ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

မဒေးကျွန်းလို့ ကြားမိလိုက်စွာနဲ့ ဇာနေရာ၊ ဇာဒေသမာ ရှိရေဆိုစွာကို မသိကေတောင် တရုတ်-မြန်မာ ရနံပိုက်လိုင်းစီမံကိန်း တည်ရှိရေ နေရာတစ်ခုဖြစ်တေဆိုစွာကို သိထားပြီးသား ဖြစ်ကတ်ပါလိမယ်။ ဒေဒေသဆိုကေ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမာ တည် ရှိစွာလေ့ ဖြစ်ပါရေ။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေထဲမာ သဘာဝသယံဇာတတိကို ထုတ်ရောင်းရေဝင်ငွေက အများဆုံး ဖြစ်ပါရေ။ ယင်းအထဲမာ သဘာဝဓာ တ်ငွေ့ရောင်းလို့ရရေ ဝင်ငွေကလေ့ အရေးကြီးရေ ကဏ္ဍမာ ပါဝင်ပါရေ။ ကျောက်ဖြူမြို့နယ်အတွင်းမာ ရွှေသဘာဝဓာတ်ငွေနန့် ရနံပိုက် လိုင်းစီမံကိန်းရို့တည်ရှိနီရေအနက် ရနံစိမ်းသိုလှောင်ကန်နန့် ရနံဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဆိုကေ မဒေးကျွန်းမာတည်ရှိနီစွာပါ။

ဒေပိုင်ဆိုကေ နိုင်ငံတကာကိုတင်ပို့နီရေ ရနံပိုက်လိုင်းစီမံကိန်းတည်ရှိရေ မဒေးကျွန်းဒေသကဝါ ဇာပိုင်ရှိနီပါဗျာလ်လေ။ ဒေသခံတိကဝါ အကျိုးခံစားခွင့် ဇာလောက်ရရှိနီကတ်ပါယာလေ။ ဒေအကြောင်းအရာတိကို ဒေသခံတိနန့် လားရောက်တွိဆုံမီးမြန်းထားစွာတိကို ဒေတ ပါတ်မာ တင်ပြပီးလိုက်ပါရေ။

မဒေးကျွန်းစီမံကိန်းကို ပြီးခရေ အစိုးရလက်ထက်ကပင် အကောင်အထည်ဖော်ခစွာဖြစ်ပြီးကေ အခုဆိုကေ အစိုးရနှစ်ဆက်တိုင်ရှိခပါဗျာ လ်။ ယကေလေ့ လယ်ယာမြေအငြင်းပွားမှုတိ၊ ရီလုပ်သားကန့်သတ်ခံရစွာတိ အခုထိတိုင်ရှိနီဆဲဖြစ်ပြီးကေ အလုပ်အကိုင်တိလေ့ ရှားပါး လာရေလို့ ဒေသခံတိက ပြောကတ်ပါရေ။

၂၀၀၉ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခရေ မဒေးကျွန်းစီမံကိန်းကို ရနံသိုလှောင်ကန်တိ၊ ပိုက်လိုင်းတိ တည်ဆောက်လို့အပြီး ၂၀၁၇ ခုနှစ်မာ တရုတ်နိုင်ငံကို ရနံတိစတင်ပို့လွှတ်နိုင်ခစွာ ဖြစ်ပါရေ။ ဒေပိုင်မပို့လွှတ်နိုင်ခင်မာ ရနံစိမ်းသိုလှောင်ကန်တည်ဆောက်ဖို့နန့် ပိုက်လိုင်းသွယ်တန်းဖို့၊ နောက်ပြီးကေ အရှိအလယ်ပိုင်းနိုင်ငံတိနန့် အာဖရိကရို့က ရီစူးအနက် ၂၇ မီတာနန့် တန်ချိန် ၃ သိန်းဆန့်ရနံတ င်သင်္ဘောတိ မဒေးကျွန်းကို ဝင်ရောက်လာနိုင်ဖို့ သင်္ဘောလမ်းကြောင်းတိကို ကနဦးတည်ဆောက်ခရပါရေ။

ဒေပိုင်တည်ဆောက်ချိန်မာ ဒေသခံတိအနေနန့် ဆုံးရှုံးနစ်နာမှုတိ အများကြီးရှိလာခပါရေ။

Arakan Yoma က လားရောက်၊ လေ့လာခ ရာမာ ဒေသခံတိအနေနန့် လက်ရှိ မကျေမနပ်မှုရှိနီစွာတိက အဓိကနှစ်ပိုင်းရှိနေစွာကို သူရို့ပြောပြလို့ သိခရပါရေ။ ပထမတစ်ပိုင်းက လယ်ယာမြေအသိမ်းဆည်းခံစွာနန့် လယ်ယာမြေပျက်စီးလားကတ်စွာဖြစ်ပြီးကေ ဒုတိယတစ်ပိုင်းကတာ့ခါ ပင်လယ်ပြင်ထွက်ငါးဖမ်းသမားတိရဲ့ အခဲအခက်ဖြစ်ပါရေ။

လယ်ယာမြေဆုံးရှုံးမှုနန့် ပတ်သတ်ပြီးကေ ပြောရဖို့ဆိုကေတော့ခါ ဒေသခံတိက ထိုက်သင့်ရေလျော်ကြေးငွေတိမရရေအပြင် တချို့မာ ဆိုကေ ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ယာမြေတိ ဖုံးလွှမ်းလားစွာတိလေ့ ရှိပါရေ။ လယ်ယာမြေ ၁ ဧကနီးပါးဆုံးရှုံးနီရေ မဒေးကျွန်း၊ ကျောက်တန်းရွာက ဦးမောင်မြင့်သိန်းက သူရေ ကျပ်သိန်း ၁၀၀ ကျော်လောက်ရဖို့ဖြစ်ကေလေ့ အခုအချိန်ထိ ကျပ်သိန်း ၃၀ ကျော်ရာ ရရှိသိရေလို့ ပြောပါရေ။

“ဇာပိုင် မလိမ့်တပတ်လုပ်သလေဆိုကေ လျော်ကြေးသုံးနှစ်စာလို့ရီးထားရေ။ အမှန် စာအုပ်မာ ၅ နှစ်စာ။ ၅ နှစ်စာမာလေ့ သူရို့ ဖြတ်စားထားပါရေ။ ကျနော်ရဖို့ငွေက တွက်ကြည့်လိုက်ကေ ငွေကြေးကသိန်း ၁၀၀ ကျော်ရဖို့။ အခုက ၁၈ သိန်းကျော်နှစ် ခါဆိုကေ ၃၆ သိန်းကျော်ပေါ့။ ၂၀၁၂ နှစ်က ပေါက်စျီးတောင် သိန်း ၁၀၀ ရဖို့။ ဆုံးရှုံးနီစွာက လယ်မြေဧက ၀ ဒသမ ၈၇ (၀.၈၇) ပါ။ ဒေလျော်ကြေးတိက သူရို့ကို ပီးစွာမဟုတ်ပါ။ တရားဝင်ပီးစွာက ကျနော်ရို့ကိုပါ။ သူရို့က ကြားကနီဖြတ်စားထားခါ ကျနော်ရို့ရဖို့ ငွေပမာဏကသိန်း ၁၀၀ ကျော်လေ။ အခုက သိန်း ၃၀ ကျော်ပဲရရေ။ ဆိုခါ ကျနော်ရို့ ဘယ်လောက်နစ်နာပါလေကြည့်။”

ကျောက်တန်းကျေးရွာမာနီထိုင်ရေ အဘောင်ဒေါ်သန်းသန်းရို့ မိသားစုမာတော့ခါ ဦးမောင်မြင့်သိန်းရို့ပိုင် လယ်ယာမြေတိသိမ်းဆည်းခံခ ရစွာ မဟုတ်ကေလေ့ လယ်မြေ ၂ ဧကလောက်က ပိုက်လိုင်းစီမံကိန်းကြောင့် လူတစ်ရပ်လောက်ရှိရေ သဲမြေဖုံးလွှမ်းလားရေအတွက် ကြောင့် အရင်ကပိုင် လုံလောက်ရေလယ်မြေမာ လုပ်ကိုင်စားသောက်ခွင့်မရတော့စွာကြောင့် အသက်အရွယ်ကြီးလာဗျာလ်ဖြစ်တေ သူရို့လင်မယားနှစ်ယောက် ဒုက္ခရောက်နီရေလို့ ဆိုပါရေ။ သူရို့လေ့ တခြားလူတိနည်းတူ ကျပ်သိန်း ၂၀ လျော်ကြေးရခကေလေ့ ယင်းငွေကြေးရေ သူရို့အတွက် မလုံလောက်လို့ ဆိုပါရေ။

ဒေါ်သန်းသန်း၏ခင်ပွန်းက “ပိုက်လိုင်းမာတော့ ပါမလားပါ။ ကျနော်ရို့လယ်က တောင်စောင်းကဆင်းရေ ပိုက်လိုင်းနားမာရှိရေအတွက် သူရို့မြေတိရေ ကျနော့်လယ်ကို အားလုံး ဖုံးလွှမ်းလားရေ။ ခုတောင် လုပ်မစားရသေးစွာ အများကြီး ရှိပါသိရေ။ ပျက်စီးနီစွာ။ ဖောက်ဖဲ ပင်၊ ရှက်ပင်တိပေါက်လို့။ ၂ ဧကနီးပါလောက်။ ယင်းချင့်တိကို ကျနော်က မြို့နယ်အုပ်ချုပ်ရေးမှူးကိုတင်ပြခါ လျော် ကြေးရဖို့လို့ပြောရေ။ ရလည်း ရရေ။ ဖဲသာ ၂၀ ရခါ ကျနော်ရို့မာ လယ်ကို မရောက်လိုက်။ အကြီွးတင်နီစွာတိကို ဆပ်လိုက်ခါ ကုန်လားရေ။ သူရို့ကတော့ လယ်ကိုလုပ်ဖို့လို့ ပီးစွာလားမသိ။ ဆိုခါ ဒေနိတိုင်ထိလုပ်စားလို့ မရသိ။”လို့ ပြောပါရေ။

လယ်မြေတိအသိမ်းခံရပြီးနောက်ပိုင်း ဒေသခံတိရဲ့ လယ်ယာမြေတိကို လယ်ယာမြေဆိုကေ သိန်း ၉၀၀၊ စားကျက်မြေဆိုကေ သိန်း ၇၀၀ နန့် သီးနှံစိုက်ပျိုးမြေဆိုကေ သိန်း ၅၀၀ စသဖြင့် လျော်ကြေးပီးဖို့ဆိုစွာကြောင့် ဒေသခံတိက လက်ခံခကတ်စွာဖြစ်ပါရေ။ ယကေလေ့ လက်တွိမာတော့ခါ ဒေသခံတက လုံလုံလောက်လောက်မရရှိရေအပြင် ကြားကမသမာသူတိကလေ့ တဆင့်ခံဖြတ်တော က်ထားကတ်တေလားဆိုပြီး မေးခွန်းထုတ်နီကတ်တေပိုင် တချို့ကလေ့ အခိုင်အမာပြောဆိုကတ်စွာရှိပါရေ။

ခက်စွာက ဒေကာလတိကြားထဲမာ သူရို့ဒေသမာလုပ်ကိုင်နီရေ CNPC ကုမ္ပဏီတာဝန်ရှိသူတိက ဒေသခံတိနန့် ထိတွေ့ပြောဆိုဆ က်ဆံစွာနည်းပါးပိုင် လျော်ကြေးပြဿနာတိကို ဖြေရှင်းပီးနီရေ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တိကလေ့ အဆက်ဆက်ပြောင်းလဲ လားခကတ်စွာပါ။

“ဦးစီး မီတာ ၂၀ မှာ ဦးမောင်ဘသိန်းလယ်ကွင်းလေ့ ပါလာပါရေ။ ကျနော်တွက်ချကြည်လိုက်ပါမယ်လို့ တွက်ကြည့်လိုက်တေအခါ မီ တာ ၂၀ မာ ၆၆ ကွက်ပါရေ။ ဒေချင့်ကိုဇာလုပ်ဖို့ ယူထားစွာလေ့ပြောခါ ဒေချင့်ကို ကျနော်ရို့ ယူလိုက်ကေ အကိုရို့ မြေကွက် ဇာဖြစ်လားဖို့လို့လဲ။ ဒေအတိုင်းကျန်လိုက်ဖို့ဟာရာမနားလတ်။ ဒေမြေကွက်တိ တူးလိုက်လို့ ကုမ္ပဏီပြိုလဲလားကေလေ့ မြေကြီးကျန်ခဖို့ဟာလတ်။ ယင်းမာ ကျနော်နန့် ကြီးကြီးကျယ်ကျယ်စကားများကတ်တေ။ စကားများကတ်စာ ဒေတစ်ခါမဟုတ်။ ဆန္ဒပြဖို့ပြောရေ အခါမာလေ့ ဆန္ဒပြဖို့ဟာ ရုပ်သိမ်းပီးပါဆိုပနာတောင်းဆိုလာပြီးကေ ရုပ်သိမ်းပီးလိုက်ပါရေ။ ဒုတိယအသုတ်လျှော်ကြေးပီးလာမာလေ့ ဒေပိုင်ယာ။ အကိုရို့က ကုမ္ပဏီကပီးဟာကို ကျေနပ်ပါရေ။ မကျေနပ်စွာက မြို့နယ်အုပ်ချုပ်ရေးမှူး ကြားက ဖြတ်တောက်ယူထားရေ။ မြေတိုင်းစာရေးတိ ဇာလုပ်ဖို့ ဖြတ်စားဟာလဲ။ ဒေဖဲသာတိက ကျနော်ရို့ရဖို့ဟာတိ။”လို့ ဦးမောင်မြင့်သိန်းက ပြောပါရေ။

နောက်တစ်ခါ ငါးဖမ်းသမားတိအနီနန့် နစ်နာနီရစွာက မဒေးကျွန်းစီမံကိန်းဆောက်လုပ်ပြီးလို့ နိုင်ငံခြားက ရနံတင်သင်္ဘောတိဝင် ရောက်လာရေအခါ ပြဿနာကစခစွာပါ။ ရနံတင်သင်္ဘောတိ ဝင်ရောက်နိုင်ဖို့အတွက် ရီလမ်းကြောင်းသတ်မှတ်ခပြီးကေ ငါးဖမ်းသမား တကိုလေ့ ကန့်သတ်ချိန်အတွင်းရာ ငါးဖမ်းထွက်ကတ်ဖို့ စစ်တပ်က ညွှန်ကြားခရေလို့ ဆိုပါရေ။

“ကျနော်ရို့ကို ခေါ်ပြီးပြောရေ။ ည ၆ နာရီမထွက်ကေ့။ နောက်တစ်နေ့ကျတော့ ပိုက်သမားတစ်ယောက်ကိုခေါ်သတ်လိုက်သိရေ။ အစိုးရ သင်္ဘောက။ ကျနော်ရို့ရီလုပ်သားတိဖက်က ကျူးလွန်စွာ တစ်ခုလေ့ မရှိ။ ကျနော်ရိုမာ ကိုယ့်ပိုက်ကိုယ်လားဖော်ရေ။ ခေါ်ရင်သွား ကပ်တေ။ ငါးချေဘာချေတောင်းရေ။ သူရို့သတ်မှတ်ထားရေအတိုင်း ၆ နာရီမထွက်ဆိုလို့က မရယေ။ သေနတ်တိနန့် လှမ်းပစ်စွာ တော့မရှိ။”လို့ ကျောက်တန်းရွာက ရေလုပ်သားတစ်ဦးက ပြောပါရေ။ သူ့နာမေကိုတော့ခါ မဖော်ပြဖို့ မေတ္တာရပ်ခံထားပါရေ။

လက်ရှိ ရီလုပ်သားတိရေ ငါးဖမ်းချိန်ကန့်သတ်ခံထားရရေအပြင် သင်္ဘောဝင်ဆိုက်နန့်တိုးလို့ ရှောင်နိုင်ကေရှောင်၊ မရှောင်နိုင်ကေ သင်္ဘောပင်ကာတမာ ပိုက်တိငြိပါလားလို့ ပျက်စီးကုန်ကတ်ရစွာလေ့ အခါခါပါ။

“နစ်နာစွာက သံဇစ်မြစ်က ဘော်ယာ(ရီလမ်းကြောင်းသတ်မှတ်ရာရေခါအသုံးပြုထားရေ ရလုံး)တိနန့် အများကြီး နစ်နာရေလေ။ ကျနော် ရို့ ဒေပိုက်ချရေဖက်မာ ၄၁ တစ်လုံးရှိရေ။ ၃၉ တလုံးရှိရေ။ အစိမ်း။ ၄၁ ဆိုစွာကအနီ။ ယင်းနှစ်လုံးနန့်က လုပ်စားလို့ကိုမရ။ လုံးဝကိုမရစွာ။ ငါးကလေ့ ယင်းလမ်းကြောင်းမာပဲ နည်းနည်းပေါ်စာ။ သင်္ဘောလမ်းကြောင်းကလေ့ ယင်းကြောမာဘဲ ချထားစွာ။ တခြားကြောင်းတိမာဆိုတော့ခါ ရီတိမ်ရေ။ ယင်းလမ်းကြောင်းမာမ ရီကနက်တေ။”လို့ ပြိန်ကျေးရွာသား ဦးမောင်မြင့်ခိုင်က ပြောပါရေ။

တချို့ငါးဖမ်းသမားတိကတော့ခါ ရီစူးအနက် ၂၇ မီတာနန့် တန်ချိန် ၃ သိန်းထိတင်ဆောင်နိုင်ရေ နိုင်ငံခြားသင်္ဘောတိ ဝင်ရောက်နိုင် အောင် လမ်းကြောင်းပြုလုပ်ရာမာ ရှိရင်းစွဲ သဘာဝသန္တာကျောက်တန်းတိကို ဖျက်ဆီးပလိုက်ရစွာ၊ အဆိုပါသင်္ဘောတိဝင်လာခါ တုန်ခါမှုတွေဖြစ်ပေါ်စွာတိကြောင့် ရီနီသတ္တဝါတိရှားပါးလာရေလို့ ယူဆနီကတ်ပါရေ။

အသက် ၁၅ နှစ်အရွယ်ကနီ သံဇစ်မြစ်အတွင်းမာ ပိုက်ချလာရေ ပြိန်ကျေးရွာသား ကိုမောင်မောင်သန်းက “ကျနော်ရို့ သံဇစ်မြစ်ထဲမာ လူဦးရေ ၃၀၀၀ ကျော်နီရေထဲက လူဦးရေထက်ဝက်လောက်က မှီခိုပြီးနေထိုင်စားသောက်နီကတေ။ အခု လွတ်လွတ်လပ်လပ် ငါးဖ မ်းလို့မရ။ ရနံတင်သင်္ဘောတိအထွက်၊ အဝင် ပေကတော့ခါ သုံး၊ လေးဆယ်လောက် အောက်ကိုနက်တေလို့ ခန့်မှန်းရရေ။ တိတိကျကျတော့ခါ ခန့်မှန်းလို့မရ။ သူရို့ဘင်္ဘောတိဝင်ထွက်နီစွာကြောင့် ရီတုန်ခါမှုတိက ငါးတကိုလန့်စီနိုင်ရေ။ ယင်းကြောင့် ကျနော်ရို့ အရင်ကပိုင် ငါးတိပေါပေါရှင်ရှင်ရှာ မရယာ။ သူရို့ရောက်လာခါကပင် ကျနော်ရို့မိသားစုစားဝတ်နီရေး အဆင်မပြေရေ အနေအထားတရပ်ကို ရောက်လာကတ်တေလေ။ ငါးတိလေ့လန့်ပြီးကေ ဒေသံဇစ်မြစ်ထဲကို မလာရဲရေ အနေအထားကို ရောက်နီ ရေလို့ ခန့်မှန်းရရေပေါ့။ ကျနော်ရို့မာ သေချာရေ သုတေသနလုပ်ချက်တိကတော့ခါ ဇာရှိဖို့လဲ။”လို့ ပြောပါရေ။

ဒေပိုင်အခြေအနေအမျိုးမျိုးကြောင့် ဒေသခံတိရေ စားဝတ်နီရေး မပြေမလည်မှုတိကို တစ်နိထက်တစ်နိ ပိုမိုကြုံတွိလာရစွာကြောင့် သူရို့၏အခက်အခဲတိကို အစိုးရတာဝန်ရှိသူတိကို တင်ပြကတ်တေပိုင် ဆန္ဒဖော်ထုတ်မှုတိလေ့ ဆင်နွဲခကတ်ဗျာလ်ဖြစ်ပါရေ။ ယကေလေ့ သူရို့အတွက် သေချာရေ အဖြေတိ မရရှိခကတ်ပါ။ ယင်းကြောင့် သူရို့က ဒေစီမံကိန်းရေ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာအတွက် ဇာလောက်ပင် အသုံးဝင်ရေ စီမံကိန်းတစ်ခုပဲဖြစ်နီပတ်ဆီ သူရို့ကတော့ခါ အယုံအကြည် မရှိကတ်ပါယာ။

“ရှိကိုကြိုတွေးလိုက်ကေ ကျနော်ရို့ဒေသအတွက် ပိုစိုးရိမ်လာရေ။ ကျနော်ရို့ မဒေးကျွန်းဒေသတစ်ခုလုံးရေ ဒေစီမံကိန်းကြောင့် တ ဖြည်းဖြည်းနန့် အလုပ်အကိုင်ရှားပါးလာပြီးကေ ရပ်တည်လို့မရ။ မိသားစုနီထိုင်မှုအဆင့်အတန်းတိ နိမ့်ပါးကျဆင်းလာရေ။ ကျနော်ရို့ ဒေသတစ်ခုလုံးတောင်မ နောက်ဒေသတစ်ခုကိုပြောင်းရွှိ့လို့နီရဖို့ အနေအထားတောင်ရှိနီရေဆိုစွာကိုမြင်နီရရေ။” လို့ ကိုမောင်မောင်သန်းက ဆိုပါရေ။

ဒေစီမံကိန်းမတည်ဆောက်ခင်မာ ရွာပေါင်း ၄ ရွာတည်ရှိပြီးကေ လူဦးရေ ၃၀၀၀ ကျော်လောက်နီထိုင်ကတ်တေ မဒေးကျွန်းဒေသကို ဒုတိယစင်ပူဖြစ်အောင် လုပ်ဆောင်ဖို့ဖြစ်ပြီးကေ ဒေသနီလူနေမှုအဆင့်အတန်းတိကို မြင့်မားအောင်လုပ်ဆောင်ပီးလားဖို့ဖြစ်ကြောင်း နယ်ခံတကို ဦးစားပီးပြီးကေ အလုပ်အကိုင်ပီးအပ်လားဖို့ဖြစ်ကြောင်း၊ လမ်းတံတားတိ၊ လျှပ်စစ်မီးတိ၊ ဆက်သွယ်ရေးတိကအစ အဆင် ပြေအောင်လုပ်ပီးဖို့ဖြစ်ကြောင်း ကတိကဝတ်တိ အမျိုးမျိုးပီးခပြီးကေ ဒေသခံတိနားချခစွာဖြစ်ပါရေ။

“ကျနော်ရို့က ဒေစီမံကိန်းရေ ပွင့်လင်းမြင်သာမှု မရှိလို့ မြင်ရေ။ ဇာလို့ဆိုခါ ဒေစီမံကိန်းအကောင်ထည် မပေါ်ခင် သူရို့က သ ဘာဝပတ်ဝန်းကျင် စမ်းသပ်ချက်တိလေ့ မလုပ်ခ။ ဒေသခံတိနဲ့ ဆွေးနွေးတိုင်ပင်မှုလေ့ မလုပ်ခဆိုခါ မဒေးကျွန်းကို သူများနိုင်ငံက ဇာလောက်ပင် တိုးတက်နီယာလို့ထင်နီပါတ်ဆီ။ အခုလက်ရှိကတော့ခါ ကျနော်ရို့ဒေသရေ ခါးစည်းပြီးကေ ခံနီရရေအနေအထားနန့် ကြုံတွိနီရရေ။ ဒေစီမံကိန်းရေ နိုင်ငံတကာမာ ဇာလောက်ပင် ကောင်းရေလို့ ပြောပါတ်ဆီ ကျနော်ရို့ ဒေသအတွက်တော့ခါ အထောက်အကူပြုနိုင်ရေ စီမံကိန်းမဟုတ်လို့ပဲ ကျနော်ရို့က မြင်ပါရေ။”လို့ ကိုမောင်မောင်သန်းက ပြောပါရေ။

မဒေးကျွန်းရနံသိုလှောင်စက်ရုံတည်ဆောက်ထားရေ ကျောက်မော်ကြီးဖက်ကိုလားရေလမ်းကတော့ ကောင်းနီကေလေ့ တခြား ကျေးရွာချင်းဆက်လမ်းတိ၊ ဆိပ်ကမ်းတိရေ လက်ရှိအချိန်ထိ တစ်ခုတိုးတက်မှုမရှိပဲ ပဂတိမြေသားလမ်းတိအတိုင်းရာဖြစ်ပြီးကေ ဖုန်းလို င်းကလေ့ တော်ရုံနေရာမာ မမိစွာကို လားရောက်လေ့လာစိုင် ကိုယ်တိုင်ကြုံတွိခရပါရေ။

“ကျနော်ရို့ဒေသအတွက် MPT တိုင်ပီးပါရေ။ အမေရိကန်ဒေါ်လာဇာလောက်ဖိုး ဆိုလဲမသိ။ အချိန်ကြာလားခါ ကောင်းလေ့ မမှတ်မိ။ ပထမပိုင်းမာတော့ကေ နေရာတော်တော်များများက မဟုတ်၊ တဟုတ်ချေ ဖုန်းဆက်လို့ရရေ။ ခုနောက်ပိုင်း ကျနော်ရို့ ဒေသမာတော့ ဖုန်းဆက်သွယ်ရေးအပိုင်းက လုံးဝကို အဆင်မပြေယာလေ။ မပြေလို့လေ့ ပြောလို့ရပါတယ်။ ကျနော်ရို့မာ လေးရွာရှိစွာတောင် ကွက် ကြားကွက်ကြားယာရရေ။”

သူရို့ကတိပီးခရေအတိုင်း ဒေသခံတိကိုလေ့ သူရို့စီမံကိန်းထဲမာ အလုပ်ပီးထားစွာ နည်းပါးရေပိုင် ကျေးရွာတိကို ပီးထားရေ သောက် ရီတိလေ့ သံချီးရီတိပိုင် နီရဲနီစွာကြောင့် ရွာသားတိက အန္တရာယ်ဖြစ်ဖို့စိုးရိမ်ပြီးကေ မသောက်သုံးဝ့ံ ကတ်လို့ ဆိုကတ်ပါရေ။

“CNPC က တာဝန်ရှိသူတွေကတော့ခါ ကျနော်ရို့လူထုကို အများကြီးပြောခစွာတိရှိရေ။ ဒေစီမံကိန်းက တကယ့်ကို ရီနက်ဆိပ်ကမ်းစီ မံကိန်းဖြစ်တေ။ ဒေသခံရိုရဲ့အနီအထိုင်၊ လူနီမှုအဆင့်အတန်းတိကို ဒေထက်မက မြင့်မားလာနိုင်ရေ စီမံကိန်းတစ်ခုဖြစ်တေလို့ ပြောရေ။ လက်ရှိအခြေအနေမာ ကျနော်ရို့ ပြန်ကြည့်လိုက်ခါ သူရို့ကုမ္ပဏီထဲမာ လူ ၅၀ လောက်တော့ခါ ကိုယ့်ဒေသကလူတိ အလုပ်လုပ်လို့ရှိရေ။ ကျန်ဒေသခံတိကတော့ခါ တစ်ခု အလုပ်လေ့ မရကတ်။”လို့ ကိုမောင်မောင်သန်းက ဆက်ပြောပါရေ။

ဦးမောင်မြင့်ခိုင်က “(မဒေးကျွန်းရေနံသိုလှောင်စက်ရုံနဲ့ ရွာတိအခြေအနေ) အကြီးအကျယ်ကွာခြားရေ။ မိုးနန့်မြေလောက်ကွာခြားရေ။ သူရို့ ကွင်းထဲမာရှိရေလမ်းက ကျောက်ဖြူမြို့မာတောင် မရှိ။ မီးလေ့ ၂၄ နာရီ။ အချိန်ပြည့်။ သူရို့မာ အကုန်လုံးတိုးတက်တေ။ မီး၊ ကျန်းမာရေး စောင့်ရှောက်မှုတိ အားလုံးကောင်းရေ။ ဒေကစာတိကို သူရို့စားလေ့မစား။ သုံးလေ့ မသုံး။ နောက်ပြီးကေ ရီ။ ကျနော်ရို့ မြေမာ ကန်ကိုဆည်ထားရေ။ ယင်းကန်မာ သူရို့ဖက်ကိုလားစွာကို ဖိုင်ပါပိုက်နန့် ယူထားရေ။ သန့်စင်ရီစက်က။ ၂ လုံးတည်လို့ ရှိရေ။ သူရို့ကသပ်သပ်။ သူရို့ ယင်းချင့်ကိုတောင် မသုံးသိ။ မန္တလေးကလာစွာကို မြို့ကတင်ရေ။ ကျနော်ရို့ရွာကိုလာကေ မြင်ခလိမေ။ ရီ သံချေးတက်လို့။ ရစင်တိမာ။ ကြွီပြားဖြူဖြူကပ်ထားဟာ။ ရဲရဲဖြစ်နီရေ။ ကွာစာမာ ယလောက်ကွာရေ။ သူရို့ဖက်ကို လားရေလမ်းက မွိ့နီရေ။ လမ်းမာလေ့ အားလုံးပြောင်လင်းနီရေ။ ယင်းအပိုင်းတော့ခါ စင်ကာပူနဲ့ တူရေလို့ပြောရေ။ ကျနော်ရို့ဖက်က တောမာ တောယာ။”လို့ ပြောပါရေ။

 22 total views,  1 views today