ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

အခုခေတ်လူငယ်တွေအနေနဲ့ ယခင် ခေတ်တွေကို မမှီလိုက်ကြပေမယ့် အဲဒီခေတ်ရဲ့သားကောင်တွေဖြစ်ခဲ့တဲ့ မိဘ ဘိုးဘွားတွေ ပြောပြလို့ သိသူတွေလည်း ရှိသလို မသိကြသေးသူတွေလည်း ရှိမှာပါ။ ဒီအကြောင်းတွေနဲ့ဆက်နွှယ်ပြီး ဇာတ်လမ်းလေး တစ်ပုဒ် အကြောင်းကို ပြောပြပေးချင်ပါတယ်။

ရခိုင်ဒေသခံတချို့က ပြောက်ကျားခေတ်၊ ဓါးပြခေတ်နဲ့ အဲဒီခေတ်နှစ်ခုရဲ့ ကြားကာလ စသဖြင့် ခေါ်ဝေါ်ကြတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ကျော်လောက်က မိသားစု တစ်ဆက်နေထိုင်ခဲ့ကြတဲ့ အိမ်အမျိုးအစားတွေနဲ့ သူတို့ကျင်လည်ခဲ့ရပုံတွေ၊ လက်ရှိအချိန်ထိ ထိန်းသိမ်းထား ကြတဲ့ ရှေးခေတ်လက်ရာ အိမ်တွေအကြောင်းကို သွားရောက် လေ့လာမေးမြန်းထားတာကို ဒီတစ်ပတ်မှာ တင်ဆက်ပေးချင်ပါတယ်။

ရခိုင်ပြည်ဟာ ခေတ်အဆက်ဆက် ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းအထောက် အထားတွေလည်း ရှိပြီးသားဆိုတာ ကိုလည်း လူတိုင်းလည်းသိကြမှာပါ။ အဲဒီခေတ် အလွန်ကာလတွေမှာလည်း ဂျပန်ခေတ်၊ ဗြိတိသျှခေတ်စသဖြင့် ရှိခဲ့ပါသေးတယ်။ ဒီကာ လတွေမှာ ရခိုင်တို့ဟာ ခေတ်နဲ့လျော်ညီတဲ့ အသုံးအဆာင်တွေ၊ နေထိုင်မှုပုံစံတွေဟာလည်း တစ်ခေတ်နဲ့တခေတ် ကွဲပြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ယာတိုက်ကျေးရွာမှာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ဝန်းကျင်လောက်ကတည်းကနေ ဆောက်လုပ် နေထိုင်ခဲ့တဲ့ ရှေးဟောင်းလက်ရာ အိမ်တချို့ အခုချိန်ထိ ရှိနေပါသေးတယ်။ လက်ရှိမှာတော့ အိမ်စုစုပေါင်း ၃ လုံးရှိနေပြီး အဲဒီအိမ်တွေ မှာနေထိုင်ကြသူတွေဟာ မိသားစုတစ်စုတည်းက ဆင်းသက်လာကြသူတွေ ဖြစ်ပါတယ်။ အိမ်တွေကို “သုဿနာ”လို့ ခေါ်တယ်လို့ နှစ် ပေါင်း ၆၀ ကျော်ကြာ အမွေဆက်ခံနေထိုင်လာတဲ့ အဖွားဒေါ်လပြည့်ဖြူက ပြောပြပါတယ်။

“သုဿနာဆိုတဲ့ ဒီအိမ်တစ်ဆောင်စီကို သုံးနှစ်စီဆောက်ရတယ်တဲ့။ အဖွားမှာ အဖွားတစ်ဆက်နေတယ်။ အဖွားရဲ့အဖေတစ်ဆက်နေတယ်။ အမေသေတော့ သားနေတာပေါ့။ သားသေသွားလို့ပြီးရင် အဖွားတို့နေခဲ့ကြတာလေ။ မောင်နှမသုံးယောက်။ အဖသေသွားလို့ အဖွား ရဲ့အမေမှာက ပြိုင်းတောင်မှာ သား၊ စစ်တွေမှာ သမီးဖြစ်တဲ့ အဖွားတစ်ယောက်နဲ့ (သူမ)အဖွားတို့နေတာပေါ့။ ခု အဖွားတို့လည်း ၆ဆယ် ကျော်ပြီ။ ဒီအိမ်ဟာ မကြာဘူးဆိုရင်လ အနည်းဆုံးနှစ်ပေါင်း ၁၂၀ ကျော်လောက်ရှိနေပြီ။”လို့ ပြောပါတယ်။

အိမ်တစ်ဆောင်စီကို ခေါင်မိုးနှစ်ခု ပုံသဏ္ဍာန်တည်ဆောက်ထားတဲ့အတွက် ပုံမှန်ကြည့်လိုက်ရင် အိမ်နှစ်ဆောင်လို မြင်ရပါတယ်။ ခေါင် မိုးကို ပြုလုပ်တဲ့အခါ သာမန်ယောက်ျားတစ်ဦးသာ ထမ်းနိုင်တဲ့ ဘင်္ဂလားသံဖြူမိုးကို အသုံးပြုထားပြီး အိမ်တိုင်တွေ၊ နံရံတွေ၊ ပြတင်းပေါ က်တွေ၊ လှေကားတွေအကုန်လုံးကို ဒေသထွက် ငုံး၊ မျောက်ခေါင်းစတဲ့ သစ်တွေလိုအပ်သလို အသုံးပြုကာ ဆောက်လုပ်ထားပါတယ်။ အိမ်တွေကို ဆောက်လုပ်တဲ့အခါမှာ ဒေသမှာ နာမေကျော်တဲ့ လက်သမားတွေကို ဆောက်လုပ်စေခဲ့ပြီး နေအိမ်တစ်ခုံးစီကို ၃ နှစ်၊ ၃ မိုး ကြာမြင့်အောင် တည်ဆောက်ခဲ့ရတယ်လို့ ဆိုကြပါတယ်။

“ဒီရွာက လက်သမားတွေလေ။ အဲဒီတုန်းက အဖွားအို ဘားလှစိန်ဆိုတဲ့ အဖွားရဲ့အဖေတို့ဆောက်ခဲ့တာတဲ့။ ခုအိမ်တွေလို သစ်အနည်းနဲ့ ဆောက်လို့ရတဲ့ အိမ်တွေက မဟုတ်ဘူး။ နှစ်ပေါင်း ၁၂၀ ဖြစ်အောင်ထိ အခု အိမ်တွေဆိုရင်ခံပါ့မလား။ သူတို့မှာ သစ်လုံးသစ်ခက်တွေကို တင်ပြီးတော့ ဆောက်ထားတာကိုး။ အဲဒါကြောင့် ဘားလှစိန်ရဲ့အဖေက တစ်အိမ်ကို သုံးနှစ်စီဆောက်ရတယ်တဲ့။ သံဖြူတစ်ချပ်ကို ယော က်ျားတစ်ယောက်စီထမ်းရတယ်တဲ့။ ဘင်္ဂလားသံဖြူ။ ၁၂၀ ဖြစ်နေပြီ အခုထိ အပေါက်လေးတစ်ပေါက် မိုးယိုမှပဲ ဖာထေးရတာ။ ခု သံဖြူ တွေဆိုရင် ခံပါ့မလား စဉ်းစားကြည့်ပေါ့။ အရင်က ပစ္စည်းတွေ ဘယ်လောက်ထိ တန်ဖိုးရှိခဲ့သလဲ။”

အဲဒီခေတ်၊ အဲဒီအခါက ဒီလိုအိမ်မျိုးဆောက်လုပ်ပြီး နေနိုင်ဖို့ဆိုတာဟာ တော်ရုံကြွယ်ဝမှုနဲ့ မရနိုင်ပါဘူး။ သူတို့ကလည်း ချမ်းသာတဲ့ မိ သားစုဖြစ်လို့ အခုလိုပဲ ရှားပါးလှတဲ့ နေအိမ်ပုံစံမျိုးနဲ့ ဆောက်လုပ်နေထိုင်နိုင်ခဲ့တာပါ။ ဒီလိုချမ်းသာကြွယ်ဝမှုတွေကြောင့်လည်း သူတို့ မိ သားစုဟာ တော်တော်လည်း ဒုက္ခရောက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒါကလည်း ဇတ်လမ်းကလေးတစ်ပုဒ်သဖွယ်ပါပဲ။

“အဖွားရဲ့အဖေက ဆေးသမားကြီးဆိုတော့ ဆေးထိုးတယ်။ ဘုရားတကာလုပ်တယ်။ ဆံတော်ရှင်ဘုရားတကာကြီး။ အဖွားရဲ့အဖေဟာ ဂူရာညိုဆိုတာ တစ်ညိုတည်းပဲရှိတယ်တဲ့။ နှစ်ညိုမရှိဘူး။ အဖွားရဲ့အမေပြောပြခဲ့လို့သိတာ။ တန်ဆောင်မုန်းလပြည့်ပြီဆိုလို့ရှိရင် ဆံတေ ာ်ရှင်ဘုရားမှာ ကြာပန်းတစ်ထောင်၊ ပန်းတစ်ထောင်စီသွားပူဇော်တယ်တဲ့။ လူပေါင်းများစွာရဲ့အသက်တွေကိုလည်းဆေးကုလို့ပေးခဲ့တယ် တဲ့။ ခုကျောက်ပျဉ်တစ်ခုရှိသေးတယ်။ ဆေးကြိတ်တဲ့ ကျောက်ပျဉ်တဲ့။”

သုဿနာလို့ခေါ်တဲ့ အိမ်သုံးလုံးထဲက တစ်လုံးမှာ လက်ရှိနေထိုင်နေတဲ့ တိတယမြောက်မျိုးဆက်လို့ဆိုရမယ့် အဖွားဒေါ်လှပြည့်ဖြူရဲ့ အ ဖွားဖြစ်သူနဲ့ သားသမီးတွေဟာ ယာတိုက်နဲ့ သိပ်မဝေးလှတဲ့ မင်းတဲကျေးရွာက ဖြစ်ပါတယ်။ သူတို့ဟာ နောက်ပိုင်းမှာ ယာတိုက်ကျေးရွာ က လယ်ယာတချို့ကို ဝယ်ယူပြီး နေအိမ်တွေဆောက်လုပ်နေလာခဲ့တာပါ။ အဲဒီတုန်းကတော့ သူတို့ လက်ရှိနေတဲ့ နေရာမှာ သစ်ပင်၊ ဝါး ပင်တွေမရှိတဲ့ လယ်ကွင်းပြင်တွေပဲ ရှိခဲ့ပါတယ်။ နေအိမ်သုံးလုံးထဲက လက်ရှိပြောပြနေတဲ့ အဖွားနေထိုင်တဲ့ အိမ်နဲ့ ကပ်လျက်တည်ရှိတဲ့ အိမ်တို့ဟာ သူမရဲ့အဖွားနဲ့ အဖေဖြစ်သူတို့ တစ်အိမ်စီနေထိုင်ခဲ့ကြတာဖြစ်ပြီး သူတို့အိမ်တွေရဲ့ ဘေးတစောင်း ရှေ့မျက်နှာစာမှာ တည်ရှိ တဲ့ အိမ်ကတော့ သူမအဖေရဲ့ အကိုဖြစ်သူနေခဲ့တဲ့ အိမ်ဖြစ်ပါတယ်။

“အရင်ပုံစံကတော့ နှစ်ခေါင်ဆက်ပုံစံမျိုး။ ဟိုဖက်ကတစ်ဆောင်။ ထမင်းချက်ခန်းဖက်ကိုလေ။ ဧရာမ တန်းလျားကြီးတွေနဲ့ တန်းပျက်ဆို တာလည်း ဟိုးမှာပဲ ရှိနေတယ်။ နှစ်ပေါင်းကြာလာတော့ ယိုယွင်းလာတယ်မလား။ နှစ်ခေါင်ပြောင်ကို တစ်ခေါင်ဖြုတ်ပစ်လိုက်တယ်။ ခုက နောက်တစ်ဆောင်လုပ်ထားတာ။ တန်းပျက်နဲ့ ထမင်းချက်ခန်းကို။ မဂိုကတော့ အရင်အတိုင်းပဲ။ ဒါက ပန်းကန်ထားတဲ့ ဘီရိုလေ။ ထမင်း ချက်ခန်းထဲမှာ ထားခဲ့တာ။ ခုက အိမ်ပေါ်မှာ ထားမယ့်နေရာ မရှိတော့ အောက်ချထားတာ။ ခုက တစ်ပိုင်းပဲ ကျန်ပြီ။ ဟိုမှာ တစ်ဆောင် ထွက်သွားပြီ။ ခုက အယင်လိုပဲ ကျသွားပြီ။ မဟုတ်ဆိုရင် နှစ်ခေါင်ပြောင်မှာ အုန်း ၃ ထောင်လောက်ဆန့်တယ်။”

ဒီသုံးလုံးထဲမှာ အဖွားဒေါ်လပြည့်ဖြူရဲ့ အဖေမှာ အစ်ကိုဖြစ်သူ နေထိုင်ခဲ့တဲ့ အိမ်ကို အရင်တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီအိမ်ဟာ သူမ တို့အိမ်ထက် နှစ်တချို့ကြီးနိုင်ပါသေးတယ်။ တချို့ကတော့ အဲဒီအိမ်ရဲ့ အသက်ဟာ ၁၄၀ လောက်ရှိနေပြီလို့ ပြောကြပါတယ်။ လက်ရှိ မှာတော့ ဒေါ်လပြည့်ဖြူနဲ့ ကပ်လျက်ရှိတဲ့ အိမ်နှစ်လုံးစလုံးကို အိမ်ခေါင်မိုးနှစ်ခုပုံစံကနေ တစ်ခုတည်းပုံစံလိုမျိုး ပြောင်းလဲပြီး ဆောက်လို က်ပေမယ့် သူမအဖေရဲ့ အစ်ကိုနေထိုင်ခဲ့တဲ့ အိမ်ကတော့ အိမ်တိုင်တွေဆွေးမြေ့သွားလို့ အစားထိုးထားတာ၊ မိုးယိုလို့ နည်းနည်းဖာထေး ထားတာကလွဲရင် အခုချိန်ထိ အယင်ကဆောက်ခဲ့တဲ့ ပုံသဏ္ဍာန်အတိုင်းပါပဲ။

“ဟိုဖက်အိမ်ကကျတော့ ခြံပိုင်ရှင်မှာ သီးသန့်ဆောက်တာ။ အဖွားတို့မှာက ကိုယ့်မှာ သီးသန့်ဆောက်တာ။ သားတစ်ဆောင်၊ အမေတစ် ဆောင်ပေါ့။ နှစ်အိမ်ပြိုင်။ အဘိုးချစ်စံ။ အဘိုးချစ်စံလို့။ အဘိုးချစ်စံမှာ ဆောက်လို့နေတာတဲ့။ သူဌေးသား။ အဲဒီအိမ်ကို အဘာကြီးတို့ကို ရောင်းပစ်ခဲ့လို့။ အဘာကြီးတို့နေတာတဲ့။ အဖွားတို့အဖတို့က မင်းတဲသားတွေတဲ့။ မင်းတဲမှာ လုပ်စားရင်းနဲ့ တက်လာကြတယ်။ အခုအ ဖွားတို့နေတဲ့ ဒီနေရာဟာ လယ်ပြင်တဲ့။ လယ်ပြင်မှာ ဆောက်ကြတာ။ ဒီခြံကို ဝယ်တုန်းက အုန်းပင်တစ်ပင်ပဲ ပါတယ်တဲ့။ အဖိုးအုန်းပင်။ အဖိုးအုန်းပင်လို့။ အမေက။ မြေဖို့တယ်။ အပင်စိုက်တယ်နဲ့။ အဖွားတို့ ငယ်ငယ်ကဆိုရင် ဒီအိမ်အောက်မှာ ဆံဖွတ်လို့ စားတယ်။ ဆုံနဲ့ မောင်းတံနဲ့ပေ့ါ။ ဘယ်လောက်တောင် ဖို့ပစ်လိုက်ရလဲလို့ကြည့်။ ခု မြေးတို့ အရပ်ရှည်လို့ ငုံ့ဝင်နေရပြီ။”

အဖွားရဲ့အဖေဖြစ်သူဟာ တိုင်းရင်းဆေးသမား၊ ဘုရားတကာသာမက ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာသူဖြစ်လို့ ဓားပြတွေရဲ့ အ နိုင်ကျင့် အမြတ်ထုတ်မှုတွေကိုလည်း အကြိမ်ကြိမ် ဆိုးဆိုးဝါးဝါးခံခဲ့ရပါတယ်။ ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါးအခြေအနေနဲ့ ကြုံတွေ့ ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုလည်း အခုလိုပဲ ပြောပြပါသေးတယ်။

“ဓါးပြခေတ်လို့ တခေတ်ရှိခဲ့တယ်။ အဖေတို့ဟာ အိမ်မှာ အိပ်ဖို့တောင်မရဘူးတဲ့။ အဖွားတို့ လက်ထက်မှာတောင် အိပ်ဖို့မရခဲ့ဘူး။ အထုပ် လေးထုပ်လို့။ မေစန္ဒာလို့ သူများအိမ်မှာ ဆင်းအိပ်ခဲ့ရတယ်။ အဖေတို့ လက်ထက်မှာဆိုရင် ဘယ်လောက်တောင် များနေခဲ့မလဲ။ လူနှိပ်စ က်ခံခဲ့ရတယ်။ စာပိုက်တယ်။ ပိုက်ဆံတောင်းစားတယ်။ ဓနရှင်လို့။ ပေးလည်းပေးရတယ်။ ထမင်းလည်း ကျွေးရတယ်။ (ကိုယ့်အသက်) ကိုယ့်ကိုယ်လည်း ရည်စူးတယ်။ အမေပြောပြတာလေ။”

“မင်းက အဖွားကိုတိုက်ချင်တယ်။ ဘယ်နေ့၊ ဘယ်ရက်မှာ ငါတို့လာမယ်။ ငါတို့ကိုဘယ်လောက်ပေးရမယ်။ ဘယ်နေရာမှာလာပေးလှည့်။ အဲဒီလို အာဏာပြလို့တောင်းစားတယ်။ အဲဒီလိုတောင်းစားလို့ ဒုက္ခခံခဲ့ရတယ်တဲ့။ ကိုယ့်အိမ်မှာ တစ်ညလေးတောင်မအိပ်ရဘူးတဲ့။ ဆင်း ရဲသားအိမ်တွေမှာ သွားအိပ်ရတယ်။ အဖေသေသွားပြီး နောက်ပိုင်းမှာတောင်မှ အဲဒီအဖိုးမှာ ကျန်ခဲ့မယ်(ငွေကြေးဥစ္စာ)ဆိုပြီး အဖွားတို့ကို ဓားပြခေတ် မကုန်သေးဘူး။ အထုပ်လေးထုပ်ပြီး သူများအိမ်မှာအိပ်ရတယ်။ ပြောက်ကျားလည်းရှိသေးတယ်။ ဓားပြလည်းတိုက်စားတယ် ။ အခုခေတ်မှာက တမျိုးကောင်းနေပြီ။ ရွှေ ၁၀ ကျပ်ရှိရင် အကျပ်နှစ်ဆယ်ဝတ်လို့ရတယ်။ အဲဒီတုန်းကဝတ်ချင်ရင် မိဘတို့မှာ အိမ်ထဲကို ခေါ်သွင်းလို့ သား၊ သမီးတွေကို ဝတ်စားလို့၊ မိဘတွေကို အတင့်ကြည့်လို့။ ဝတ်လို့ပြီးရင် ပြန်ချွတ်။ အထုပ်လေးထုပ်လို့ ဟိုမြေမှာမြှုပ်လို က်။ ဟိုနေရာမှာ တင်ထားလိုက်။ အဲဒီလို လုပ်ခဲ့ရတဲ့ ဘဝတွေ။ အဖေတို့က သိပ်ခံခဲ့ရတယ်။”

အခုလို အဖေအကြောင်းကို ပြောပြနေပေမယ့်လည်း ဒေါ်လပြည့်ဖြူဟာ အဖေဆိုတာ ဘယ်လိုလဲဆိုတာကိုတောင် သိလိုက်ရသူ မဟု တ်ပါဘူး။ သူမ တစ်နှစ်သမီးအရွယ်ကနေ ဖခင်ကွယ်လွန်သွားခဲ့ပြီး အသက် ၉ နှစ်အရွယ်အစ်ကိုတစ်ယောက်နဲ့ ၅ နှစ်သာရှိသေးတဲ့အစ် မတစ်ယောက်တို့ဟာ မိခင်ဖြစ်သူနဲ့အတူ ကျန်ရစ်ခဲ့ပါတယ်။ ဓါးပြတွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ သူရဲ့ အဖေဟာ ကွယ်လွန်ချိန်မှာတော့ သေကံကောင်းသွားခဲ့တယ်လို့ သူက ယူဆပါတယ်။

“အဖေသေတော့ အဖွားက တစ်နှစ်သမီးလေးတဲ့။ အဖွားက အဖဆိုတာ မသိဘူး။ အမေဆိုလည်း အမေ။ အမေဆိုလည်း အဖေပဲ။ ပြိုင်း တောင်က အစ်ကိုက ၉ နှစ်သားလေးတဲ့။ မြို့က အစ်မက ၅ နှစ်သမီးလေးတဲ့။ အဖွားက တစ်နှစ်သမီးလေးဆိုတော့ တောင်လည်း မသိ။ မြောက်လည်း မသိဘူး။ အဲဒီလို ထားပစ်ခဲ့တာ။ ဘုရားတကာလည်းဖြစ်။ ဟိုလည်းဖြစ်။ ဒီလည်းဖြစ်တယ်။ အဖွားအမေက စာတစ်လုံးမှမ တတ်ဘူးတဲ့။ မိဘဆင်းရဲလွန်းအားကြီးလို့လေ။ ဒါကြောင့် လင်မိသားစုက နှိပ်စက်။ ကုန်။ အဖွားတို့ သိတတ်လာတော့ ဘာမှ မရှိတော့ ဘူး။ ပြင်မှာ လယ်တွေအဖက်ဖက်က ဝယ်ထားပစ်ခဲ့လို့ အဖွားတို့ လူရုပ်ပေါက်တာ။ ဘဝဆိုတာ အဲဒီလိုပဲ။ ကလေးရယ်။”

နောက်ပြီး အဖေဆုံးသွားချိန်မှာလည်း ဆွေမျိုးသားချင်းတွေရဲ့ နှိပ်စက်မှုဒဏ်တွေကြောင့် ရှိသမျှ ဥစ္စာတွေ ကုန်ခဲ့ပြီး အတန်းပညာမသင် ခဲ့ဖူးတဲ့ မိခင်၊ အရွယ်မရောက်သေးတဲ့ အကိုနဲ့ အစ်မဖြစ်သူတွေနဲ့ ဘဝကို ကြမ်းတမ်းစွာဖြတ်သန်ခဲ့ရကာ အိမ်ကလွဲလို့ ဘာအကျိုးမှ မခံ စားခဲ့ရဘူးလို့ ဆိုပါတယ်။

“အဖွားအမေက စာမတတ်တော့ အရင်းအနှီးထုတ်ပေး ငါတို့ လုပ်မယ်ကိုင်မယ်ဆိုပြီးတော့ လင်မိသားစုကို မိသားစုမှတ်လို့ ထုတ်ပေးလို က်တယ်။ ကလေးသုံးယောက်နဲ့ မိခင်လေ။ စာကလည်း မတတ်တော့ ပြန်မလာ။ နောက်ထပ်တောင်းတယ်။ နောက်တကျပ်ပေးလိုက်တ ယ်။ ပြန်မလာ။ သူ့မှာ ရှိသေးတယ်။ ရှိသေးတယ်ဆိုပြီး ထင်နေကြတာ။ အဖွားတို့က ကလေးဆိုတော့ ဘာမှ မသိဘူးလေ။ အကြီးဆုံးတ စ်ယောက်လည်း ၈၊ ၉ နှစ်လောက်ပဲရှိသေးတာဆိုတော့ အမေက ရုန်းကန်ခဲ့တာ။”

ဒီလိုနဲ့ အရွယ်ရောက်လာကြချိန်မှာတော့ အဲဒီအိမ်တွေမှာ မောင်နှမတွေနဲ့ ဖခင်ရဲ့ဆွေးမျိုးသားချင်းတွေက ဆက်လက်နေထိုင်နေကြတာ ပါ။ အဖွားဒေါ်လပြည့်ဖြူရဲ့အိမ်နဲ့ ကပ်လျက်အိမ်မှာနေထိုင်သူကတော့ ဒီအိမ်တွေကို တာဝန်ရှိသူတွေက လာရောက်စစ်ဆေးသင့်ပြီး ရှေး ဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသင့်ရင် ထိန်းသိမ်းသတ်မှတ်ပေးစေချင်တယ်လို့ ဆိုပါတယ်။
ကိုကျော်ကျော်နိုင်က “အပေါ်က လူတွေက ကွင်းဆင်းလေ့လာပြီး လုပ်ပေးစရာရှိတာကို လုပ်ပေးရင် ပိုတောင်းတာပေါ့။ အခုမျက်မြင်အ တိုင်းပဲ။ ကျနော်တို့မှာက သစ်လုံးတစ်လုံးဆွေးရင် အဲဒီသစ်လုံးတစ်လုံးကို အစားထိုးပြီးတော့ မပျက်မစီးသွားရအောင် ပြုစုပေးနေရတာ ပဲလေ။ အပေါ်ကကွင်းဆင်းပြီးတော့ ဘယ်လိုသင့်တော်မယ်လဲဆိုတာကို အထက်လူကြီးတွေပဲသိမယ်။ ကျနော်တို့ကတော့ ဘယ်သိမှာ လဲ။ ကျနော်တို့လက်ရှိ နေထိုင်နေတဲ့အပေါ် မူတည်ပြီးပြောပြတာပေါ့။ ဘယ်လိုအသိမှတ်ပြုပေးကြမှာလဲဆိုတာလည်း ကျနော်တို့လည်း မသိနိုင်ဘူးလေ။”လို့ ပြောပါတယ်။

အိမ်တွေရဲ့ ထူးခြားချက်အနေနဲ့ ရှေးခေတ်က အသုံးပြုခဲ့တဲ့ အိမ်အလှပစ္စည်း ဆပ်ဂြိုဟ်တွေ၊ တံခါး၊ နံရံနဲ့ ဘုရားကျောင်းတို့မှာ ရေးဆွဲပုံ ဖော်ထားတဲ့ ပန်းပွတ်လက်ရာတွေ၊ နောက်ပြီးတော့ သော့ခလောက်တွေ၊ ဘီရိုတွေ၊ အိပ်ခန်းတွေကို ထူးခြားစွာပြုလုပ်ထားပုံတွေကိုတွေ့ ရပါတယ်။ ဒါ့အပြင် ဓားပြတွေ ဝင်တိုက်တဲ့အခါ အလွယ်တကူ ပုန်းခိုနိုင်အောင် အိမ်ပေါ်တက်တဲ့ လှေကားအတိုင်း မဟုတ်ပဲ အိမ်ဦး ခန်းအောက်ကနေ စပါးကျီထဲကို ခိုးဝှက်ဆင်းပြေးမယ့် အပေါက်တွေဖောက်ထားတာကိုလည်း တွေ့မြင်ရပါသေးတယ်။ ဒါပေမယ့် အဲဒီခေတ်က အသုံးပြုတဲ့ တချို့ဆွမ်းအုပ်နဲ့ အလေးချိန် ၃ ပိဿလောက်ရှိတဲ့ တချို့ကြေးထည်တွေကိုတော့ ဌာပနာထည့်လို ထည့်၊ ရောင်းတာကိုရောင်းနဲ့ ပြုလုပ်လိုက်ကြပြီလို့ ဆိုပါတယ်။

“အထူးအဆန်းကကျတော့ ဘုရားကျောင်းတွေမှာ ပန်းလေးတွေဖော်ပြီးတော့ တစ်အိမ်မှာမှ မရှိလောက်ဘူးထင်တယ်။ ပြီးတော့ လူရုပ် လေးတစ်ရုပ်နေပြီးတော့ ပန်းလေးတွေ ဆွဲပြီးတော့ သိပ်လှတယ်။ ခန့်ညားတယ်။ ခုလည်း ကလေးတွေက မြင်ဖူးမှာမဟုတ်ဘူး။ ကျနော် တို့ မြေငူကျွန်းတစ်ကျွန်းလုံးမှာတောင် အဲဒီလိုရှိမှာ မဟုတ်ဘူး။ ဘုရားကျောင်းမှာ ပန်းဖော်ထားတာတွေ၊ ဝါးပျစ်လေးတွေနဲ့ လုပ် ထားတာတွေ သိပ်အဆန်းတကြယ်ဖြစ်တယ်။ အဲဒါတွေဟာ။”လို့ နှစ်အရှည်ဆုံးဆိုတဲ့ အိမ်မှာနေထိုင်တဲ့ ဦးဖြူမောင်က ပြောပြပါတယ်။

 283 total views,  1 views today