ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတစ်ပါတ်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက တောင်တန်းဒေသတိမှာ နီထိုင်ကတ်ရေ တိုင်းရင်းသားတိ တောင်ယာ လုပ်ငန်းနဲ့ တောင်ယာနဲ့ သက်ဆိုင်ရေ ဓလေ့ထုံးစံတိအကြောင်းကို ပြောပြချင်ပါရေ။ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးစရေ မြို့နယ်တိထဲက တောင်တန်းတိပေါ်မှာ အခြေချ နီထိုင်ကြရေ တိုင်းရင်းသားတိ ရှိကြပါရေ။ စိုင်းတင်၊ သြရမ၊ မေယုစရေ တောင်တန်းတိပေါ်မှာ အများဆုံး နီထိုင်ကြပါရေ။

သူရို့ အဓိက စီးပွားရေးအဖြစ် ရွှေ့ပြောင်းတောင်ယာကိုပဲ လုပ်ကိုင်ကြပနာ လယ်နဲ့ တခြားစိုက်ပျိုးရေး လုပ်ငန်းတိကို လုပ်ကိုင်လေ့မရှိရေပိုင် တောင်ယာ နီရာတခုကိုလည်း သုံးနှစ်ထက် ပိုမလုပ်ကတ်ပါ။ ယင်းပိုင်ဗျာလ် ရွာကိုလည်း တောင်ယာနဲ့ နီးကပ်ရေနီရာတိကို လိုက်လံပြောင်းရွှေ့ပြီး နီကတ်ရေလို့ ဆိုပါရေ။ မောင်တော မြို့နယ် ကိုင်းကြီးရွာမှာနီရေ မြိုအမျိုးသားဦးစံထွန်းက မြို့ရို့၏ တောင်ယာစိုက်ပျိုးမှုဓလေ့ကို အခုပိုင် ပြောပြပါရေ။

“ဒေနီရာမှာ ရွာတစ်ရွာတည်ရေ၊ တောင်ယာကဟိုမှာ ခုတ်ရေ၊ ဟိုမှာ ခုတ်ရေ၊ ရွှေ့ပြောင်း တောင်ယာ လုပ်ရဖို့ပေါ့။ အပင်လဲမစိုက်။ ဖုန်းဆိုးတောကိုလဲ မခုတ်။ တောရိုင်းမြေသြဇာ မထည့်ဘဲနဲ့ သုံးနှစ်လောက် ပတ်ဝန်းကျင် ခုတ်ပစ်လိုက်ကေ တောင်ယာက ဝေးရေလေ။ ရွာတစ်ခါ ပြန်ပြောင်းရေ၊ သုံးနှစ်တစ်ခါ၊ နှစ်နှစ်တစ်ခါ၊ လေးနှစ်မှာတစ်ခါ ပြောင်းရေ။ တောင်ယာနဲ့ ရွာနဲ့ ဝေးလားဗျာလ်။ တောင်ယာထွက် ပစ္စည်းတိကို ကားမရှိရေတွက် ခေါင်းနဲ့ထမ်း၊ ပုခုံးနဲ့ထမ်း၊ ယင်းအတွက် ဝေးရေအတွက် ရွာပြန်ပြောင်းရေ။”

ခမီရို့ကလည်း တောင်ယာလုပ်ငန်းနဲ့ အသက်မွေးကြပနာ သူရို့ တောင်ယာလုပ်ငန်းမှာ အဆင်ပြေအောင် သီးနှံထွက်အောင် ကိုးကွယ် ယုံကြည်မှု ဓလေ့ ထုံးစံအတိုင်း မဖြစ်မနီပြုလုပ်ရရေ အစီအစဉ်တိ ရှိရေလို့ မြောက်ဦးမှာ နီထိုင်ရေ ဦးလေကျော်က ပြောပါရေ။

“ကဆုန်လမှာ ကောက်သစ်ချပွဲလုပ်ရေ။ ၀ါခေါင်လမှာက တောင်ယာ ဟင်းစားပွဲလုပ်ရေ။ နောက် တန်ဆောင်မုန်းလမှာ ကောက်သစ် စားပွဲဆိုပြီး တစ်ကြိမ်ရှိဖို့။ ယင်းပွဲသုံးမျိုးပါ။”

ခမီလူမျိုးရို့ကတော့ တောင်ယာလုပ်ကိုင်သူတိ ရှိကတ်ရေပိုင်၊ မြေပြန့်မှာ လယ်ယာလုပ်ကိုင်သူလဲ ရှိကတ်ပါရေ။ ကိုးကွယ်ယုံကြည်မှုမှာတော့ နတ် ကိုးကွယ်သူများရေပိုင် အခြား ကိုးကွယ်မှုတိလဲ ရှိပါရေ။ ဇာဘာသာကို ကိုးကွယ်သူပဲ ဖြစ်ဖြစ် စိုက်ပျိုးရေး လုပ်ငန်းမှာတော့ ဓလေ့ထုံးစံအတိုင်း လုပ်ကိုင်လေ့ရှိကြပါရေ။ စိုက်ပျိုးဖို့ မျိုးစေ့ကို သွေးနဲ့လူးပနာ ပူဇော်ရရေ ဓလေ့ရှိရေလို့ ဆိုပါရေ။ ဦးလေကျော်က ခမီလူမျိုးရို့ တောင်ယာနန့် လယ်မစိုက်ခင် ရိုးရာနတ်ကို ပူဇော်ရေ အစီအစဉ်ကို ခုပိုင်ပြောပါရေ။

“အိမ်မှာလုပ်ရေ စိုက်ပျိုးဖို့မြေမှာလဲ လားလုပ်ပီးရသေးရေ။ လုပ်စွာက ပန်းပွားတိုင်တိနဲ့ ကြီးကြီးကျယ်ကျယ် လုပ်ရရေ။ ကြက်၊ ၀က် သတ်ရရေ။ သွေးချရရေ။ ကိုယ်စိုက်ပျိုးဖို့ စပါးက ဘာက အားလုံးယူပြီးကေ့ ဖြိုး ..လို့ ဆိုပနာ စိုက်ပျိုးရေးအောင်မြင်ပါစေလို့ ဆိုပြီးမှ ကောက်ဦးချပွဲလုပ်ရရေ။ အဓိက နတ်ကိုကိုးကွယ်ရေ အပိုင်းပါ။ ဟိုးမှာတောင်ယာမှာ၊ မြေပြန့်ဆိုကေ လယ်ပြင်မှာပန်းပွားတိုက်စိုက်ရရေ။ အမှန်ကနတ်ကိုကိုးကွယ်စွာပါ။”

မြိုလူမျိုးရို့စွာလည်း နတ်ကိုးကွယ်သူတိ ဖြစ်ကတ်ပနာ သူရို့ တောင်ယာ စီးပွားရေးလုပ်ချိန်၊ ရွာသစ်တည်၊ ယာသစ်ထွင်ရေ အချိန်တိနဲ့ သီးနှံ အသစ်ထွက်ရေ အချိန်တိမှာ သတ်မှတ်ထားရေ ပွဲတိကို လုပ်ကြပါရေ။ နောက်ပိုင်းမှာ တခြားဘာသာကို ကိုးကွယ်လာသူတိလဲ ရှိလာရေ အတွက် တချို့ ထုံးစံတိ အနည်းငယ် ပြောင်းလဲ လာစွာရှိကေလေ့ ဓလေ့ထုံးစံအတိုင်းပွဲတိကိုတော့ လုပ်ကိုင်တတ်ကတ်ပါသေးရေ။ တနှစ်လုံး လုပ်ကိုင်လို့ ရလာရေ စပါးသီးနှံတိကို တနှစ်လုံး ကောင်းကောင်းမွန်မွန် စားနိုင်အောင်၊ နောက်နှစ်တိမှာလဲ သီးနှံတိ ဖြစ်ထွန်းအောင်၊ ကျန်းမာ အသက်ရှည်အောင် ဓလေ့ ထုံးစံတိအတိုင်း လုပ်ကိုင်ရရေလို့ ဦးစံထွန်းက ပြောပြပါရေ။ တောတောင်တိကို ပိုင်ဆိုင်ရေ နတ်တိရှိပနာ နတ်တိဘားက တောတောင်တိကို ငှားပနာ ကြက်၊ ၀က်တိ သွေးနဲ့ တောင်ယာ ကောင်းအောင်၊ အသီးအနှံ အထွက်ကောင်းအောင် ပူဇော် ကတ်ရပါရေ။ ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးရွာမှာ နီရေ ဇနီဖြူကတော့ တောင်ယာသိမ်းရေ အချိန်မှာ ဇာပိုင် စီမံရသလဲဆိုတာ အခုပိုင် ပြောပြပါရေ။

“ရိုးရာလဲ ဖြစ်နိုင်ရေ၊ နတ်ဆိုလဲ ဖြစ်နိုင်ရေ။ စပါးသိမ်းဗျာလ်ဆိုကေ ယာကို ပြန်အပ်ရေ။ တောင်ပိုင်ရှင်မဘားမှာ ကျွန်တော်ရို့ ငှားထားစွာ တောင်ယာကို ကျွန်တော်ရို့ ပြန်အပ်ရေ။ အောင်အောင် မြင်မြင် ချောချောမောမောနဲ့ ပြီးလားဗျာလ်ဆိုပနာ့ ကြက်သွေးနဲ့ ကြက်နဲ့ အပ်စွာရှိရေ၊ ၀က်တကောင်နဲ့ လား ၀က်သွေး ချပနာ ပျော်ပျော်ပါးပါးအပ်စွာရှိရေ။ ၀က်နဲ့ဆိုခါ လူအများကြီးလိုရေပေါ့။ ယင်းအစားအစာတိ အိမ်ကို မယူရ။ ယင်းမှာပဲ စားရရေ။”

တောင်ယာ စိုက်ပျိုးကတ်သူတိက ကျင်းပလေ့ရှိရေ ပွဲတခုကတော့ ကောက်သစ်စားပွဲ ဖြစ်ပါရေ။ ဦးစံထွန်းကတော့ သူရို့ ရွာတိမှာ လုပ်လေ့ရှိရေ ကောက်သစ်စားပွဲအကြောင်းကို အခုပိုင် ရှင်းပြပါရေ။

“သီတင်းကျွတ်လဆန်း ၉ ရက်နီ့မှာ ကောက်သစ်ပွဲလုပ်ရေ။ ကောက်သစ်ပွဲမှာ ၀က်တစ်ကောင် သတ်ရေ၊ ငါးခြောက်လဲပါရေ။ ၈ ရက်နီ့ ညမှာ စရေ။ ယင်းနိ့ ညမှာ ၀က်သတ်ရေ။ ယင်းနီ့မှာ မစားရ။ ယင်းဝက်သားကို နောက်နီ့မှ စားရရေ။ မီးကင် မီးဖုတ်ပနာ အသားကို မချက်၊ တစ်ညထားရရေ။  နောက်နီ့ မိုးထက်စောစာမှာ အသားကိုဖျက်ရေ၊ ချက်ရေ၊ ပြုတ်ရေ။ ပြီးကေ ရွာမှာအကြီးဆုံးလူက ဆုတောင်း ပေးရရေ။ ဒေကောက်သစ်ပွဲမှာ အသားတိ၊ ငါးတိ၊ ဒီကောက်သစ် ကုသိုလ်မှာ စားရေသူတိက ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ရောဂါကင်းပါစေ၊ နောက်ထပ် ဒေထက်မက စပါးရအောင်၊ စပါးလဲကောင်းအောင်၊ အသီးအနှံကောင်းအောင် ယင်းချင့်တိ့ ဆုတောင်းပီးရေ။”

မြိုလူမျိုးတိ ကောက်သစ်စားပွဲစွာ အချိန် ငါးရက်ကြာပနာ ပွဲတော်ကာလ နောက်ဆုံးသုံးရက်ကတော့ အလုပ်မလုပ်ပဲ အိမ်မှာပဲ နီရရေ ရက်တိဖြစ်ပါရေ။

“သုံးရက်နားဖို့၊ ဖားရှာ၊ ငါးရှာလားလို့မရ။ ကြက်လဲသတ်လို့မရ၊ ၀က်လဲ သတ်လို့မရ။ ငါးကိုလဲမသတ်ရ။ အသက်ရှိစွာဟူသမျှု သတ်လို့မရ။ လေးရက်မြောက်နီ့မှာ ဖားရှာ၊ ငါးရှာ အပြင်ထွက်လို့ရရေ။ ယင်း ကိုးရက်နီ့ မတိုင်ခင် ရှစ်ရက်နီ့မှာ အကုန် ယူထားရရေ။ ဇာ လုပ်ရလဲဆိုကေ ဟင်းသီး ဟင်းရွက်တိ ခူးထားရရေ။ သုံးရက်စာ လှောင်ထားရရေ။ အသားငါး သုံးရက်စာဖူလှုံအောင် လုပ်ထားရရေ။ လှောင်ထားပြီးတော့မှ ကိုးရက်နီ့မှာ ပွဲလုပ်ရရေ။”

သူရို့နီထိုင်ရေ တောတောင် နီရာဒေသကွဲပြားရေပိုင် စီစဉ်ကျင်းပကတ်တေ အစီအစဉ်တိလဲ ကွဲပြားကတ်ပါရေ။ ဇနီဖြူက သူရို့ဒေသမှာ လုပ်ရေ ကောက်သစ်စားပွဲ ထုံးစံကတော့ မောင်တောမြို့နယ်ထဲက ဦးစံထွန်းရို့ ပြုလုပ်တေ ပုံစံနဲ့ ကွဲပြားရေလို့ ပြောပါရေ။ ဇာနီ့မှာ လုပ်မယ်လို့ တိတိကျကျ သတ်မှတ်စွာမရှိဘဲ ကောက်သစ် အရင်ရရေလူက ပွဲအရင်လုပ်ကတ်ပနာ သက်ကြီးရွယ်အိုတိကို ကောက်သစ်ထမင်းနဲ့ တည်ခင်းပြီးမှ စားသောက်ကတ်ရရေလို့ ဆိုပါရေ။

“ကျွန်တော့် တောင်ယာမှာ စပါးထွက်ပြီ၊ ကျန်ရေတောင်ယာက စပါးမထွက်သေးဘူးပေါ့။ ကျွန်တော်က ကောက်သစ်စားရဗျာလ်လေ။ အရင်က ချေးငှား ဝေမျှပြီးတော့ စားရစွာပေါ့။ ယင်းအချိန်မှာ ထမင်းတည်ခင်းရရေ။ ရခိုင် ဗုဒ္ဓဘာသာတိဆိုလဲ ကောက်ပေါ်ကေ ကျောင်းလားပနာ ဆွမ်းအုပ် ပို့ကတ်ရေပေါ့၊ ယင်းပိုင် သဘောမျိုး။ တောင်ယာမှာ အသီးအနှံထွက်ဗျာလ်၊ သခွားသီးပေါ်ဗျာလ်၊ ငရုတ်သီး၊ ပြောင်းဖူးသီး နီဗျာလ်ဆိုရင် မစားရသိ့။ တစ်ဖူးဖြစ်ဖြစ်၊ တစ်လုံးပဲဖြစ်ဖြစ် သက်ကြီးရွယ်အိုကို တစ်လုံးဖြစ်ဖြစ် ပေးပြီးမှ စားရရေ။”

မြိုလူမျိုးရို့စွာ ရလာရေ စပါးကို သွေးနန့် လောင်းပြီးမှ စပါးကျီမှာ ထည့်သွင်းသိုလှောင်ကြရပါရေ။ ယင်းပိုင် လုပ်မှပဲ စပါးဆန်ရေ ပွားများရေလို့ ယုံကြည်ကြရေအကြောင်း ဇနီဖြူကပြောပါရေ။ ခမီလူမျိုးရို့ကတော့ တောင်ယာစပါး ပေါ်ရေ အချိန်ဆိုကေ စပါးရိတ်ပြီးစွာနဲ့ ကောက်သစ် စားပွဲကို မဖြစ်မနီ လုပ်ရပါရေ။ ကောက်သစ်စားပွဲ မလုပ်ခင် အသစ်ပေါ်ရေ စပါးကို မစားကတ်ရဘဲ စပါးအဟောင်းကိုပဲ စားကတ်ရပါရေ။ ကောက်သစ် စားပွဲမှာလဲ အသစ်ပေါ်ရေ စပါးကို ကြက်၊ ၀က်ရို့ သွေးနဲ့ နှယ်ပနာ နတ်ပူဇော်ရစွာလို့ ဦးလေကျော်က ရှင်းပြပါရေ။

“ရလာရေ စပါးကို မစားခင် သွေးမြေချရသေးရေ။ တောင်ယာက ထွက်ရေ စပါးဖြစ်စေ၊ လယ်က ထွက်ရေ စပါးဖြစ်စေ၊ ကောက်သစ်စားပွဲ မလုပ်ဘဲ စားရေထုံးစံမရှိ။ အဟောင်းကိုပဲစားနီရရေ ပေါ်လာစွာကိုတော့ သွေးချပြီးမှ စားရရေ။”

ခမီလူမျိုးရို့၏ ကောက်သစ်စားပွဲကျင်းပရရေ အစီအစဉ်တိကတော့ ပွဲကျင်းပဖို့ လယ်ပြင်၊ ယင်းချင့်မဟုတ်ကေ တောင်ယာမှာ ၀ါးနဲ့ ပန်းပွားတိုင် စိုက်ပနာ ယင်းနားမှာ ရလာရေ စပါးတိကို ပုံထားရပါရေ။ ပန်းပွားတိုင်က တောင်ယာနတ်၊ လယ်နတ်ကို ရည်ရွယ်စိုက်ထူရစွာပါ။ ကောက်သစ်စားပွဲကို ရောက်လာသူတိကို ခေါင်ရည်၊ ကြက်သား၊ ၀က်သား၊ ထမင်းရို့နဲ့ ဧည့်ခံပနာ အရက်သေစာတော့ မသောက်ကတ်လို့ ပြောပါရေ။ ခေါင်ရည် သောက်ရင်း တေးခြင်းတိ သီဆိုရင်းယောက်ကျားမိန်းမ ၀ိုင်းဖွဲ့ကခုန်ကတ်ရေလို့ ဦးလေကျော်က ပြောပါရေ။

“ယင်းနားမှာ ပန်းပွားတိုင် စိုက်ရဖို့။ ပန်းပွားတိုင်မှာ ကြက် အသဲအမြစ် ခေါင်းအားလုံး ယင်းမှာ တင်ရရေ။ နတ်ကိုကိုးကွယ်စွာကိုး။ ခေါင်ရည်ပါရေ၊ ကြက်ပါရေ၊ ၀က်ပါရေ၊ ကျန်စွာတော့မရှိ။ ရိုးရာအတိုင်း ယင်းမှာ ကကတ်ရစွာဗျာလ်။ တပီကလာလို့ ခေါ်ရေ မောင်းကို တဒူဒူထုရင်း ခေါင်ရည်သောက်ရင်း ကကတ်ရစွာဗျာလ်။ ပျော်ကတ်ရစွာဗျာလ်။ ပန်းပွားတိုင်နဲ့ကပ်ပနာ စပါးပုံရှိရေ။ စပါးပုံကိုပတ်ပြီး ကရရေ။”

ခမီ ကောက်သစ်စားပွဲမှာ အရေးပါရေ အစီအစဉ်တခုကတော့ တပီကလာလို့ခေါ်ရေ လင်ပန်းပုံစံ ကြေးမောင်းထဲမှာ ၀က်အရည်ကို ထည့်ပနာ မဲမလို့ခေါ်ရေ ပွဲ ဦးစီးဦးဆောင် ဆရာက ရှေ့ဖြစ် ဖတ်ပေးရပါရေ။ ၀က် အကြောတိ ထင်ရှားပုံ၊ ဦးတည်ပုံကို ကြည့်ပနာ နောက်နှစ် ဇာသီးနှံက ဇာပိုင်၊ ရာသီဥတုက ဇာပိုင်၊ စပါး ဇာလောက်ထွက်ဖို့ဆိုစွာ ပြောပေးရပါရေ။

“ကျွန်တော်ပြောရေ ကောက်သစ်စားပွဲတိ့မှာ ၀က် အရေးကိုထုတ်ပနာ ယင်းထဲမှာ ချထားရရေ။ ၀က် အရေးကို ချထားပနာ သူက ကြည့်ရရေ။ ခေါင်းဆောင်ဖြစ်ရေ မဲမက ကြည့်ရေ။ ဒေလမ်းကြောင်းက ဒေပိုင်ဖြစ်ရေ။ ယင်းအတွက် စပါးများများရဖို့။ ရာသီဥတုကောင်းဖို့။ ယင်းပိုင် ယင်းထဲမှာ ထားရရေ။ ကောက်သစ်စားပွဲမှာ ယင်းအတိုင်းဗျာလ်”

ခမီရို့ကတော့ ကောက်သစ်စားပွဲလို့ ဆိုကေလေ့ ရလာရေ ဆန်စပါးကို ယင်းပွဲမှာချက်စားကတ်စွာတော့ မဟုတ်ပါ။ ရိုးရာ ယုံကြည် ကိုးကွယ်မှုအရ ပြုလုပ်ရဖို့ အစီအစဉ်ကို ဆောင်ရွက်ရေသဘောနန့် ပြုလုပ်ကတ်စွာလို့ ဦးလေကျော်ကပြောပါရေ။ ခေတ်ကာလအရ သီးနှံထွက်ရေ အချိန်နဲ့ ရာသီဥတု အခြေအနီ ပြောင်းလဲမှုတိကလဲ ရှိနီပါရေ။

“ယင်းစပါးကို ငါတို့ စားလို့ရဗျာလ်ဆိုရေ သဘော၊ အခုမှ စပြီး စားဖို့ယာဆိုရေ သဘော။ ယင်းချင့်ပြီးစွာနန့် ယင်းစပါးကို စားကတ်ရေ။ အခုကတော့ ယင်းပိုင်လေ့မရှိဗျာလ်။ ငတ်လာရေအတွက် ကောက်လျင်ပေါ်ကေ ကောက်လျင် စားပစ်လိုက်ကတ်စွာဗျာလ်။ ယေလေ့သင့် သူ့အချိန်နဲ့သူပွဲတော့ လုပ်ကတ်ရေ။ အရင်ကဆို စပါးတိက အခုပိုင် ဈေးမရှိ။ ကိုယ့်စွာကိုယ် စပါးက လုံလုံလောက်လောက် ရှိနီစွာကိုး။ ယင်းပိုင် စားပြီးမှပဲ ပွဲပြီးမှရာ စပါးကိုကျီမှာ သွင်းရရေ။ ဖြစ်ကတတ်ဆန်း သွင်းလို့မရ။ အခုခေတ်တော့ ဇာရဖို့သိ့လဲ။ မိုးလေရာသီဥတုက ပြောင်းလာဆိုခါ ရိတ်ပနာ ကျီသွင်း။ ယင်းပိုင် ဖြစ်လားစွာ။”

တောင်ပေါ်ဒေသမှာနီရေ တိုင်းရင်းသားလူမျိုးတိစွာ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးစံ တူညီစွာ ရှိရေပိုင် ကွဲပြားစွာတိလဲ ရှိကေလေ့ လူမျိုးအလိုက် ဓလေ့ထုံးစံတိက ကျန်ရှိနိဖို့သိ့လို့ ဦးလေကျော်က ပြောပါရေ။

“ကျွန်တော်ရို့က ယာဟင်းကိုင်ပွဲ၊ ကောက်သစ်စားပွဲကို အလုပ်လုပ်ဖို့အတွက် အလုပ်မလုပ်ခင် ဆွေမျိုးတိ စားသောက် ပျော်ပါးစွာလို့ပဲ ကျွန်တော်က ယူဆထားရေ။ ယင်းအမြင်ပဲ သက်ရောက်နီရေ။ လာဧည့်သည်လာ၊ စား၊ ကန့်သတ်ချက်မရှိ၊ သို့သော် သူ့စည်းကိုတော့ မကိုင်နဲ့၊ သောက်ဖို့ စားဖို့ အားလုံး လုပ်လို့ရရေ။ စည်းမကျော်ဖို့တခုရာလိုရေ။”