ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်က လူငယ်တိ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းအမူအကျင့်တိ ပြောင်းလဲလာပနာ အောင်မြင်တိုးတက်စီဖို့၊ ဒေသခံ အမျိုးသမီးတိ၊ အိမ်ရှင်မတိ စီးပွားရေး အခွင့်အလမ်းရရှိစီဖို့၊ နီထိုင်မှု ပုံစံပြောင်းလဲလာစီဖို့ ဦးဆောင်ကြိုးစား နီရေပိုင် စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ကိုယ်တိုင် ဦးစီးလုပ်ကိုင်နီရေ ရခိုင်အမျိုးသမီး တယောက် အကြောင်းကို ပြောပြချင်ပါရေ။

သူကတော့ ကျောက်ဖြူမြို့သူ ဒေါ်သင်းသင်း ဖြစ်ပါရေ။

ဥပဒေပညာရှင်၊ တရားသူကြီးတယောက် ဖြစ်ခဲ့ကေလေ့ အရာရှိအဖြစ်ကိုစွန့်လွှတ်ခပနာ အောင်မြင်ရေ လုပ်ငန်းရှင် တယောက် ဖြစ်လာအောင် ကြိုးစားခသူပါ။ ကျောက်ဖြူမြို့၏ တခုတည်းသော Shopping Center ကို တည်ထောင်သူ ဖြစ်ရေပိုင်၊ အမျိုးသမီးတိကို အခြေခံပနာ နီထိုင်မှုပုံစံတိကို ပြောင်းလဲလာအောင် စည်းရုံး လှုံ့ဆော်နီရေပိုင် ဒေသမှာ စီးပွားရေး ဖွံဖြိုးတိုးတက်ဖို့ နည်းလမ်းပေါင်းစုံကို ရှာဖွေကြိုးစားနီသူလဲ ဖြစ်ပါရေ။

ဒေလုပ်ငန်းတိလုပ်ကိုင်ဖို့ ကိုယ်တိုင် ရံပုံငွေမတည်ပနာ ဖောင်ဒေးရှင်းတခုကိုလည်း ဖွဲ့စည်း တည်ထောင်ခပါရေ။ သူဇာပိုင် ကြိုစားခရလဲ၊ အခက် အခဲတိ ဇာပိုင်ကျော်ဖြတ်လဲ၊ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတိ လုပ်ကိုင်ဖြစ်ဖို့ ဇာပိုင် အကြောင်းအရာတိက တွန်းအားပီးခလဲ စရေ အကြောင်းအရာတိက စိတ်ဝင်စားစရာပါ။

“ထုတ်ကုန်မရှိရေ အရပ်ဒေသစွာ ၀င်ငွေမရှိသော မိသားစုနဲ့ တူပါရေ။ မိသားစုတခုရေ ၀င်ငွေ မရှိကေ ကျန်ရေမိသားစုတိ အောက်ကိုနိမ့်ကျလားဖို့။ ယင်းပိုင်ပဲ အရပ်ဒေသတခုစွာ ဒေသ ထုတ်ကုန် မရှိ၊ ထုတ်လုပ်မှုလုပ်ငန်းမရှိ၊ စက်ရုံအလုပ်ရုံမရှိဆိုကေ ယင်းဒေသက နိမ့်ကျနီဖို့စွာဗျာလ်။ ဟိုတုန်းကတော့ ကုန်ထုတ်လုပ်ငန်း မလုပ်နိုင်လေ။ မီးမရှိလို့၊ အခု လျှပ်စစ်မီးရလာရေ ဇာကြောင့် မလုပ်ကတ်သေးလဲ။ လုပ်ဖို့အတွက် တွန်းအားလဲလိုရေ၊ ဆွဲအားလဲလိုရေ။ ကျွန်မရို့ကတော့ တွန်းလဲတွန်းရေ ဆွဲလဲဆွဲရေ၊ ကိုယ်နဲ့ နီးစပ်ရာကိုပေါ့။”

ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှာ ဥပဒေ၀ိဇ္ဇာဘွဲ့ (B.A Law, LLB) ဘွဲ့ရခပနာ ရှေ့နေအဖြစ် နှစ်နှစ် လုပ်ကိုင်ခပါသေးရေ။ ရန်ကုန် နိုင်ငံခြား ဘာသာသင် တက္ကသိုလ်မှာ ပြင်သစ်ဘာသာကို သင်ယူခပါသေးရေ။ ၁၉၈၅ ခုနှစ်မှာတော့ တရားသူကြီး ရွေးချယ်ခန့်ထားရေး စာမေးပွဲကို အောင်မြင်ခပနာ တရားသူကြီး တယောက် ဖြစ်လာခပါရေ။ ယင်းခေတ်အချိန် ရာထူးအခေါ်အဝေါ်အရ တရားရေးဝန်ထမ်း အဆင့်(၄)၊ လက်ရှိရာထူး အခေါ်အဝေါ်အရဆို ဒုတိယမြို့နယ် တရားသူကြီး ဖြစ်လာခပါရေ။ အစိုးရ ၀န်ထမ်းအဖြစ် အလုပ်လုပ်နီခဲ့ကေလေ့ အချိန်ကာလ အခြေအနီအရ ၀န်ထမ်းလစာနဲ့ ရေရှည် ရပ်တည်ဖို့ အခက်အခဲ ရှိလာရေအပြင် ကိုယ်ကျင့်တရားကို တန်ဖိုးထားသူ ဖြစ်ရေအတွက် အဂတိမလိုက်ခဘဲ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်ဖြစ်ခရေလို့ ဒေါ်သင်းသင်းက ပြောပါရေ။

“တရားသူကြီးလို့ ပြောလိုက်ကေ ကိုယ်လူတိ အမြင်နဲ့ အကြားမှာ အဓိပ္ပါယ်ကောက်စွာတိက အမျိုးမျိုးပါ။ ကျွန်မက ဒေမျိုးတိ အဖြစ်မခံပါဘူး။ ယင်းအတွက်ကြောင့် ၀န်ထမ်းလုပ်နီရေ တလျှောက်လုံးမှာလည်း အားလုံး ကင်းကင်းရှင်းရှင်းနဲ့ နိုင်ငံ့ တာဝန်ကို ပီပီပြင်ပြင် လုပ်ရေ။ တကယ်လို့ ၀န်ထမ်းလခနဲ့ မလောက်ခဲ့ကေ ငါ ဇာပိုင် ရပ်တည်ဖို့လဲ၊ ၀င်လိုက်ရေ အချိန်မှာလဲ ငါနဲ့ ဖြစ်ဖို့လား ဆိုစွာက စိတ်ထဲမှာ ဇဝေဇ၀ါ။ မတင်မကျနန့်။ ယင်းပိုင်ပဲ ၀န်ထမ်းဘ၀ထဲမှာ နီရေ၊ နှစ်ဖက်မိဘက အားလုံး ကျောထောက်နောက်ခံ အဆင်ပြေရေ အတွက်ကြောင့် ရရေလခနဲ့ (အမျိုးသားလဲ ၀န်ထမ်း၊ ကျွန်မလဲ ၀န်ထမ်း) ရရေလခနဲ့ လုံလောက်အောင် နီလို့ရရေ။ သူလဲ ၀န်ထမ်းဘ၀နဲ့ အကျိုးအမြတ်မရှာ၊ ကျွန်မလဲအကျိုးအမြတ်မရှာ။ ၀န်ထမ်းဘ၀မှာ အလုပ် လုပ်နီရင်းနဲ့ ဟိုပြောင်းဒီရွှေ့ ဆိုစွာတိ လုပ်လာရရေ။ ပတ်ဝန်းကျင်မှာ အမျိုးမျိုးသော အခက်အခဲတိကို ကြုံရရေ။ ကျွန်မ ၀န်ထမ်းဘ၀နဲ့တော့ ရေရှည် ရပ်တည်လို့ မရယာ ဆိုပနာ ၉၀ ခုနှစ် ကတည်းက စီးပွားရေးကို တွဲလုပ်ရေ။ ကိုယ် လုပ်နီရေ စီးပွားရေးက စိတ်ချရလောက်ရေ အနီအထား ခြေထောက်ပေါ်မှာ ရပ်နိုင်ရေဆိုရေ အခြေအနီကိုရောက်တော့ ၉၅ မှာ အလုပ်က ထွက်လိုက်ရေ။”

အမှန် နှုတ်ထွက်ရေ အချိန်မှာတော့ လွယ်လွယ်ကူကူ ထွက်ခွင့်ရခစွာမဟုတ်ဘဲ ပီးဆပ်မှုတိ၊ ဆုံးရှူံးမှုတိလည်း ရှိခရပါရေ။

“အလုပ်ကထွက်ရေအချိန်မှာ ကျွန်မမှာ တရာရုံးချုပ် ရှေ့နေလိုင်စင်ရှိရေ။ ယင်း တရားရုံးချုပ် ရှေ့နေလိုင်စင်ကို စွန့်လွှတ်ပြီးမှရာ ထွက်ခွင့်ရရေ။ ဇာကြောင့်လဲဆိုကေ ကျွန်မယောက္ခမက နိုင်ငံရေးသမား ဖြစ်နီလို့။ အခုအချိန်ထိလဲ ကျွန်မပြန်မလျှောက်ရသိ့။ ဒေချင့်က ကျွန်မရို့ မိသားစုမှာ ကြုံရရေ အခက်အခဲပေါ့။”

ဝန်ထမ်းအဖြစ်က နှုတ်ထွက်ပြီးရေအခါ မွေးရပ်မြေ ကျောက်ဖြူကို အခြေခံပနာ လုပ်ငန်းတိထူထောင် လုပ်ကိုင်ခဲ့ပါရေ။ အဝေးပြေး ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း၊ ပွဲရုံလုပ်ငန်း၊ ဆေးလိပ် လုပ်ငန်းတိကို ဆယ့်ငါးနှစ်ကျော် ကြိုးစားလုပ်ကိုင်ပြီးရေ အချိန်မှာတော့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်နိုင်ရေ အခြေအနီအထိ တိုးတက်လာခဲ့ပါပြီ။ အဲ့ဒီအချိန် ၂၀၁၀ ၀န်းကျင်မှာပဲ ကျောက်ဖြူမြို့မှာလဲ အပြောင်း အလဲတိ ဖြစ်လာခဲ့ပါပြီ။ ဒေသ စီးပွားရေးအခွင့်အလမ်းတိ၊ လုပ်ပိုင်ခွင့်တိကြောင့် နိုင်ငံခြားသားတိ အ၀င်အထွက်များရေ ဒေသတခု ဖြစ်လာခပါရေ။ ယင်းအခါ ကျောက်ဖြူ လိုအပ်ချက်၊ ဒေသခံတိ ရရှိလာနိုင်ရေ အလုပ်အကိုင် အခွင့်အလမ်း၊ သမားရိုးကျ နီထိုင်ကြရေ လူမှုဝန်းကျင်ရဲ့ နီထိုင်မှုပုံစံ အားနည်း ချက်တိ သတိပြုမိပနာ ကျောက်ဖြူမြို့ပေါ်မှာ တခါမှ မရှိဖူးသေးရေ လုပ်ငန်းအသစ်တခုကို တည်ထောင်ဖို့ ဖြစ်လာခပါရေ။ ကျောက်ဖြူမြို့ နာရီစင်နားမှာ Summit Center အမည်နဲ့ Shopping Center (ကုန်တိုက်) တခုတည်ရှိပြီးအဲ့ဒီ Center ကလည်း ကျောက်ဖြူမြို့ရဲ့ တခုတည်းသော ဈေးဝယ်စင်တာ ဖြစ်ပါရေ။

“စင်တာတခုကိုတည်ထောင်ဖို့၊ ပြီးကေ မြို့ကိုလာရေ လူတိမှာရော၊ မြို့က လူတိမှာရော အပြောင်းအလဲတခုပေါ့၊ ဒေ အပြောင်းအလဲက ဇာလဲဆိုကေ ကိုယ့်ဒေသ တိုးတက်ရာ တိုးတက်ကြောင်း အပြောင်းအလဲကို ဖြစ်စေချင်ရေ။ အားလုံးအတွက် အဆင်ပြေလွယ်ကူဖို့ စနစ်တခု ဖြစ်လာကေ နီထိုင်မှု ပုံစံ Life Style တခုပြောင်းလားအောင် ဆိုပနာ့ ဒေချင့်ကို ကြိုးစားပြီးလုပ်ရေ။ ကိုယ့်ဘက်က ရုန်းကန်ရစွာတိ၊ ကြိုးစားရစွာတိ၊ ရင်းနှီးမြုပ်နှံရစွာတိ အများကြီးပါ။”

ဒေလုပ်ငန်းတည်ထောင်ရေ ရည်ရွယ်ချက်မှာ ကိုယ်ပိုင်စီးပွားရေး အကျိုးအမြတ်ထက် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းဖြစ်စေဖို့၊ ကျောက်ဖြူဒေသ၏ အရင်းအမြစ်တိကို အသုံးချပနာ စီးပွားရေးလုပ်ငန်းတိဖြစ်လာစီဖို့၊ လုပ်ငန်းလုပ်ကိုင်လိုသူတိ၏ နည်းပညာ လိုအပ်ချက်တိကို ကူညီဖြည့်ဆည်းပီဖို့ ဆိုစွာတိလဲ ပါဝင်ပါရေ။

“အလုပ်အကိုင်အခွင့်အလမ်းပဲ လူတိုင်းက လိုချင်ရေ။ အဓိကအချက်က ဒေချင့်ပဲ။ အလုပ်အကိုင် အခွင့်အလမ်းတိ ပေါ်ပေါက်လာဖို့အတွက် အပြင်က လူတိ၊ လုပ်ငန်းကြီးကြီး လုပ်နိုင်ရေလူတိ၊ ငွေရင်း ငွေနှီးများရေ လူတိ၊ လာပါ၊ လုပ်ပါ။ ဒေပိုင်ပဲ ကိုယ့်အရပ်ဒေသမှာရှိရေ၊ တိမ်မြုပ်နီရေ အလုပ်တိ၊ မွမ်းမံပနာ ကုန်ချောထုတ်နိုင်ရေစွာတိ၊ အေစွာတိကို ထုတ်ဖော်ပေးလိုက်မယ်ဆိုကေလဲ ကျွန်မရို့မှာအခြေခံ သဘာဝ ကုန်ကြမ်းတိရှိပါရေ။ သယံဇာတတိစွာ နည်းတော့ နည်းနီဗျာလ်၊ ယေလေ့ မပျောက်ဆုံးသိ့။ ဒေသယံဇာတတိ မပျောက်သေးခင်မှာ၊ ဒေသယံဇာတတိကို အခြေခံပနာ ကျွန်မရို့က ကုန်ထုတ်လုပ်ငန်းတိ လုပ်နိုင်ရဖို့။ နည်းပညာနန့်  ဘဇောင် လုပ်နိုင်ဖို့လဲဆိုစွာ ကျွန်မရို့ဘက်က လေ့လာနိုင်ရဖို့။ ယင်းအတွက် ပညာပေးဖို့လိုရေ။”

ရည်ရွယ်ချက်တိကို အကောင်အထည်ဖေါ်ဖို့ ကြိုးစားရေအခါမှာတော့ တယောက်တည်းကြိုးစားစွာထက် အဖွဲ့တစ်ခုတည်ထောင်ပနာ ကြိုးစားစွာက ပိုထိရောက်ဖို့လို့ ယူဆရေအတွက် ၂၀၁၇ နှစ်ကုန်ပိုင်းမှာ လုပ်ဖော်ကိုင်ဖက်၊ ငယ်သူငယ်ချင်းတိကို စည်းရုံးပနာ သန္တာမြေဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို တည်ထောင်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပညာပေးလှုပ်ရှားမှုတိ၊ လုပ်ငန်းစတင်သူတိကို ကူညီပေးရေ အလုပ်တိကို ဆက်တိုက် တခုပြီးတခုလုပ်နိုင်ခပါရေ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ ဘိုးဘွားရိပ်သာ ကူညီထောက်ပံ့ရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပညာပေး၊ ဒေသထွက်ကုန် အသေးစားလုပ်ငန်းတိ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ဝင် စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်းတိကို ဆက်တိုက်ပြုလုပ်လာနိုင်ခပါရေ။ အထူးသဖြင့် မိသားစုမှာ အရေးပါရေ အိမ်ရှင်မတိကို အခြေခံပနာ လုပ်ငန်း လုပ်ကိုင်လာနိုင်အောင် ဦးတည်ဆောင်ရွက်ခစွာပါ။

“ကိုယ့်မှာ ရင်းနှီးရေ ပတ်ဝန်းကျင်၊ ကိုယ်နဲ့ အတူတူရှိစွာက အမျိုးသမီးအုပ်စု။ ဒေအမျိုးသမီးတိကလည်း တကယ်ကို ပညာတတ်အုပ်စုတိ။ သူရို့တိမှာလဲ နှစ်အဆက်ဆက် လုပ်ငန်းခွင်ထဲမှာ လုပ်လာရေ အတိ့အကြုံတိရှိရေ။ နီရာဒေသပေါင်းစုံကို ရောက်ဖူးရေ။ ကျွန်မရို့ တက္ကသိုလ်တက်ရေအခါက Hostel Life (အဆောင်နီကျောင်းသူဘ၀) အပြည့်အစုံရှိခဖူးရေ။ အရပ်ဒေသပေါင်းစုံက လူပေါင်းစုံနဲ့ ပေါင်းတတ်ရေ။ ယဉ်ကျေးမှုပေါင်းစုံကို ကျွန်မတို့တွီ့ရရေ။ ဒေချင်တိ့ကို အခုခေတ် လူငယ်တိကို သင်ပေးသင့်ရေ အချက်တိ။ ကျွန်မတို့ တွေ့ရရေ အထဲမှာ အဆိုးဆုံးဖြစ်နီရေ အချက်က ဇာလဲဆိုကေ တဖက်စွန်းရောက်နီရေ အယူအဆတိ။ ကကောင်းဆိုးရေ။ ကျွန်မရို့ရေ အစွန်းရောက်ရေ ဆိုစွာထက် သမာသမတ်ကျကျ အားလုံးကို မှန်မှန် ကန်ကန် တွေးခေါ်မြှော်မြင်ပြီးတော့ ကိုယ့်မြို့ရွာ ဇာပိုင် တိုးတက်ဖို့လဲဆိုရေ စိတ်ထားရှိရဖို့။ ဒေချင့်ကမှ ကိုယ့်မြို့ကိုရော ကိုယ့်လူမျိုးကိုရော ကိုယ့်အရပ်ဒေသ ကိုယ့်ပြည်နယ်တခုလုံး အမှန်တကယ် ဆောင်ကျဉ်းပီးနိုင်ရေ လမ်း။ ကျွန်မ ပြန်စဉ်းစားကြည့်ရေခါ တစ်ဦးတည်းလုပ်ရေ ဆိုစွာထက် အဖွဲ့အစည်း တရပ်အနီနဲ့ လုပ်လိုက်ရေ အခါကျကေ ကျွန်မ လက်လှမ်းမမီရေ ကျန်ရေနီရာတိကိုပါ ဒေစွာရောက်လားနိုင်ရေ ဆိုပနာ ကျွန်မကအဖွဲ့ဖွဲ့ဖို့ မဖြစ်မနီ ကြိုးစားရေ။ ကြိုးစားတော့ ၂၀၁၇ ဒီဇင်ဘာ ၁၈ ရက် ဆိုင်သက်တမ်း တနှစ်ပြည့်ရေနီ့မှာ ဒေအဖွဲ့ကိုအကြမ်းဖျဉ်းစပြီးဖွဲ့ရေ။ ဖွဲ့ပြီးတော့ တရားဝင်မှတ်ပုံတင် လျှောက်ရေ။”

ဖောင်ဒေးရှင်းကိုဖွဲ့စည်းနိုင်ဗျာလ် ဆိုစွာနဲ့ အထူးသဖြင့် လူငယ်တိအတွက် ပညာရေးနဲ့ စီးပွားရေး အခွင့်အလမ်းတိ ရရှိနိုင်ဖို့ ချက်ခြင်း အကောင်အထည်ဖော်နိုင်ပါရေ။ ဘာသာရပ်ဆိုင်ရာ ပါမောက္ခတိ ဖိတ်ခေါ်ပြီးကေ ဟောပြောပို့ချပေးစွာ၊ ဒေသထွက်ကုန် အစားအသောက်တိ အဆင့်မီ ထုတ်လုပ်နိုင်ဖို့နဲ့ ဈေးကွက်ဝင်ဖို့ ကူညီပေးစွာ၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စားသုံးသူကာကွယ်ရေးဥပဒေ ပညာပေး ဆောင်ရွက်စွာနဲ့ အပတ်စဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာပေး လှုပ်ရှားစွာတိကို လုပ်ကိုင်နီကြပါရေ။ သူ တည်ထောင်ရေ သန္တာမြေဖောင်ဒေးရှင်းမှာ ဦးဆောင်သူတိ အားလုံးက ပညာတတ် အမျိုးသမီးအငြိမ်းစား အရာရှိကြီးတိနဲ့ အငြိမ်းစားဆရာမတိဖြစ်ကြပါရေ။ ဦးဆောင်သူ အမျိုးသမီးကြီး ၂၀၊ အဖွဲ့ဝင် ၅၀ ကျော်နဲ့ ဖွဲ့စည်းရေ သန္တာမြေဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကတော့ နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားရေးကျောထောက် နောက်ခံလုပ်ရေ အဖွဲ့အစည်းတခုမဟုတ်ဘဲ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး နီထိုင်မှုပုံစံ ဖွံ့ဖြိုးလာရေးအတွက် လွတ်လပ်စွာ လုပ်ကိုင်နီရေအဖွဲ့တခုဖြစ်စွာက ထူးခြားနီပါရေ။

“ဆိုခါ မိန်းမတိ ဇာဖြစ်လို့ ဒေပိုင် ဦးစီးပနာ လုပ်ကတ်လဲ။ မြန်မာပြည်မှာ အမျိုးသမီးဦးရေစွာ ငါးဆယ်ရာခိုင်နှုန်းကျော်ပါရေ။ ဒီငါးဆယ်ရာခိုင်နှုန်းကျော်သော လူတိက ကိုယ့်မှာရှိရေ ကိုယ်စွမ်း ဉာဏ်စွမ်းတိကို စိုက်ထုတ်ပြီး လုပ်ပေးလိုက်ကေ တိုင်းပြည်က မနည်းတိုးတက်လာဖို့။ ဒေငါးဆယ် ရာခိုင်နှုန်းကျော်သော မိန်းမတိက ငါရို့က မိန်းမပဲ ယောကျာ်းတိ နောက်တန်းမှာ နီဖို့ဆိုကေ တိုးတက်ဖို့နှေးလားဖို့။”

ဆရာမဒေါ်သင်းသင်းက သူကိုယ်တိုင်လဲ အောင်မြင်အောင် ကြိုးပမ်းနိုင်ခဲ့ရေပိုင် သူ့ပါတ်ဝန်းကျင်၊ သူ့မျိုးဆက်၊ လူမှုအသိုင်းအ၀ိုင်းတခုလုံး အတွေးအခေါ် အမူအကျင့်တိ ပြောင်းလဲလာဖို့ မျှော်လင့်ချက်တိ သူ့ ယုံကြည်ချက်တိ အတိုင်းဖြစ်လာနိုင်အောင် ကြိုးပမ်းနီဆဲပါ။

“မှန်မှန်ကန်ကန် အတွေးအခေါ်မရှိကေ ဒေစွာရေ ဇာချင့်လဲဆိုကေ ရှေ့ကလားရေ လူတိက အတွေးအခေါ်အမှားတခုကို ထည့်ပေးလိုက်ကေ နောက်ကလိုက်လာရေ လူတိရေ ယင်းအတွေးအခေါ် အမှားနောက်ကို လိုက်သွားကတ်ကေ လူမျိုးအားလုံးဒုက္ခရောက်လားဖို့။”

 38 total views,  2 views today