ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေသမတည် မငြိမ်မှုများရေ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတိ တဖြည်းဖြည်း ရှားပါး လာနေပြီးကေ စားဝတ်နေရေးစွာ အခြေခံ လူတန်းစားတိအဖို့ တိုက်ပွဲတစ်ရပ်အသွင် ကူးပြောင်းလာခပါရေ။ ဒေပိုင်အခက် ခဲတိကြောင့် လူတိစွာ ရရာ လုပ်ငန်းခွင် ပြီးဝင်ပနာ ဝမ်းရေးအတွက် တိုက်ပွဲဝင်ကတ် ရပါရေ။

ယေလေ့သင့် ဒေသအခြေအနေအလိုက် လုပ်ကိုင်ရပြီးကေ အစိုးမရရေ လုပ်ငန်းခွင် အများစုမှာ အလုပ်တိ ရပ်နားခစွာ၊ ပုံမှန်မလုပ်ကိုင်ရစွာတိကြောင့် အခုနောက်ပိုင်း စစ်တွေမြို့ပေါ်က အခြေခံလူတန်းစား တိစွာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ယာ အားသန်လာကတ်ပါရေ။

သူရို့ အားသန်လာကတ်တေ ယင်းကိုယ်ပိုင်လုပ်ငန်းစွာဆိုကေ ဖေ့သာ အရင်းအနှီးလည်းမများ၊ အရောင်းလည်း သွက်တေ လမ်းဘေး ကွမ်းယာဆိုင်ချေယာ ဖြစ်ပါရေ။ နယ်က တက်လာရေ ကိုမောင်လုံးချေရို့ ဇနီးမောင်နှံစွာ လည်း ကွမ်းယာ ရောင်းနီကတ်စွာပါ။

“နယ်ဖက်တိမှာက အလုပ်အကိုင်အဆင်မပြေ။ ယင်းကြောင့် အိမ်ထောင်ကျလို့ နှစ်လလောက်နီစွာနဲ့ စစ်တွေမြို့မှာ လုပ်စားဖို့ဆိုပနာ ပြောင်းလာခစွာ။ အိမ်ငှားခတစ်လကို ၂ သောင်း၊ ၂ သောင်းခွဲကနီ ၄ သောင်းထိဖြစ်လာရေ။ ဒေပိုင်နဲ့ ၂ နှစ်ကျော်လောက်နေခရေ။ ကုန်တန်းက သိန်းသန်းအောင်ဆိုင်မှာ လက်သမားလုပ်တေ။ ကျီးဘောင်။ ယင်းချင့်လုပ်နီရင်း ကွမ်းယာဆိုင်တစ်ဆိုင်တည်လိုက်တေ။” လို့ ကိုမောင်လုံးချေက ပြောပါရေ။

နယ်ဖက်မှာ အလုပ်အကိုင်အဆင်မပြေခရေ ကိုမောင်လုံးချေရို့ ဇနီးမောင်နှံစွာ ဇာတိမြောက်ဦးနယ်ကနီ ပြီးခရေ ၄ နှစ်လောက်က အိမ်ထောင်ကျခါစမှာ မယောင်မလည်နဲ့ ပြောင်းရွှေ့ လာခကတ်ပြီးကေ စစ်တွေမြို့မှာ ကျဘန်း လုပ်ကိုင်ရင်း ဘဝတိုက်ပွဲကို ကျော်ဖြတ်လာကတ်စွာပါ။

“အိမ်ထောင်ကျပြီးမှ လင်မယားနှစ်ယောက်တည်းပြောင်းလာကတ်စွာ။ တစ်နှစ်လောက်နီခါ ဘာဘာက ကင်ဆာနဲ့ ဆုံးလားရေ။ အကေ မေမေကို ဒေကိုခေါ်ထားလိုက်တေ။ မြောက်ဦးမှာလည်း ညီအကိုမောင်နှမတိ သူ့ရွာနဲ့ သူရှိကတ်တေ။ ကိုယ့်ရွာမှ အစ်မနှစ်ယောက်ရှိ ရေ။ တစ်ယောက်ကတော့ စစ်တွေကိုပြောင်းလာယာ။”

မြို့ကြီးပြကြီးကို စရောက်ချိန်စွာ သူရို့အတွက် ရွှေရည်ဆန်းရေ နိန့်ရက်တိတော့ မဟုတ်ခပါ။ အိမ်ထောင် ဦးစီးဖြစ်တေ ကိုမောင်လုံးချေစွာ နိန့်စားလက်သမားလုပ်ကိုင်ခပနာ ရစွာချေနဲ့ ဝအောင်စား၊ ရှိစွာချေနဲ့ လှအောင် ဝတ်နီခကတ်ရပါရေ။

“ကိုမောင်လုံးချေက အကိုက မိုးထစောစောကြီး ထွက်လားကေ ယင်းသူက ကိုးနာရီ၊ ဆယ်နာရီဆိုကေ ရောက်လာရေဆိုကေ လူလဲ လိုက်တေ။ တစ်ချက်ချေ အိမ်ကိုလာလိုက်တေ။ ပြန်လားရေ။ ယင်းသူက ထမင်းချက်ဖို့ ဝင်လာရေ။ စားလို့သောက်လို့ပြီးလို့ ၂ နာရီလောက်မှ ဆိုင်ကိုရောက်တေ။ ပြီးမှ ကို ဝင်ရေ။ လို့” ပြောပါရေ။

အလုပ်သမားဘဝနဲ့ယာ နီလို့ စားဝတ်နေရေး မဖူလုံနိုင်လို့ ဆိုစွာကို နားလည်ထားရေ သူစွာ လက်သမား လုပ်နီရင်းနဲ့ ကိုယ်ပိုင် လုပ်ငန်းချေ လုပ်ကိုင်နိုင်ဖို့ ကြိုးစားပါတော့ရေ။ ဒေပိုင်နဲ့ စစ်တွေမြို့ကို ရောက်လို့ တစ်နှစ်ကျော်လောက် အကြာမှာ ပလုတ်တောင်လို့ လူသိများကတ်တေ ရပ်ကွက်က ထောင့်စွန်းချေ တစ်ခုမှာ ဆိုင်အငယ်ချေဖွင့်နိုင်ခပြီးကေ ကွမ်းယာနဲ့ ဆေးလိပ်တိ စရောင်းချခပါရေ။

“ကိုယ့်မှာမရှိကေ သူများဘားက ချေးငှားလို့ အဆင်ပြေအောင် လုပ်ရရေ။ ပြန်ရလာကေ ဆပ်လိုက်တေ။ ကွမ်းဆေးဗူးတိ အစစအရာရာဈေးတက်လာရေ။ ဆိုကေ တစ်ယာကို ငါးဆယ်ရောင်းနီစွာ။ နှစ်ရာဖိုး သုံးယာရောင်းရရေ။ ဒေပိုင်ရောင်းခါက အရောင်းပါးလားရေ။ ပါးလို့ တစ်ယာကို ငါးဆယ်နဲ့ရာ ပီးနီရရေ။ အရောင်းက ပါးလွန်းခါ။ ထွက်နိုင်ဖို့လိုရေ။ ပစ္စည်းဝယ်ထားစွာနဲ့ လည်ပတ်ဖို့လိုရေနန်းရာ။” ဒေချင့်က ကိုမောင်လုံးချေ ဇနီး မနွယ်နွယ်ဦးက အခက်ခဲတိအကြောင်း ပြောပြလားစွာပါ။

ပထမရည်မှန်းချက် ပြည့်မြောက်ခကေလည်း သူရို့အဖို့ ကြီးမားရေ အခက်အခဲတစ်ခု ရှိနီခပါသိရေ။ ယင်းချင့်က သူရို့မှာ ကိုယ်ပိုင် နီအိမ်ချေတစ်လုံး မရှိစွာပါ။ ယင်းကြောင့် သူရို့ဇနီးမောင်နှံ လုပ်လို့ရရေ ရှိစုမဲ့စု လုပ်အားခချေတိစွာ တစ်လထက်တစ်လက် ကြီးလာနီရေ အိမ်ခန်းငှား စရိတ်တိအဖြစ် အချိန်အင်တန် ကြာအောင် နေရာ ယူထားခပါရေ။

ဒေပိုင်နဲ့ သူရို့ဇနီးမောင်နှံစွာ အိမ်ချေတစ်လုံးရဖို့ ကြိုးပမ်းရပြန်ပါတော့ရေ။ အကေလေ့ လက်မဲကြီးတိ အုပ်စိုး ထားရေ စစ်တွေမြို့၏ အိမ်ယာမြေဈေးကွက်က သူရို့ပိုင် အညတရတိအတွက် မိုးနဲ့မြေပိုင် ကွာခြားနီခပြီးကေ ဂရမ်ပါရေ မြေတစ်ရပ်ကွက် ရဖို့ဆိုစွာ သာမန် လူတန်းစားတိအတွက် သိန်းထီဆုကြီးပေါက်မှ ရပါလိမ့်မယ်။

ကံကောင်းထောက်မစွာနဲ့ ရွှေ့ပြောင်းလုပ်သားတိ အနီများကတ်တေ စစ်တွေမြို့က ကျူးကျော်ရပ်ကွက်မှာ ချွဲနဲစာ ဖေ့သာချေ ၆ သိန်းကျော်နဲ့ တဲသာသာ အိမ်ချေတစ်ဆောင်ခရေလို့ မနွယ်နွယ်ဦးက အခုပိုင်ပြောပြပါရေ။

“အိမ်လခ တစ်လထက်တစ်လတက်လာရေ။ နေစ က ဆိုကေ တစ်လကို ၂ သောင်းနဲ့ရရေ။ သူရို့မှာ အခန်းတိ ယတိပြင်လိုက်ခါ တစ်လကို ၃ သောင်းပီးလာရရေ။ နောက်တစ်လဆို ၄ သောင်းပီးလာရရေ။ ဆိုခါ အခက် အခဲတိက အများကြီးရှိလာရေ။ အလုပ်အကိုင်ကလည်း နှစ်ယောက်လုံးလုပ်စွာတောင် အဆင်မပြေ။ အိမ်လခ ပီးရရေ။ စားစရိတ်ကလည်း တက်လာရေ။ ဆီဆားငရုတ်ဝယ်ရစွာတိလည်း ခက်ခဲလာရေ။ နောက်ခါ မနီယာလို့ ထွက်လာရေ။ သူများအိမ်ရာမှာ ကပ်ခိုပြီးကေ တစ်နှစ်နီခရ ရေ။ နောက်နှစ်မှ ဒေအိမ်ယာကို ဝယ်လိုက်စွာ။”

မောင်တစ်ထမ်း၊ မောင်တစ်ရွက်နဲ့ ဘဝ၏တာဝန်တိကို တစ်ယောက်တစ်လှည့်သယ်ပိုးကတ်ပနာ အခုဆိုကေ ရွှေသမီးချေတစ်ယောက် ပိုင်ဆိုင်ထားကတ်ပါယာ။

တစ်ခြားတစ်ဖက်မှာလည်း ကိုဗစ်နိုင်တင်းကလည်း ဝင်နှောက်လာခလို့ လသား အချေတစ်ဖက်နဲ့ ဆိုင်ထွက် ရောင်းနီရေ မနွယ်နွယ်ဦးက စိုးရိမ်ခရပါသိရေ။

“စိုးရိမ်စရာတော့ရှိရေ။ ကိုရို့က လူတစ်ရာနဲ့ ဆက်ဆံနီရလို့ စိတ်ပူစွာတော့ရှိရေ။ ကိုယ့်မိသားစု အသိုင်းအဝိုင်းက ကြည့်ပြန်ကေလည်း မရှိဆင်းရဲရေအချိန်ဖြစ်လို့ ဒေပိုင်ရောင်းစားနီရစွာလေ။ သူများနဲ့ အကွာအဝေးနီရရေ။ သူရို့ထလားရေနောက်ပိုင်းမှာလည်း ကိုရို့က အိမ်လှည်းလှည်းရေ။ နှာခေါင်းချုပ် တပ်ထားရေ။”

ပြည်တွင်းအာဏာသိမ်းမှု ပေါ်ပေါက်ပြီးရေနောက် ရခိုင်ပြည်နယ်အတွင်း စီးပွားရေး ကျပ်တည်းမှုတိကို အကြီးအကျယ် ရင်ဆိုင်နီရစွာပါ။ ဒေပိုင်အကြပ်အတည်းတိကြားထဲက ကိုမောင်လုံးချေရို့ ဇနီးမောင်နှံ ရရှိလာရေ အမြတ်နှုန်းတိကို တစ်နိန့်ထက် တစ်နိန့် တက်လာနီရေ ဈေးနှုန်းမြင့်မားမှုကယာ သိမ်းယူ နီပါတော့ရေ။

 91 total views,  2 views today