ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

စာရေးဆရာကြီးး Noah Gordon ၏ El Medico ဆိုရေ ဝတ်ထုကို အသက်သွင်းရိုက်ကူးထားရေ “The Physician” ဇာတ်ကားထဲက အဓိကဇာတ်ကောင် ရောဘတ်ကိုးလ်စွာ အင်္ဂလန်နိုင်ငံမှာ မွီးဖွားခရေ ခရစ်ယာန်ဘာသာဝင် တစ်ယောက်ပါ။

ကပ်ရောဂါကြောင့် မိခင်ကို ဆုံးရှုံးလိုက်ရပနာ ညီအစ်ကိုမောင်နှမတိ တကွဲတပြား ဖြစ်ခရရေ သူစွာ နယ်လှည့် ဆီးသမား တစ်ယောက်ဘားမှာ ကြီးပြင်းခပါရေ။ တစ်နိန့်မှာ သူ၏ဆရာစွာ မျက်စိကွယ်လားလို့ ဂျူးတိဘားမှာ လားရောက် ကုသရင်း ဆီးအတတ်ပညာကို ကမ္ဘာတစ်ဖက်ခြမ်းက ပါရှားနယ်မှာ လေ့လာနိုင်​ရေလို့ သိခရပါရေ။

ဘာသာရေး အစွန်းရောက်တိ နီထိုင်ရေ ယင်းနယ်မြေမှာ ခရစ်ယာန် ဘာသာဝင်တိကို တားမြစ်ထားပါရေ။ လူမျိုးမှန်ကို သိလားစွာနန့် အချိန်မရွေး ကွက်မျက်ခံရနိုင်ပါရေ။ ယင်းကြောင့် ယင်းပညာရပ်ကို လေ့လာဆည်းပူးဖို့ စိတ်အားထက်သန်နီရေ​ ရောဘတ်စွာ ဂျူးလူမျိုးယောင်ဆောင်ပနာ လားခရရေ အဖြစ်အပျက်ပါ။

ကျွန်တော်ရို့ ပတ်ဝန်းကျင်မှာလည်း ၁၁ ရာစုကို အခြေခံထားရေ ဒေဇာတ်ကားထဲက ရောဘတ်ကိုးလ် ပိုင် ဟန်ဆောင်ပြီးကေ လားရရေ သူတိ ရှိနီပါရေ။သူရို့စွာ ကမန်တိုင်းရင်းသားတိဖြစ်ပြီးကေ ဘာသာရေးအပေါ် အခြေခံရေ ထိလွယ်ရှလွယ် အသိုက်အဝန်းနှစ်ခုကြားက ပဋိပက္ခမှာ ပဲလှော်ကြား ဆားညှပ် ပါလားသူတိယာ ဖြစ်ပါရေ။

ပြောရဖို့ဆိုကေ ဇာတ်ကားထဲမှာပိုင် ကမ္ဘာတစ်ဖက်ခြမ်းကိုလားစွာ မဟုတ်ဘဲ မိမိရို့ မွီးရပ်မြီမှာတောင် လွတ်လပ်စွာ လားလာခွင့်မရဘဲ ဆုံးရှုံးနီရစွာပါ။ ကိစ္စတစ်ခုခုကြောင့် မြို့ထဲလားဖို့ဆိုကေ သူရို့ နီရပ်နဲ့ လူမျိုးမှန်ကို မပြောမိဖို့ ကြိုတွေးထားရပါရေ။ လူတိရိပ်မိလားယာဆိုစွာနဲ့ မလိုလားအပ်တေ ပြဿနာတိ စ ဖြစ်လာစွာပါယာ။

“ဇာပိုင်ပြောရဖို့လဲ ကမန်လား။ ကုလား လား ဆိုစွာကို သေသေချာချာကြီး မျက်နှာကြည့်ပြီးကေ မီးစွာ၊ စစ်စွာတိရှိရေ ။”လို့ အလားတူဖြစ်ရပ်ကို ကြုံဖူးရေ ကမန်လူမျိုး ဦးထွန်းခင်က ပြောပါရေ။

အမှန်က ၂၀၁၂ မှာဖြစ်ခရေ ပြဿနာစွာ ရခိုင်တိနဲ့ မွတ်ဆလင် အသိုက်အဝန်းကြားက ကိစ္စရာဖြစ်ပြီးကေ ကမန်တိနဲ့ လားလားမှ မဆိုင်ပါ။ အကေလေ့ ယင်းအချိန်က အာဏာရ အစိုးရ၏ အစ္စလာမ်ဘာသာ ကိုးကွယ်ရေ ဆိုရေ ခေါင်းစဉ်အောက်မှာ ပါလားခရစွာပါ။

လူနည်းစုကမန်တိ စွာ အစ္စလာမ်ဘာသာ ကိုးကွယ်ကတ်တေ ဆိုကေလေ့ ရုပ်ရည်၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဓလေ့ ထုံးတမ်း အားလုံးနီးပါးစွာ ရခိုင်တိနဲ့ အလားတူပါယာ။ မြန်မာနိုင်ငံထဲက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ လည်း ကမန်တိ ပါဝင်ရေပိုင် ရခိုင်မျိုးနွယ်စုဝင်လည်း ဖြစ်ပါရေ။ ရခိုင်ပြည်နယ်မှာ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်(သက္ကမ) စရေ လူမျိုးစုတိနဲ့ အတူ နှစ်ပေါင်းများစွာ ယှဉ်တွဲ နေထိုင်လာခကေလေ့ ၂၀၁၂ အလွန်မှာက သူရို့ဘားကို ယင်း အတားအဆီးကြီး ရောက်ရှိလာခပါရေ။ ယင်းအတားအဆီးစွာ အချေတစ်ယောက်ယာ ဆိုကေ လာဖို့နှစ်မှာ ၁၀ နှစ်တင်းတင်းပြည့်ပါဖို့ယာ။

၁၀ နှစ်တာအတွင်းမှာ ထောင်ကျလားရေ သူတိဆိုကေ ​လွတ်ငြိမ်းချမ်းသွာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာနိုင်ခြေ ရှိကေလေ့ သူရို့တိမှာတော့ အစိုးရ သုံးဆက် ပြောင်းလဲလားချိန်ထိ လွတ်မြောက်ဖို့ နည်းလမ်းမရှိခပါ။ ကျေးရွာတိက လယ်ယာထွက်ကုန်တိနဲ့ရာ ဝမ်းရေးဖြေရှင်းနီခကတ်ရပြီးကေကုန်သွယ်ခွင့်တိလည်း ဆုံးရှုံးခကတ်ရပါရေ။

“ဆီးခန်းလားလို့ ဇာကလဲ မီးးကေ နောက် ရခိုင်ရွာ တစ်ရွာက နာမည်ကို တပ်ပြောပြီးကေ လားခကတ်တေ။ အစ်မ ကိုယ်တိုင်လည်း လားခဖူးရေ။ ဥပမာ-အစ်မရို့နဲ့ နီးစပ်ရေ ဂန့်ဂေါ်ကျွန်း။ မဟုတ်ကေ ကြက်ကိုင်းတန်လို့ ပြောပြီးကေဆေးခန်းပြစွာရှိရေ။ မမရို့ရွာက သက္ကယ်ပြင်ရွာမ ဆိုလို့ရှိကေ ကမန် ဆိုပနာ သူရို့ကအရေးမပီး။ အများကြီးကြုံဖူးရေ။ အစ်မ မောင်ချေတစ်ယောက်ဆိုကေ သက္ကယ်ပြင်ရွာမကဆိုစွာ သိလားရေ။ ရွာမှာ သတ်ပုတ်ကတ်တေအမူဖြစ်ခါ ရဲတိပါလာပြီးကေ ရွာနာမည်ပါ ပြောလိုက်ရရေ လိမ်လို့လည်း မရ။ ဆိုခါ ကုလားတိထားရေ အခန်းမှာ မမရို့ကို ထားလိုက်တေ။”လို့ ကမန်လူငယ် မခင်ခင်သိန်းက ပြောပါရေ။

ပညာရေးအပိုင်းမှာ ဆိုကေ ဒေဆယ်စုနှစ်တစ်ခုအတွင်း လုံးဝ ဆုံးရှုံးခကတ်ပါရေ။ ကျေးရွာတိမှာ စာသင်ကျောင်းတိ ကိုယ်စီရှိကေလေ့အစိုးရက ဆရာ၊ ဆရာမဝန်ထမ်းတိ မချပီးစွာကြောင့် တတ်တေမှတ်တေစေတနာ့ဝန်ထမ်းတိနဲ့ရာ သင်ကြားခကတ်ရရေလို့ ကမန်လူကြီးတိက ပြောပါရေ။

“ကမန်သုံးရွာတက်ဖို့ Volunteer ကျောင်းတစ်ကျောင်းဆောက်တေ။ယင်းကျောင်းမှာ ပညာသင်ကတ်တေ။ သင်လာရေ Volunteer ဆရာဆရာမရေ ကျောင်းသားလောက် အခြေခံမရှိရေ ဆရာ၊ ဆရာမဖြစ်တေ။ ဆိုခါ ကျောင်းသားတိ ပညာမတတ်။ မိဘတိ အနီနဲ့ ကုန်ကျမှုလည်းရှိရေ။ ပညာကလည်း မတတ်။ စီးပွားရေးကလည်း မကောင်း။ အခက်အခဲအမျိုးမျိုနဲ့ အခင်ရို့စွာ ပညာတတ်လူဦးရေစွာ တစ်နိန့်ထက်တစ်နိနိ့ ကျေးရွာအတွင်း လူမျိုးအတွင်းမှာ ပျောက်လု နီးနီးဖြစ်လာရေ။”လို့ ဦးအောင်သိန်းက ပြောပါရေ။

စစ်တွေမြို့နယ်က သက္ကာယ်ပြင်ရွာမ၊ သင်္ဂနက်နဲ့ သာယာကုန်းစရေ ကမန်ကျေးရွာ သုံးရွာမှာဆိုကေ မူလွန်နဲ့ အလယ်တန်းကျောင်း သုံးကျောင်းရှိပြီး ၉ တန်းနဲ့ ဆယ်တန်းကို တွဲဖက်သင်ကြားနီရစွာပါ။ အယင်က အနီးအနားက ကျောင်းတိမှာ ရခိုင်တိနဲ့အတူ တက်ရောက်ခကတ်ရကေလေ့ ဒေနှစ်တိထဲမှာက ရွာမှာယာ စေတနာ့ဝန်ထမ်းတိနဲ့ သင်ခရပြီးကေ စာမေးပွဲဖြေဆိုခွင့် တစ်ခုရာ အနီးအနားမှာ ဖြေဆိုခွင့်ရခကတ်ပါရေ။

သက္ကယ်ပြင် ရွာမကျေးရွာက ဆယ်တန်းကျောင်းသူ တစ်ဦး၏ မိခင် ဒေါ်မခင်သွယ်က သူ့သမီး ဆယ်တန်း ရှူစွာရေ အစိုးရက ပညာရေးဝန်ထမ်းတိ ချမပီးဘဲ ကျေးရွာ အတွင်းက စေတနာ့ ဝန်ထမ်းတိနဲ့ရာ သင်ကြားရစွာကြောင့်လို့ အပြစ်တင် စကားဆိုပါရေ။

“လူတိုင်းကတော့ တစ်ချက်ချေလာရေ လူ့ဘဝကို အခွင့်အရေးရချင်ရေ။ လွတ်လပ်စွာလားလို့။ ဆေးရုံတက်လို့။ လွတ်လပ်စွာ ပညာသင်လို့။ သာယာကုန်း ရွာမှာ ပညာသင်လို့ ကုန်ရေ။ လွတ်လပ်စွာ ပညာသင်ရရေ သူတိမှာပိုင် အစ်မရို့မှာလည်း ကုန်ရေ။ တစ်နှစ်တစ်နှစ် ငွေကုန်စွာ၊ ဝတ်ရေးစားရေး၊ သားသမီးကို လူတောတိုးအောင် ထားရစွာကတစ်မျိုး၊ ကျူရှင်ခ ၄ သောင်း၊ ၅ သောင်းပီးရစွာက တစ်မျိုး။ အကေလေ့ ဆရာမကောင်းတိနဲ့ မကျလို့ ရှူရေ။ စိတ်မကောင်း။ ၁၀ တန်းကို volunteer တိနဲ့ သင်လို့ ရဖို့လား။ သင်တန်းတက်ထားရေ ဆရာမတိနဲ့ သင်ကေတောင် မအောင်ကတ်စွာ။ သား၊ သမီးက ပညာမှာ ထူးချွန်ရေ။ စာကတော်ရေ။ သင်ရစွာ နေရာမကျလို့ ရှူလားရရေ။”

နောက်တခါ ဒေပဋိပက္ခအလွန်မှာ ဆယ်တန်းအောင်ခသူတိ၊ ဘွဲ့ရခသူတိစွာလည်း အလုပ်ကိုင် လျှောက်ခွင့် ပိတ်ပင်ခံခကတ်ရပြီးကေကျေးရွာတိအတွင်း ချိတ်ဆက် လုပ်ကိုင်လာရေအဖွဲ့အစည်းတချို့နဲ့ မိသားစုဘားမှာယာဝိုင်းဝန်း လုပ်ကိုင် ပီးနီးကတ်ရရေလို့ ဆိုပါရေ။

ကျန်းမာရေးကဏ္ဍမှာ ဆိုကေလည်း အလားတူပါယာ။ နီမကောင်းလို့ မြို့ပေါ် ဆီးရုံဆီးခန်းတိမှာ လားရောက် ပြသရေဆိုကေ နာမည်နဲ့ လူမျိုးကို ထုတ်မပြောခင်အထိ အဆင်ပြေနီသေးကေလေ့ ထုတ်ပြောလိုက်ပြီ​ရာ ဆိုစွာနဲ့ စတင်ခွဲခြားခံရယာလို့ ကမန်လူမှုရေး ဆောင်ရွက်နီရေ ဦးထွန်းခင်က ပြောပါရေ။

“ပြည့်သူ့ဆေးရုံကြီးမှာ ကိုယ်တိုင် ခွဲခြားမှု ခံရရေ။အခင်ရို့ကို ကမန် ဆိုစွာနဲ့ ဘင်္ဂလီ အမှောင်ခန်းပို့ပစ်တေ။ တစ်ခါတည်း။ သီးခြားအခန်းကို ပို့ရေ။ ကမန်ဆိုစွာနဲ့ အခင်ရို့ကလည်း ယဉ်းကျေးမှု မတူ၊ စရိုက်မတူ၊ လူမျိုးမတူ။ ပြီးကေ အခင်ရို့က တိုင်းရင်းသား လူမျိူးတစ်မျိုးဖြစ်တေ။ သူရို့နဲ့ တန်းတူထားပြီးကေ ဆေးကုသမှု မခံနိုင်။ အကေအခင်ရို့ ပြန်ဆင်းလာကတ်တေ။ ကိုယ့်ရွာမှာ လက်လှမ်း မှီသလောက်ယာကုရေ။ ကုလို့ မရရေ အဆုံး သေလား၊ ပျောက်လားစွာတိ ရှိရေ။”

ပညာရေးကိစ္စတိနဲ့ ပတ်သက်ပြီးကေ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတိနဲ့ အကြိမ်ကြိမ်တွေ့ဆုံတင်ပြခကေလည်း တစ်ခုလေ့ မထူးခြားခလို့ ကမန်လူကြီးတိက ဆိုပါရေ။ လက်ရှိမှာ လားလာ လှုပ်ရှားခွင့်တိ၊ ကျန်းမာရေ းကဏ္ဍတိမှာ အနည်းချေ ရရှိလာနီယာဖြစ်ကေ​လည်း အစိုးရ အပြောင်းအလဲဖြစ်လားရေ ဒေစာသင်နှစ်မှာလည်း အရင်အတိုင်းယာ ဆက်လားဖို့လား။ ဆရာ၊ ဆရာမတိချပီးဖို့လား ဆိုရေ ကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကို အကြိမ်ကြိမ် ဆက်သွယ်ခကေလည်း လက်ခံဖြေဆိုစွာ မရှိခပါ။

The Physician ဇာတ်ကားထဲက ရောဘတ်ကိုးလ်ပိုင် သူရို့တိကို အင်တာဗျူးမီးပြီးလို့ နောက်ဆုံးအနီနဲ့ ဇာပြောချင်ပါသိလေ့ ဆိုလိုက်ကေ တူညီရေ ဘုံစကားတစ်ခုရှိပါရေ။ ယင်းက တခြားတိုင်းရင်းသားတိ နည်းတူ တန်းတူအခွင့်အရေးရချင်ရေဆိုစွာပါ။

“မြန်မာနိုင်ငံအတွင်းမှာ နီထိုင်ရေတိုင်းရင်းသား လူမျိုးစုချေ တစ်ခုဖြစ်တေ။ အခင်ရို့လူမျိုးစု အနေနဲ့ နိုင်ငံရေးမှာ ပါတီဖွဲ့ပြီးကေ အစိုးရဖွဲ့နိုင်ရေအတိုင်းအထာလည်း မရှိ။ သမ္မတ လုပ်နိုင်ရေ အရည်အချင်းလည်း မရှိ။ ရခိုင်ပြည်အတွင်းမှာနေရေရခိုင် တိုင်းရင်းသားနဲ့ တန်းတူ ရင်ဘောင်တန်းပြီးကေ ပညာရေး လွတ်လပ်စွာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့် အပြည့်အဝရကေအခင်ရို့ လုံလောက်ပါယာ။အခင်ကယင်းလောက်ရာ ပြောချင်ရေပေါ့။”လို့ ပြောရင်း ဦးထွန်းခင်က အဆုံးသတ်လိုက်ပါရေ။

 113 total views,  1 views today