ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ပြောက်ကျားခေတ်၊ ဓါးပြခေတ်နန့် ယင်းခေတ်နှစ်ခု ကြားကာလ စသဖြင့် ရခိုင်ဒေသခံတချို့က ခေါ်ဝေါ်ကတ်တေ လွန်ခရေ နှစ်ပေါင်း ၁၂၀ ကျော်လောက်ကနီ ခုချိန်ထိ ထိန်းသိမ်းနီထိုင်လာကတ်တေ အိမ်တချို့ကို ရခိင်ပြည်နယ်မှာ မြင်တွိနီရဆဲဖြစ်ပါရေ။

ရခိုင်ပြည်ရေ ခေတ်အဆက်ဆက် ကိုယ့်မင်းကိုယ့်ချင်းနန့် နီထိုင်ခကတ်တေဆိုရေ သမိုင်းအထောက်အထားတိလေ့ ရှိပြီးသားဆိုစွာ ကိုလေ့ လူတိုင်းက သိကတ်ပါဖို့။ ယင်းခေတ်အလွန်ကာလတိမာလေ့ ဂျပန်ခေတ်၊ ဗြိတိသျှခေတ်စသဖြင့် ရှိခပါသိရေ။ ဒေကာလတိမာ ရခိုင်ရို့ရေ ခေတ်နန့်လျော်ညီရေ အသုံးအဆာင်တိ၊ နီထိုင်မှုပုံစံတိကလေ့ တစ်ခေတ်နန့်တခေတ် ကွဲပြားခပါရေ။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ယာတိုက်ကျေးရွာမှာဆိုကေ လွန်ခရေ နှစ်ပေါင်း ၁၂၀ ဝန်းကျင် လောက်ကတည်းကပင် ဆောက်လုပ် နီထိုင်ခရေ ရှေးဟောင်းလက်ရာ အိမ်တချို့ အခုချိန်ထိ ရှိနီပါသိရေ။ လက်ရှိမှာတော့ခါ အိမ်စုစုပေါင်း ၃ လုံးရှိနီပြီးကေ ယင်းအိမ်တိမာနီ ထိုင်ကတ်တေလူတိရေ မိသားစုတစ်စုတည်းက ဆင်းသက်လာကတ်သူတိ ဖြစ်ပါရေ။ အိမ်တိကို “သုဿနာ”လို့ ခေါ်ရေလို့ နှစ်ပေါင်း ၆၀ ကျော်ကြာ အမွီဆက်ခံနီထိုင်လာရေ အဘောင်ဒေါ်လပြည့်ဖြူက ပြောပြပါရေ။

“သုဿနာဆိုရေ ဒေအိမ်တစ်ဆောင်စီကို သုံးနှစ်စီဆောက်ရရေလတ်။ ဘောင်ဘောင်မာ အဘောင်မ တစ်ဆက်နီရေ။ အဖတစ်ဆက်နီ ရေ။ အမိသီခါ သားနီရေပေါ့။ သားသီလားလို့ပြီးခါ ဘောင်ဘောင်ရို့နီခကတ်စွာ။ မောင်နှမသုံးယောက်။ အဖသီလားလို့ ဘောင်ဘောင် အမိမာက ပြိုင်းတောင်မာ သား၊ စစ်တွေမာ သမီးဖြစ်တေ ဘောင်ဘောင်တစ်ယောက်နန့် (သူမ) ဘောင်ဘာင်ရို့နီခရေ။ ခု ဘောင်ဘော င်ရို့လေ့ ၆ ဆယ်ကျော်ယာ။ ဒေအိမ်မာ မကြာလိုက်ဆိုကေလေ့ အနည်းဆုံးနှစ်ပေါင်း ၁၂၀ ကျော်လောက်ရှိနီယာ။”လို့ ပြောပါရေ။

အိမ်တစ်ဆောင်စီကို ခေါင်မိုးနှစ်ခု ပုံသဏ္ဍာန်တည်ဆောက်ထားရေအတွက် ပုံမှန်ကြည့်လိုက်ကေ အိမ်နှစ်ဆောင်ပိုင် မြင်ရပါရေ။ ခေါင် မိုးကို ပြုလုပ်ရေခါ သာမန်ယောက်ျားတစ်ယောက်ယာ ထမ်းနိုင်ရေ ဘင်္ဂလားသံဖြူမိုးကို အသုံးပြုထားပြီးကေ အိမ်တိုင်တိ၊ နံရံတိ၊ ပြတ င်းပေါက်တိ၊ လဂတိအားလုံးကို ဒေသထွက် ငုံး၊ မျောက်ခေါင်းစရေ သစ်တိကိုလိုအပ်ရေပိုင် အသုံးပြုပနာ ဆောက်လုပ်ထားပါရေ။ အိမ် တိကို ဆောက်လုပ်ရေအခါမာ ဒေသမာ နှာမေကျော်ရေ လက်သမားတိကို ဆောက်လုပ်စီခပြီးကေ အိမ်တစ်ခုံးစီကို ၃ နှစ်၊ ၃ မိုး ကြာမြင့် အောင် တည်ဆောက်ခရရေလို့ ဆိုကတ်ပါရေ။

“ဒေရွာက လက်သမားတိလတ်။ ယင်းခါ ဘားလှစိန်ဆိုရေ အဘောင်အဖရို့ဆောက်ခစွာလတ်။ ခု အိမ်တိပိုင် သစ်အနည်းနန့်ဆောက်လို့ ရရေ အိမ်တိက မဟုတ်။ နှစ်ပေါင်း ၁၂၀ ဖြစ်အောင်ထိ အခု အိမ်တိဆိုကေ ခံဖို့လား။ သူရို့မာ သစ်လုံးသစ်ခက်တိကို တင်ပြီးကေ ဆော က်ထားစွာကို။ ယေဇူးနန့်လေ့ ဘားလှစိန်အဖက တစ်အိမ်ကို သုံးနှစ်စီဆောက်ရလတ်။ သံဖြူတစ်ချပ်ကို ယောက်ျားတစ်ယောက်စီထမ်း ရရေလတ်။ ဘင်္ဂလားသံဖြူ။ ၁၂၀ ဖြစ်နီယာ။ အခုထိ အပေါက်ချေတစ်ပေါက် မိုးယိုကေမှယာ ဖာရစွာ။ ဂု သံဖြူတိဆိုကေ ခံဖို့လားစဉ်း စားကြည့်။ အရင်က ပစ္စည်းတိ ဇာလောက်ထိ တန်ဖိုးဟိမ့်လေ။”

ယင်းခေတ်၊ ယင်းအခါက ဒေပိုင်အိမ်မျိုးဆောက်လုပ်ပြီးကေ နီနိုင်ဖို့ဆိုစွာက တော်ရုံကြွယ်ဝမှုနန့် မရနိုင်ပါ။ သူရို့ကလေ့ ချမ်းသာရေ မိ သားစုဖြစ်လို့ အဂုပိုင်ဗျာလ် ရှားပါးရေ အိမ်ပုံစံမျိုးနန့် ဆောက်လုပ်နေထိုင်နိုင်စွာပါ။ ဒေချမ်းသာကြွယ်ဝမှုတိကြောင့်လေ့ သူရို့ မိသားစု က ကကောင်း ဒုက္ခရောက်ခရောက်ခကတ်တေလို့ ဆိုပါရေ။ ဒေချင့်ကလေ့ ဇတ်လမ်းကချေတစ်ပုဒ်ပိုင်ပါယာ။
“ဘောင်ဘောင်အဖက ဆီးသမားကြီးဆိုခါ ဆီးထိုးရေ။ ဘုရားတကာလုပ်တေ။ ဆံတော်ရှင်ဘုရားတကာကြီး။ ဘောင်ဘောင်အဖရေ ဂူရာညိုဆိုစွာ တစ်ညိုတည်းရာ ဟိမ့်ရေလတ်။ နှစ်ညိုမဟိမ့်လတ်။ ဘောင်ဘောင်အမိပြောပြလို့သိစွာ။ တန်ဆောင်မုန်းလပြည့်ပြီဆိုကေ ဆံတော်ရှင်ဘုရားမာ ကြာပန်းတစ်ထောင်၊ ပန်းတစ်ထောင်စီလားပူဇော်ရေလတ်။ လူပေါင်းများစွာ အသက်တိကိုလေ့ ဆေးကုလို့ ပီးခရေ လတ်။ ခုကျောက်ဖျိုင်တစ်ခုရှိသိရေ။ ဆီးကြိတ်တေ ကျောက်ဖျိုင်လတ်။”

သုဿနာလို့ခေါ်ရေ အိမ်သုံးလုံးထဲက တစ်လုံးမာ လက်ရှိနီထိုင်နီရေ တိတယမြောက်မျိုးဆက်လို့ဆိုလို့ရရေ ဘောင်ဘောင်ဒေါ်လှပြည့်ဖြူ အဘောင်မနန့် သားသမီးတိရေ ယာတိုက်နန့် ကောင်းမဝီးရေ မင်းတဲကျေးရွာက ဖြစ်ပါရေ။ သူရို့ရေ နောက်ပိုင်းမာ ယာတိုက်ကျေးရွာက လယ်ယာတချို့ကို ဝယ်ယူပြီးကေ အိမ်တိဆောက်လုပ်နီလာကတ်စွာပါ။ ယင်းခါကတော့ကေ သူရို ့ လက်ရှိနီရေ နရာမာ သစ်ပင်၊ ဝါးပင်တိ မရှိရေ လယ်ကွင်းပြင်တိယာ ရှိခပါရေ။ အိမ်သုံးလုံးထဲက အဂု ပြောပြနီရေ အဘောင်ဘောင်နီထိုင်ရေ အိမ်နန့် ကပ်လို့တည်ဟိမ့်ရေ အိမ်ရို့ရေ သူ့အဘောင်မနန့် အဖသည်ရို့ တစ်ယောက်တစ်အိမ်စီ နီထိုင်ခက တ်စွာဖြစ်ပြီးကေ သူရို့အိမ်တိရဲ့ ဘေးတစောင်း ရှေ့မျက်နှာစာမာ တည်ရှိရေ အိမ်ကတော့ခါ သူ့အဖမာ အကိုအိမ်ဖြစ်ပါရေ။

“အရင်ပုံစံကတော့ နှစ်ခေါင်ဆက်ပုံစံမျိုး။ ဟိုဖက်ကတစ်ဆောင်။ ထမင်းချက်ခန်းဖက်ကို။ ဧရာမ တန်းလျားကြီးတိနန့် တန်းပျက်ဆိုစွာ လေ့ ဟိုးမာယာ ဟိမ့်လီရေ။ နှစ်ပေါင်းကြာလာခါ ယိုယွင်းလာရေမနား။ နှစ်ခေါင်ပြောင်ကို တစ်ခေါင်ဖြုတ်ပလိုက်တေ။ ဂုက နောက်တစ် ဆောင်လုပ်ထားစွာ။ တန်းပျက်နန့် ထမင်းချက်ခန်းကို။ မဂိုကတော့ခါ အရင်အတိုင်းယာ။ ဒေချင့်က လောင်ပွန်းထားတဲ့ အန်ဒမာရီ။ ထ မင်းချက်ခန်းထဲမာ ထားခစွာ။ ဂုက အိမ်ထင်မာ ထားဖို့နရာ မဟိမ့်ခါ အောက်ချထားစွာ။ ဂုက တစ်ပိုင်းယာ ကျန်ယာ။ ဟိုမာ တစ်ဆောင် ထွက်လားယာ။ မဟုတ်ဆိုကေ နှစ်ခေါင်ပြောင်မာ အုန်း ၃ ထောင်လောက်ဆန့်ရေ။”

ဒေသုံးလုံးထဲမာ ဘောင်ဘောင်ဒေါ်လပြည့်ဖြူ အဖမာ အစ်ကိုဖြစ်သူ နီထိုင်ခရေအိမ်ကို အရင်တည်ဆောက်ခစွာဖြစ်ပြီးကေ ယင်းအိမ်ရေ သူရို့အိမ်ထက် နှစ်တချို့ကြီးနိုင်ပါသိရေ။ တချို့ကတော့ခါ ယင်းအိမ် အသက်ဟာ ၁၄၀ လောက်ရှိနီယာလို့ ပြောကတ်ပါရေ။ လက်ရှိမာ တော့ခါ ဒေါ်လပြည့်ဖြူနန့် ကပ်လို့နဲ့ အိမ်နှစ်လုံးစလုံးကို အိမ်ခေါင်မိုးနှစ်ခုပုံစံကပင် တစ်ခုတည်းပုံစံတည်းပိုင်မျိုး ပြောင်းလဲပြီးကေ ဆေ ာက်လိုက်ကတ်ကေလေ့ သူ့အဖ အစ်ကိုနီထိုင်ခရေ အိမ်ကတော့ခါ အိမ်တိုင်တိ ဆွီးမြေ့လားလို့ အစားထိုးထားစွာ၊ မိုးယိုလို့ နည်းနည်း ဖာထေးထားစွာကလွဲကေ အခုချိန်ထိ အယင်ကဆောက်ခရေ ပုံသဏ္ဍာန်အတိုင်းပါ။

“ဟိုဖက်အိမ်ကကျတော့ခါ ခြံပိုင်ရှင်မာ သီးသန့်ဆောက်ထားစွာ။ ဘောင်ဘောင်ရို့မာက ကိုယ့်မာ သီးသန့်ဆောက်စွာ။ သားတစ်ဆောင်၊ အမိတစ်ဆောင်။ နှစ်အိမ်ပြိုင်။ အဘိုးချစ်စံ။ အဘိုးချစ်စံလို့။ အဘိုးချစ်စံမာ ဆောက်လို့နီစွာလတ်။ သဌေးသား။ ယင်းအိမ်ကို အဘာကြီး ရို့ကို ရောင်းပခလို့။ အဘာကြီးရို့နီစွာလတ်။ အဘောင်အဖက မင်းတဲသားတိလတ်။ မင်းတဲမာ လုပ်စားရင်းနန့် တက်လာကတ်တေ။ အ ဂု ဘောင်ဘောင်နီရေ ဒေနရာက လယ်ပြင်လတ်။ လယ်ပြင်မာ ဆောက်ကတ်စွာ။ ဒေခြံကို ဝယ်စက အုန်းပင်တစ်ပင်ယာပါရေလတ်။ အဖိုးအုန်းပင်။ အဖိုးအုန်းပင်လို့။ အမိက။ မြေဖို့ရေ။ အပင်စိုက်တေနန့်။ ဘောင်ဘောင်ရို့ အငယ်ကဆိုကေ ဒေအိမ်အောက်မာ ဆံဖွတ်လို့ စားရေ။ ဆုံနန့် မောင်းတံနန့်။ ဇာလောက်တောင် ဖို့ပစ်လိုက်ရလေလို့ကြည့်။ ဂု မြီးတိ အရပ်ရှည်လို့ ငုံ့ဝင်နီရယာ။”

ယင်းဘောင်ဘောင်အဖရေ တိုင်းရင်းဆီးသမား၊ ဘုရားတကာတောင်မက ချမ်းသာရေ မိသားစုကနီ မွေးဖွားလာသူဖြစ်လို့ ဓားပြတိရဲ့ အ နိုင်ကျင့် အမြတ်ထုတ်မှုတိကိုလေ့ အကြိမ်ကြိမ် ဆဆိုးဝဝါးခံခရပါရေ။ ဇာလောက်တောင် ဆဆိုးဝဝါးအခြေအနေနန့် ကြုံတွိ ခရရေဆိုရေ အကြောင်းကိုလေ့ အဂုပိုင် ပြောပြပါသိရေ။

“ဓါးမြခေတ်လို့ တခေတ်ဟိမ့်ခရေ။ ဘာဘာရို့က အိမ်မာ အိပ်ဖို့တောင် မရလတ်။ ဘောင်ဘောင်ရို့ လက်ထက်မာတောင် အိပ်ဖို့မရခ။ အ ထုပ်ချေထုပ်လို့။ မေစန္ဒာပိုင် သူများအိမ်မာ ဆင်းအိပ်ခရရေ။ ဘာဘာရို့ လက်ထက်မာဆိုကေ ဇာလောက်တောင်များနီခဖို့လဲ။ လူနှိပ်စက်ခံခရရေ။ စာပိုက်တေ။ ဖေသာတောင်းစားရေ။ ဓနရှင်လို့။ ပီးလေ့ပီးရရေ။ ထမင်းလေ့ ကျွေးရရေ။ (ကိုယ့်အသက်) ကိုယ့်ကိုလေ့ ရည်စူးရေ။ အမိပြောပြစွာ။”

“မင်းက ဘောင်ဘောင်ကိုတိုက်ချင်ရေ။ ဇာနိ၊ ဇာရက်မာ ငရို့လာဖို့။ ငရို့ကို ဇာလောက်ပီးရဖို့။ ဇာနရာမာ လာပီး။ ယပိုင် အာဏာပြလို့ တောင်းစားရေ။ ယပိုင်တောင်းစားလို့ ဒုက္ခခံခရရေလတ်။ ကိုယ့်အိမ်မာ တစ်ညချေတောင် မအိပ်ရလတ်။ ဆင်းရဲသား အိမ်တိမာ လားအိပ်ရရေ။ အဖသီလားပြီးရေ နောက်ပိုင်းမာတောင်မှ အဖိုးမာ ကျန်ခရေ(ငွေကြေးဥစ္စာ)ဆိုပြီးကေ ဘောင်ဘောင်ရို့ကို။ ဓားပြခေတ် မကုန်သိမ့်။ အထုပ်ချေထုပ်ပြီးကေ သူများအိမ်မာအိပ်ရရေ။ ပြောက်ကျားလေ့ ဟိမ့်သိရေ။ ဓားပြလေ့ တိုက်စားရေ။ အခုခေတ်မာက တမျိုးကောင်းနီယာ။ ရွှေ ၁၀ ကျပ်ရှိကေ အကျပ်နှစ်ဆယ်ဝတ်လို့ရရေ။ ယင်းခါက ဝတ်ချင်ကေ မိဘရို့မာ အိမ်ထဲကိုခေါ်သွင်းလို့ သား၊ သမီးတိကို ဝတ်စားလို့၊ မိဘတိကို အတင့်ကြည့်လို့။ ဝတ်လို့ပြီးကေ ပြန်ချွတ်။ အထုပ်ချေထုပ်လို့ ဟိုမြေမာ မြှုပ်လိုက်။ ဟိုနရာမာ တင် ထားလိုက်။ ယင်းပိုင်လုပ်ခရရေ ဘဝတိ။ ဘောင်ဘောင်အဖရို့က ကောင်းခံခရရေ။”

အခုပိုင် အဖအကြောင်းကို ပြောပြနီကေလေ့ ဒေါ်လပြည့်ဖြူရေ အဖဆိုစွာ ဇာမှန်းတောင် သိလိုက်ရသူ မဟုတ်ပါ။ သူ တစ်နှစ်သမီး အရွယ်ကပင် အဖသည်ကွယ်လွန်လားပြီးရေနောက် အသက် ၉ နှစ်အရွယ်အစ်ကိုတစ်ယောက်နန့် ၅ နှစ်ယာရှိသိရေ အေး မတစ်ယောက်ရို့က မိခင်ဖြစ်သူနန့်တတူ ကျန်ရစ်ခပါရေ။ ဓါးပြတိရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုကို အကြိမ်ကြိမ်ခံခရရေ သူ့ အဖရေ ကွယ်လွန်ချိန်မာတော့ခါ သီကံကောင်းလားခရေလို့ သူက ယူဆပါရေ။

“အဖသီခါ အဖွားက တစ်နှစ်သမီးလေးတဲ့။ ဘောင်ဘောင်က အဖဆိုစွာ မသိ။ အမေဆိုလေ့ အမိ။ အမိဆိုစွာလေ့ အဖ။ ပြိုင်းတောင်က အစ်ကိုက ၉ နှစ်သားချေလတ်။ မြို့က အေးမက ၅ နှစ်သမီးချေလတ်။ ဘောင်ဘောင်က တစ်နှစ်သမီးချေဆိုခါ တောင်လေ့မသိ။ မြောက်လေ့ မသိ။ ယပိုင်ထားပစ်ခရေ။ ဘုရားတကာလေ့ဖြစ်။ ဟိုလေ့ဖြစ်။ ဒေီလေ့ဖြစ်တေ။ ဘောင်ဘောင်အမိက စာတစ်လုံးလေ့ မ တတ်လတ်။ မိဘဆင်းရဲအားကြီးလို့။ ယင်းတွက်နန့် လင်မိသားစုက နှိပ်စက်။ ကုန်။ ဘောင်ဘောင်ရို့ သိတတ်လာခါ တစ်ခုက မရှိယာ။ ပြင်မာ လယ်တိအဖက်ဖက်က ဝယ်ထားပစ်ခလို့ ဘောင်ဘောင်ရို့ လူရုပ်ပေါက်စွာ။ ဘဝဆိုစွာ အေပိုင်ယာ။ ဘုချေ..။”

နောက်ပြီးကေ အဖဆုံးလားချိန်မာလေ့ ဆွေမျိုးသားချင်းတိ၏ နှိပ်စက်မှုဒဏ်ကြောင့် ရှိသမျှ ဥစ္စာတိ ကုန်ခပြီးကေ အတန်းပညာမသင် ခဖူးရေ မိခင်၊ အရွယ်မရောက်သိရေ အကိုနန့် အေးမသည်ရို့နဲ့ ဘဝကို ကကြမ်းတတမ်း ဖြတ်သန်းခရပနာ အိမ်ကလွဲလို့ ဇာအကျိုးလေ့ မခံစားခရလို့ ဆိုပါရေ။

“ဘောင်ဘောင်အမိက စာမတတ်ခါ အရင်းအနှီးထုတ်ပေး ငါရို့ လုပ်မယ်ကိုင်မယ်ဆိုပြီးကေ လင်မိသားစုကို မိသားစုမှတ်လို့ ထုတ်ပီးလို က်တေ။ အချေသုံးယောက်နန့် မိခင်လေ။ စာကလည်း မတတ်ခါ ပြန်မလာ။ အရာထပ်တောင်းကတ်တေ။ အရာတကျပ်ပီးလိုက်တေ။ ပြန်မလာ။ သူ့မာ ရှိသိရေ။ ရှိသိရေဆိုပြီးကေကျေ့ ထင်နီကတ်တေ။ ဘောင်ဘောင်ရို့က အချေဆိုခါ တစ်ခုလေ့ မသိ။ အကြီးဆုံးတစ် ယောက်လည်း ၈၊ ၉ နှစ်လောက်ရာ ရှိသိရေဆိုခါ။ မေမေက ကောင်း ရုန်းကန်ခရရေ။”

ဒေပိုင်နန့် အရွယ်ရောက်လာကတ်တေခါတော့ကေ ယင်းအိမ်တိမာ မောင်နှမတိနန့် ဖခင်ဆွေးမျိုးသားချင်းတိက ဆက်လက်နီထိုင်နီ ကတ်စွာပါ။ အဘောင်ဒေါ်လပြည့်ဖြူအိမ်နန့် ကပ်လို့အိမ်မာနေထိုင်သူကတော့ခါ ဒေအိမ်တိကို တာဝန်ရှိသူတိက လာရောက်စစ်ဆေး သင့်ပြီးကေ ရှိဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသင့်ကေ ထိန်းသိမ်းသတ်မှတ်ပီးစီချင်ရေလို့ ဆိုပါရေ။
ကိုကျော်ကျော်နိုင်က “အထက်က လူတိက ကွင်းဆင်းလေ့လာပြီးကေ လုပ်ပေးစရာရှိစွာကို လုပ်ပိးကေ ပိုတောင်းရေပေါ့။ အခု မျက်မြင် အတိုင်းယယေ။ ကျနော်တို့မာက သစ်လုံးတစ်လုံးဆွီးကေ ယင်းသစ်လုံးတစ်လုံးကို အစားထိုးပြီးကေ မပျက်မစီးလားရအောင် ပြုစုပီးနီရ စွာယာ။ အထက်ကကွင်းဆင်းပြီးကေ ဇာပိုင်သင့်တော်ဖို့လဲဆိုစွာကို အထက်လူကြီးတိယာသိဖို့။ ကျနော်ရို့ကတော့ကေ ဇာသိဖို့လဲ။ ကျ နော်ရို့ လက်ရှိနီထိုင်နီကတ်တေအပေါ်မာ မူတည်ပြီးကေ ပြောပြစွာပါ။ ဇာပိုင်အသိမှတ်ပြုပီးကတ်ဖို့လဲဆိုစွာလေ့ ကျနော်ရို့လေ့ မသိနိုင်။”လို့ ပြောပါရေ။

အိမ်တိ ထူးခြားချက်အနေနန့် ရှိခေတ်က အသုံးပြုခရေ အိမ်အလှပစ္စည်း ဆပ်ဂြိုဟ်၊ တံခါး၊ ထရံနန့် ဘုရားကျောင်းရို့မာ ရီးဆွဲပုံ ဖော်ထားရေ ပန်းပွတ်လက်ရာတိ၊ နောက်ပြီးကေ သော့ခလောက်တိ၊ အန်ဒမာရီ၊ အိပ်ခန်းတိကို ထူးခြားအောင်ပြုလုပ်ထားပုံစွာကိုတွိ ရပါရေ။ ယင်းအပြင် ဓားမြတိ ဝင်တိုက်ရေခါ အလွယ်တကူ ပုန်းခိုနိုင်အောင် အိမ်ထက်ကိုတက်တေ လဂအတိုင်း မဟုတ်ဘဲနန့် အိမ်ဦး ခန်းအောက်ကနီ စပါးကျီထဲကို ခိုးဝှက်ဆင်းပြီးဖို့ အပေါက်တိဖောက်ထားစွာကိုလေ့ တွိမြင်ရပါသိရေ။ ယကေလေ့ ယင်းခေတ်က အသုံးပြုရေ တချို့ဆွမ်းအုပ်နန့် အလီးချိန် ၃ ပိဿလောက်ရှိရေ တချို့ကြီးထည်တိကိုတော့ခါ ဌာပနာထည့်စွာထည့်၊ ရောင်းစွာကိုရောင်းပလိုက်ကတ်ယာလို့ ဆိုပါရေ။


“အထူးအဆန်းကကျခါ ဘုရားကျောင်းတိမာ ပန်းချေတိဖော်ပြီးကေ တစ်အိမ်မာလေ့ မရှိလို့ထင်ရေ။ ပြီးကေ လူရုပ် ချေတစ်ရုပ်နီပြီးကေ ပန်းချေတိ ဆွဲပြီးကေ ကောင်းလှရေ။ ခန့်ညားရေ။ ခုလေ့ အချေတိက မြင်ဖူးဖို့ မဟုတ်။ ကျနော်ရို့ မြေငူကျွန်းတစ်ကျွန်းလုံးမာတောင် ယင်းပိုင်ရှိဖို့ မဟုတ်။ ဘုရားကျောင်းမာ ပန်းဖော်ထားစွာတိ၊ ဝါးပျစ်ချေတိနန့် လုပ်ထားစွာတိ ကောင်းအဆန်းတကြယ်ဖြစ်တေ။ ယချင့်တိက။”လို့ နှစ်အရှည်ဆုံးဆိုရေ အိမ်မာနီထိုင်ရေ ဦးဖြူမောင်က ပြောပြပါရေ။

 267 total views,  1 views today