ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေမြို့သားတို့ဟာ သူတို့ကိုယ် သူတို့ “နာရီစင်”ကို ခြေကန်ပြီး မွေးလာတာပါဆိုပြီး ဂုဏ်ယူဝင့်ကြွားလေ့ရှိကြပါတယ်။ တကယ်လည်း ဂုဏ်ယူစရာပါ။ စစ်တွေမြို့ရဲ့ အထင်ရှားဆုံး သမိုင်းဝင်လက်ရာတွေထဲမှာ စစ်တွေမြို့လယ်က သက်တမ်း ၁၃၃ နှစ်ကြာ ရှည်နေပြီဖြစ်တဲ့ နာရီစင်ဟောင်းကြီးလည်း ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်ဟာ ဗြိတိသျှနယ်ချဲ့တို့ရဲ့ သိမ်းပိုက်မှုအောက်မှာ ရှိစဉ်ကာလ ၁၈၈၇ ခုနှစ်မှာ ကျရောက်တဲ့ အင်္ဂလန်ဘုရင်မကြီး ဗစ်တိုးရီး ယားရဲ့ ၇၅ နှစ်မြောက် စိန်ရတု မွေးနေ့အထိမ်းအမှတ်အနေနဲ့ လက်ဆောင်အဖြစ် ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ပဲခူးနဲ့ စစ်တွေကို လက်ဆောင် တစ်ခုစီပေးဖို့ ရွေးချယ်ခဲ့ရာမှာ ပဲခူးကို စစ်တွေမှာရှိတဲ့ အဆိုပါ နာရီစင်ဟောင်းကြီးကို ပေးဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး စစ်တွေမြို့အတွက်ကိုတော့ ပဲခူးမြို့ဝင်ဝမှာ အသုံးပြုထားတဲ့ တံတားကို ပေးအပ်ဖို့ ဘုရင်မကြီးက စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရရှိလာမယ့် တံတားဟာ စစ်တွေမြို့ကနေ ဆပ်ရိုးကျချောင်းကို ဖြတ်ထိုးမှာဖြစ်တာကြောင့် ဆန်စက်လုပ်ငန်းရှင်တွေနဲ့ တချို့ ကုန်သည်တွေက သင်္ဘောအဝင်အထွက်တွေ၊ ကုန်တင်ကုန်ချတွေ အဆင်မပြေတော့မှာကို စိုးရိမ်လို့ ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတ ယ်။ ဒါကြောင့် နာရီစင်ကိုပဲ လက်ခံဖို့ဖြစ်လာခဲ့တာလို့ အသက် ၆၅ နှစ်အရွယ်ရောက်နေ ပြီဖြစ်တဲ့ စစ်တွေမြို့ခံ ဦးစောသာထွန်းက တ ဆင့်ပြောစကားတွေအရ သိခဲ့ရတဲ့အကြောင်းကို မျှဝေလာပါတယ်။

“ကျွန်တော်တို့မှတ်သားခဲ့တာကတော့ ဘတ်(ဗစ်)တိုးရီးယားဘုရင်မရဲ့ ၇၅ နှစ်မြောက်အထိမ်းအမှတ် အရ သူ့ကိုလိုနီနိုင်ငံတွေထဲက ပဲခူးနဲ့ စစ်တွေကို သူတစ်ခုစီ ပေးမယ်ဆိုပြီးတော့ လုပ်တယ်လို့ ကြားရတယ်။ အဲ့ဒီမှာ စစ်တွေကို ပေးတာကတော့ ချောင်းကူးတံတားလို့ ကြားရပါတယ်။ အဲဒီချောင်းကူးတံတား ထိုးမယ့်နေရာကတော့ ဆတ်ရိုးကျချောင်း ဟိုဘက်နဲ့ ဒီဘက်ထိုးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီဆတ်ရိုးကျချောင်းကို ထိုးမယ်ဆိုတော့ ဆန်စက်ပိုင်ရှင်တွေနဲ့ တစ်ချို့က ကန့်ကွက်ခဲ့ကြတယ်လို့ ကြားပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဘက်က စက်တွေ အဝင်အထွက် အဆင်မပြေဖြစ်မယ့် အတွက်ကြောင့်နဲ့ပေါ့။ အဲ့ဒီဆန်စက်တွေကို အဝင်အထွက်ရှိတဲ့ စပါးတင်တဲ့ စီဘီ တွေ၊ သင်္ဘောတွေဝင်ဖို့ အခက်အခဲတွေ၊ အနှောက်အယှက် ဖြစ်မယ်ဆိုပြီးတော့ အဲ့ဒီတံတားကို ငြင်းခဲ့ကြတယ်လို့ ဆိုပါတယ်။ တံတားကိုငြင်းကြတဲ့အခါမှာတော့ ပဲခူးမှာရတဲ့ နာရီစင်ကို ကျွန်တော်တို့ စစ်တွေဘက်ကို လွှဲပေးလိုက်တယ်လို့ ကြားပါတယ်။ ဒီကျွန်တော်တို့ ဖက်က တံတားကတော့ ပဲခူးမြို့ဝင်တံတား ဆိုပြီးတော့ ရှိပါတယ်။”

စစ်တွေမြို့လယ်မှာရှိတဲ့ ဒီနာရီစင်ကြီးကို အင်္ဂလန်နိုင်ငံအခြေစိုက် ဂျွန်စမစ်နဲ့ သားများ နာရီကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့တာဖြစ် ပြီး မြင်းဆွဲအားသုံးချိန်ပြီး နာရီအမျိုးအစားလည်း ဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ ကမ္ဘာ့တစ်ဝှမ်း နာ ရီပေါင်း ၂၀၀ ကျော် တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီအနက် စစ်တွေမြို့က နာရီစင်ဟောင်းလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

လက်ရှိ စစ်တွေမြို့မ ရဲစခန်းခြံဝင်းထဲမှာ ရှိနေတဲ့ အဆိုပါနာရီစင်ဟာ အရင်တုန်းက ခြံစည်းရိုး ကာထားတယ်လို့ ဆိုပေမယ့် ဘယ်ရုံးရဲ့ခြံ ဝင်းထဲမှာမှ မဟုတ်တာကြောင့် လူငယ်တွေက လာရောက်ပြီး စွန်တင်တာ၊ အားကစားလုပ်ကြတာတွေ လုပ်ကြသလို တချို့ကလည်း နာရီမျှော်စင်ထိပ်ကို တက်ကြတယ်လို့ ဆိုပါတယ်။

ဦးစောသာထွန်းက”နာရီစင်အပေါ်ကိုတော့ မတက်ဖူးဘူး။ တက်ဖူးတဲ့သူတွေရှိတယ်။ ကျနော်တို့မှာကျတော့ မိဘအုပ်ထိန်းမှုက (တင်းကြပ်) ကျပ်တယ်။ ခွင့်ပြုချက်မရရင် တစ်ခုမှ မလုပ်ရဘူး။ အဲ့အချိန်တုန်းကလည်း အဲ့နေရာမှာ ရဲစခန်းဖြစ်နေပြီ အမှတ် ၁ ရဲစခန်းပေါ့။ တက်ရဲတဲ့ သူတွေတက်ကြတယ်။ ရဲရဲဝံ့ဝံ့လူတွေက တက်ကြတယ်ပေါ့။ ကျနော်တို့ကျတော့ မတက်ဖူးဘူး။”လို့ ပြောပါတယ်။

နာရီမျှော်စင်ထိပ်ကို တက်ခိုက်နဲ့ နာရီခေါင်းလောင်းထိုးခိုက်နဲ့ တထပ်တည်းကျရင်တော့ တာဝါရဲ့ တုန်ခါမှုကြောင့် အောက်ကိုပြုတ်ကျမ သွားအောင် ဂရုတစိုက်တင်ကိုင်ထားရတယ်လို့ ဦးစောသာထွန်းရဲ့စကားကိုဖြတ်ပြီး ဘေးနားမှာထိုင်နေတဲ့ ဦးသိန်းအောင်က သူတက်ဖူး တဲ့ အကြောင်းကို ဝင်ပြောပါတယ်။

“ဦးလေးတို့ တက်ဖူးတယ်။ အဲဒီအချိန်မှာက ရဲစခန်းဖြစ်သွားပြီ။ ရဲသားအောင်ထွန်းသိန်းနဲ့ နေလို့ တက်ဖူးတာ။ ခေါင်းလောင်း တီးချိန်ဆိုရင် ကိုင်ထားရတယ်။ ပြုတ်ကျနိုင်အောင်ထိခါတယ်။ ၁၂ နာရီဆို ၁၂ ချိန်း။ ဒေါင်…ဒေါင်…ဒေါင်ဆိုပြီး ခါတယ်။ အပေါ်က ချိန်သီးက လာပြီး ခေါင်းလောင်းကိုရိုက်တာ။ အောက်မှာ ဝိုက်တုံးတွေနဲ့ ခေါင်းလောင်းကိုရိုက်တာ အဲ့ဒီဟာက နာရီမှာညှိပြီးတော့ ဝိတုံးနဲ့ အလေးဆွဲပြီးညှိ ထားတဲ့သဘောပေါ့။ ကျနော်လည်း သိပ်နားမလည်ပါဘူး။”

နာရီစင်ကို ရဲစခန်းနယ်မြေထဲကို မသွင်းခင် အဲဒီအနီးမှာ မီးသတ်ရုံးတည်ရှိခဲ့ပြီး နာရီစင်ကို မီးသတ်တာဝါအဖြစ်အသုံးပြုခဲ့တယ်လို့လည်း တချို့က ပြောဆိုကြပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာပြီး မီးသတ်တပ်ဖွဲ့လည်း တခြားနေရာကို ပြောင်းရွှေ့သွားပြီး ရဲတပ်ဖွဲ့က အဲဒီနေရာ မှာ စခန်းချလာခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ နာရီစင်တည်ဆောက်ပြီးလို့ နှစ်ပေါင်း ၇၀ ဝန်းကျင်လောက်ကြာချိန်မှာတော့ နာရီစင်ရဲ့ခေါင်း လောင်းသံဟာ မြည်တချက်၊ မမြည်တချက်ဖြစ်လာခဲ့လို အပြင်ပန်းမျက်နှာတွေမှာ အသုံးပြုထားတဲ့သံပြားတွေကလည်း ကွာကျလာပါ တော့တယ်။

ဒါကြောင့် အဲဒီနာရီစင်ကိုတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီကို စာပို့အကြောင်းကြားပြီး နာရီစင်ပြင်ရမယ့်အကြောင်းကို ပြောပြတဲ့အခါမှာတော့ ဒီအတိုင်းပဲ ထိန်းသိမ်းထားဖို့သာ အကြောင်းပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ နာရီပြင်သမားတစ်ယောက်ရရှိခဲ့ပြီး နာရီမှာ လိုအပ် တဲ့ အပိုင်းတွေကိုပြုပြင်ပေးဖို့ အခကြေးငွေနဲ့ ငှားပြီး လုပ်ခိုင်းခဲ့ရပါသေးတယ်။ ၁၉၆၅ ခုနှစ် အလွန်မှာတော့ နာရီစင်က မြောက်ဖက်မျက်နှာကို ယူကိုဆလားဗီယားနိုင်ငံက လှူဒါန်းခဲ့ပြီး ကျန်တဲ့ မျက်နှာပြင်တွေကို ကိုယ့်ဒေသမှာပဲ လုပ်ပြီးပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ၁၉၆၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ လေမုန်တိုင်းကြောင့် မျက်နှာစာ တချို့ ပျက်စီးသွားသလို အရှေ့နဲ့ အနောက် တောင်နဲ့ မြောက်တို့ကို ညွှန်ပြပေးနေတဲ့ လေညွှန်တံဟာလည်း ပျက်စီးသွားပြန်ပါတယ်။

“ကျွန်တော်တို့ ပထမဆုံး သိသလောက်ကတော့ ၁၉၆၂ လောက်ထင်တယ် နာရီစင်ကနေပြီးတော့ နာရီထိုးသံ ဒေါင်၊ ဒေါင်၊ ဆိုပြီးတော့ ကြားရတယ်။ ၁၉၆၃ လောက်ကျတော့ ကျွန်တော်တို့ မကြားတော့ပါဘူး။ နာရီစင်က ပြန်ပြီး ဒီအတိုင်း ရပ်သွားပြီးတော့ မျက်နှာပြင်တွေ ဟာ ပျက်စီးနေပါတယ်။ အဲ့ဒါကိုတော့ စည်ပင်ကပဲ လုပ်ပါတယ်။ အဲ့ဒီနေရာမှာ အရင်တုန်းက ဘာရှိလဲဆိုတော့ အိုလံပစ်စခန်းနဲ့ မီးသ တ်စခန်းထားခဲ့တယ်လို့လဲပြောပါတယ်။ နာရီထိုးသံက နောက်ပိုင်းကျတော့ လုံးဝမမြည်တော့ပါဘူး။ အသံမမြည်တော့လို့ နောက်ပိုင်းလု ပ်မယ်ဆိုပြီး အင်္ဂလန်ကကုမ္ပဏီကို စာရေးတယ်လို့ ပြောပါတယ်။ စာရေးတော့ သူတို့က နာရီစင် မင်းတို့မှာရှိသေးရဲ့လား။ သူတို့မှာ ဒီအ စိတ်အပိုင်းတွေကို မလုပ်တော့ဘူး။ ရှိရင်လဲ ထပ်ပြီးတော့ ထိန်းသိမ်းထားဆိုတဲ့ စာပဲလာတယ်တဲ့။ ဆိုတော့ ဒါက အဲဒီအတိုင်းပဲနေတာ ကို နာရီဆရာ ကမ္ဘာ့စံတော်ချိန် အဲဒီအဘိုးဆရာကြီး နာမေကိုတော့ မေ့သွားပြီ။ သူကနေပြီးတော့ ဒီနာရီကို ဝိတ်တုန်းတွေနဲ့ သော့ပေးရ တယ်။ အဲဒီဆရာကြီးက လုပ်တဲ့အတွက် နာရီတိုက်ခ၊ အချိန်မှန်ခ သူ့ကိုတစ်လမှာ ၅၀ ဆိုလား။ ၅ ကျပ်ဆိုလားမသိဘူး။ထောက်ပံ့တ ယ်။ အဲဒီခေတ်က။ အဲဒီလိုလည်း ကြားလိုက်တယ်။ အဲဒါတော့ အတိကျမပြောနိုင်ဘူး။ ဒါပေမယ့် သိပ်များတဲ့ပမာဏတော့ မဟုတ်ဘူး။ အဲဒီဆရာကြီး နောက်ပိုင်း သားဖြစ်သူဆက်ခံတယ်လို့ ပြောပါတယ်။ ဒါကို လူတစ်ယောက်က တာဝန်တစ်ရပ်အနေနဲ့ ချိန်ညှိရတာလည်း ပါတော့ နောက်ပိုင်းနောက်ပိုင်းတော့ ပျက်သွားတယ်။ ကျနော်တို့ရှိကတည်းက အဲဒီအပေါ်ကို သိပ်မတက်ကြဘူး။ နောက်ပိုင်းတခေါက် နည်းနည်းပြုပြင်ပြီးတော့ ၆၅ ကျော်ကျော်လောက်မှာလုပ်တယ်။ အဲဒီအချိန်တုန်းက မြောက်ဖက်မျက်ကို ယူကိုဆလားဗီးယားနိုင်ငံက လှူပါတယ်။ ကျန်တဲ့ဖက်တွေကို ကိုယ့်နိုင်ငံထဲမှာပဲ လုပ်ပါတယ်။ ၆၈ မုန်တိုန်းမှာ အနောက်ဖက်၊ တောင်ဖက်က မှန်ချက်တွေပွင့်ထွက် သွားတယ်။ နောက်ပြီးတော့ အပေါ်က လေတိုက်နှုန်းကိုပြတဲ့ ညွှန်တံလည်း လေမုန်တိုင်းနောက်ဆုံးအနောက်လေပြန်တိုက်တဲ့အတိုင်း ပဲကျန်လိုက်တယ်။ အဲဒီညွှန်တံမှာ လှူဒါန်းတဲ့ ခုနှစ် ၁၈၈၇ လို့ရေးထားတယ်ပေါ့။”လို့ ဦးစောသာထွန်းက သိခဲ့ရကြုံခဲ့ရတာတွေကို ပြော ပြပါတယ်။

အခုလို ပြုပြင်တလှည့်၊ မပြုပြင်တလှည့်နဲ့ နာရီစင်ဟောင်းဟာ ရာစုနှစ်တစ်ခုကျော်လွန်လာခဲ့ချိန် ပြီးခဲ့တဲ့ ပြည်ထောင်စု၊ ကြံခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီ လက်ထက်မှာတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဦးမောင်မောင်အုန်းဟာ ငွေကျပ်သိန်း ၂၀၀ လောက်ကုန်ကျခံပြီး ပြ ည်တွင်းက တတ်သိပညာရှင်တွေကို ခေါ်ယူက ရှေးမူမပျက်ပြန်လည်ပြုပြင်ခဲ့တယ်ဆိုတာကို သတင်းတွေကို ဖတ်ရှုမှတ်ရှုရခဲ့ချိန်မှာ သိခဲ့ရပါတယ်။ အဲဒီအချိန်မှာလည်း အစိုးရတာဝန်ရှိသူတွေဖက်ကတော့ စက်အဟောင်းကို ပြတိုက်မှာ သိမ်းဆည်းထားပြီး စက်အသစ်နဲ့ လည်ပတ်နေနိုင်အောင် စီစဉ်ခဲ့ပေမယ့် ဒေသခံတွေရဲ့လိုလားချက်အရ အရင်စက်ဟောင်းကိုပဲ ပြန်လည်အသုံးပြုခဲ့တယ်လို့ ကြားသိရပါ တယ်။ ဒါ့အပြင် ဒီဂျစ်တယ်စနစ်ကိုပါ ထည့်သွင်းပြီး ရခိုင်သံဇဉ်တွေ၊ သီချင်းတွေလည်း ထည့်သွင်းသွားမယ်လို့လည်း ပြောဆိုခဲ့ပါသေးတတယ်။

“စစ်တွေမြို့မှာ မွေးတယ်လို့ဆိုရင် နာရီစင်ကိုခြေကန်လို့မွေးတယ်ဆိုပြီးတော့ ပြောကြတယ်။ တချို့မြို့က လူတွေကလည်း သူတို့ကကြွား တယ်လို့ မှတ်ကြတယ်။ ဥပမာတင်စားကြတာပဲ။ ဒါဟာ စစ်တွေမြို့ဆိုတာကို အထောက်အထားလို ပြောကြတယ်။ နာရီစင်အသံကြား နေရတာကလည်း တမျိုးပေါ့။ ကြည့်လိုက်ရ။ မြင်လိုက်ရတယ်ဆိုရင် အချိန်ကြည့်ရတာအဆင်ပြေတယ်ပေါ့။ နောက်ပိုင်းတော့ နာရီက မှန်တဲ့အဆင့်မှာလည်း မရှိတော့ဘူး။ ရပ်သွားတယ်လေ။ အရင်ကဆို ၄ နာရီဆိုရင်လည်း ဒေါင်..ဒေါင်နဲ့။ ၉ တန်း၊ ၁၀ တန်းတုန်းက နာရီ စင်က အသံကိုမှန်းပြီး စာထဖတ်တာ။ နောက်ပိုင်းတော့ အသံတိုးသွားတယ်။ အဲဒါမှာပါတဲ့ ခေါင်းလောင်းတောင် ပထမပါတဲ့ ခေါင်းလောင်း မဟုတ်ဘူးလို့ ပြောကြတယ်။ ကျနော့်ဘကြီးက ပြောခဲ့တာ။ သူက စည်ပင်မှာ အတွင်းရေးမှူး လုပ်ခဲ့တဲ့အတွက်နဲ့ သူ့မှာ ဒိုင်ယာရီတွေနဲ့ မှတ်ထားတယ်။ ကျနော်တို့ကကျတော့ လက်ဆင့်ကမ်းတာ အားနည်းသွားတယ်။”

အဲဒီတုန်းက ပြုပြင်ခဲ့တုန်းကတော့ သူတို့ပြန်လည်ပြုပြင်လို့အပြီး ဆယ်စုနှစ်တစ်ခုလောက်ကို အဆင်ပြေပြေအသုံးပြုလို့ရတယ်လို့ ပြော ဆိုခဲ့ပေမယ့် အရင်တုန်းကလို ခေါင်းလောင်းထိုးသံတွေလည်း မကြားရတော့ပါဘူး။ ဒါပေမယ့် နာရီစင်ကတော့ ပုံပန်းသဏ္ဍာန်နည်းနည်း မှိန်သွားတာကလွဲရင် အရင်အတိုင်းပဲ မြင်တွေ့နေရဆဲဖြစ်ပါတယ်။

“ကျနော်တို့ သိကတည်းက ဒီနေရာမှာပဲ။ မပြောင်းဘူး။ အစကတော့ အဲဒီနေရာမှာ ကျားပျံစတိုး။ အဲဒီတစ်ဖက်ခြမ်းက။ အခုရဲလုပ်ထားတာပေါ့။ အဲဒီတုန်းက ကွက်လပ်ကြီး။ ဘယ်သူမှ မနေဘူး။ ကျနော်တို့ အငယ်က အဖေက စွန်လွှတ်ဖို့ခေါ်သွားနေကျ။ နောက်ပိုင်း မီးသတ် (မီးသပ်တပ်ဖွဲ့) ကလည်း ဒီဖက်က အိုလံပစ်ကိုပြောင်းလာတယ်။ ခု MPT ရုံးဖွင့်ထားတဲ့နေရာ။ ရိုးမဘဏ်ဘေးက အဲဒီဖက်က မီးသတ်ပြောင်းလာတယ်။ မီးသတ်မျှော်စင်အဖြစ်လည်း အသုံးပြုခဲ့တယ်လို့လည်း ပြောတယ်။ နောက်ပိုင်းတော့ သံပြားတွေ အခြေအနေတော်တော်ဆိုးလာတယ်။ အဲ ဒါတွေကိုတော့ ပြန်လို့ပြုပြင်ခဲ့တယ်လို့ထင်ပါတယ်။ အတိကျတော့ မသိဘူး။”

စစ်တွေမြို့မှာ ဒီနာရီစင်အပြင် ပြည်တွင်းလုပ် နာရီစင်တွေလည်း ရှိသေးပါတယ်။ လက်ရှိ ပြည်နယ်တရားရုံးအနီးမှာ ရှိတဲ့ နာရီစင်ဟာဆို ရင် အရင်တုန်းက ဗစ်တိုးရီးယား ဘုရင်မကြီးရုပ်ထုထားတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး နဝတ လက်ထက်မှာတော့ အဲဒီရုပ်ထုကို တရားရုံးထဲကို ဖယ်ရှားပြီး နာရီစင်လုပ်ခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် ရဲကျော်သူ ဘုန်းတော်ကြီးကျောင်းမှာလည်း ပြည်တွင်းလုပ်နာရီစင်ဟောင်းတစ်လုံးရှိသေးတယ်လို့ တချို့က ပြောကြပါတယ်။

“တရားရုံးနားက နာရီစင်ကတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု န.အ.ဖ တို့လက်ထက်ကျတော့မှ လုပ်တာပါ။ အဲ့ဒါက အရင်ခေတ် ဗစ်တိုးရီး ယား ဘုရင်မ အရုပ်ထားခဲ့တဲ့နေရာပါ။ အဲ့ဒီအရုပ်ကို နောက်ပိုင်းမှာ ဖြုတ်ပြီးတော့ တရားရုံးထဲမှာ ထားပါတယ်။ ဘတ် (ဗစ်)တိုးရီးယား ဘုရင်မရုပ်ထုကို အဲ့ဒီနေရာမှာ ထားမယ်ဆိုပြီးတော့ မထားဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီနေရာမှာ အဝိုင်းပုံစံ မရှိခဲ့လို့ပါ။ အဲ့ဒါကို ဘယ်မှာ လုပ်လဲဆိုတော့ မင်းကြီးကျောက်တန်းနဲ့ ကျောင်းကြီးလမ်းခွဆုံ တြိဂံပုံရှိပါတယ်။ ကမ်းနားလမ်းနဲ့ ကျောင်းကြီးလမ်းဆုံတဲ့ နေရာမှာ တြိဂံပုံ မြက်ခင်းကျယ်ရှိပါတယ်။ အဲ့ဒီနားမှာ စိုက်ထူမယ်လုပ်တော့ နောက်ပိုင်း သဘောမတူကြဘူးဆိုပြီး အဲဒီရုပ်ထုကို ကျွန်တော်တို့ သိနေတုန်းတော့ ပြည်နယ်၊ မြို့နယ်တရားရုံးမှာ အဲ့အတိုင်းဘဲ မြေပြင်မှာ လဲလျက်ရှိပါတယ်။ နောက်ပိုင်းတော့ဘယ်ရောက်သွားလဲ ကျွန်တော်တို့ မသိတော့ပါဘူး။ အဲဗစ်တိုးရီးယား ဘုရင်မ ရှိခဲ့တာကိုတော့ ကျွန်တော်တို့မှတ်မိပါတယ်။”လို့ ဦးစောသာထွန်းက ပြောပါတယ်။

 81 total views,  5 views today