွဲနေရေ မယ်ဇလီကုန်းအိုး ပျဉ်ထောင် ကူးတို့လိုင်းကို လေလံ အောင်ထားရေ သူဘားက လိုင်စင်ကြေးအမြတ်ပီးပနာ ထပ်ဆင့် ၀ယ်ယူပြေးဆွဲရပါရေ။ တခြားလုပ်စားစရာ အလုပ်မရှိရေအတွက် လက်ငုတ် လက်ရင်း ကူးတို့လှေလေးနဲ့ပဲ မိသားစုအသက်မွေးနေရရေလို့ ဦးသာထွန်းစိန်က ပြောပါရေ။

“တွက်ခြေမကိုက်ကေလဲ ဇာပိုင်လုပ်ဖို့လဲ။ မကိုက်လည်းလုပ်နေရစွာပဲလေ။ အလုပ်အကိုင်မှ မရှိစွာ။ တခြားဇာအလုပ်မှ မရှိဘူး။ ဒေအလုပ်ပဲရှိရေ။ တခြားလူတိမှာက လယ်ပြင်ရှိရေ။ ယာခင်းရှိရေ။ ကျွန်တော့်မှာ လယ်လဲမရှိ၊ ယာလဲမရှိ။ ဒေချင့်နန့်ပဲ လုပ်စားရရေ။”

ကူးတို့လှေ တစ်စီး တန်ဖိုးက ငွေငါးသိန်းကနေ ဆယ်သိန်းအထိ တန်ကြေးရှိပါရေ။ သူအခု ကူးတို့ လိုင်းပြေးဆွဲနေရေ လှေကတော့ ၂၅ ပေ လောက် ရှိရေ ဆယ်ယောက်စီးလှေပါ။ ပြောရဖို့ဆိုကေ လှေဆိုစွာက အိမ်ပြန်အိပ်ရေအချိန်၊ အလုပ်နားရေအချိန် အိမ်မှာယူပြီး သိမ်းထားလို့ မရနိုင်ရေအတွက် အင်ဂျင်ကိုပဲ ဖြုတ်သိမ်းပနာ လှေကိုတော့ ကူးတို့ဆိပ်မှာပဲ ကြိုးချည်၊ သော့ခတ်ထားခရပါရေ။ ယေလေ့သင့် သင့်ချေဆိုကေ အခိုးခံနေရလို့ လှေအကောင်းစားတစီးကို မစပ်နိုင်စွာလဲ ကြာပါယာ။ လက်ရှိလှေနှစ်စီးရှိနေကေလေ့ အန္တရာယ် မဖြစ်အောင် သုံးနေလို့ ရနိုင်ရေ ဆိုရေ အနေအထားနဲ့ပဲ ထားရစွာပါ။

“လှေအပျက်ကို ပြန်လုပ်ထားစွာ။ လှေအကောင်းမကိုင်ရဲ။ လှေအကောင်းဆိုကေ အခိုးခံရရေ။ ဒေမှာလူပြတ်ကေ ခိုးလားယာ။ ပြောပြရကေ ကူးတို့လှေ စခတ်ကတည်းက ဟိုးအရင် နှစ်ပေါင်း နှစ်ဆယ် သုံးဆယ်လောက်ကတည်းက ဆိုကေ ပျောက်လားရေလှေ ရီတွက် လို့တောင် မရယာ။  သင့်ချေ လှေအကောင်းဆိုစွာနန့် အခိုးခံရစွာဗျာလ်။ တနေ့တည်း နှစ်စီးအခိုးခံရစွာတောင်ရှိရေ။ ယင်းအချိန်က လှေငယ်ကလေး။ လှေငယ်တော့လဲ ပါလားစွာပဲပေါ့။ နဲနဲလောက် ပြောင်လို့ ဆေးကြောထားခကေ အခိုးခံလို့ ပါလားစွာဗျာလ်။”

အရင်ကတော့ ဒေမြစ်ထဲမှာပဲ အစုန်အဆန် လက်နဲ့လှော်ခတ်နေခကေလေ့ ခေတ်ကာလအလိုက် ဓါတ်ဆီအင်ဂျင်နဲ့ ပန်ကာရိုးတတ်ပနာ ပဲ့ချိတ် စက်လှေအဖြစ် အသွင်ပြောင်းပြေးဆွဲနီရပါဗျာလ်။ ယင်းအခါ အင်ဂျင်စက်အတွက် အရင်းအနှီး ထပ်ထည့်ရရေအပြင် နီ့စိုင် စက်မောင်းဆီ အတွက် ကုန်ကျစရိတ်က ရှိလာပါရေ။ ခရီးသည်အရေအတွက်လဲ များလာကေလေ့ ကုန်ကျစရိတ်နဲ့ တွက်ခြေကိုက်ရေလို့ ပြောနိုင်ရေ အခြေအနေမှာမရှိဗျာလ်။

“တစ်ယောက်တည်းပို့ဆိုကေ အလားအပြန် ဆီ ၁၀၀၀ ဖိုးကုန်ပါရေ။ ငါးရာပဲရရေ။ မြောက်ဦးကိုလားဖို့ တယောက်တည်း ပို့လိုက်ရကေ လားဗျာလ်လေ ကျွန်တော် ပြန်စွာနဲ့ ငါးရာ ရှူံးယာ။ ကုန်စွာ ၁၀၀၀ ဖိုး။”

“တရက်ကိုတသောင်းရရေခါလဲရရေ။ တသောင်းမပြည့်စွာကများရေ။ တသောင်းခွဲလောက် ရစွာက နည်းပါရေ။ တသောင်းလောက် ရကေတောင် ဆီစားရိတ်က ငါးထောင်ကျော် ကုန်လားယာ။ ယပိုင်ဆိုကေ စားစရိတ်က တထပ်စာလောက်ပဲရရေ။ လေးထောင် လောက် ကျန်ရေ။ မိုးလင်းစွာနဲ့ ကုန်ဗျလ် တရက်စာ။”

သူနေရေ မယ်ဇလီကုန်းရွာနဲ့ အနီးနားက အင်းရှည်ရွာမှာ နေထိုင်သူအားလုံးကတော့ အရေးကိစ္စပေါ်တိုင်း တစ်စီးပဲရှိရေ ဦးသာထွန်းစိန် ကူးတို့လှေကိုပဲ အားထားပနာ ခရီးလားကြရစွာပါ။ ခရီးလားဖို့ အလိုရှိရေ အခါတိုင်း စက်လှေမောင်းပို့ပီးနေရလို့ သူ့အတွက် အလုပ် ချိန်ရယ်လို့ သတ်မှတ်လို့ မရနိုင်ပါယာ။

“မိုးထက်သား ငါးနာရီလောက်ကပင် ထွက်ပေးရရေအခါလဲရှိရေ။ ငါးနာရီဆိုစွာနဲ့ အထမ်းသမားတိ၊ အသီးအရွက်ရောင်းရေ လူတိကိုပို့ရရေ။ မိုးတွင်းဆိုကေ မျှစ် (၀ါးတုတ်) ပေါ့ တောင်တိက ချိုးရေ လားရောင်းကြရေ။ သုံးလေးငါးယောက်ဆိုကေ ပို့ပေးရေ။ သုံးယောက် နှစ်ယောက် ယပိုင် လာကြရေ။”

လေးမြို့မြစ်က သာမန်အချိန်မှာ သာယာလှရေဆိုကေလေ့ မိုးရာသီအချိန်ဆိုကေတော့ ရေစီးပြင်းလွန်းလို့ ဇာလောက် အရေးကြီးကြီး ကူးတို့လှေ မထွက်နိုင်ရေ အခါတိလဲရှိပါရေ။

“ရေစီးကကောင်း ပြင်းလာကေလဲမရယာလေ။ ကြောက်ဖို့ကောင်းရေ။ ရေစီးပြင်းလို့ သစ်တုံးတိမျောလာကေ မတက်ရဲ။ လိုင်းပိတ်ထားရရေ။ တရက် နှစ်ရက် ရေနဲနဲလျော့လာဗျာလ် ဆိုကေတော့ ပို့ရရေ။ မပို့လို့လဲ မရ။ ဟိုမှာအရေးကြီးကိစ္စလားရဖို့။ ဆေးခန်းပို့ရဖို့။ ယင်းပိုင် အရေးကြီးကိစ္စ ပေါ်လာဗျာလ်ဆိုကေ လိုက်ပို့ရစွာဗျာလ်။”

ကိုယ့်ရွာသား ကိုယ့်ခရီးသည်တိကို လိုရာပို့ပေးခဲ့ရကေလေ့ တခါတလေအပြန်ခရီးမိုးချုပ်ရေ အခါမျိုးမှာတော့ ရာသီဥတု ကောင်းမွန် သာယာ နေခကေတောင် သူ့အတွက် မမြင်နိုင်ရေ အခက်အခဲတိက စောင့်ကြိုနေပါသေးရေ။

“နေ၀င်လားကေတော့ အန္တရာယ်များပါရေ။ ပိုက်တိက အများကြီး။ ဟိုဘက် ဒေဘက် ရှောင်လားလို့ မရ။ ပိုက်တိ ချည့်။ ပိုက်မှာ ငြိမိစွာနဲ့ လျော်ပေးရရေ။ နေ၀င်လားကေ မမြင်ရဗျာလ်လေ။ လားရင်းလားရင်းနဲ့ ပိုက်လှေကဟိုး အဝေးကြီးမှာ ရှိနေဖို့။ ပိုက်အဖျားက ဒေဘက်မှာ မမြင်ရပဲလားကေ ငြိရေ။ ငြိလို့ ပန်ကာရိုးကို ၀င်လားစွာနဲ့ စက်နှိုးလို့ မရယာ။ ယင်းပိုင်ဖြစ်ကေ ဖြုတ်၊ လျော်ရရေ။ အများကြီးတော့ မဟုတ်။ လေးထောင် ငါးထောင် လျော်ရရေ။ လေးငါးခေါက်လောက် လျော်ပေးခရဗျာလ်။ ပိုက်နဲ့ ငြိမိကေ ပိုက်ကို ဖြတ်ပစ်လိုက်ရရေ။ အကောင်းပြန်မရနိုင်ယာ။ ပိုင်းပစ်၊ ဖြတ်ပစ်လိုက်ရရေ။”

ယင်းအခါမျိုးဆိုကေ တရက်စာရှာလို့ရရေ လုပ်အားခကို အလျော်ပေးလိုက်ရရေအပြင် နောက်နေ့ စက်လှေထွက်ဖို့ ဆီဖိုးအရင်းအနှီးက အခက် အခဲဖြစ်လာရဖို့ယာ။။ ယေလေ့သင့် ဖေ့သာရဖို့ တခုတည်းကိုပဲမျှော်လင့်ပနာ အလုပ်လုပ်နေလို့ မရဆိုစွာ လုပ်ဖော်ကိုင်ဖက် စက်လှေ သမား တိကသင်ခန်းစာပေးထားခစွာတိ ရှိပါရေ။ ကိုယ်တိုင် သတိကြီးကြီးထားခလို့ အန္တရာယ်ကင်းခရရေ အကြောင်းကို အခုပိုင် ပြန်ပြောပြ သိ့ရေ။

“ဒေဘက် ဂုဏ်ကျွန်းမှာ မနည်းသီစွာတိရှိရေ။ တစ်ခါကဆိုကေ တခေါက်တည်းမှာ နှစ်ယောက် သီလားရေ။ နောက်တယောက်က သတိမရအောင် ဖြစ်နေရေ။ ဆေးခန်းရှိလို့ အသက်မီလိုက်ရေ။ စက်လှေကူးစွာနဲ့ သူတို့လဲ မြူးကြပျော်ကြ စွာကိုးသင်္ကြန်တွင်းတုန်းက၊ ရှစ်သောင်း ဘုရားဖူးလားဖူးကတ်စွာ။ ကျွန်တော့်ကို ခေါ်ရေ။ ယင်းအချိန် လေကလဲလာရေ။ ဒေဘက်ကလဲ မှောင်မဲနေယာ။ လေထန် လာကေ ကျွန်တော်ရို့ဘားမှာက လှိုင်းကြီးရေ။ လှိုင်းများရေ။ မကူးရဲ။ ကျွန်တော်က လားကေတော့ ဂုဏ်ကျွန်းက ကူးကတ်ဖိလို့ ပြောလိုက်ရေ။ သူရို့က ကျွန်တော့ကိုတောင် ဖေ့သာမလိုတော့ဘူးလား။ ဖေ့သာတိနဲ့ ၀နေပြီလားလို့ ပြောလားရေ။ ကျွန်တော်လဲဇာမှ ပြန်မပြောလိုက်။ ဂုဏ်ကျွန်းလှေလာတော့ ဒေဘက်က ကူးကြရေ။ ကူးလို့ တနားကေ မြုပ်လားရော။”

လေးမြို့မြစ်ထဲက ရေစီးအခြေအနေကို မှန်းလို့မရသလို တခြားမမျှော်လင့်ရေ အန္တရာယ်တိကလဲ အများကြီးပါ။ နှစ်ပေါင်းလေးဆယ်လောက် လုပ်ကိုင်လာခဲ့ရေ အတွေ့အကြုံက ဘေးအန္တရာယ်ကို ဇာပိုင် ကာကွယ်ရဖို့လဲ။ ရှောင်ရှားရဖို့လဲဆိုစွာ ကောင်းကောင်းသိနေပါယာ။ ယင်း အတွက် သူ့လုပ်သက်တလျှောက် တခါမှ အန္တရာယ်ကြီးကြီးမားမားမကြုံဖူးသိ့လို့ ဆိုပါရေ။

“ယင်း အတွက် လှေအကြီးကို သုံးရေ။ လှေအငယ်လေးနဲ့ လားလို့ရရေ။ ယေလေ့သင့် ကြောက်လို့ လှေကြီးကြီးကို သုံးရေ။ နှစ်ယောက်တည်းဆိုလဲ လှေအကြီးနန့်ရာလားရေ။ ဖြစ်စွာတော့ မရှိဘူးပေါ့။ တစ်ခါမှ မဖြစ်ဖူးသေးဘူး။”

သူ့မိသားစုမှာ ဇနီးသည်၊ သားနှစ်ယောက်၊ အတူနေ ညီမတစ်ယောက် အားလုံး ငါးယောက်စာ ၀မ်းရေးအတွက် လှေတစီးနန့် အစုန်အဆန် ရှာဖွေနေရစွာပါ။ သားသုံးယောက်ရှိကေလေ့ အားလုံးကို ရှစ်တန်းအောင်ပြီးစွာနဲ့ ကျောင်းဆက်မထားနိုင်တော့ဘဲ ကျောင်းထုတ်လိုက် ရပါရေ။ အကြီးဆုံးသားက ရန်ကုန်က စက်ရုံတခုမှာ အလုပ်ဝင်လုပ်ခိုင်းပြီး အတူကျန်နေခရေ လူပျိုပေါက်အရွယ် သားနှစ်ယောက် ကတော့ တခါတလေ ဖခင်ကိုယ်စား စက်လှေဝင်မောင်းနေရပါယာ။

“သားသမီးတိ ဒေနှစ်တော့ ကျောင်းထုတ်ထားလိုက်ရယာ။ ဇာလို့လဲဆိုကေ လိုက်မမီနိုင်ယာဖြစ်လို့။ ဖေ့သာလိုက်မမီ။ ကျောင်းလဲတက်ရေ။ စားလဲစားဖို့ဆိုကေ ကျောင်းထားလို့ မရ။ ၈ တန်းကပဲ ထွက်ခိုင်းရရေ။ နှစ်ယောက်စလုံး ၈ တန်း။  ရန်ကုန်ကိုလားရေ အကြီးဆုံးလဲ ရှစ်တန်းကပဲထုတ်ပလိုက်ဖို့လို့ ……”

တောရွာကလေးမှာနေ၊ ရွာ လိုအပ်ချက်အရ ကိုယ်ပိုင်လှေနဲ့ ကူညီပို့ဆောင်ရင်း ကူးတို့စက်လှေ မောင်းသူဖြစ်လာခရေ ဦးသာထွန်းစိန် ကတော့ သားတိ အရွယ်ရောက်ချိန်ထိ၊ ကိုယ်တိုင် စက်လှေမောင်းဖို့ အားအင်တိရှိနေသိ့ရေ အထိ ကူးတို့လိုင်း ပြေးဆွဲနေဦးဖို့သိ့ပါ။ သူ့အတွက် ပြင်းပြင်းပြပြရှိနေရေ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မျှော်လင့်နေဆဲပါ။

“ဒေနှစ် ရှင်ပြုဖို့လို့လေ။ မိဘ၀တ္တရားတော့ ကျေလိုက်ရဖို့ပ။ မရှိတရှိနဲ့ပဲ။ ဟို မြစိမ်းရောင် ဖေ့သာယူထားရေ ဆယ့်ငါးသိန်း။ ယင်းချင့်နန့် ပြုဖို့လို့။ ယင်းအတွက်တာနန့် အလုပ်နဲ့ပဲဆပ်နေရဖို့။ ”