(Unicode Version)

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်အတွင်းက ရွက်ပုံးသီးလူငယ်လေးတွေကို အနုပညာလမ်းကြောင်းပေါ်ရောက်အောင်တည့်မတ်ပေးနေသူတစ်ဦးအကြောင်း ကို တင်ဆက်ပေးချင်ပါတယ်။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်ရဲ့ ပထမဆုံးသော Akyab Stars လို့ခေါ်တဲ့ Art & Talent Centre ကို ဖွင့် လှစ်ထားပြီး အဲဒီကနေ Model Agency တစ်ခုဖြစ်အောင် ကြိုးပမ်းနေပါတယ်။

သူကတော့ ရခိုင်ပြည်နယ် ပေါက်တောမြို့က အသက် ၂၄ နှစ်အရွယ် ကိုစံသာဖြစ်ပြီး ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက် ခံကျင်းပခဲ့တဲ့ Mister Grand International 2019 ရဲ့ မြန်မာကိုယ်စားပြု ပြိုင်ပွဲဝင်တစ်ဦးဖြစ်သလို အဲဒီပြိုင်ပွဲမှာ Top 8 နဲ့ Sport Ambassador ဆုကိုရရှိထားသူလည်းဖြစ်ပါတယ်။

မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ ရခိုင်ပြည်နယ်က နယ်မြို့လေးတစ်မြို့မှာ မွေးဖွားခဲ့တဲ့ ကိုစံသာအဖို့ အနုပညာအပေါ် ရူးသွပ်စွာ ဝါသနာပါခဲ့ ပေမယ့် အကောင်ထည်ဖော်ဖို့ လမ်းစရှာလို့ မတွေ့ခဲ့ပါဘူး။ ဒါကြောင့် သူနေထိုင်တဲ့မြို့မှာပဲ ဆယ်တန်းအောင်အောင် ပညာသင်ယူခဲ့ပြီး သူ့အိမ်မက်ကို အကောင်ထည်ဖော်ဖို့ အခွင့်အလမ်းရှာမရနိုင်တဲ့ အဆုံးမှာ ဝါသနာနဲ့ အနီးစပ်ဆုံးလမ်းစဖြစ်တဲ့ ဓာတ်ပုံပညာကို သင်ယူ ခဲ့ပါတော့တယ်။

ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်ပီပီ စိတ်ကူးယဉ်အိမ်မက်ကို လက်တွေ့အကောင်ထည်ဖော်လိုတဲ့စိတ်ဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလို့လာခဲ့ချေပါပြီ။ အဲဒီအခါမှာ ဝါသနာရဲ့နောက်ကိုလိုက်ဖို့ လူဟာလည်း အခွင့်အလမ်းနည်းပါးလွန်းတဲ့ မွေးရပ်ဇာတိကို စွန့်ခွာ လို့လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့လူဦးရေအများဆုံးနေထိုင်တဲ့ ရန်ကုန်မြို့ကို ယောင်လည်လည်နဲ့ ရောက်ရှိလို့လာခဲ့ပါတယ်။ အဲဒီလို ရောက်ရှိလာခဲ့ ချိန်ကတော့ သူ့အတွက် လမ်းစပွင့်လာခဲ့ပြီလို့ ဆိုလို့ရပြီး သူတတ်ထားတဲ့ ဓာတ်ပုံပညာလေးကို အရင်းခံရင်းသူဖြစ်ချင်တဲ့ အမြတ်ကိုရှာ ဖွေဖို့ နီးစပ်လို့လာခဲ့ပါပြီ။

ရန်ကုန်မြို့မှာပဲ သူတတ်ထားတဲ့ အဲဒီပညာလေးကို အသုံးချပြီး အလုပ်လုပ်ရင်း အလုပ်တစ်ဖက် သူသွားမယ့်လမ်းမှာ ဒေါက်တိုင်အဖြစ် အသုံးချနိုင်မယ့် သင်တန်းတွေကတစ်ဖက်နဲ့ သူဟာ ၇ နှစ်လောက် ကျင်လည်နေခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း သူ့ရဲ့ဘဝတစ်ကွေ့ဟာ ဖြောင့်တန်းပြီး ရိုးရှင်းနေခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဇွဲမပျက်ပဲ ဝိရိယနဲ့သာ ရှေ့ဆက်လျှောက်ဆဲပါ။

“၂၀၁၀ မှာ ဆယ်တန်းအောင်တယ်။ အနုပညာကို ဝါသနာပါတဲ့အတွက် အဲဒီအချိန်ကစလို့ ကျနော်ရဲ့ လက်ဦးဆရာ ဦးကျော်သန်းဆီမှာ ဓာတ်ပုံဆရာအဖြစ်သင်ပါတယ်။ ပြီးတာနဲ့ ၂၀၁၁ မှာ ရန်ကုန်ကို သွားတယ်။ ကျနော်အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်တာကြောင့် ရန်ကုန်မှာ အလုပ်လုပ်ရင်း အလုပ်တစ်ဖက်နဲ့ နေပြီးတော့ တခြားသင်တန်းတွေဆက်တက်တယ်။ အဓိကကတော့ Camera Man အနေနဲ့ပေါ့လေ။ ပြီးလို့ရှိရင် Photographer အနေနဲ့လည်း လုပ်ခဲ့တယ်။ ပြီးမှပဲ Mister ဖက်ကို ကျနော်သွားတာ။”

ရန်ကုန်မှာပဲ အခုလို ဝါသနာတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ကျင်လည်နေရင်းဆဲဆဲမှာပင် ကျန်းမာရေးအခြေအနေကြောင့် သူ့ဇာတိ ပေါက် တောမြို့ကို ပြန်လာခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ အစကတည်းကနေ သူလျှောက်မယ့်လမ်းကို သဘောမတူခဲ့ကြတဲ့မိသားစုက သူ့ကို ဘယ်နည်းနဲ့မှ ပြန်သွားခွင့် မပြုကြတော့ပါဘူး။

ဒါကြောင့် ကိုစံသာဟာ မိသားစုရဲ့လုပ်ငန်းခွင်ထဲမှာပဲ ဇာတ်ဆရာလိုကျ ကနေခဲ့ရပါသေးတယ်။ ဒီအတောအတွင်းမှာတော့ လက်ကသာ လုပ်နေခဲ့ရပေမယ့် စိတ်ပါခဲ့တာ တစ်နေ့မှ မရှိခဲ့ပါဘူး။

“ငါသည် အချိန် ၇ နှစ်လောက်အချိန်ပေးလို့ပြီးမှ ဒီအလုပ်ကို စွန့်လွှတ်လိုက်ရမလား။ စွန့်လွှတ်နိုင်မလားပေါ့။ စဉ်းစားတယ်။ အိမ်မှာ မိ သားစုစီးပွားရေးရှိတယ်။ မိသားစုစီးပွားရေးကို ဝင်လုပ်နေပေမယ့် ကျနော့်မှာ စိတ်ပျော်ရွှင်မှုလုံးမရှိဘူး။ တစ်ရက်တစ်ရက်လာရင် လုပ် နေရတာပဲ ရှိတယ်။ စိတ်မပါဘူး။ ဒါက ငါ့ရဲ့ဝါသနာ၊ ဗီဇမဟုတ်ဘူးဆိုတာ ကိုယ့်ဟာကိုယ်သိတယ်။ ပထမဆုံးကတော့ အိမ်ကိုတိုင်ပင် တယ်။ ပြောပြတယ်။ ဒါပေမဲ့ သူတို့က လက်မခံဘူး။ အဲဒီအချိန်မှာ ကျနော်အိမ်ကို ဆန့်ကျင်ခဲ့ရတယ်။”

ဒီလိုနဲ့ အိမ်မက်တွေရှိရာဆီကိုပဲ အိမ်နဲ့ မိသားစုကို ထပ်မံခွဲခွာပြီး ပြန်လှည့်လာခဲ့ပြန်ပါတယ်။ အခုလို အိမ်ကိုဆန့်ကျင်ခဲ့ရတာကလည်း သူ့အတွက် ကံကောင်းသွားတယ်လို့ ဆိုရပါမယ်။ ဘာလို့လဲဆိုတော့ အဲဒီနှစ်မှာပဲ အနှစ်နှစ်၊ အလလ ကြိုးစားရုန်းကန်ခဲ့ရတဲ့ သူ့ရဲ့ အနု ပညာလမ်းစပွင့်သွားလို့ပါ။ အဲဒီနှစ်ဟာ ၂၀၁၉ ခုနှစ်ဖြစ်ပြီး Mister Grand International 2019 ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက် ခံကျင်းပတဲ့နှစ်လည်းဖြစ်ပါတယ်။အဲဒီပြိုင်ပွဲအတွက် သူ့ဟာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ရွေးချယ်ခံခဲ့ရပြီး ဝင်ရောက်ယှဉ်ပြိုင်ရာမှာတော့ သူက Top 8 နဲ့ Sport Ambassador ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။

ဒါကြောင့် သူဟာ အခု ၂၀၂၀ မှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Mister Landscape ပြိုင်ပွဲကို ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါ တယ်။ အခုဆိုရင်တော့ သူ့လျှောက်မယ့် ဘဝအိမ်မက်အတွက် ပထမလမ်းစပွင့်သွားခဲ့ပြီလို့ ဆိုနိုင်ပါပြီ။

“ကျနော့်မှာ အဲဒီအချိန်ကလည်း အလုပ်တစ်ဖက်နဲ့ ဖြစ်နေတယ်။ အဲဒီကြားထဲမှာ ငါဒီဟာပါမှဖြစ်မယ်။ ဆိုပြီးတော့ CV Form တွေပို့ပေး တယ်။ Casting ဝင်တယ်ပေါ့။ ကျနော်ကံကောင်းတယ်လို့ ဆိုလို့ရတယ်။ ပထမဆုံး Casting မှာ အောင်သွားတယ်။ အောင်သွားတဲ့ အ တွက် ကျနော်(မြန်မာ) ကိုယ်စားပြုဖြစ်သွားတယ်။”

ဒါပေမယ့် သူ့မှာရည်မှန်းထားတဲ့ ဒီထက်ကြီးမားတဲ့ အိမ်မက်လည်း ရှိပါသေးတယ်။ ဒါကတော့ အောင်မြင်ပြီးကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ဖို့ပါပဲ။

“မြန်မာနိုင်ငံမှာဆိုရင် ကျနော်အားကျတဲ့ အနုပညာရှင်နှစ်ယောက်ရှိတယ်။ နံပါတ်တစ်က စိုင်းစိုင်းခမ်းလှိုင်။ နံပါတ်နှစ်က နေတိုး။ ဘာလို့ လဲဆိုရင် သူတို့တွေဟာ အခုချိန်ထိလည်းပဲ အောင်မြင်မှုကို ထိန်းထားနိုင်တယ်။ Personality ပိုင်းကောင်းတယ်။ အင်တာဗျူးတွေဖြေရင် လည်း လိမ္မာယဉ်ကျေးမှုရှိတယ်။ လူတိုင်းလူတိုင်းပေါ်မှာ သည်းခံစိတ်ရှိတယ်။ သဘောထားပြည့်ဝသူတွေ ဖြစ်တယ်။ ဖက်စုံထူးချွန်တဲ့လူ တွေဖြစ်တယ်။ အဲဒါကြောင့် သူတို့နှစ်ယောက်ဟာ ကျနော့်ရဲ့ Idol တွေဖြစ်ပါတယ်။”

အနုပညာလမ်းကြောင်းကို သွပ်သွပ်ခါအောင် ဝါသနာပါခဲ့ပေမယ့် အဲဒီနယ်ပယ်ထဲမှာ အသိမိတ်ဆွေမရှိ၊ ပ့ံပိုးထောက်မပေးမယ့်သူမရှိဘဲ သူကြုံနေခဲ့ရတဲ့ ရင်နှင့်ဖွယ် အဖြစ်ပျက်တွေလို ဒီအပိုင်းမှာ ဝါသနာပါတဲ့ လူငယ်ရွက်ပုံးသီးလေးတွေကို မကြုံစေချင်တာကြောင့် အခုဆို ရင် သူကိုယ်တိုင်ဦးဆောင်ပြီး Model သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေပါပြီ။ ဒီသင်တန်းကို Akyab Stars လို့ အမည်ပေးထား ပြီး ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ရဲ့ ပထမဦးဆုံးသော Art & Talent Center လည်း ဖြစ်ပါတယ်။

“ကျနော်က အနုပညာကို ငယ်ငယ်ကတည်းကနေ ဝါသနာပါတယ်။ ၂၀၁၀၊ ၂၀၁၁ မှာ အနုပညာပိုး ပိုကြီးလာတယ်ပေါ့။ ကျနော်က ရခိုင် ဖက်က (နယ်ကဆိုတော့)ဆိုရင် ဝေးလံခေါင်ဖျားပေါ့ဗျာ။ ဒီနယ်ပယ်မှာ နံပါတ်တစ်အနေနဲ့ မိသားစုအသိုင်းအဝိုင်းမရှိဘူး။ နံပါတ် (၂) က အနုပညာ အသိုင်းအဝိုင်းမရှိဘူး။ အပြင်လူတစ်ယောက်ပဲ ဖြစ်တယ်။ အဲဒါကြောင့် ကျနော်က စဉ်းစားတယ်။ ငါဟာ အနုပညာကို ဝါသနာ ပါတယ်။ ပထမဆုံးအနေနဲ့ ဘယ်လိုခြေလှမ်းလှမ်းရမလဲ။ ဟိုဖက်မှာ တကယ်အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။ ဘယ်လိုပုံစံမျိုး ခြေလှမ်းလှမ်းရမလဲပေါ့။ ဘဲဥကို အစရှာမတွေ့သလိုမျိုး ကျနော်ကလည်း အစအနကို လုံးဝ ရှာမတွေ့တာပါ။”

“ကျနော့်ကို လာငါနဲ့သွားကြမယ်။ ဒီလူက ဘယ်လိုမျိုး။ ဒီလမ်းက ဘယ်လိုရှိတယ်ဆိုပြီးတော့ လမ်းပြပေးမဲ့ ပုဂ္ဂိုလ်လည်း မရှိဘူး။ အဲဒါ ကြောင့် ဒီဖက်မှာရှိနေတဲ့ ညီလေး၊ ညီမလေးတွေကို ကျနော်ကိုယ်ချင်းစာမိတယ်။ သူတို့ဟာလည်း တကယ်လုပ်ချင်ကြမယ်။ ဝါသနာရှိ ကြတယ်။ အခုဆိုရင် Social Media အရမ်းအားကောင်းလာတယ်။ Facebook ပေါ်မှာ ပုံလှလှလေးတွေရိုက်တင်ကြတယ်။ ဆိုတော့ န ည်းလမ်းမကျတာလေးတွေကို မြင်တယ်။ သူတို့ကို ဒီလိုတည့်မတ်ပေးမယ့် လူတစ်ယောက် လိုအပ်တယ်မလားဆို ပြီးတွေးတယ်။ ကျ နော့်ထက်အောင်မြင်နေတဲ့ လူတွေကလည်း ဒီဖက်ကိုလာလုပ်မယ်ဆိုတာကလည်း ခဲယဉ်းပါတယ်လေ။ ကျနော်က ကိုကိုယ်တိုင်ခံစား ခဲ့ရတာမျိုး သူတို့မှာလည်း ရှိပါမလားဆိုပြီးတော့ ကျနော် အဲဒီစိတ်ဓာတ်မျိုးနဲ့ သင်တန်းလာဖွင့်တာဖြစ်တယ်။ နောက်တစ်ခုက တကယ် ဝါသနာပါတဲ့ လူငယ်တွေကို စင်တင်ပေးချင်တယ်။ ကျနော်တို့ဒေသမှာ အနုပညာအရည်အသွေးကို ပိုပြီးတိုးတက်စေချင်တယ်။ အဲဒီလို ဆန္ဒမျိုးနဲ့ ကျနော်သင်တန်းလာဖွင့်ပေးတာ ဖြစ်ပါတယ်။”

ဒါတင်မကပဲ အခုလို သင်တန်းအသေးစားကနေ မော်ဒန်အေဂျင်စီတစ်ခုဖြစ်အောင်၊ နောက်ပြီးတော့ သရုပ်ဆောင်သင်တန်းတွေ၊ အနော က်တိုင်းအကတွေ၊ Hip-Hop တွေကအစ လက်ရှိကျော်ကြားနေတဲ့ အနုပညာနဲ့ ပတ်သတ်ပြီး ထပ်တိုးလုပ်ဆောင်တာ၊ ဓာတ်ပုံစတူဒီယို တွေ ဖွင့်လှစ်တာ စတဲ့အနုပညာရပ်ဝန်းတွေမှာလည်း အောင်မြင်အောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

“ကျနော်တို့မှာ Art & Talent Center လုပ်နေတယ်။ လက်ရှိသင်တန်းမှာ Model ယောက်ျားလေး ၄ လေးယောက်ရွေးထားတယ်။ သူ တို့တွေလည်း အလုပ်ဖြစ်ဖို့လိုအပ်တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေပေါ့လေ။ ဖွင့်ပွဲတွေရှိတာမျိုးမှာ မော်ဒန်လိုလို့ရှိရင် ကျနော့်ဆီကနေ မော်ဒန်တွေလာငှားရမ်းလို့ရတယ်။ အဲဒါတွေလည်း လိုအပ်ပါတယ်။ အခုဆိုရင် ကျနော်သင်တန်းဖွင့်ထားတာမှာ Challenge တွေထည့် ထားတယ်။ Plastic Pollution နဲ့ ပတ်သတ်လို့ Challenge လုပ်ထားတယ်။ သိတဲ့သူ တချို့ကလည်း ကောင်းတယ်လို့ ပြောကြတယ်။ တချို့ကျတော့လည်း မသိလို့ ဆိုးတယ်တဲ့။ ဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့။ ဆိုးဆိုးဝါးဝါးဝေဖန်တာတွေလည်းရှိတယ်။ စိတ်ထဲမှာတော့ ထားလို့မရဘူးပေါ့လေ။ ကျနော်တို့က မကောင်းတာကို လုပ်တာမျိုး မဟုတ်ဘူး။ ကောင်းတာကိုပဲလုပ်တာ ဖြစ်တယ်။ ပတ်ဝန်းကျင်ကို တိုးတက်ဖို့။ ကောင်းဖို့အတွက် ကျနော်တို့ ကြိုးစားကြတာပဲ ဖြစ်တယ်။ သိပ်ပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း မဝေဖန်ဖို့ မတိုက်ခိုက်ဖို့တော့ တောင်းဆိုချင်တယ်။ နောက်တစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကျနော်တို့ အခုလုပ်နေတာတွေကို ပံ့ပိုးပေးကြပါလို့လည်း ပြော ချင်ပါတယ်။”

ပိုပြီး အောင်မြင်ချင်၊ ကျော်ကြားချင်သူတွေဟာ သာမန်လူတွေထက် ပိုပြီး အလုပ်လုပ်ရတယ်။ ပိုပြီး ကြိုးစားရတဲ့အတွက်ကြောင့် အခက် ခဲတွေဟာလည်း သာမာန်လူတွေထက်များစမြဲပါပဲ။ ကိုစံသာကလည်း ဒီအတိုင်းပါပဲ။ အခက်ခဲတွေ၊ စိန်ခေါ်မှုတွေကပြည့်နှက်လို့နေပါတ ယ်။
သူများရဲ့ဝေဖန်ကဲ့ရဲ့ပြောဆိုမှုတွေကြောင့် မိမိပန်းတိုင်ကို ရောက်မယ့်လမ်း ပျက်စီးသွားမယ့်အထဲမှာတော့ သူမပါဘူး။

“ကျနော့်ရည်မှန်းချက်ဟာ ၂၀၂၂ မှာ ပြည့်ရမယ်လို့ ကျနော့်မှာ Target ထားထားတယ်။ အခုဆိုလို့ရှိရင် သင်တန်းကိုလည်း တစိုက်မတ် မတ်လုပ်သွားမှာဖြစ်တယ်။ ကျနော့်မှာအဆောက်အဦးကဆောက်နေတုန်းမို့လို့ ဘုန်းတော်ကြီးကျောင်းမှာဆရာတော်ကိုအကူညီတောင်း လျှောက်ပြီးတော့ လောလောဆယ် လာဖွင့်ထားတာပေါ့။ သင်တန်းမှာ အနုပညာနဲ့ ပတ်သတ်တဲ့ အနောက်တိုင်းအက၊ Hip-Hop တို့၊ K-Pop တို့လို အကမျိုးတွေပါလာမယ်။ သရုပ်ဆောင်ဆရာတွေခေါ်ပြီးတော့ သရုပ်ဆောင်သင်တန်းတွေ ဖွင့်မယ့်အပိုင်း တွေပါ ပါလာမယ်။ ဓာတ်ပုံစတူဒီယိုဖွင့်မယ်။ ဓာတ်ပုံသမားတွေမှာ စတူဒီယိုမရှိဘူးဆိုလို့ရှိရင် ကျနော့်ဆီက ငှားရမ်းနိုင်တယ်ပေါ့။”
ဒါပေမယ့် သူလိုချင်နေတဲ့ အောင်မြင်မှုပုံစံကတော့ အများနဲ့မတူ တမူထူးခြားလို့ နေပါတယ်။ သူ့ဘဝမှာ အောင်မြင်မှုကို ဘယ်လိုသတ်မှ တ်ထားပါသလဲ။ ဘယ်အခြေအနေရောက်ရင် အောင်မြင်တာလို့ ဆိုထားပါသလဲ။

သူပြောတာက “လူသိတာနဲ့ အောင်မြင်တာနဲ့တော့ မတူဘူး။ ကျနော်သတ်မှတ်ထားတဲ့ အောင်မြင်မှုကကျတော့ ကျနော့်ကို အများကနေ ပြီးတော့ဖြူဖြူစင်စင်နဲ့ ရိုးရိုးသားသားနဲ့ ချစ်ခင်ရမယ်။ ပြီးလို့ရှိရင် ကျနော်ကိုယ်တိုင်ကလည်း ကျနော့်ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကို အကျိုး ပြုနိုင်တဲ့သူတစ်ယောက်ဖြစ်ရမယ်။ အဲဒါသည် ကျနော့်ရဲ့ အောင်မြင်မှုလို့ပဲ ကျနော်သတ်မှတ်တယ်။ ကျနော်ရဲ့ ပတ်ဝန်းကျင်ကို အကျိုးမ ပြုနိုင်ရင် အောင်မြင်တယ်လို့ ကိုယ့်ဟာကိုယ် မသတ်မှတ်ဘူး။” ဖစ်ပါတယ်။

အခုလို ကျနော်တို့ မြင်တွေ့နေရတဲ့ မြန်မာနိုင်ငံကိုယ်စားပြု Mister ဖြစ်တဲ့ ကိုစံသာဟာဆိုရင် တစ်ချိန်က ဒီလို မဟုတ်ခဲ့ပါဘူး။ ဒါတွေအ ကုန်လုံးဟာ သူ့ရဲ့ဇွဲမလျှော့ပဲ ကြိုးစားလိုတဲ့ စိတ်ဓာတ်ရှိတာကြောင့်ဖြစ်ပါတယ်။

“ကျနော် စတိတ်ကျောင်းသားဘဝမှာ ဆုရတယ်။ ကျောင်းသားစုံညီပွဲတော်မှာ။ ကျနော်စင်ပေါ်ကို ဆုယူဖို့တက်တယ်။ ကျနော့်မှာရှိတဲ့ ပြဿနာက စင်ပေါ်ကိုတက်တာနဲ့ လူရှေ့ကိုထွက်တာနဲ့ ကြောက်တတ်တယ်။ ဒီအတိုင်းနေရင်အကောင်းပေါ့။ ဆုတက်လို့ယူလို့အော က်ကို ဆင်းလာတဲ့အချိန်မှာ ခုံတွေနဲ့ရောထွေးပြီး ကျနော်ပြုတ်ကျသွားတယ်။ အဲဒါက အမှတ်တရပေါ့။”

“၂၀၁၅ ၊ ၁၆ လောက်ထိ လူကြောက်တယ်။ Video ရိုက်လို့ရှိရင်လည်း ရိုက်ပဲရိုက်နေတာ။ ပွဲတွေသွားလို့ရှိရင်လည်း အဆင်ပြေသေးတ ယ်။ စတိတ်စင်ပေါ်ကို ရောက်သွားပြီဆိုတာနဲ့ ကျနော် အော်တိုကြောက်သွားတာမျိုး။ အဲဒါကို ကျနော်ဘာလုပ်လဲဆို ရင် ရန်ကုန်မှာ ကျ နော်တို့ ရခိုင်လေးဝတီယဉ်ကျေးမှုအဖွဲ့ရှိတယ်။ အဲဒီမှာသွား Join တယ်။ ပြီးတော့ သင်္ကြန်ဆိုလို့ရှိရင်သွားကတယ်။ ဖျော်ဖြေရေးလိုက်တ ယ်။ အဲလိုတမျိုးဖျောက်တယ်။ နောက်ပြီး အဲဒီအဖွဲ့က ညီအကိုမောင်နှမတွေနဲ့ ညနေတိုင်းစကားပြောရတယ်။ တစ်ယောက်အကြောင်း ကို တစ်ယောက်။ အဲဒီမှာ လူရှေ့ထွက်မှာကို ကြောက်နေတယ်။ အဲဒါတွေကို ဟာသလေးတွေလုပ်ပြီးဖျောက်ရတယ်။ သင်တန်းတွေ ဆက်တက်ရတယ်။ Personal Grooming လို့ခေါ်တယ်ပေါ့လေ။ ကိုယ်ပိုင်ယုံကြည်မှုသင်တန်း။ အဲဒါတွေကို Teacher တင်မိုးလွင်တို့။ ဆရာအောင်ပိုင်တို့ဆီမှာ တက်ရင်းနဲ့ ဖျောက်ရတယ်။ နောက်တစ်ခုက စာဖတ်တယ်။ အရင်ကဆိုလို့ရှိရင် ကျနော် စာဖတ်တဲ့ အကျင့် မရှိဘူး။ အခုဆိုရင် ဆရာ ဦးဘုန်းဓာတုစာအုပ်တွေ၊ ချစ်နိုင်(စိတ်ပညာ)၊ ဆရာဖေမြင့်တို့ပေါ့။ စာများများဖတ်လာတော့ စာအုပ်တွေကနေ စကားပြောနိုင်စွမ်းတွေရလာတယ်။ ဘယ်လိုပြောရမယ်ဆိုတာကအစ ကိုယ့်ဟာကိုယ် ယုံကြည်မှုပြည့်လာတယ်ပေါ့။”

(Zawgyi Version)

ထူး၊ ႐ိုးမေရဒီယိုမဂၢဇင္း

ရခိုင္ျပည္နယ္အတြင္းက ရြက္ပုံးသီးလူငယ္ေလးေတြကို အႏုပညာလမ္းေၾကာင္းေပၚေရာက္ေအာင္တည့္မတ္ေပးေနသူတစ္ဦးအေၾကာင္း ကို တင္ဆက္ေပးခ်င္ပါတယ္။ လက္ရွိမွာေတာ့ ရခိုင္ျပည္နယ္ရဲ႕ ပထမဆုံးေသာ Akyab Stars လို႔ေခၚတဲ့ Art & Talent Centre ကို ဖြင့္ လွစ္ထားၿပီး အဲဒီကေန Model Agency တစ္ခုျဖစ္ေအာင္ ႀကိဳးပမ္းေနပါတယ္။

သူကေတာ့ ရခိုင္ျပည္နယ္ ေပါက္ေတာၿမိဳ႕က အသက္ ၂၄ ႏွစ္အရြယ္ ကိုစံသာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္က ျမန္မာႏိုင္ငံမွာ အိမ္ရွင္အျဖစ္လက္ ခံက်င္းပခဲ့တဲ့ Mister Grand International 2019 ရဲ႕ ျမန္မာကိုယ္စားျပဳ ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္သလို အဲဒီၿပိဳင္ပြဲမွာ Top 8 နဲ႔ Sport Ambassador ဆုကိုရရွိထားသူလည္းျဖစ္ပါတယ္။

မဖြံ႔ၿဖိဳး၊ မတိုးတက္ေသးတဲ့ ရခိုင္ျပည္နယ္က နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ကိုစံသာအဖို႔ အႏုပညာအေပၚ ႐ူးသြပ္စြာ ဝါသနာပါခဲ့ ေပမယ့္ အေကာင္ထည္ေဖာ္ဖို႔ လမ္းစရွာလို႔ မေတြ႔ခဲ့ပါဘူး။ ဒါေၾကာင့္ သူေနထိုင္တဲ့ၿမိဳ႕မွာပဲ ဆယ္တန္းေအာင္ေအာင္ ပညာသင္ယူခဲ့ၿပီး သူ႔အိမ္မက္ကို အေကာင္ထည္ေဖာ္ဖို႔ အခြင့္အလမ္းရွာမရႏိုင္တဲ့ အဆုံးမွာ ဝါသနာနဲ႔ အနီးစပ္ဆုံးလမ္းစျဖစ္တဲ့ ဓာတ္ပုံပညာကို သင္ယူ ခဲ့ပါေတာ့တယ္။

ဆယ္ေက်ာ္သက္အရြယ္ လူငယ္တစ္ေယာက္ပီပီ စိတ္ကူးယဥ္အိမ္မက္ကို လက္ေတြ႔အေကာင္ထည္ေဖာ္လိုတဲ့စိတ္ဟာ တျဖည္းျဖည္းနဲ႔ ႀကီးထြားလို႔လာခဲ့ေခ်ပါၿပီ။ အဲဒီအခါမွာ ဝါသနာရဲ႕ေနာက္ကိုလိုက္ဖို႔ လူဟာလည္း အခြင့္အလမ္းနည္းပါးလြန္းတဲ့ ေမြးရပ္ဇာတိကို စြန္႔ခြာ လို႔လာခဲ့တယ္လို႔ ဆိုပါတယ္။

ဒီလိုနဲ႔ ျမန္မာႏိုင္ငံရဲ႕လူဦးေရအမ်ားဆုံးေနထိုင္တဲ့ ရန္ကုန္ၿမိဳ႕ကို ေယာင္လည္လည္နဲ႔ ေရာက္ရွိလို႔လာခဲ့ပါတယ္။ အဲဒီလို ေရာက္ရွိလာခဲ့ ခ်ိန္ကေတာ့ သူ႔အတြက္ လမ္းစပြင့္လာခဲ့ၿပီလို႔ ဆိုလို႔ရၿပီး သူတတ္ထားတဲ့ ဓာတ္ပုံပညာေလးကို အရင္းခံရင္းသူျဖစ္ခ်င္တဲ့ အျမတ္ကိုရွာ ေဖြဖို႔ နီးစပ္လို႔လာခဲ့ပါၿပီ။

ရန္ကုန္ၿမိဳ႕မွာပဲ သူတတ္ထားတဲ့ အဲဒီပညာေလးကို အသုံးခ်ၿပီး အလုပ္လုပ္ရင္း အလုပ္တစ္ဖက္ သူသြားမယ့္လမ္းမွာ ေဒါက္တိုင္အျဖစ္ အသုံးခ်ႏိုင္မယ့္ သင္တန္းေတြကတစ္ဖက္နဲ႔ သူဟာ ၇ ႏွစ္ေလာက္ က်င္လည္ေနခဲ့ပါတယ္။ အဲဒီအခ်ိန္မွာလည္း သူ႔ရဲ႕ဘဝတစ္ေကြ႔ဟာ ေျဖာင့္တန္းၿပီး ႐ိုးရွင္းေနခဲ့တာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ဇြဲမပ်က္ပဲ ဝိရိယနဲ႔သာ ေရွ႕ဆက္ေလွ်ာက္ဆဲပါ။

“၂၀၁၀ မွာ ဆယ္တန္းေအာင္တယ္။ အႏုပညာကို ဝါသနာပါတဲ့အတြက္ အဲဒီအခ်ိန္ကစလို႔ က်ေနာ္ရဲ႕ လက္ဦးဆရာ ဦးေက်ာ္သန္းဆီမွာ ဓာတ္ပုံဆရာအျဖစ္သင္ပါတယ္။ ၿပီးတာနဲ႔ ၂၀၁၁ မွာ ရန္ကုန္ကို သြားတယ္။ က်ေနာ္ေအာင္ျမင္ေက်ာ္ၾကားတဲ့ အႏုပညာရွင္တစ္ေယာက္ ျဖစ္ခ်င္တာေၾကာင့္ ရန္ကုန္မွာ အလုပ္လုပ္ရင္း အလုပ္တစ္ဖက္နဲ႔ ေနၿပီးေတာ့ တျခားသင္တန္းေတြဆက္တက္တယ္။ အဓိကကေတာ့ Camera Man အေနနဲ႔ေပါ့ေလ။ ၿပီးလို႔ရွိရင္ Photographer အေနနဲ႔လည္း လုပ္ခဲ့တယ္။ ၿပီးမွပဲ Mister ဖက္ကို က်ေနာ္သြားတာ။”

ရန္ကုန္မွာပဲ အခုလို ဝါသနာတစ္ဖက္၊ အလုပ္တစ္ဖက္နဲ႔ က်င္လည္ေနရင္းဆဲဆဲမွာပင္ က်န္းမာေရးအေျခအေနေၾကာင့္ သူ႔ဇာတိ ေပါက္ ေတာၿမိဳ႕ကို ျပန္လာခဲ့ရတယ္လို႔ ဆိုပါတယ္။ အဲဒီအခ်ိန္မွာ အစကတည္းကေန သူေလွ်ာက္မယ့္လမ္းကို သေဘာမတူခဲ့ၾကတဲ့မိသားစုက သူ႔ကို ဘယ္နည္းနဲ႔မွ ျပန္သြားခြင့္ မျပဳၾကေတာ့ပါဘူး။

ဒါေၾကာင့္ ကိုစံသာဟာ မိသားစုရဲ႕လုပ္ငန္းခြင္ထဲမွာပဲ ဇာတ္ဆရာလိုက် ကေနခဲ့ရပါေသးတယ္။ ဒီအေတာအတြင္းမွာေတာ့ လက္ကသာ လုပ္ေနခဲ့ရေပမယ့္ စိတ္ပါခဲ့တာ တစ္ေန႔မွ မရွိခဲ့ပါဘူး။

“ငါသည္ အခ်ိန္ ၇ ႏွစ္ေလာက္အခ်ိန္ေပးလို႔ၿပီးမွ ဒီအလုပ္ကို စြန္႔လႊတ္လိုက္ရမလား။ စြန္႔လႊတ္ႏိုင္မလားေပါ့။ စဥ္းစားတယ္။ အိမ္မွာ မိ သားစုစီးပြားေရးရွိတယ္။ မိသားစုစီးပြားေရးကို ဝင္လုပ္ေနေပမယ့္ က်ေနာ့္မွာ စိတ္ေပ်ာ္ရႊင္မႈလုံးမရွိဘူး။ တစ္ရက္တစ္ရက္လာရင္ လုပ္ ေနရတာပဲ ရွိတယ္။ စိတ္မပါဘူး။ ဒါက ငါ့ရဲ႕ဝါသနာ၊ ဗီဇမဟုတ္ဘူးဆိုတာ ကိုယ့္ဟာကိုယ္သိတယ္။ ပထမဆုံးကေတာ့ အိမ္ကိုတိုင္ပင္ တယ္။ ေျပာျပတယ္။ ဒါေပမဲ့ သူတို႔က လက္မခံဘူး။  အဲဒီအခ်ိန္မွာ က်ေနာ္အိမ္ကို ဆန္႔က်င္ခဲ့ရတယ္။”

ဒီလိုနဲ႔ အိမ္မက္ေတြရွိရာဆီကိုပဲ အိမ္နဲ႔ မိသားစုကို ထပ္မံခြဲခြာၿပီး ျပန္လွည့္လာခဲ့ျပန္ပါတယ္။ အခုလို အိမ္ကိုဆန္႔က်င္ခဲ့ရတာကလည္း သူ႔အတြက္ ကံေကာင္းသြားတယ္လို႔ ဆိုရပါမယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီႏွစ္မွာပဲ အႏွစ္ႏွစ္၊ အလလ ႀကိဳးစား႐ုန္းကန္ခဲ့ရတဲ့ သူ႔ရဲ႕ အႏု ပညာလမ္းစပြင့္သြားလို႔ပါ။ အဲဒီႏွစ္ဟာ ၂၀၁၉ ခုႏွစ္ျဖစ္ၿပီး Mister Grand International 2019 ကို ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ ခံက်င္းပတဲ့ႏွစ္လည္းျဖစ္ပါတယ္။အဲဒီၿပိဳင္ပြဲအတြက္ သူ႔ဟာ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ေရြးခ်ယ္ခံခဲ့ရၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္ရာမွာေတာ့ သူက Top 8 နဲ႔ Sport Ambassador ဆုကိုဆြတ္ခူးရရွိခဲ့ပါတယ္။

ဒါေၾကာင့္ သူဟာ အခု ၂၀၂၀ မွာ တရုတ္ႏုိင္ငံမွာ က်င္းပမယ့္ Mister Landscape ၿပိဳင္ပြဲကို ထပ္မံ ဝင္ေရာက္ယွဥ္ၿပိဳင္ရမွာလည္း ျဖစ္ပါ တယ္။ အခုဆိုရင္ေတာ့ သူ႔ေလွ်ာက္မယ့္ ဘဝအိမ္မက္အတြက္ ပထမလမ္းစပြင့္သြားခဲ့ၿပီလို႔ ဆိုႏိုင္ပါၿပီ။

“က်ေနာ့္မွာ အဲဒီအခ်ိန္ကလည္း အလုပ္တစ္ဖက္နဲ႔ ျဖစ္ေနတယ္။ အဲဒီၾကားထဲမွာ ငါဒီဟာပါမွျဖစ္မယ္။ ဆိုၿပီးေတာ့ CV Form ေတြပို႔ေပး တယ္။ Casting ဝင္တယ္ေပါ့။ က်ေနာ္ကံေကာင္းတယ္လို႔ ဆိုလို႔ရတယ္။ ပထမဆုံး Casting မွာ ေအာင္သြားတယ္။ ေအာင္သြားတဲ့ အ တြက္ က်ေနာ္(ျမန္မာ) ကိုယ္စားျပဳျဖစ္သြားတယ္။”

ဒါေပမယ့္ သူ႔မွာရည္မွန္းထားတဲ့ ဒီထက္ႀကီးမားတဲ့ အိမ္မက္လည္း ရွိပါေသးတယ္။ ဒါကေတာ့ ေအာင္ျမင္ၿပီးေက်ာ္ၾကားတဲ့ အႏုပညာရွင္ တစ္ေယာက္ ျဖစ္ဖို႔ပါပဲ။

“ျမန္မာႏိုင္ငံမွာဆိုရင္ က်ေနာ္အားက်တဲ့ အႏုပညာရွင္ႏွစ္ေယာက္ရွိတယ္။ နံပါတ္တစ္က စိုင္းစိုင္းခမ္းလိႈင္။ နံပါတ္ႏွစ္က ေနတိုး။ ဘာလို႔ လဲဆိုရင္ သူတို႔ေတြဟာ အခုခ်ိန္ထိလည္းပဲ ေအာင္ျမင္မႈကို ထိန္းထားႏိုင္တယ္။ Personality ပိုင္းေကာင္းတယ္။ အင္တာဗ်ဴးေတြေျဖရင္ လည္း လိမၼာယဥ္ေက်းမႈရွိတယ္။ လူတိုင္းလူတိုင္းေပၚမွာ သည္းခံစိတ္ရွိတယ္။ သေဘာထားျပည့္ဝသူေတြ ျဖစ္တယ္။ ဖက္စုံထူးခြ်န္တဲ့လူ ေတြျဖစ္တယ္။ အဲဒါေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ က်ေနာ့္ရဲ႕ Idol ေတြျဖစ္ပါတယ္။”

အႏုပညာလမ္းေၾကာင္းကို သြပ္သြပ္ခါေအာင္ ဝါသနာပါခဲ့ေပမယ့္ အဲဒီနယ္ပယ္ထဲမွာ အသိမိတ္ေဆြမရွိ၊ ပ့ံပိုးေထာက္မေပးမယ့္သူမရွိဘဲ သူႀကံဳေနခဲ့ရတဲ့ ရင္ႏွင့္ဖြယ္ အျဖစ္ပ်က္ေတြလို ဒီအပိုင္းမွာ ဝါသနာပါတဲ့ လူငယ္ရြက္ပုံးသီးေလးေတြကို မႀကံဳေစခ်င္တာေၾကာင့္ အခုဆို ရင္ သူကိုယ္တိုင္ဦးေဆာင္ၿပီး Model သင္တန္းေတြကို ဖြင့္လွစ္သင္ၾကားေပးေနပါၿပီ။ ဒီသင္တန္းကို Akyab Stars လို႔ အမည္ေပးထား ၿပီး ရခိုင္ျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ စစ္ေတြၿမိဳ႕ရဲ႕ ပထမဦးဆုံးေသာ Art & Talent Center လည္း ျဖစ္ပါတယ္။

“က်ေနာ္က အႏုပညာကို ငယ္ငယ္ကတည္းကေန ဝါသနာပါတယ္။ ၂၀၁၀၊ ၂၀၁၁ မွာ အႏုပညာပိုး ပိုႀကီးလာတယ္ေပါ့။ က်ေနာ္က ရခိုင္ ဖက္က (နယ္ကဆိုေတာ့)ဆိုရင္ ေဝးလံေခါင္ဖ်ားေပါ့ဗ်ာ။ ဒီနယ္ပယ္မွာ နံပါတ္တစ္အေနနဲ႔ မိသားစုအသိုင္းအဝိုင္းမရွိဘူး။ နံပါတ္ (၂) က အႏုပညာ အသိုင္းအဝိုင္းမရွိဘူး။ အျပင္လူတစ္ေယာက္ပဲ ျဖစ္တယ္။ အဲဒါေၾကာင့္ က်ေနာ္က စဥ္းစားတယ္။ ငါဟာ အႏုပညာကို ဝါသနာ ပါတယ္။ ပထမဆုံးအေနနဲ႔ ဘယ္လိုေျခလွမ္းလွမ္းရမလဲ။ ဟုိဖက္မွာ တကယ္ေအာင္ျမင္တဲ့ သူတစ္ေယာက္ျဖစ္ခ်င္တယ္။ ဘယ္လိုပုံစံမ်ိဳး ေျခလွမ္းလွမ္းရမလဲေပါ့။ ဘဲဥကို အစရွာမေတြ႔သလိုမ်ိဳး က်ေနာ္ကလည္း အစအနကို လုံးဝ ရွာမေတြ႔တာပါ။”

“က်ေနာ့္ကို လာငါနဲ႔သြားၾကမယ္။ ဒီလူက ဘယ္လုိမ်ိဳး။ ဒီလမ္းက ဘယ္လိုရွိတယ္ဆိုၿပီးေတာ့ လမ္းျပေပးမဲ့ ပုဂၢိဳလ္လည္း မရွိဘူး။ အဲဒါ ေၾကာင့္ ဒီဖက္မွာရွိေနတဲ့ ညီေလး၊ ညီမေလးေတြကို က်ေနာ္ကိုယ္ခ်င္းစာမိတယ္။ သူတို႔ဟာလည္း တကယ္လုပ္ခ်င္ၾကမယ္။ ဝါသနာရွိ ၾကတယ္။ အခုဆိုရင္ Social Media အရမ္းအားေကာင္းလာတယ္။ Facebook ေပၚမွာ ပုံလွလွေလးေတြ႐ိုက္တင္ၾကတယ္။ ဆိုေတာ့ န ည္းလမ္းမက်တာေလးေတြကို ျမင္တယ္။ သူတို႔ကို ဒီလိုတည့္မတ္ေပးမယ့္ လူတစ္ေယာက္ လိုအပ္တယ္မလားဆို ၿပီးေတြးတယ္။ က် ေနာ့္ထက္ေအာင္ျမင္ေနတဲ့ လူေတြကလည္း ဒီဖက္ကိုလာလုပ္မယ္ဆိုတာကလည္း ခဲယဥ္းပါတယ္ေလ။ က်ေနာ္က ကိုကိုယ္တိုင္ခံစား ခဲ့ရတာမ်ိဳး သူတို႔မွာလည္း ရွိပါမလားဆိုၿပီးေတာ့ က်ေနာ္ အဲဒီစိတ္ဓာတ္မ်ိဳးနဲ႔ သင္တန္းလာဖြင့္တာျဖစ္တယ္။ ေနာက္တစ္ခုက တကယ္ ဝါသနာပါတဲ့ လူငယ္ေတြကို စင္တင္ေပးခ်င္တယ္။ က်ေနာ္တို႔ေဒသမွာ အႏုပညာအရည္အေသြးကို ပိုၿပီးတိုးတက္ေစခ်င္တယ္။ အဲဒီလို ဆႏၵမ်ိဳးနဲ႔ က်ေနာ္သင္တန္းလာဖြင့္ေပးတာ ျဖစ္ပါတယ္။”

ဒါတင္မကပဲ အခုလို သင္တန္းအေသးစားကေန ေမာ္ဒန္ေအဂ်င္စီတစ္ခုျဖစ္ေအာင္၊ ေနာက္ၿပီးေတာ့ သ႐ုပ္ေဆာင္သင္တန္းေတြ၊ အေနာ က္တိုင္းအကေတြ၊ Hip-Hop ေတြကအစ လက္ရွိေက်ာ္ၾကားေနတဲ့ အႏုပညာနဲ႔ ပတ္သတ္ၿပီး ထပ္တိုးလုပ္ေဆာင္တာ၊ ဓာတ္ပုံစတူဒီယို ေတြ ဖြင့္လွစ္တာ စတဲ့အႏုပညာရပ္ဝန္းေတြမွာလည္း ေအာင္ျမင္ေအာင္ ႀကိဳးစားေနသူလည္း ျဖစ္ပါတယ္။

“က်ေနာ္တို႔မွာ Art & Talent Center လုပ္ေနတယ္။ လက္ရွိသင္တန္းမွာ Model ေယာက္်ားေလး ၄ ေလးေယာက္ေရြးထားတယ္။ သူ တို႔ေတြလည္း အလုပ္ျဖစ္ဖို႔လိုအပ္တယ္။ စီးပြားေရးလုပ္ငန္းရွင္ေတြေပါ့ေလ။ ဖြင့္ပြဲေတြရွိတာမ်ိဳးမွာ ေမာ္ဒန္လိုလို႔ရွိရင္ က်ေနာ့္ဆီကေန ေမာ္ဒန္ေတြလာငွားရမ္းလို႔ရတယ္။ အဲဒါေတြလည္း လိုအပ္ပါတယ္။ အခုဆိုရင္ က်ေနာ္သင္တန္းဖြင့္ထားတာမွာ Challenge ေတြထည့္ ထားတယ္။ Plastic Pollution နဲ႔ ပတ္သတ္လို႔ Challenge လုပ္ထားတယ္။ သိတဲ့သူ တခ်ိဳ႕ကလည္း ေကာင္းတယ္လို႔ ေျပာၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း မသိလို႔ ဆိုးတယ္တဲ့။ ဘာျဖစ္တယ္။ ညာျဖစ္တယ္ေပါ့။ ဆိုးဆိုးဝါးဝါးေဝဖန္တာေတြလည္းရွိတယ္။ စိတ္ထဲမွာေတာ့ ထားလို႔မရဘူးေပါ့ေလ။ က်ေနာ္တို႔က မေကာင္းတာကို လုပ္တာမ်ိဳး မဟုတ္ဘူး။ ေကာင္းတာကိုပဲလုပ္တာ ျဖစ္တယ္။ ပတ္ဝန္းက်င္ကို တိုးတက္ဖို႔။ ေကာင္းဖို႔အတြက္ က်ေနာ္တို႔ ႀကိဳးစားၾကတာပဲ ျဖစ္တယ္။ သိပ္ၿပီးေတာ့ ႐ိုင္း႐ိုင္းစိုင္းစိုင္း မေဝဖန္ဖို႔ မတိုက္ခိုက္ဖို႔ေတာ့ ေတာင္းဆိုခ်င္တယ္။ ေနာက္တစ္ခုက စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔ က်ေနာ္တို႔ အခုလုပ္ေနတာေတြကို ပံ့ပိုးေပးၾကပါလို႔လည္း ေျပာ ခ်င္ပါတယ္။”

ပိုၿပီး ေအာင္ျမင္ခ်င္၊ ေက်ာ္ၾကားခ်င္သူေတြဟာ သာမန္လူေတြထက္ ပိုၿပီး အလုပ္လုပ္ရတယ္။ ပိုၿပီး ႀကိဳးစားရတဲ့အတြက္ေၾကာင့္ အခက္ ခဲေတြဟာလည္း သာမာန္လူေတြထက္မ်ားစၿမဲပါပဲ။ ကိုစံသာကလည္း ဒီအတိုင္းပါပဲ။ အခက္ခဲေတြ၊ စိန္ေခၚမႈေတြကျပည့္ႏွက္လို႔ေနပါတ ယ္။

သူမ်ားရဲ႕ေဝဖန္ကဲ့ရဲ႕ေျပာဆိုမႈေတြေၾကာင့္ မိမိပန္းတိုင္ကို ေရာက္မယ့္လမ္း ပ်က္စီးသြားမယ့္အထဲမွာေတာ့ သူမပါဘူး။

“က်ေနာ့္ရည္မွန္းခ်က္ဟာ ၂၀၂၂ မွာ ျပည့္ရမယ္လို႔ က်ေနာ့္မွာ Target ထားထားတယ္။ အခုဆိုလို႔ရွိရင္ သင္တန္းကိုလည္း တစိုက္မတ္ မတ္လုပ္သြားမွာျဖစ္တယ္။ က်ေနာ့္မွာအေဆာက္အဦးကေဆာက္ေနတုန္းမို႔လို႔ ဘုန္းေတာ္ႀကီးေက်ာင္းမွာဆရာေတာ္ကိုအကူညီေတာင္း ေလွ်ာက္ၿပီးေတာ့ ေလာေလာဆယ္ လာဖြင့္ထားတာေပါ့။ သင္တန္းမွာ အႏုပညာနဲ႔ ပတ္သတ္တဲ့ အေနာက္တိုင္းအက၊ Hip-Hop တို႔၊ K-Pop တို႔လို အကမ်ိဳးေတြပါလာမယ္။ သ႐ုပ္ေဆာင္ဆရာေတြေခၚၿပီးေတာ့ သ႐ုပ္ေဆာင္သင္တန္းေတြ ဖြင့္မယ့္အပိုင္း ေတြပါ ပါလာမယ္။ ဓာတ္ပုံစတူဒီယိုဖြင့္မယ္။ ဓာတ္ပုံသမားေတြမွာ စတူဒီယိုမရွိဘူးဆိုလို႔ရွိရင္ က်ေနာ့္ဆီက ငွားရမ္းႏိုင္တယ္ေပါ့။”

ဒါေပမယ့္ သူလိုခ်င္ေနတဲ့ ေအာင္ျမင္မႈပုံစံကေတာ့ အမ်ားနဲ႔မတူ တမူထူးျခားလို႔ ေနပါတယ္။ သူ႔ဘဝမွာ ေအာင္ျမင္မႈကို ဘယ္လိုသတ္မွ တ္ထားပါသလဲ။ ဘယ္အေျခအေနေရာက္ရင္ ေအာင္ျမင္တာလို႔ ဆိုထားပါသလဲ။

သူေျပာတာက “လူသိတာနဲ႔ ေအာင္ျမင္တာနဲ႔ေတာ့ မတူဘူး။ က်ေနာ္သတ္မွတ္ထားတဲ့ ေအာင္ျမင္မႈကက်ေတာ့ က်ေနာ့္ကို အမ်ားကေန ၿပီးေတာ့ျဖဴျဖဴစင္စင္နဲ႔ ႐ိုး႐ိုးသားသားနဲ႔ ခ်စ္ခင္ရမယ္။ ၿပီးလို႔ရွိရင္ က်ေနာ္ကိုယ္တိုင္ကလည္း က်ေနာ့္ရဲ႕ပတ္ဝန္းက်င္တစ္ခုလုံးကို အက်ိဳး ျပဳႏိုင္တဲ့သူတစ္ေယာက္ျဖစ္ရမယ္။ အဲဒါသည္ က်ေနာ့္ရဲ႕ ေအာင္ျမင္မႈလို႔ပဲ က်ေနာ္သတ္မွတ္တယ္။ က်ေနာ္ရဲ႕ ပတ္ဝန္းက်င္ကို အက်ိဳးမ ျပဳႏိုင္ရင္ ေအာင္ျမင္တယ္လို႔ ကိုယ့္ဟာကိုယ္ မသတ္မွတ္ဘူး။” ျဖစ္ပါတယ္။

အခုလို က်ေနာ္တို႔ ျမင္ေတြ႔ေနရတဲ့ ျမန္မာႏိုင္ငံကိုယ္စားျပဳ Mister ျဖစ္တဲ့ ကိုစံသာဟာဆိုရင္ တစ္ခ်ိန္က ဒီလို မဟုတ္ခဲ့ပါဘူး။ ဒါေတြအ ကုန္လုံးဟာ သူ႔ရဲ႕ဇြဲမေလွ်ာ့ပဲ ႀကိဳးစားလိုတဲ့ စိတ္ဓာတ္ရွိတာေၾကာင့္ျဖစ္ပါတယ္။

“က်ေနာ္ စတိတ္ေက်ာင္းသားဘဝမွာ ဆုရတယ္။ ေက်ာင္းသားစုံညီပြဲေတာ္မွာ။ က်ေနာ္စင္ေပၚကို ဆုယူဖို႔တက္တယ္။ က်ေနာ့္မွာရွိတဲ့ ျပႆနာက စင္ေပၚကိုတက္တာနဲ႔ လူေရွ႕ကိုထြက္တာနဲ႔ ေၾကာက္တတ္တယ္။  ဒီအတိုင္းေနရင္အေကာင္းေပါ့။ ဆုတက္လို႔ယူလို႔ေအာ က္ကို ဆင္းလာတဲ့အခ်ိန္မွာ ခုံေတြနဲ႔ေရာေထြးၿပီး က်ေနာ္ျပဳတ္က်သြားတယ္။ အဲဒါက အမွတ္တရေပါ့။”

“၂၀၁၅ ၊ ၁၆ ေလာက္ထိ လူေၾကာက္တယ္။ Video ႐ိုက္လို႔ရွိရင္လည္း ႐ိုက္ပဲ႐ိုက္ေနတာ။ ပြဲေတြသြားလို႔ရွိရင္လည္း အဆင္ေျပေသးတ ယ္။ စတိတ္စင္ေပၚကို ေရာက္သြားၿပီဆိုတာနဲ႔ က်ေနာ္ ေအာ္တိုေၾကာက္သြားတာမ်ိဳး။ အဲဒါကို က်ေနာ္ဘာလုပ္လဲဆို ရင္ ရန္ကုန္မွာ က် ေနာ္တို႔ ရခိုင္ေလးဝတီယဥ္ေက်းမႈအဖြဲ႔ရွိတယ္။ အဲဒီမွာသြား Join တယ္။ ၿပီးေတာ့ သႀကၤန္ဆိုလို႔ရွိရင္သြားကတယ္။ ေဖ်ာ္ေျဖေရးလိုက္တ ယ္။ အဲလိုတမ်ိဳးေဖ်ာက္တယ္။ ေနာက္ၿပီး အဲဒီအဖြဲ႔က ညီအကုိေမာင္ႏွမေတြနဲ႔ ညေနတိုင္းစကားေျပာရတယ္။ တစ္ေယာက္အေၾကာင္း ကို တစ္ေယာက္။ အဲဒီမွာ လူေရွ႕ထြက္မွာကို ေၾကာက္ေနတယ္။ အဲဒါေတြကို ဟာသေလးေတြလုပ္ၿပီးေဖ်ာက္ရတယ္။ သင္တန္းေတြ ဆက္တက္ရတယ္။ Personal Grooming လုိ႔ေခၚတယ္ေပါ့ေလ။ ကိုယ္ပိုင္ယုံၾကည္မႈသင္တန္း။ အဲဒါေတြကို Teacher တင္မိုးလြင္တို႔။ ဆရာေအာင္ပိုင္တို႔ဆီမွာ တက္ရင္းနဲ႔ ေဖ်ာက္ရတယ္။ ေနာက္တစ္ခုက စာဖတ္တယ္။ အရင္ကဆိုလို႔ရွိရင္ က်ေနာ္ စာဖတ္တဲ့ အက်င့္ မရွိဘူး။ အခုဆိုရင္ ဆရာ ဦးဘုန္းဓာတုစာအုပ္ေတြ၊ ခ်စ္ႏိုင္(စိတ္ပညာ)၊ ဆရာေဖျမင့္တို႔ေပါ့။ စာမ်ားမ်ားဖတ္လာေတာ့ စာအုပ္ေတြကေန စကားေျပာႏိုင္စြမ္းေတြရလာတယ္။ ဘယ္လိုေျပာရမယ္ဆိုတာကအစ ကိုယ့္ဟာကိုယ္ ယုံၾကည္မႈျပည့္လာတယ္ေပါ့။”