ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတပတ်မှာတော့ ရခိုင်ပြည်နယ်ထဲက ကမန် တိုင်းရင်းသားရို့ မင်္ဂလာလက်ထပ်ပွဲဓလေ့ထုံးစံတိ အကြောင်းကို တင်ဆက်ပေးလားဖို့ပါ။

ကမန်ရို့စွာ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ သံတွဲမြို့နယ်တိထဲမှာ အများဆုံးနေထိုင်ကြပြီး လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြသူများပါရေ။ တပ်မတော်သား၊ အစိုးရ၀န်ထမ်း၊ ကုန်သည် စသည်ဖြင့် လုပ်ကိုင်ကြသူတိလဲရှိပါရေ။ ရခိုင်စကားကို ပြောဆိုကြပြီး ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုနဲ့ လူမှု ဆက်ဆံရေး ဓလေ့ထုံးစံတိကလည်း ရခိုင်တို့နဲ့ အတူတူပဲ ဖြစ်ကြပါရေ။ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပေမယ့် သူရို့စွာ ဘာသာရေးကို အခြေမခံရေ ရိုးရာဓလေ့ထုံးစံတိ၊ ရိုးရာပွဲသဘင်တိကို အလေးထား လေ့ရှိပါရေ။ ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း လိုက်နာဆောင်ရွက်လေ့ရှိပြီး ပြောင်းလဲမှု မရှိသလောက်ဖြစ်ရေပိုင် ယခင်အစဉ်အလာ တိ အတိုင်း လုပ်ဆောင်နေကြဆဲပါ။

သူရို့ ဓလေ့ထုံးစံတိထဲက လက်ထပ် မင်္ဂလာဆောင်နှင်းရေ ဓလေ့ထုံးစံအကြောင်း စစ်တွေမြို့ သက္ကယ်ပြင် ရွာမကျေးရွာက ကမန်လူမျိုးတိနဲ့ တွီ့ဆုံမေးမြန်းပြီး တင်ဆက်ပီးလားပါမေ။

ကမန်တိ့ လက်ထပ်မင်္ဂလာဆောင်နှင်းရေအခါ သားသမီးတိ နှစ်သက်ရေလူကိုရာ မိဘတိက တောင်းယူ လက်ထပ်ပေးတတ်ကြပါရေ။ သားဖြစ်သူက နှစ်သက်ရေ အမျိုးသမီး တစ်ယောက်ယောက်ရှိနေကေ၊ ယင်းချင့်မက နှစ်ဦးသဘောတူ ချစ်ခင်နှစ်သက်သူ ရှိနေပြီဆိုကေ တောင်းယူ လက်ထပ်ပေးဖို့ မိဘကို အသိပေးကြရပါရေ။ ယေလေ့သင့် သတို့သမီးကို တောင်းပေးဖို့ သားကိုယ်တိုင်က မိဘတိကို တိုက်ရိုက် အသိပေးရေ ထုံးစံတော့ မရှိပါ။ မိန်းမချေတိဘက်ကလဲ မနှစ်သက်သူကို ငြင်းနိုင်သလို မိဘကလဲအတင်းစီစဉ်ရေ ထုံးစံလဲ မရှိလို့ စစ်တွေမြို့နယ် သက္ကယ်ပြင် ရွာမကျေးရွာမှာ နေထိုင်ရေ အသက် ၇၁ နှစ် အရွယ် ဦးစိန်ပြည့်က ပြောပါရေ။

“ကိုယ်တိုင် မပြောဘူး။ ယင်းပိုင်ပြောရေထုံးစံမရှိ။ အဖေနဲ့ ညီအကိုလို ရင်းနှီးရေ တယောက်ယောက်ကို ပြောပြလိုက်ရေ။ ကျွန်တော့်ကို ဇာမိန်းကလေးကို တောင်းပေးဖို့ ကျွန်တော့်မိဘကို တိုက်တွန်းပေးပါလို့ ပြောလိုက်ရေ။ အဲ့လိုတောင်းပြီး ယူကြစွာပါ။ ကိုယ့်သဘောနဲ့ကိုယ် ယူကြစွာ ရှိတော့ရှိရေ။ နည်းရေ။ တစ်ယောက်နဲ့ တစ်ယောက် သဘောတူလို့ လိုက်လားကြစွာမျိုး။ အရင်ကလဲ ရှိရေ။ ခုလဲရှိရေ။ နည်းရေ။ သူ့မှာ ကြင်နာသူချစ်ရေသူရှိနေရေဆိုကေလဲမိန်းကလေးက ငြင်းပိုင်ခွင့်ရှိပါရေ။ မိန်းကလေးကငြင်းကေ မိဘက အတင်းအဓမ္မ မလုပ်။ အလွန်ချမ်းသာရေ ယောကျာ်းဆိုကေတော့ မိဘတိက နင်သူ့ကို မယူလို့ မရပြောတတ်ရေ။ မယူလို့ မရလို့ အဓမ္မလုပ်စွာနဲ့ မိန်းကလေးတိက သူ့ကိုယ်သူ ဒုက္ခပေး လိုက်စွာမျိုးလဲ ရှိရေ။”

သတို့သားလောင်း တောင်းဆိုချက်ကို မိဘတိက လေ့လာပနာ သတို့သမီးလောင်းကို တောင်းဆိုဖို့အတွက် သတို့ သမီးရှင် မိဘတိကို တွိ့ဆုံပြီး ကနဦးကြောင်းလမ်းဖို့ သဘောထားကို စုံစမ်းကြပါရေ။ သတို့သမီးရှင် မိဘတိကလဲ သမီးဖြစ်သူ သဘောထားကို မေးမြန်းပြီး နှစ်သက်လက်ခံရေ ဆိုကေတော့ စေ့စပ်ကြောင်းလမ်းပွဲကို ဆောင်ရွက်ကြပါတော့ရေ။

“ပြောထားပြီးကေ လူသိရှင်ကြားပေါ့ အားလုံးတရွာလုံးကိုခေါ်ရေ။ ကွမ်းပွဲနဲ့လားပနာ လူကြီးစုံရာရှေ့မှာ မင်းသမီးကိုငါက ရွှေတကျပ်သား၊ ငွေ နှစ်သိန်းပေးရေ။ သတို့သားဖခင်၊ သတို့သမီးဖခင်က လူကြီးစုံရာထဲမှာ အသွင်းလက်ဖွဲ့ပစ္စည်းပေးပနာ စေ့စပ်ရရေ။”

စေ့စပ်ပြီးဗျာလ်ဆိုကေတော့ နေ့ကောင်းရက်သာ ရွေးစွာ၊ သတို့သားသတို့သမီးအရံရွေးစွာ၊ မင်္ဂလာမြှောက် ဆုတောင်းပေးဖို့ သူကို ရွေးချယ်စွာတိကို ဗေဒင်ဆရာနဲ့ တိုင်ပင်ပြီး နေ့သားရက်သားကိုက်မကိုက်၊ သတ်မှတ်ရေ မင်္ဂလာမြှောက်ဆုတောင်းပေးနိုင်သူဟုတ် မဟုတ် ရွေးချယ်ကြပါတော့ရေ။ မင်္ဂလာရက် သတ်မှတ်ပြီး မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ်ရပါတော့ရေ။

လက်ထပ်မင်္ဂလာပွဲစွာ သုံးရက်အထိကြာမြင့်ပါရေ။ ပွဲကြိုနေ့ကတော့ ပွဲအတွက် ကြိုတင်လုပ်ဆောင် ထားရဖို့ အစီအစဉ်တိကို ပျော်ပျော်ပါးပါး သီဆိုကခုန်ပနာ စုပေါင်းလုပ်ဆောင်ကြစွာပါ။ ဒုတိယနေ့မှာတော့ အရင်ကတည်းက နှစ်ဖက်စလုံးသဘောတူ ထားကြရေ အတိုင်း စေ့စပ်ပွဲကို လူကြီးစုံရာနဲ့ ပြုလုပ်ပါရေ။

“သတို့သားဘက်က မုန့်တိယူပနာ ဆွမ်းအုပ်တိနဲ့လားရေ။ လူကြီးတိကလဲ ၀ိုင်းဝန်းပနာ အသွင်းပစ္စည်းက ဇာလောက်၊ ရွှေကဇာလောက် ငွေကဇောလောက်၊ အဆိုပြုပနာ စေ့စပ်ကြ ရပါရေ။ ယင်းချင့်ကို ကွမ်းပွဲတင်ရေလို့ ခေါ်ရေ။”

မင်္ဂလာကွမ်းပွဲတင်ဖို့ အစီအစဉ်ရှိဗျာလ်လို့ သေချာစွာနဲ့ တရွာလုံး အိမ်တိုင်းက မုန့်မျိုးစုံလုပ်နာ သတို့သားအိမ်ကို ပို့ပေးကြပါရေ။ မုန့်တိ သတို့သမီးအိမ်ကို ပေးပို့ဖို့ မိန်းကလေးတိက အလှဆင်ပြီး ရွာထဲမှာ စီတန်းလှည့်လည် လားကြပါရေ။ ယင်းနီ့ ညဇာပိုင်းက စလို့ သတို့သမီး အိမ်မှာ သူငယ်ချင်း အပျိုတိကလည်း ညနက်အချိန်အထိ သမီးစောင့်အဖော်လုပ်ပေးကြပါရေ။ မညွန့်သိန်းက သူရို့ရွာမှာ လုပ်ကြရေ ဓလေ့ကို အခုပိုင် ပြောပြပါရေ။

“တရွာလုံးမုန့်ကောက်ပြီးကေ သတို့သားရှင်အိမ်ကို လားပို့ကြရေ။ သတို့သားအိမ်က မုန့်တိကို အုပ်နဲ့ထည့်ပြီး သတို့သမီးရှင် အိမ်ကို လာပို့ရရေ။ သတို့သမီးအိမ်ကို ရောက်ပနာ တရွာသားလုံး ဝေစားကြရေ။ ယင်းနေ့ ညဘက်ဆိုသတို့ သမီးကို အပျိုတိက တည လားစောင့်ပေးရရေ။ ညဆယ်နာရီ ဆယ့်တစ်နာရီလောက်ထိ ထိုင်ပနာ စောင့်ပေးကြရေ။”

ယင်းပိုင် သမီးစောင့်ချိန်မှာ မင်္ဂလာအခမ်းအနားမှာ မပါမဖြစ်ပါရဖို့ မင်္ဂလာစကောမှာထည့်သွင်းရဖို့ မုန့်၊ ရေချမ်းအိုး၊ ပေါက်ပေါက် စစွာတိကို မိန်းကလေးတိက ကူညီဆောင်ရွက်ပေးကြပါရေ။

“ယင်းနေ့ ညဘက်မှာပွဲမုန့်လုပ်ရေ…. ဓလေ့ထုံးစံပေါ့။ ဆန်တသိုက် (တသိုက်- နို့ဆီဗူးလေးလုံး၊ ပြီဝက်) ကိုစိမ်ထားရရေ။ ပြီးကေ ထောင်းရရေ။ ထောင်းပြီးကေ မုန့်အလုံးလုပ်ပြီး ပေါက်ပေါက်တိနဲ့ ရောပြီးထားရရေ။ နောက်ပြီးကေ ရေစင်မြက်၊ သပြေညွန့်၊ ငှက်ပျောသီး နှစ်လုံးကို၊ နောက်ပြီး ကွမ်းသီး၊ ကွမ်းတိကိုပူးပြီး ချည်ရရေ။ နောက် ဆန်ကောမှာ စုပြီးထည့်ရရေ။”

နောက်တနေ့ကတော့ မင်္ဂလာလက်ထပ်ဖို့ နေ့ဖြစ်ပါရေ။ မနက်စောစောမှာ မင်္ဂလာအချိန်ကို သတ်မှတ်ပြီး မင်္ဂလာမြှောက် ဆုတောင်းပွဲ အစီအစဉ်ကို သတို့သားသတို့သမီးနေအိမ်တိမှာ လုပ်ကြရပါရေ။ မနက်နေထွက်ချိန်၊ ရေတက်ချိန်မှာ မင်္ဂလာမြှောက်လေ့ ရှိပါရေ။ မင်္ဂလာမြှောက်ရေ ဆိုစွာကတော့ သတို့သား သတို့သမီးတို့ကို ကြီးပွားချမ်းသာအောင်၊ မင်္ဂလာရှိအောင် မင်္ဂလာဆန်ကောမှာ ဆီမီးခွက် ထွန်းပြီး ဆုတောင်းပေးရရေ အစီအစဉ်ပဲဖြစ်ပါရေ။ ဒေအစီအစဉ်ကို ဆောင်ရွက်ပေးရစွာကတော့ လင်မယား ကွဲကွာဖူးသူ၊ သေဆုံးဖူးသူ မဖြစ်ရဘဲ လင်စုံ၊ မယားစုံရှိနေပြီး သားဦးမွေးဖွားထားရေ မိသားစုက အိမ်ရှင်မကပဲ သတို့သားနဲ့ သတို့သမီး နှစ်ယောက်စလုံး အိမ်တိမှာ မင်္ဂလာမြှောက် ဆုတောင်းပေးရပါရေ။ အိမ်ထောင်ဦး လင်မယားဖြစ်ပြီး သားဦးယောကျာ်းမွေးထားရေသူကို အညွန့်ဆောင်သူ မင်္ဂလာရှိသူလို့ သတ်မှတ်ပြီး မင်္ဂလာအစီအစဉ်တိမှာ ပါဝင်ဆောင်ရွက်ပေးရပါရေ။

ယင်းနောက် မင်္ဂလာသတို့သမီး သတို့သားတို့ နှစ်အိမ်စလုံးမှာ ရောက်လာရေ ဧည့်သည်တိုင်းကို ဧည့်ခံကျွေးမွေးကြပါရေ။ အစီအစဉ် ပြီးရေအခါ အညွန့်ဆောင်သူလို့ သတ်မှတ်ရေ ယောကျာ်းမိန်းမတို့က ဦးဆောင်ရပါရေ။ ဦးဆောင်ရေ ယောကျာ်းက ဒါးကို ကိုင်ဆောင် လာရပြီး၊ ရေခပ်ဖို့ ရေကန်မှာ ရေကို ဒါးနဲ့ ၇ ချက် ခုတ်ပြီးမှ သတို့သမီးသတို့သားတို့ ရေချိုးဖို့အတွက် သန့်စင်ရေရေကို ခပ်ပေးရပါရေ။ ယင်းအခါ ရေအိုး ၇ လုံး၊ ၅ လုံးစသည်ဖြင့် ခပ်ယူရပြီး သတို့သားသတို့သမီးရို့ အပျိုရံ လူပျိုရံ သူငယ်ချင်းတိက သယ်ယူလာရပြီး သူတို့ အိမ်တိမှာ ရေချိုးပေးရပါရေ။ ရေကို ဇာကြောင့် ဒါးနဲ့ ၇ ချက် ခုတ်ရလဲဆိုစွာ သေသေချာချာမသိကေလေ့ သူမှန်းဆရေ အယူအဆကိုတော့ ဦးစိန်ပြည့်က အခုပိုင် ရှင်းပြပါရေ။

“ရေကို ဇာလောက်ပဲခုတ်ခုတ် ကွဲလားစွာ မဟုတ်ဘူးလေ။ ဒေအတိုင်းပဲရှိနေရေ ဆိုရေသဘော။ ဇာလောက်ပဲဇာလို ရန်သူပဲလာလာ သူရို့လင်မယား ဒေအတိုင်းရှိနေဖို့ ဆိုရေသဘော သက်ရောက်ဖို့ ထင်ပါရေ။ ကျွန်တော့် အယူအဆကို ပြောစွာပါ။”

သတို့သမီးသတို့သားတို့ ရေချိုးပြီး အ၀တ်အစား အကောင်းအသစ်တိနဲ့ ပြင်ဆင်ပြီးဗျာလ်ဆိုကေတော့ ညနေပိုင်းအချိန် ရောက်ပါဗျာလ်။ လက်ထပ် မင်္ဂလာ ကျင်းပဖို့ သတို့သမီး နေအိမ်ကိုသတို့သားနဲ့ မိဘတိကအခြံအရံတိ၊ အဆောင်အယောင်တိ တပါတည်းယူဆောင်ပြီး အတီးအမှုတ်၊ အဆိုတိနဲ့ စီတန်းလှည့်လည်လားရပါရေ။

ကြံပင် အညွန့်ကို ကိုင်ဆောင်ဖို့ သတို့သားအရံတယောက်၊ မင်္ဂလာဆန်ကောနဲ့ ဆီမီးကို ကိုင်ဆောင်ဖို့ သတို့သားအရံတယောက်၊ ကွမ်းအုပ်နဲ့ ပန်းအုပ်ကို ကိုင်ဆောင်ဖို့ အပျိုစင်မိန်းကလေး နှစ်ယောက်၊ ဖျာ၊ အိပ်ယာခင်းနဲ့ ခေါင်းအုံးတို့ကို ကိုင်ဆောင်ဖို့ သတို့သား အရံတယောက် ပါဝင်ရပါရေ။ သတို့သားက ခေါင်းပေါင်း၊ တိုက်ပုံအင်္ကျီနဲ့ ရိုးရာရခိုင်လုံခြည်ကို ၀တ်ဆင်ပြီး ယပ်တောင်နဲ့ ဒါးတစ်ချောင်းကို ကိုင်ဆောင်ထားရပါရေ။ မင်္ဂလာဆန်ကောထဲမှာတော့ သပြေညွန့်နဲ့ ရေစင်မြက်အညွန့်ချေတိ ထိုးစိုက်ထားရေ ရေချမ်းအိုးငယ်၊ နှမ်းဆီ ထည့်ပြီး မီးထွန်းထားရေ ဆီမီးခွက်တခွက်ပါပနာ ပွဲပြီးချိန်ထိ မီးမငြိမ်းအောင် သတိပြုရပါရေ။ ဆန်ပေါက်ပေါက်၊ မုန့်ချပ်တိ၊ ကြိုးနဲ့ပူးချည် ထားရေ ငှက်ပျောသီးနှစ်လုံး၊ ကြိုးနဲ့ စည်းထားရေ ကွမ်းယာတိ ထည့်ထားရပါရေ။ ကွမ်းအုပ်မှာတော့ ကွမ်းရွက်နဲ့ ကွမ်းသီး၊ ပန်းအုပ် ထဲမှာတော့ ပန်းမျိုးစုံ၊ အုန်းဆီနဲ့ ဘီး (ခေါင်းဖြီး) တို့ကို ထည့်ထားရပါရေ။ ယင်းပန်းတိကတော့ သတို့သမီးအလှဆင်ရေအခါ ပန်ဆင်ဖို့ ပေးရစွာလို့ မညွန့်သိန်းက ပြောပါရေ။

သတို့သမီးအိမ်ကိုရောက်ရေအခါမှာတော့ သတို့သမီး ညီမအငယ်ဆုံး သို့မဟုတ် မောင်အငယ်ဆုံးက သတို့သားကို ခြေဆေးပေးပနာ သတို့သားကလဲ မုန့်ဖိုးအနေနဲ့ ငွေတချို့ကို ခြေဆေးခအနေနဲ့ ထုတ်ပေးရပါရေ။ ခြေဆေးဖို့ မောင် ညီမအငယ်ဆုံးမရှိကေတော့ ၀မ်းကွဲ မောင် ညီမအငယ်ဆုံးက ဆောင်ရွက်နိုင်ပါရေ။ လက်ထပ်ဖို့ မဏ္ဍပ်ထဲမှာသတို့သားနဲ့ အတူလာရေ ပရိသတ်က နေရာယူထိုင်နေတုန်းမှာ သတို့သား ယူဆောင်လာရေ ပန်းအုပ်ထဲက ပန်းတိနဲ့ သတို့သမီးကို ဖီးလိမ်းပြင်ဆင်ပေးကြပါရေ။ ယင်းအချိန်မှာဗျာလ် ကွမ်းအုပ်ထဲက ကွမ်းတိနဲ့ ရောက်ရှိနေရေ ဧည့်သည်တိကို တည်ခင်းဧည့်ခံထားပါရေ။ သတို့သား သတို့သမီး မိဘတိက ရောက်လာရေ လူကြီးသူမတိကို လက်ထပ်ပွဲမှာ ပေးထားရေ လက်ဖွဲ့အသွင်းပစ္စည်းတိကို ဖော်ပြပနာ သက်သေခံကြပါရေ။

ဂုပိုင် လက်ထပ်ပေးပြီးစွာနဲ့ မင်္ဂလာပွဲအစီအစဉ်တိလဲ ပြီးဆုံးပါယာ။ သတို့သားနဲ့ သတို့သမီးရို့ နေထိုင်ကတ်ဖို့ နေအိမ်ကိုလားရောက်ဖို့ယာ ဖြစ်ပါရေ။ နှစ်ဘက်မိဘ ဇာအိမ်မှာမဆို နေထိုင်နိုင်ရေပိုင် ကိုယ်ပိုင် အိမ်ယာရှိပြီးကေလဲ လားရောက်နေထိုင်နိုင်ပါရေ။ လက်ထပ်ပွဲပြီးလို့ သုံးရက်နဲ့ ခုနစ်ရက်ကြားမှာတော့ မင်္ဂလာမောင်နှံတို့က ငွေကြေးတတ်နိုင်ရေအလျှောက် မင်္ဂလာထမင်းကို ဖိတ်ခေါ်တည်ခင်းလေ့ရှိပြီး ရပ်ရွာထဲက အကြီးအကဲဆွေမျိုးမိတ်ဆွေတို့နေအိမ်ကို ရှိခိုးကန်တော့ဖို့ လားကြရပါရေ။ ယင်းခါ ဆွေမျိုးမိတ်သင်္ဂဟတိက မင်္ဂလာ မောင်နှံအတွက် တတ်နိုင်သလောက် မင်္ဂလာလက်ဖွဲ့ လက်ဆောင်တိ ပေးကမ်းကြလေ့ရှိပါရေ။ လက်ထပ်မင်္ဂလာဆောင်နှင်းရေ အချိန်မှာတော့ လက်ဖွဲ့ လက်ဆောင်တိ ပေးလေ့ မရှိကြပါဘူး။

ကမန်တို့မင်္ဂလာလက်ထပ်ပွဲကျင်းပနိုင်ရေ လရာသီတိကတော့ ရခိုင်တို့နဲ့ အတူတူပဲ ဖြစ်ပါရေ။ ၀ါဆိုလက သီတင်းကျွတ်လထိ ၀ါတွင်း အချိန်နဲ့ တန်ခူး၊ နတ်တော်နဲ့ ပြာသိုလတိမှာမင်္ဂလာလက်ထပ်ပွဲ လုပ်လေ့မရှိဘဲ တန်ဆောင်မုန်း၊ တပို့တွဲ၊ တပေါင်း၊ ကဆုန်နဲ့နယုန် လတိမှာပဲ လုပ်လေ့ရှိပါရေ။ ယေလေ့သင့် အခြေအနေအရ နှစ်ဦးသဘောတူခိုးရာလိုက်လာခဲ့ကေတော့ ဇာရာသီဘယ်လပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ပေးကြရေလို့ ဦးစိန်ပြည့်က ပြောပါရေ။

အသက် ၂၇ နှစ်ရှိဗျာလ်ဖြစ်ရေ မညွန့်သိန်းကတော့ သူသာလက်ထပ်ဖြစ်ခဲ့ကေ မင်္ဂလာဆောင်ပွဲကို ဘဇောင် ကျင်းပဖို့လဲဆိုစွာ စိတ်ကူးနေဆဲပါ။

“မိဘပေးစွာကိုစိတ်ကူးရေ။ ကိုယ်ကလဲ ကြိုက်ရဖို့။ မိဘကလည်းပေးရဖို့။ မိဘပေးပေစားဖို့ ကိုယ်ကြိုက်ကေလဲ မယူချင်။ ဒေထက်အများကြီး ပိုပြီး စည်စည်ကားကား လုပ်ပစ်လိုက်ချင်ရေ။ စိတ်ထဲမှာ။”

 221 total views,  2 views today