ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေမြို့သားတိစွာ သူရို့ကိုသူရို့ နာရီစင်ကို ခြေကန်ပြီးကေ မွီးလာရေပါဆိုပြီးကေ ဂုဏ်ယူဝင့်ကြွားလေ့ရှိကြပါရေ။အမှန်ကလဲသို့ ဂုဏ်ယူစရာတစ်ခုပါ။စစ်တွေမြို့မှာဟိရေ အထင်ရှားဆုံး သမိုင်းဝင်လက်ရာတိထဲမှာ စစ်တွေမြို့လယ်က သက်တမ်း ၁၃၃ နှစ်ကြာဗျာဖြစ်တေ နာရီစင်ဟောင်းကြီးလည်း ပါဝင်ပါရေ။

ရခိုင်ပြည်နယ်စွာ ဗြိတိသျှနယ်ချဲ့တိ သိမ်းပိုက်မှုအောက်မှာ ရှိခါရေကာလ ၁၈၈၇ ခုနှစ်မှာ ကျရောက်ရေ အင်္ဂလန်ဘုရင်မကြီး ဗစ်တိုးရီး ယား ၇၅ နှစ်မြောက် စိန်ရတု မွေးနေ့အထိမ်းအမှတ်တရ လက်ဆောင်တစ်ခုအဖြစ် ရရှိခစွာ ဖြစ်ပါရေ။ ယင်းအချိန်ခါက ပဲခူးနဲ့ စစ်တွေကို လက်ဆောင် တစ်ခုစီပေးဖို့ ရွေးချယ်ခစွာမှာ ပဲခူးကို စစ်တွေမှာရှိရေ အဆိုပါ နာရီစင်ဟောင်းကြီးကို ပေးဖို့ ပြင်ဆင်ခစွာဖြစ်ပြီးကေ စစ်တွေမြို့အတွက်ကိုက ပဲခူးမြို့ဝင်ဝမှာ အသုံးပြုထားရေ တံတားကို ပေးအပ်ဖို့ ဘုရင်မကြီးက စီစဉ်ခစွာဖြစ်ပါရေ။

အကေလဲ ရရှိလာဖို့ဖြစ်တေ တံတားစွာ စစ်တွေမြို့ကနီ ဆပ်ရိုးကျချောင်းကို ဖြတ်ထိုးဖို့ဖြစ်တေအတွက် ဆန်စက်လုပ်ငန်းရှင်တိနဲ့ တချို့ ကုန်သည်တိက သင်္ဘောအဝင်အထွက်တိ၊ ကုန်တင်ကုန်ချတိ အဆင်မပြေဖြစ်လားဖို့စွာကို စိုးရိမ်လို့ ကန့်ကွက်ခကပ်တေလို့ သိရပါရေ။ ယင်းတွက်နဲ့ နာရီစင်ကိုယာ လက်ခံဖို့ဖြစ်လာခပါရေလို့ အသက် ၆၅ နှစ်အရွယ်ရောက်နေ ဗျာလ်ဖြစ်တေ စစ်တွေမြို့ခံ ဦးစောသာထွန်းက တဆင့်ပြောစကားတိအရ သိခရစွာတိကို မျှဝေလာပီးလိုက်ပါရေ။

“ကျွန်တော်ရို့မှတ်သားခစွာတိက ဘတ်(ဗစ်)တိုးရီးယားဘုရင်မစွာ ၇၅ နှစ်မြောက်အထိမ်းအမှတ် အရ သူ့ကိုလိုနီနိုင်ငံတိထဲက ပဲခူးနဲ့ စစ်တွေကို သူတစ်ခုစီ ပီးဖိုဆိုပြီးကေ လုပ်ခစွာလို့ ကြားရသိရပါရေ။ ယင်းချင့်မှာ စစ်တွေကို ပီးစွာက ချောင်းကူးတံတားလို့ ကြားရပြီးကေ ယင်းချောင်းကူးတံတား ထိုးဖို့နေရာက ဆတ်ရိုးကျချောင်း ဟိုဘက်နဲ့ ဒေဘက်ထိုးဖို့လို့ ပြောပါရေ။ အကေလဲ ယင်းဒီဆတ်ရိုးကျချောင်းကို ထိုးဖို့ဆိုကေ ဆန်စက်ပိုင်ရှင်တိနဲ့ တစ်ချို့က ကန့်ကွက်ခကပ်တေလို့ ကြားသိရပါရေ။ ဇာလို့လဲဆိုကေ သူရို့ ဘက်က စက်တွေ အဝင်အထွက် အဆင်မပြေဖြစ်ဖို့ အတွက်ကြောင့်နဲ့ပါ။ အဆိုပါဆန်စက်တိကို အဝင်အထွက်ရှိရေ စပါးတင်ကပ်တေ စီဘီ တိ၊ သင်္ဘောတိဝင်ဖို့ အခက်အခဲတိ၊ အနှောက်အယှက် ဖြစ်ဖို့ဆိုပြီးကေ ယင်းတံတားကို ငြင်းခကပ်တေလို့ ဆိုပါရေ။ တံတားကိုငြင်းကပ်တေအခါကပဲခူးမှာရရေ နာရီစင်ကို ကျွန်တော်ရို့ စစ်တွေဘက်ကို လွှဲပီးလိုက်စွာဖြစ်တေလို့ ကြားပါရေ။ အေကျွန်တော်ရို့ဘက်ကတံတားကကျကေ ပဲခူးမြို့ဝင်တံတား ဆိုပြီးတော့ကေ ရှိပါရေ။”

စစ်တွေမြို့လယ်မှာရှိရေ နာရီစင်ကြီးကို အင်္ဂလန်နိုင်ငံအခြေစိုက် ဂျွန်စမစ်နဲ့ သားများ နာရီကုမ္ပဏီက တာဝန်ယူတည်ဆောက်ခစွာဖြစ် ပြီးကေ မြင်းဆွဲအားသုံးချိန်ပြီး နာရီအမျိုးအစားလည်း ဖြစ်ပါရေ။ ယင်းနာရီကုမ္ပဏီတိစွာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ ကမ္ဘာ့တစ်ဝှမ်း နာ ရီပေါင်း ၂၀၀ ကျော် တည်ဆောက်ခစွာဖြစ်ပြီးကေ ယင်းနာရီတိထဲမှာ စစ်တွေမြို့က နာရီစင်ဟောင်းလည်း အပါအဝင် ဖြစ်ပါရေ။

လက်ရှိ စစ်တွေမြို့မ ရဲစခန်းခြံဝင်းထဲမှာ ရှိနေရေ အဆိုပါနာရီစင်စွာအရင်က ခြံစည်းရိုး ကာထားရေလို့ ဆိုကေလဲ ဇာရုံးရဲ့ခြံ ဝင်းထဲမှာမှ မဟုတ်စွာကြောင့် လူငယ်တိက လာရောက်ပြီး စွန်တင်စွာတိ၊ အားကစားလုပ်ကြစွာတိ လုပ်ကပ်စွာပိုင် တချို့ကလည်း နာရီမျှော်စင်ထိပ်ကို တက်ကပ်တေလို့ ဆိုပါရေ။

ဦးစောသာထွန်းက “နာရီစင်အပေါ်ကိုကျ မတက်ဖူးပါ။ တက်ဖူးရေလူတိလဲဟိပါရေ။ ကျနော်ရို့မှာကျကေ မိဘအုပ်ထိန်းမှုက (တင်းကြပ်) ကျပ်တေ။ ခွင့်ပြုချက်မရကေ တစ်ခုလဲ မလုပ်ရဖူး။ ယင်းအချိန်ကလည်း ယင်းနေရာမှာ ရဲစခန်းဖြစ်နီယာ အမှတ် ၁ ရဲစခန်းပါ။ တက်ရဲရေ သူတိတက်ကပ်တေ။ ရဲရဲဝံ့ဝံ့လူတိက တက်ကပ်တေ။ ကျနော်ရို့ကျကေ မတက်ဖူးပါ” လို့ ပြောပါရေ။

နာရီမျှော်စင်ထိပ်ကို တက်ခိုက်နဲ့ နာရီခေါင်းလောင်းမြည်ခိုက်နဲ့ တထပ်တည်းကျကေတော့ တာဝါရဲ့ တုန်ခါမှုကြောင့် အောက်ကိုပြုတ်မကျအောင် ဂရုတစိုက်တင်ကိုင်ထားရရေလို့ ဦးစောသာထွန်းစကားကိုဖြတ်ပြီးကေ ဘေးနားမှာထိုင်နေရေ ဦးသိန်းအောင်က သူတက်ဖူးစွာ အကြောင်းကို ဝင်ပြောပါရေ။

“အခင်ရို့ တက်ဖူးရေ။ ယင်းအချိန်ခါက ရဲစခန်းဖြစ်ခယာ။ ရဲသားအောင်ထွန်းသိန်းနဲ့ နေလို့ တက်ဖူးစွာ။ ခေါင်းလောင်း တီးချိန်ဆိုကေ ကိုင်ထားရရေ။ ပြုတ်ကျနိုင်အောင်ထိခါရေ။ ၁၂ နာရီဆို ၁၂ ချိန်း။ ဒေါင်ဒေါင်ဒေါင်ဆိုပြီးကေ ခါရေ။ အထက်က ချိန်သီးက လာပြီးကေ ခေါင်းလောင်းကိုရိုက်စွာ။ အောက်မှာ ဝိုက်တုံးတိနဲ့ ခေါင်းလောင်းကိုရိုက်စွာ ယင်းချင်က နာရီမှာညှိပြီးကေ ဝိတုံးနဲ့ အလေးဆွဲပြီးညှိ ထားစွာသဘောပါ။ ကျနော်လည်း သိပ်နားမလည်ပါ။”

နာရီစင်ကို ရဲစခန်းနယ်မြေထဲကို မသွင်းခင် ယင်းအနားမှာ မီးသတ်ရုံးတည်ရှိခပြီးကေ နာရီစင်ကို မီးသတ်တာဝါအဖြစ်အသုံးပြုခရေလို့လည်း တချို့က ပြောကပ်တေ။ ယပိုင်နဲ့ နှစ်တွေကြာလာပြီးကေ မီးသတ်တပ်ဖွဲ့လည်း အရာတစ်နေရာကို ပြောင်းရွှေ့လားပြီးကေ ရဲတပ်ဖွဲ့က ယင်းနေရာ မှာ စခန်းချလာခစွာဖြစ်ပါရေ။ နာရီစင်တည်ဆောက်ပြီးလို့ နှစ်ပေါင်း ၇၀ ဝန်းကျင်လောက်ကြာချိန်မှာကျကေ နာရီစင်ရဲ့ခေါင်း လောင်းသံစွာ မြည်တချက်၊ မမြည်တချက်ဖြစ်လာလို့ အပြင်ပန်းမျက်နှာတွေမှာ အသုံးပြုထားရေသံပြားတိကလည်း ကွာကျလာပါလတ်ပါရေ။

ယင်းတွက်နဲ့ နာရီစင်ကိုတည်ဆောက်ခကပ်တေ ကုမ္ပဏီကို စာပို့အကြောင်းကြားပြီး နာရီစင်ပြင်ရဖို့အကြောင်းကို ပြောပြရေခါအေတိုင်းယာ ထိန်းသိမ်းထားဖို့ယာ အကြောင်းပြန်ခပါရေ။ ယပိုင်နဲ့ နောက်ပိုင်းမှာကျကေ နာရီပြင်သမားတစ်ယောက်ရရှိခပြီး နာရီမှာ လိုအပ် တေ အပိုင်းတိကိုပြုပြင်ပီးဖို့ အခကြေးငွေနဲ့ ငှားပြီးကေ လုပ်ခိုင်းခရပါသိရေ။ ၁၉၆၅ ခုနှစ် လွန်လာခါနာရီစင်က မြောက်ဖက်မျက်နှာကို ယူကိုဆလားဗီယားနိုင်ငံက လှူဒါန်းခပြီးကေကျန်ရေ မျက်နှာပြင်တိကျကို ကိုယ့်ဒေသမှာယာ လုပ်ပြီးပြုပြင်ခကပ်တေလို့ ဆိုပါရေ။

ယပိုင်းပြုပြင်ခကပ်ကေလဲ ကံမကောင်းစွာနဲ့ယာ ၁၉၆၈ ခုနှစ်မှာ ဖြစ်ပေါ်ခရေ လေမုန်တိုင်းကြောင့် မျက်နှာစာ တချို့ ပျက်စီးသွားခရေပိုင် အရှေ့နဲ့ အနောက် တောင်နဲ့ မြောက်တိကို ညွှန်ပြပေးနေရေ လေညွှန်တံစွာလည်း ပျက်စီးခရပြန်ပါရေ။

“ကျွန်တော်ရို့ ပထမဆုံး သိသလောက်ကကျကေ ၁၉၆၂ လောက်ထင်ရေ နာရီစင်ကနေပြီးကေ နာရီထိုးသံ ဒေါင်၊ ဒေါင်၊ ဆိုပြီးတော့ ကြားရရေ။ ၁၉၆၃ လောက်ကျခါတော့ကေ ကျွန်တော်ရို့ မကြားရပါယာ။ နာရီစင်က ပြန်ပြီး အယင်အတိုင်း ရပ်လားပြီးကေ မျက်နှာပြင်တိစွာ ပျက်စီးနေပါရေ။ ယင်းပိုင်ပျက်စီးမူတိကို စည်ပင်ကပဲ လုပ်ပါရေ။ ယင်းနေရာမှာ အရင်က ဇာတိရှိလဲဆိုကေ အိုလံပစ်စခန်းနဲ့ မီးသ တ်စခန်းထားခရေလို့လဲပြောကပ်ပါရေ။ နာရီထိုးသံက နောက်ပိုင်းကျကေ လုံးဝမမြည်လိုက်ပါယာ။ အသံမမြည်ယာဖြစ်လို့ နောက်ပိုင်းလု ပ်မယ်ဆိုပြီးကေ အင်္ဂလန်ကကုမ္ပဏီကို စာရေးရေလို့ ပြောပါရေ။ စာရေးက သူရို့က နာရီစင် မင်းရို့မှာရှိသေးစွာလား။ သူရို့မှာတော့ကေ ယင်းအစိတ်အပိုင်းတိကို မလုပ်ယာ။ ရှိကေလဲ ထပ်ပြီးကေ ထိန်းသိမ်းထားဆိုပြီကေ စာ ယာလာပါရေ။ ဆိုတော့ ဒါက အဲဒီအတိုင်းပဲနေတာ ကို နာရီဆရာ ကမ္ဘာ့စံတော်ချိန် ယင်းအဘိုးဆရာကြီး နာမေကိုကျ မေ့လားပါယာ။ သူကနေပြီးကေ ဒီနာရီကို ဝိတ်တုန်းတိနဲ့သော့ပေးရရေဆိုပာရေ။ ယင်းဆရာကြီးက လုပ်ရေအတွက် နာရီတိုက်ခ၊ အချိန်မှန်ခ သူ့ကိုတစ်လမှာ ၅၀ ဆိုလား။ ၅ ကျပ်ဆိုလားမသိ။ထောက်ပံ့ပာရေ။ ယင်းခေတ်က။ ယပိုင်လိုလည်း ကြားလိုက်ပါရေ။ အတိကျ တစ်ယောက်လဲမပြောနိုင်ပါ။ အကေလဲ များရေပမာဏတော့ မဟုတ်ပါ။ ဆရာကြီးရဲ့ နောက်ပိုင်း သားဖြစ်သူဆက်ခံတယ်လို့ ပြောပါရေ။ ယင်းချင့်ကို လူတစ်ယောက်က တာဝန်တစ်ရပ်အနေနဲ့ ချိန်ညှိရတာလည်း ပါလာခါ နောက်ပိုင်းနောက်ပိုင်းမှာ ပျက်သွားလားပါရေ။ ကျနော်ရို့ရှိခါကနေ အထက်ကို မတက်ဖြစ်ပါ။ နောက်ပိုင်းတခေါက် နည်းနည်းပြုပြင်ပြီးခါ ၆၅ ကျော်ကျော်လောက်မှာလုပ်ပါရေ။ ယင်းအချိန်ခါက မြောက်ဖက်မျက်ကို ယူကိုဆလားဗီးယားနိုင်ငံက လှူပါရေ။ ကျန်ရှိရေဖက်တိကိုကျကေ ကိုယ့်နိုင်ငံထဲမှာပဲ လုပ်ပါရေ။ ၆၈ မုန်တိုန်းမှာ အနောက်ဖက်၊ တောင်ဖက်က မှန်ချက်တိပွင့်ထွက် လားရေ။ နောက်ပြီးကေ အထက်က လေတိုက်နှုန်းကိုပြရေ ညွှန်တံလည်း လေမုန်တိုင်းနောက်ဆုံးအနောက်လေပြန်တိုက်တဲ့အတိုင်း ကျန်လိုက်ပါရေ။ ယင်းညွှန်တံမှာ လှူဒါန်းရေ ခုနှစ် ၁၈၈၇ လို့ရေးထားပါသိရေ” လို့ ဦးစောသာထွန်းက သိခရကြုံခရစွာတိကို ပြော ပြပါရေ။

အခုပိုင် ပြုပြင်တလှည့်၊ မပြုပြင်တလှည့်နဲ့ နာရီစင်ဟောင်းစွာ ရာစုနှစ်တစ်ခုကျော်လွန်လာခချိန် ပြီးခရေ ပြည်ထောင်စု၊ ကြံခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီ လက်ထက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လုပ်ခရေ ဦးမောင်မောင်အုန်းစွာ ငွေကျပ်သိန်း ၂၀၀ လောက်ကုန်ကျခံပြီး ပြ ည်တွင်းက တတ်သိပညာရှင်တွေကို ခေါ်ယူပနာ ရှေးမူမပျက်ပြန်လည်ပြုပြင်ခရေဆိုစွာကို သတင်းတိမှာ ဖတ်ရှုမှတ်ရှုရခချိန်မှာ သိခရပါရေ။ ယင်းအချိန်ခါကလည်း အစိုးရတာဝန်ရှိသူတိဖက်ကနေ စက်အဟောင်းကို ပြတိုက်မှာ သိမ်းဆည်းထားပြီး စက်အသစ်နဲ့ လည်ပတ်နေနိုင်အောင် စီစဉ်ခကေလဲ ဒေသခံတိ လိုလားချက်အရ အရင်စက်ဟောင်းကိုယာ ပြန်လည်အသုံးပြုခရေလို့ ကြားသိရပါ ရေ။ ယင်းအပြင် ဒီဂျစ်တယ်စနစ်ကိုပါ ထည့်သွင်းပြီး ရခိုင်သံဇဉ်တိ၊ သီချင်းတိလည်း ထည့်သွင်းလားဖို့လို့လည်း ပြောဆိုခကပ်ပါသေးရေ။

“စစ်တွေမြို့မှာ မွေးရေလို့ဆိုကေ နာရီစင်ကိုခြေကန်လို့မွေးရေဆိုပြီးကေပြောကပ်တေ။ တချို့မြို့က လူတိကလည်း သူရို့ကကြွား နီစွာလို့ မှတ်ကပ်ပါရေ။ ဥပမာတင်စားကပ်စွာပါယာ။ အေချင့်စွာ စစ်တွေမြို့ဆိုစွာကို အထောက်အထားလို ပြောကပ်ပါရေ။ နာရီစင်အသံကြား နေရစွာကလည်း တမျိုးပါ။ ကြည့်လိုက်ရ။ မြင်လိုက်ရရေဆိုကေ အချိန်ကြည့်ရစွာအဆင်ပြေပါရေ။ နောက်ပိုင်းကျ နာရီက မှန်ရေအဆင့်မှာလည်း မရှိပါယာ။ ရပ်လားပါရေ။ အရင်ကဆို ၄ နာရီဆိုကေလည်း ဒေါင်..ဒေါင်နဲ့။ ၉ တန်း၊ ၁၀ တန်းခါက နာရီ စင်က အသံကိုမှန်းပြီး စာထဖတ်ရေ။ နောက်ပိုင်းကျ အသံတိညံ့လာပါရေ။ ယင်းမှာပါရေ ခေါင်းလောင်းတောင် ပထမပါရေ ခေါင်းလောင်း မဟုတ်လို့ ပြောကပ်တေ။ ကျနော့်ဘကြီးက ပြောခစွာ။ သူက စည်ပင်မှာ အတွင်းရေးမှူး လုပ်ခရေအတွက်နဲ့ သူ့မှာ ဒိုင်ယာရီတိနဲ့ မှတ်ထားပါရေ။ ကျနော်ရို့ကကျတော့ လက်ဆင့်ကမ်းစွာ အားနည်းလားပါရေ။”

အယင်ခါက ပြုပြင်ခခါကကျကေ သူရို့ပြန်လည်ပြုပြင်လို့အပြီး ဆယ်စုနှစ်တစ်ခုလောက်ကို အဆင်ပြေပြေအသုံးပြုလို့ရတရေလို့ ပြော ဆိုခဲ့ကပ်ကေလဲ အရင်ခါကပိုင် ခေါင်းလောင်းထိုးသံတိလည်း မကြားရပါယာ။ အကေလဲ နာရီစင်ကကျကေ ပုံပန်းသဏ္ဍာန်နည်းနည်း မှိန်လားစွာကလွဲကေ အရင်အတိုင်းယာ မြင်တွိ့နေရဆဲဖြစ်ပါရေ။

“ကျနော်ရို့သိခါကနေ အေနေရာမှာပါ။ မပြောင်းပါ။ အစကတော့ ယင်းနေရာမှာ ကျားပျံစတိုး။ ယင်းတစ်ဖက်ခြမ်းက။ အခုရဲလုပ်ထားစွာပါ။ အယင်ခါက ကွက်လပ်ကြီး။ တစ်ယောက်လဲ မနေပါ။ ကျနော်ရို့ အချေခါက ဘာဘာက စွန်လွှတ်ဖို့ခေါ်လားနေကျ။ နောက်ပိုင်း မီးသတ် (မီးသပ်တပ်ဖွဲ့) ကလည်း ဒေဖက်က အိုလံပစ်ကိုပြောင်းလာရေ။ ခု MPT ရုံးဖွင့်ထားရေနေရာ။ ရိုးမဘဏ်ဘေးက ဒေဖက်က မီးသတ်ပြောင်းလာရေ။ မီးသတ်မျှော်စင်အဖြစ်လည်း အသုံးပြုခရေလို့လည်း ပြောရေ။ နောက်ပိုင်းတော့ သံပြားတိ အခြေအနေတဝတဝဆိုးလာရေ။ယင်းတိကိုတော့ ပြန်လို့ပြုပြင်ခရေလို့ထင်ပါရေ။ အတိကျတော့ မသိပါ။”

စစ်တွေမြို့မှာ ဒီနာရီစင်အပြင် ပြည်တွင်းလုပ် နာရီစင်တိလည်း ရှိပါသိရေ။ လက်ရှိ ပြည်နယ်တရားရုံးအနီးမှာ ရှိရေနာရီစင်စွာဆိုကေအရင်ခါက ဗစ်တိုးရီးယား ဘုရင်မကြီးရုပ်ထုထားရေနေရာဖြစ်တေလို့ သိရပါရေ။ နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး နဝတ လက်ထက်မှာ ယင်းရုပ်ထုကို တရားရုံးထဲကို ဖယ်ရှားပြီးကေ နာရီစင်လုပ်ခစွာလို့ သိရပါရေ။ ယင်းအပြင် ရဲကျော်သူ ဘုန်းတော်ကြီးကျောင်းမှာလည်း ပြည်တွင်းလုပ်နာရီစင်ဟောင်းတစ်လုံးရှိသသိရေလို့ တချို့က ပြောကပ်ပါရေ။

“တရားရုံးနားက နာရီစင်ကကျကေ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု န.အ.ဖ လက်ထက်ကျခါမှ လုပ်စွာပါ။ အရင်ခေတ် ဗစ်တိုးရီး ယား ဘုရင်မ အရုပ်ထားခရေနေရာပါ။ ယင်းအရုပ်ကို နောက်ပိုင်းမှာ ဖြုတ်ပြီးကေ တရားရုံးထဲမှာ ထားပါရေ။ ဘတ် (ဗစ်)တိုးရီးယား ဘုရင်မရုပ်ထုကို ယင်းနေရာမှာ ထားဖို့ဆိုပြီးကေ မထားဖြစ်ခပါ။ ဇာဖြစ်လို့လဲဆိုပါကေ ယင်းနေရာမှာ အဝိုင်းပုံစံ မရှိခလို့ပါ။ ယင်းကို ဇာမှာ လုပ်လဲဆိုပါကေ မင်းကြီးကျောက်တန်းနဲ့ ကျောင်းကြီးလမ်းခွဆုံ တြိဂံပုံရှိပါရေ။ ကမ်းနားလမ်းနဲ့ ကျောင်းကြီးလမ်းဆုံရေ နေရာမှာ တြိဂံပုံ မြက်ခင်းကျယ်ရှိပါရေ။ ယင်းအနားမှာ စိုက်ထူဖို့လုပ်ခါ နောက်ပိုင်း သဘောမတူကပ်ဆိုပြီး ကေယင်းရုပ်ထုကို ကျွန်တော်ရိူ့သိအခါကတော့ ပြည်နယ်၊ မြို့နယ်တရားရုံးမှာ ယင်းအတိုင်းယာ မြေပြင်မှာ လဲလျက်ရှိပါရေ။ နောက်ပိုင်းကျဇာရောက်လားလဲ ကျွန်တော်ရို့မသိလိုက်ပါယာ။ ယင်းဗစ်တိုးရီးယား ဘုရင်မ ရှိခစွာကိုတော့ ကျွန်တော်ရို့မှတ်မိပါရေ” လို့ ဦးစောသာထွန်းက ပြောပါရေ။

 31 total views,  2 views today