(Zawgyi Version)

ရခုိင္နံနက္ခင္း အစားအစာ | အထပ္ေခ်

ထူး၊ ႐ိုးမေရဒီယိုမဂၢဇင္း

“အထပ္ေခ်”ဆိုတာက ရခိုင္လိုေခၚတဲ့ ေဝၚဟာရတစ္ခုပါ။ ဒီေဝါဟာရကို နားလည္ေအာင္ရွင္းျပရရင္ မနက္ပိုင္းစားတဲ့ မနက္စာ တစ္မ်ိဳး လို႔ ေျပာရပါမယ္။ ရွင္းရွင္းေျပာရမယ္ဆိုရင္ေတာ့ ထမင္းတစ္မ်ိဳးပါပဲ။ ဒါေပမယ့္ အထပ္ေခ်လို႔ေခၚတဲ့ ဒီထမင္းကို အဝလုိမ်ိဳးစားၾကတာ မဟုတ္ဘဲ မနက္စာေနရာမွာ သေရစာလို အစားထိုး စားသုံးၾကတာ ျဖစ္ပါတယ္။

အထပ္ေခ်စားတဲ့ ဓေလ့ကို ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕နယ္တစ္ခ်ိဳ႕မွာေတြ႔ရပါတယ္။ စစ္ေတြၿမိဳ႕မွာဆိုရင္ေတာ့ ဒီဓေလ့ဟာ ေတာ္ေတာ္ေလးကို က်ယ္ျပန္႔ၿပီး လူႀကိဳက္လည္းမ်ားပါတယ္။

ဒီမနက္စာကို မနက္အ႐ုဏ္ ၄၊ ၅ နာရီေလာက္ကတည္းကစလို႔ မနက္ပိုင္း ၈ နာရီ၊ ၉ နာရီဝန္းက်င္ေလာက္ထိ လာေရာက္စားသုံးၾကပါ တယ္။ ဒီလိုပဲ စားသုံးသူေတြအေပၚမူတည္ၿပီး ေရာင္းခ်သူေတြကလည္း အခ်ိန္ေပးရပါတယ္။ ဒါေပမယ့္ ပုံမွန္ေရာင္းခ်တဲ့ ထမင္းဆိုင္ေတြ ဖြင့္ထိအခ်ိန္၊ ေန႔လည္စားစားတဲ့အခ်ိန္ထိေတာ့ မေရာင္းခ်ၾကပါဘူး။

“ေဆးခန္းလာျပတဲ့သူေတြက ေဆးခန္းဖြင့္ခ်ိန္ မြန္းတည့္မယ္ဆုိရင္ ေန႔ခင္း ၃၊ ၄ နာရီေလာက္မွ ဖြင့္မယ္ဆိုရင္ အထပ္ေခ်စားၿပီး ပန္းၿခံထဲမွာ ထိုင္ေစာင့္ၾကသူေတြလည္းရွိတယ္။ ဒါေပမယ့္ အန္တီက ထမင္းဆိုင္ပုံစံမ်ိဳးမေရာင္းဘူး။ အထပ္ေခ်မွာ အထပ္ေခ် သေဘာမ်ိဳးပဲ ေရာင္းတယ္။”

အခုေျပာျပသြားတဲ့ စစ္ေတြၿမိဳ႕ မင္းဂံရပ္ကြက္က အန္တီေဒၚခင္လွႏုဆိုရင္ စစ္ေတြၿမိဳ႕လယ္ ဦးဥတၱမပန္းၿခံေရွ႕မွာ လာေရာင္းတာပါ။ ေရာင္းခ်တာ ၂ ႏွစ္ဝန္းက်င္ ေလာက္သာရွိေသးေပမယ့္ စားသုံးသူပရိသတ္ အခိုင္အမာရရွိထားၿပီလည္း ျဖစ္ပါတယ္။

ေဒၚခင္လွႏု ဆက္ေျပာတာက “မနက္ပိုင္းဆိုင္ရင္ ၁ နာရီေလာက္ကေနထၿပီး ထမင္းခ်က္၊ ဟင္းခ်က္ရတယ္။ ငါးေတြ၊ ဟင္းေတြခ်က္လို႔ ျပင္ဆင္ၿပီးရင္ မနက္ပိုင္း ၅ နာရီ၊ တစ္ခါတစ္ခါ ၅ နာရီေက်ာ္သြားတယ္။ ဒီနားကိုေရာက္ရင္ ဆိုင္ခင္းရတယ္။ ခ်ဥ္ဟင္းရည္တယ္ရတယ္။ စားမယ့္လူလာရင္ ေရာင္းၿပီ။ အရင္က ဆိုရင္ ၃ နာရီ၊ ၄ နာရီေလာက္ကတည္းကေရာင္းျဖစ္တယ္။ အခုက ေခတ္မေကာင္းေတာ့ေလ။ ၅ နာရီ၊ ၅ နာရီေက်ာက္ေလာက္မွ ေရာင္းျဖစ္တာေပါ့။”

အထပ္ေခ်ကို မ်ားေသာအားျဖင့္ေတာ့ ေဆာင္းတြင္းရာသီမွာ ေရာင္းေလ့ရွိၾကၿပီး ေဆာင္းရာသီမွာဆိုရင္ မနက္ပိုင္းလမ္းေလွ်ာက္တဲ့သူ ေတြစားသုံးၾကသလို တစ္ျခားရာသီေတြမွာေတာ့ ေစာေစာစီးစီးအလုပ္သြားရတဲ့ ဝန္ထမ္းေတြကလည္း စားသုံးၾကၿပီး အၿမဲလိုလုိစားသုံး သူေတြလည္း ရွိပါတယ္။

“ေစာေစာစီးစီးအလုပ္သြားတဲ့သူေတြ၊ မနက္ပိုင္း မုန္႔စားတတ္သူေတြက အဆာေျပ သေဘာမ်ိဳးစားၾကတာေလ။ မုန္႔မစားဘဲနဲ႔ ထမင္းစားတတ္သူေတြေပါ့။ ႐ုံးသြားၾကတဲ့သူေတြ ေစာေစာစီးစီး ၆ နာရီဝင္ရတဲ့ အလုပ္ေတြရွိတယ္။ အဲဒီလိုလူေတြ ေက်ာင္းဆရာ၊ ဆရာမေတြ၊ အ လုပ္သြားတဲ့ ကေလးေတြက်ေတာ့ ထမင္းခ်ိဳင့္ယူသြားတယ္။ တခါျပင္စားသြားတဲ့သူ စားသြားတယ္။ အဲဒီလိုေပါ့။”

မနက္ပိုင္းမွာသာ ေရာင္းခ်ရတဲ့ ဒီအလုပ္ကို သူမတစ္ေယာက္တည္းဆိုရင္ လက္မလည္ပါဘူး။ ဒါၾကာင့္ အိမ္က အမ်ိဳးသားအပါအဝင္ သား၊ သမီးေတြကလည္း တတ္ႏိုင္သေလာက္ ဝိုင္းအုံလုပ္ေပးၾကရပါတယ္။ အဲဒီထဲမွာ ကိုသန္းေမာင္လည္း ပါဝင္ပါတယ္။

ကုိသန္းေမာင္က “ေဝရာဝိစၥေတြေပါ့။ စားေနတဲ့ customer ေတြလည္း အဆင္ေျပေအာင္။ လာလုပ္ေပးေနတာ။ ေျပာရမယ္ဆိုရင္ဗ်ာ။ အကုန္လုံးက ဗိုက္ဆာလို႔ လာၾကတာခ်ည္းပဲ။ တစ္ၿပိဳင္တည္း မနက္ေစာေစာ ေရာက္လာၾကတယ္ အေမကလည္း တစ္ေယာက္တည္း လက္မလည္ ဘူးဆိုေတာ့ အေမကို အန္တီရယ္။ ဘယ္ငါးနဲ႔ ထည့္ေပးပါ။ ဘယ္ဟင္းနဲ႔ထည့္ေပးပါ။ ေရွ႕က ထိုင္ၿပီးေတာင္းေနၾကတဲ့ သူေတြကိုလည္း အေမက လုပ္ေပးရတယ္။ ဆုိရင္ ေနာက္က ရပ္ၿပီး ေနရာလပ္လည္း သိပ္မရွိဘူးဆိုေတာ့ အန္တီဘာနဲ႔ထည့္ေပးပါဆိုတာေတြကို ေပးဖို႔ မရတာလည္းရွိတယ္။ ဗုိက္ဆာလို႔လာၾကတဲ့သူေတြကို စိတ္တိုလို႔ ထြက္သြားမွာ စိုးတယ္။ အားေပးဖို႔လာတဲ့သူေတြကို စိတ္ခ်မ္းသာစြာနဲ႔ ပဲ ျဖစ္ေစခ်င္တာ။ ဒါေၾကာင့္ ထိုင္ခုံေတြ၊ ေရေႏြးေတြ၊ တို႔စရာေတြ ျပဳျပင္တယ္။ အဲဒီလို လုပ္ေပးတာေပါ့။ က်ေနာ္က အေမကိုကူညီေပးတာပါ။”

ဒီလိုေရာင္းခ်တဲ့အခါမွာ ဟင္းေတြကို စားသုံးသူေတြရဲ႕ အႀကိဳက္လက္ခ်က္ရၿပီး အဓိက ဟင္းလ်ာေတြျဖစ္တဲ့ အမဲသား၊ ဝက္သား၊ ၾကက္သား၊ ၾကက္ဥနဲ႔ ကလီစာေတြ၊ ပုစြန္ေတြ၊ ျပည္ႀကီးငါးေတြကေတာ့ မပါမျဖစ္ပါဘူး။ တစ္ခါတစ္ခါမွာလည္း ေတာင္းဆိုသူေတြ ရိွရင္ ရွိသလို သူတို႔အႀကိဳက္လိုက္ခ်က္ ေပးရတာလည္း ရွိပါတယ္။

“ဘူးသီးေတာင္၊ ေမာင္ေတာဖက္တို႔မွာဆိုရင္ ၾကက္သားဆိုရင္ ၾကက္သားတစ္မယ္။ ခုံ ၂၀ ဆိုရင္ ၂၀။ လူအေယာက္ ၂၀၀ ဆိုရင္ ၂၀၀ စာေပါ့။ အဲဒီလို ေရာင္းတာ။ အန္တီတို႔မွာက်ေတာ့ ၉ မယ္၊ ၁၀ မယ္ေရာင္းတယ္။ ပုစြန္၊ ျပည္ႀကီးငါး၊ ငါး၊ ငါးေျခာက္ အဲဒီလိုမ်ိဳးေလ။ အသားမွာဆိုရင္ အမဲသား၊ ဝက္သားနဲ႔ အမဲအူ၊ ဝက္နံကိုင္း၊ ၾကက္သား၊ ၾကက္ကလီစာတို႔ဆိုရင္ မပါမျဖစ္ဘူး။ အဲဒါေတြက ေန႔တိုင္း လုပ္ေပးရတယ္။ လူစားမ်ားတယ္ေပါ့။ ၾကက္သားဆိုလည္း ဒီအတိုင္းပဲ။ ၾကက္ဥဆိုရင္ သေရစာလိုမ်ိဳး ၾကက္သားနဲ႔စားရင္လည္း ၾကက္ဥတစ္လုံးထည့္ေပးပါ။ ငါးနဲ႔စားရင္လည္း ၾကက္ဥတစ္လုံးထည့္ေပးပါ။ အဲဒီလိုမ်ိဳးစားၾကတယ္။” လို႔ အန္တီေဒၚခင္လွႏုက ေျပာပါတယ္။

အရံဟင္းလ်ာေတြ အေနနဲ႔လည္း သာမာန္ထမင္းစားပြဲေတြမွာလို ခ်ဥ္ဟင္းရည္တို႔နဲ႔ တို႔စရာတို႔ကိုလည္း အသင့္ျပင္ထားရတယ္လို႔ ဆိုပါတယ္။ ေနာက္ၿပီး ခ်ဥ္ဟင္းရည္မႀကိဳက္သူေတြလည္း ရွိတာေၾကာင့္ ေရႏြမ္းၾကမ္းပူပူေလးကိုလည္း အသင့္ထားရွိရပါတယ္။

ကိုသန္းေမာင္က “တခ်ိဳ႕ဆိုရင္ ညပိုင္းက်န္းမာေရးအရ ထမင္းမစားဘူး။ မနက္ေစာေစာထမင္းလာၾကတယ္။ တခ်ိဳ႕ကေျပာတယ္ေပါ့။ မုန္႔စားတာ ထက္ေတာ့ သာတယ္။ မုန္႔သြားစားမယ္ဆိုရင္လည္း ၇၀၀၊ ၈၀၀၊ ၉၀၀ ကုန္တယ္တဲ့။ ဒီလို ပုံစံမ်ိဳးဆိုရင္ ထမင္းလာစားလိုက္ရင္ အားရွိသြားတာေပါ့။ ေနာက္ၿပီး ဟင္းရည္၊ တို႔စရာေတြနဲ႔ ၿမိန္ေရခ်က္ေရ ပူပူေလာင္ေလာင္စားရေတာ့ အဲဒါေၾကာင့္ စားၾကတာလို႔ ေျပာၾကတယ္။ က်ေနာ္ကေတာ့ ကိုယ္ႀကိဳက္လို႔ ကိုယ္လာစားၾကတယ္လို႔ပဲ ထင္တယ္။” ေျပာပါတယ္။

အထပ္ေခ်မွာ အားသားခ်က္ေတြအမ်ားႀကီးရွိပါတယ္။ က်န္းမာေရးအရ ညဖက္ေတြမွာ ထမင္းမစားျဖစ္တဲ့ သက္ႀကီးပိုင္းေတြကလည္း မနက္ပိုင္းေရာက္ခ်ိန္မွာ လာစားလို႔ရသလို လမ္းေလွ်ာက္သူေတြ၊ အလုပ္သြားသူေတြအတြက္လည္း အဆင္ေျပၿပီး ေငြေၾကးကုိလည္း အမ်ားႀကီး မကုန္က်ပါဘူး။

“ထမင္းဆိုင္မွာဆိုရင္ ငါးတစ္တုံးကို ၁ ေထာင္ဆိုရင္ ၁ ေထာင္။ ၁၅၀၀ ဆိုရင္ ၁၅၀၀ ေပါ့။ ငါးတစ္ပြဲခ်ေပးလိုက္ရင္။ ထမင္းတစ္ပြဲကို ၃၀၀ ဆိုရင္ ၃၀၀ ေပါ့။ အန္တီတို႔မွာက အဲဒီလို မဟုတ္ဘူးေလ။ ထမင္းတစ္ပြဲကို ၂၀၀ ရတယ္။ ထမင္းတစ္ပြဲနဲ႔ ငါးတစ္တုံးဆိုလို႔ရွိရင္ ဝက္သားတို႔၊ အမဲသားတို႔၊ အမဲအူတို႔ဆိုရင္ ၁ ေထာင္။ ထမင္းတစ္ပြဲနဲ႔ ငါးနဲ႔ေပါ့။ ၾကက္သားနဲ႔ဆို ၁၂၀၀။ ေန႔ခင္းထမင္းဆိုင္မွာဆိုရင္ ၾကက္သား ၁ ပြဲကို ၁၅၀၀၊ ထမင္းတစ္ပြဲကို ၃၀၀ အဲဒီလိုေရာင္းတယ္။ အန္တီတို႔မွာက အဲဒီလို မရ။ ၾကက္ဥနဲ႔ဆိုရင္ ၅၀၀။ အခု ၾကက္ ဥေစ်းတက္ေန လို႔ ၆၀၀ ေရာင္းရတယ္။ အဲဒီလို ေရာင္းရတာ။ ဟိုလိုထမင္းဆိုင္ပုံစံမ်ိဳးေရာင္းလို႔ မရဘူး။ အထပ္ေခ်မွာ အထပ္ေခ် သေဘာမ်ိဳးေရာင္းရတယ္။” လို႔ အန္တီေဒၚလွခင္ႏုက ဆိုျပန္ပါတယ္။

ဒါေၾကာင့္လည္း အထပ္ေခ်ကို လူႀကိဳက္မ်ားတယ္လို႔ ဆိုရမွာပါ။  ေနာက္ၿပီးေတာ့ အထပ္ေခ်ကို သေရစာတစ္ခုအျဖစ္စားသုံးၾကတယ္ ဆိုေပမယ့္ တစ္ခ်ိဳ႕ကလည္း အဝစားၾကတာလည္း ရွိပါတယ္။ ဘယ္သူေတြအတြက္ ပိုၿပီးအဆင္ေျပတယ္ဆိုတာကိုလည္း အခုလို ေျပာပါတယ္။

“အဝလည္း စားခါ (တဲ့အခါ) စားၾကတာေပါ့။ ဥပမာ ကားေမာင္းၾကတယ္။ ဟိုင္းဂ်က္ေတြ၊ ဆိုင္ကယ္တကၠစီေတြေတြေပါ့။ သူတို႔ အငွားက်သြားရင္ ေန႔လည္ ၁ နာရီ၊ ၂ နာရီထိုးသြားတာေတြရွိတယ္။ အဲဒီေန႔ေတြက်ရင္ နယ္ပိုင္းေတြမွာဆိုရင္ ထမင္းဝယ္စားဖို႔ကလည္း အခ်ိန္လိုက္မမွီဘူး။ ဘာစားရမလည္း မသိဘူးျဖစ္ေနေတာ့ ဒီနားက တခါတည္းစားသြားၾကတာေပါ့။ အရင္တုန္းကဆုိ ပိုေရာင္းေကာင္းေသးတယ္။ ဘုရားဖူး သြားၾကတယ္။ ငွက္ေခါင္းတို႔၊ ဆံေတာ္ရွင္တို႔ကို သြားၾကမယ္ဆိုရင္ အန္တီက ပိုေရာင္းရတာေပါ့။ ပါဆယ္ေတြနဲ႔ ဝယ္သြားၾကလို႔ေလ။ ဒံေပါက္၊ ေခါက္ဆြဲတို႔လို အထပ္ေခ်ကလည္း ေရာင္းရတာေပါ့။ အဲဒီလို ကားေမာင္းတဲ့ သူေတြဆိုလည္း အထပ္ေခ်ကို ဝေအာင္စားသြား ၾကၿပီးရင္ ေရာက္တဲ့ေနရာမွာ စားရတဲ့ေန႔စားရတယ္။ မစားရတဲ့ ေန႔ေတြဆို ငတ္ရင္လည္း ငတ္မွာေပါ့။ သူတို႔ကလည္း ေျပာတယ္။ အထပ္ေခ်စားသြားလို႔ အန္တီရယ္။ မဟုတ္ရင္ က်ေနာ္တို႔ ထမင္းငတ္ပါတယ္တ့ဲ။”

စားသုံးသူေတြထဲမွာ လူႀကီးလူငယ္၊ အမ်ိဳးသမီး၊ အမ်ိဳးသားမေရြး ပါဝင္ပါတယ္။ ဒါေပမယ့္ အမ်ိဳးသားေတြအမ်ားႀကီး လာေရာက္ၾကတာ ေၾကာင့္ တခ်ိဳ႕အမ်ိဳးသမီးေတြဆိုရင္ တစ္ေယာက္ထဲမလာၾကဘဲ အဖြဲ႔လိုက္ျဖစ္ျဖစ္၊ အိမ္ေထာင္ရွိတဲ့ အမ်ိဳးသမီးေတြမွာဆိုရင္ အမ်ိဳးသား နဲ႔ ျဖစ္ျဖစ္ လာေရာက္ၾကပါတယ္။

“အပ်ိဳအအိုရယ္လို႔မရွိဘူး။ မိန္းမေတြလည္း လာစားတယ္။ မိန္းမသာမ်ားသြားရင္ သူတို႔ကို သီးသန္႔ တစ္ဝိုင္းျပင္ေပးရတယ္။ တစ္ခ်ိဳ႕ဆို ရင္ အိမ္ရွင္မနဲ႔ အိမ္ရွင္နဲ႔ လာစားၾကတယ္။ အဲဒီလိုဆိုရင္ သူတို႔ကို သီးသန္႔လုပ္ေပးတယ္။ အပ်ိဳေလးေတြကလည္း တစ္ခါတစ္ေလ အခုလို ေဆာင္းတြင္းမ်ိဳးမွာဆိုရင္ လမ္းေလွ်ာက္ရင္းနဲ႔ ဝင္စားသြားၾကတယ္။ မိန္းကေလးေတြလည္း ႀကိဳက္ၾကတယ္။ ဒါေပမယ့္ တစ္ခါ တစ္ေလ က်ရင္ ေယာက္်ားမ်ားေနလို႔ပဲလားမသိဘူး။ သူတို႔ မဝင္ခဲ့ၾကတာဘဲ ရွိမယ္။”

အခုလို အားသာခ်က္ေတြရွိၿပီး အာဟာရျဖစ္တဲ့ အထပ္ေခ်ကို စစ္ေတြၿမိဳ႕ေပၚက ေဒသခံေတြသာမက တစ္ျခားၿမိဳ႕နယ္က ဧည့္သည္ေတြ ဟာလည္း အခ်က္ႀကံဳရင္ ႀကံဳသလို စားၾကတာလည္း ရွိပါတယ္။ တစ္ခ်ိဳ႕လူငယ္ေတြဆိုရင္ မနက္ေစာေစာကထၿပီး သူ႔တို႔ဆီကို အလည္ ေရာက္ေနတဲ့ သူငယ္ခ်င္းေတြကို အေရးတယူလုပ္ၿပီး အထပ္ေခ်လိုက္ေကြ်းတာလည္း ရွိပါတယ္။ စစ္ေတြၿမိဳ႕မွာေနထိုင္တဲ့ ေပါက္ေတာ ၿမိဳ႕နယ္က ကိုေက်ာ္တင္ဝင္းက အခုလို ေျပာပါတယ္။

“က်ေနာ္ဆုိလို႔ရွိရင္ ေပါက္ေတာၿမိဳ႕နယ္ကဗ်ာ။ နယ္ဖက္ဆိုေတာ့ အဲဒါေတြ မရွိဘူးေပါ့။ ဆိုေတာ့ က်ေနာ္ စစ္ေတြမွာစေနတုန္းက သူငယ္ခ်င္းေတြေခၚလို႔ လိုက္စားဖူးတယ္။ ဒါနဲ႔ က်ေနာ္က မၾကာမၾကာစားျဖစ္တယ္ေပါ့။ အခုလည္း တစ္ျခားၿမိဳ႕နယ္က သူငယ္ခ်င္း ေတြအလည္လာရင္ မနက္အေစာႀကီး လမ္းေလွ်ာက္သြားရင္ျဖစ္ျဖစ္၊ သီးသန္႔ျဖစ္ျဖစ္ ေခၚေကြ်းျဖစ္တာေပါ့။”

အန္တီေဒၚခင္လွႏုနဲ႔ ကိုသန္းေမာင္တို႔ မိသားစုေတြကေတာ့ အခုလို စားသုံးသူပရိသတ္ေတြ အခိုင္အမာရရွိေနၿပီျဖစ္တာေၾကာင့္ အခါႀကီးေန႔ေတြမွာ ဆိုင္ပိတ္ရမွာကိုေတာင္ ပရိသတ္ေတြ  အားနာမိတယ္လို႔ ဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပရိသတ္ေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ပါ။

“Decoration ပိုင္းနဲ႔ ဆင္ျပင္ၿပီးေတာ့ လုပ္ရင္လည္း လာၾကမယ္ေတာ့ ထင္ပါတယ္။ က်ေနာ့္စိတ္ထဲမွာေတာ့ မနက္ပိုင္းသား ဆိုင္ႀကီး ႀကီးမားမားနဲ႔ အထပ္ေခ်သီးသန္႔ေရာင္းမယ္ဆိုရင္လည္း လာစားၾကမယ္လို႔ ထင္ပါတယ္။ ဒါေပမဲ့ လူေတြကေတာ့ နည္းနည္းရွိန္သြားမွာ ေပါ့။ ဘာလို႔ဆိုေတာ့ သူရဲ႕ခင္းက်င္းမႈအပိုင္းနဲ႔မု႔ိလို႔ေလ။ ဒါေပမဲ့ တစ္ခါ ၂ ခါစားဖူးရင္ေတာ့ တစ္ေယာက္စကားတစ္ရာနား လာစားၾကမွာ ပဲ။ အမ်ားအားျဖင့္ေတာ့ အထပ္ေခ်ဆိုတာကိ အ႐ုဏ္ကို ဦးစားေပးလို႔ေရာင္းတာပါ။ မြန္းတည့္နဲ႔ မတူဘူးေလ။” လို႔ ကိုသန္းေမာင္က ဆို ျပန္ပါတယ္။

အထပ္ေခ်မစားဖူးေသးတဲ့ တစ္ျခားၿမိဳ႕နယ္က ဧည့္သည္ေတြအေနနဲ႔လည္း စစ္ေတြကို ေရာက္ျဖစ္ရင္ မနက္ပိုင္းအေစာႀကီးထၿပီးစားရတဲ့ အထပ္ေခ်ကို ျမည္းစမ္းၾကည့္ရင္း ဒီခ်စ္စရာေကာင္းတဲ့ ဓေလ့ရဲ႕အရသာကို ခံစားၾကည့္ၾကပါဦး။

(Unicode Version)

ရခိုင်နံနက်ခင်း အစားအစာ | အထပ်ချေ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

“အထပ်ချေ”ဆိုတာက ရခိုင်လိုခေါ်တဲ့ ဝေါ်ဟာရတစ်ခုပါ။ ဒီဝေါဟာရကို နားလည်အောင်ရှင်းပြရရင် မနက်ပိုင်းစားတဲ့ မနက်စာ တစ်မျိုး လို့ ပြောရပါမယ်။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ထမင်းတစ်မျိုးပါပဲ။ ဒါပေမယ့် အထပ်ချေလို့ခေါ်တဲ့ ဒီထမင်းကို အဝလိုမျိုးစားကြတာ မဟုတ်ဘဲ မနက်စာနေရာမှာ သရေစာလို အစားထိုး စားသုံးကြတာ ဖြစ်ပါတယ်။

အထပ်ချေစားတဲ့ ဓလေ့ကို ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တစ်ချို့မှာတွေ့ရပါတယ်။ စစ်တွေမြို့မှာဆိုရင်တော့ ဒီဓလေ့ဟာ တော်တော်လေးကို ကျယ်ပြန့်ပြီး လူကြိုက်လည်းများပါတယ်။

ဒီမနက်စာကို မနက်အရုဏ် ၄၊ ၅ နာရီလောက်ကတည်းကစလို့ မနက်ပိုင်း ၈ နာရီ၊ ၉ နာရီဝန်းကျင်လောက်ထိ လာရောက်စားသုံးကြပါ တယ်။ ဒီလိုပဲ စားသုံးသူတွေအပေါ်မူတည်ပြီး ရောင်းချသူတွေကလည်း အချိန်ပေးရပါတယ်။ ဒါပေမယ့် ပုံမှန်ရောင်းချတဲ့ ထမင်းဆိုင်တွေ ဖွင့်ထိအချိန်၊ နေ့လည်စားစားတဲ့အချိန်ထိတော့ မရောင်းချကြပါဘူး။

“ဆေးခန်းလာပြတဲ့သူတွေက ဆေးခန်းဖွင့်ချိန် မွန်းတည့်မယ်ဆိုရင် နေ့ခင်း ၃၊ ၄ နာရီလောက်မှ ဖွင့်မယ်ဆိုရင် အထပ်ချေစားပြီး ပန်းခြံထဲမှာ ထိုင်စောင့်ကြသူတွေလည်းရှိတယ်။ ဒါပေမယ့် အန်တီက ထမင်းဆိုင်ပုံစံမျိုးမရောင်းဘူး။ အထပ်ချေမှာ အထပ်ချေ သဘောမျိုးပဲ ရောင်းတယ်။”

အခုပြောပြသွားတဲ့ စစ်တွေမြို့ မင်းဂံရပ်ကွက်က အန်တီဒေါ်ခင်လှနုဆိုရင် စစ်တွေမြို့လယ် ဦးဥတ္တမပန်းခြံရှေ့မှာ လာရောင်းတာပါ။ ရောင်းချတာ ၂ နှစ်ဝန်းကျင် လောက်သာရှိသေးပေမယ့် စားသုံးသူပရိသတ် အခိုင်အမာရရှိထားပြီလည်း ဖြစ်ပါတယ်။

ဒေါ်ခင်လှနု ဆက်ပြောတာက “မနက်ပိုင်းဆိုင်ရင် ၁ နာရီလောက်ကနေထပြီး ထမင်းချက်၊ ဟင်းချက်ရတယ်။ ငါးတွေ၊ ဟင်းတွေချက်လို့ ပြင်ဆင်ပြီးရင် မနက်ပိုင်း ၅ နာရီ၊ တစ်ခါတစ်ခါ ၅ နာရီကျော်သွားတယ်။ ဒီနားကိုရောက်ရင် ဆိုင်ခင်းရတယ်။ ချဉ်ဟင်းရည်တယ်ရတယ်။ စားမယ့်လူလာရင် ရောင်းပြီ။ အရင်က ဆိုရင် ၃ နာရီ၊ ၄ နာရီလောက်ကတည်းကရောင်းဖြစ်တယ်။ အခုက ခေတ်မကောင်းတော့လေ။ ၅ နာရီ၊ ၅ နာရီကျောက်လောက်မှ ရောင်းဖြစ်တာပေါ့။”

အထပ်ချေကို များသောအားဖြင့်တော့ ဆောင်းတွင်းရာသီမှာ ရောင်းလေ့ရှိကြပြီး ဆောင်းရာသီမှာဆိုရင် မနက်ပိုင်းလမ်းလျှောက်တဲ့သူ တွေစားသုံးကြသလို တစ်ခြားရာသီတွေမှာတော့ စောစောစီးစီးအလုပ်သွားရတဲ့ ဝန်ထမ်းတွေကလည်း စားသုံးကြပြီး အမြဲလိုလိုစားသုံး သူတွေလည်း ရှိပါတယ်။

“စောစောစီးစီးအလုပ်သွားတဲ့သူတွေ၊ မနက်ပိုင်း မုန့်စားတတ်သူတွေက အဆာပြေ သဘောမျိုးစားကြတာလေ။ မုန့်မစားဘဲနဲ့ ထမင်းစားတတ်သူတွေပေါ့။ ရုံးသွားကြတဲ့သူတွေ စောစောစီးစီး ၆ နာရီဝင်ရတဲ့ အလုပ်တွေရှိတယ်။ အဲဒီလိုလူတွေ ကျောင်းဆရာ၊ ဆရာမတွေ၊ အ လုပ်သွားတဲ့ ကလေးတွေကျတော့ ထမင်းချိုင့်ယူသွားတယ်။ တခါပြင်စားသွားတဲ့သူ စားသွားတယ်။ အဲဒီလိုပေါ့။”

မနက်ပိုင်းမှာသာ ရောင်းချရတဲ့ ဒီအလုပ်ကို သူမတစ်ယောက်တည်းဆိုရင် လက်မလည်ပါဘူး။ ဒါကြာင့် အိမ်က အမျိုးသားအပါအဝင် သား၊ သမီးတွေကလည်း တတ်နိုင်သလောက် ဝိုင်းအုံလုပ်ပေးကြရပါတယ်။ အဲဒီထဲမှာ ကိုသန်းမောင်လည်း ပါဝင်ပါတယ်။

ကိုသန်းမောင်က “ဝေရာဝိစ္စတွေပေါ့။ စားနေတဲ့ customer တွေလည်း အဆင်ပြေအောင်။ လာလုပ်ပေးနေတာ။ ပြောရမယ်ဆိုရင်ဗျာ။ အကုန်လုံးက ဗိုက်ဆာလို့ လာကြတာချည်းပဲ။ တစ်ပြိုင်တည်း မနက်စောစော ရောက်လာကြတယ် အမေကလည်း တစ်ယောက်တည်း လက်မလည် ဘူးဆိုတော့ အမေကို အန်တီရယ်။ ဘယ်ငါးနဲ့ ထည့်ပေးပါ။ ဘယ်ဟင်းနဲ့ထည့်ပေးပါ။ ရှေ့က ထိုင်ပြီးတောင်းနေကြတဲ့ သူတွေကိုလည်း အမေက လုပ်ပေးရတယ်။ ဆိုရင် နောက်က ရပ်ပြီး နေရာလပ်လည်း သိပ်မရှိဘူးဆိုတော့ အန်တီဘာနဲ့ထည့်ပေးပါဆိုတာတွေကို ပေးဖို့ မရတာလည်းရှိတယ်။ ဗိုက်ဆာလို့လာကြတဲ့သူတွေကို စိတ်တိုလို့ ထွက်သွားမှာ စိုးတယ်။ အားပေးဖို့လာတဲ့သူတွေကို စိတ်ချမ်းသာစွာနဲ့ ပဲ ဖြစ်စေချင်တာ။ ဒါကြောင့် ထိုင်ခုံတွေ၊ ရေနွေးတွေ၊ တို့စရာတွေ ပြုပြင်တယ်။ အဲဒီလို လုပ်ပေးတာပေါ့။ ကျနော်က အမေကိုကူညီပေးတာပါ။”

ဒီလိုရောင်းချတဲ့အခါမှာ ဟင်းတွေကို စားသုံးသူတွေရဲ့ အကြိုက်လက်ချက်ရပြီး အဓိက ဟင်းလျာတွေဖြစ်တဲ့ အမဲသား၊ ဝက်သား၊ ကြက်သား၊ ကြက်ဥနဲ့ ကလီစာတွေ၊ ပုစွန်တွေ၊ ပြည်ကြီးငါးတွေကတော့ မပါမဖြစ်ပါဘူး။ တစ်ခါတစ်ခါမှာလည်း တောင်းဆိုသူတွေ ရှိရင် ရှိသလို သူတို့အကြိုက်လိုက်ချက် ပေးရတာလည်း ရှိပါတယ်။

“ဘူးသီးတောင်၊ မောင်တောဖက်တို့မှာဆိုရင် ကြက်သားဆိုရင် ကြက်သားတစ်မယ်။ ခုံ ၂၀ ဆိုရင် ၂၀။ လူအယောက် ၂၀၀ ဆိုရင် ၂၀၀ စာပေါ့။ အဲဒီလို ရောင်းတာ။ အန်တီတို့မှာကျတော့ ၉ မယ်၊ ၁၀ မယ်ရောင်းတယ်။ ပုစွန်၊ ပြည်ကြီးငါး၊ ငါး၊ ငါးခြောက် အဲဒီလိုမျိုးလေ။ အသားမှာဆိုရင် အမဲသား၊ ဝက်သားနဲ့ အမဲအူ၊ ဝက်နံကိုင်း၊ ကြက်သား၊ ကြက်ကလီစာတို့ဆိုရင် မပါမဖြစ်ဘူး။ အဲဒါတွေက နေ့တိုင်း လုပ်ပေးရတယ်။ လူစားများတယ်ပေါ့။ ကြက်သားဆိုလည်း ဒီအတိုင်းပဲ။ ကြက်ဥဆိုရင် သရေစာလိုမျိုး ကြက်သားနဲ့စားရင်လည်း ကြက်ဥတစ်လုံးထည့်ပေးပါ။ ငါးနဲ့စားရင်လည်း ကြက်ဥတစ်လုံးထည့်ပေးပါ။ အဲဒီလိုမျိုးစားကြတယ်။” လို့ အန်တီဒေါ်ခင်လှနုက ပြောပါတယ်။

အရံဟင်းလျာတွေ အနေနဲ့လည်း သာမာန်ထမင်းစားပွဲတွေမှာလို ချဉ်ဟင်းရည်တို့နဲ့ တို့စရာတို့ကိုလည်း အသင့်ပြင်ထားရတယ်လို့ ဆိုပါတယ်။ နောက်ပြီး ချဉ်ဟင်းရည်မကြိုက်သူတွေလည်း ရှိတာကြောင့် ရေနွမ်းကြမ်းပူပူလေးကိုလည်း အသင့်ထားရှိရပါတယ်။

ကိုသန်းမောင်က “တချို့ဆိုရင် ညပိုင်းကျန်းမာရေးအရ ထမင်းမစားဘူး။ မနက်စောစောထမင်းလာကြတယ်။ တချို့ကပြောတယ်ပေါ့။ မုန့်စားတာ ထက်တော့ သာတယ်။ မုန့်သွားစားမယ်ဆိုရင်လည်း ၇၀၀၊ ၈၀၀၊ ၉၀၀ ကုန်တယ်တဲ့။ ဒီလို ပုံစံမျိုးဆိုရင် ထမင်းလာစားလိုက်ရင် အားရှိသွားတာပေါ့။ နောက်ပြီး ဟင်းရည်၊ တို့စရာတွေနဲ့ မြိန်ရေချက်ရေ ပူပူလောင်လောင်စားရတော့ အဲဒါကြောင့် စားကြတာလို့ ပြောကြတယ်။ ကျနော်ကတော့ ကိုယ်ကြိုက်လို့ ကိုယ်လာစားကြတယ်လို့ပဲ ထင်တယ်။” ပြောပါတယ်။

အထပ်ချေမှာ အားသားချက်တွေအများကြီးရှိပါတယ်။ ကျန်းမာရေးအရ ညဖက်တွေမှာ ထမင်းမစားဖြစ်တဲ့ သက်ကြီးပိုင်းတွေကလည်း မနက်ပိုင်းရောက်ချိန်မှာ လာစားလို့ရသလို လမ်းလျှောက်သူတွေ၊ အလုပ်သွားသူတွေအတွက်လည်း အဆင်ပြေပြီး ငွေကြေးကိုလည်း အများကြီး မကုန်ကျပါဘူး။

“ထမင်းဆိုင်မှာဆိုရင် ငါးတစ်တုံးကို ၁ ထောင်ဆိုရင် ၁ ထောင်။ ၁၅၀၀ ဆိုရင် ၁၅၀၀ ပေါ့။ ငါးတစ်ပွဲချပေးလိုက်ရင်။ ထမင်းတစ်ပွဲကို ၃၀၀ ဆိုရင် ၃၀၀ ပေါ့။ အန်တီတို့မှာက အဲဒီလို မဟုတ်ဘူးလေ။ ထမင်းတစ်ပွဲကို ၂၀၀ ရတယ်။ ထမင်းတစ်ပွဲနဲ့ ငါးတစ်တုံးဆိုလို့ရှိရင် ဝက်သားတို့၊ အမဲသားတို့၊ အမဲအူတို့ဆိုရင် ၁ ထောင်။ ထမင်းတစ်ပွဲနဲ့ ငါးနဲ့ပေါ့။ ကြက်သားနဲ့ဆို ၁၂၀၀။ နေ့ခင်းထမင်းဆိုင်မှာဆိုရင် ကြက်သား ၁ ပွဲကို ၁၅၀၀၊ ထမင်းတစ်ပွဲကို ၃၀၀ အဲဒီလိုရောင်းတယ်။ အန်တီတို့မှာက အဲဒီလို မရ။ ကြက်ဥနဲ့ဆိုရင် ၅၀၀။ အခု ကြက် ဥစျေးတက်နေ လို့ ၆၀၀ ရောင်းရတယ်။ အဲဒီလို ရောင်းရတာ။ ဟိုလိုထမင်းဆိုင်ပုံစံမျိုးရောင်းလို့ မရဘူး။ အထပ်ချေမှာ အထပ်ချေ သဘောမျိုးရောင်းရတယ်။” လို့ အန်တီဒေါ်လှခင်နုက ဆိုပြန်ပါတယ်။

ဒါကြောင့်လည်း အထပ်ချေကို လူကြိုက်များတယ်လို့ ဆိုရမှာပါ။ နောက်ပြီးတော့ အထပ်ချေကို သရေစာတစ်ခုအဖြစ်စားသုံးကြတယ် ဆိုပေမယ့် တစ်ချို့ကလည်း အဝစားကြတာလည်း ရှိပါတယ်။ ဘယ်သူတွေအတွက် ပိုပြီးအဆင်ပြေတယ်ဆိုတာကိုလည်း အခုလို ပြောပါတယ်။

“အဝလည်း စားခါ (တဲ့အခါ) စားကြတာပေါ့။ ဥပမာ ကားမောင်းကြတယ်။ ဟိုင်းဂျက်တွေ၊ ဆိုင်ကယ်တက္ကစီတွေတွေပေါ့။ သူတို့ အငှားကျသွားရင် နေ့လည် ၁ နာရီ၊ ၂ နာရီထိုးသွားတာတွေရှိတယ်။ အဲဒီနေ့တွေကျရင် နယ်ပိုင်းတွေမှာဆိုရင် ထမင်းဝယ်စားဖို့ကလည်း အချိန်လိုက်မမှီဘူး။ ဘာစားရမလည်း မသိဘူးဖြစ်နေတော့ ဒီနားက တခါတည်းစားသွားကြတာပေါ့။ အရင်တုန်းကဆို ပိုရောင်းကောင်းသေးတယ်။ ဘုရားဖူး သွားကြတယ်။ ငှက်ခေါင်းတို့၊ ဆံတော်ရှင်တို့ကို သွားကြမယ်ဆိုရင် အန်တီက ပိုရောင်းရတာပေါ့။ ပါဆယ်တွေနဲ့ ဝယ်သွားကြလို့လေ။ ဒံပေါက်၊ ခေါက်ဆွဲတို့လို အထပ်ချေကလည်း ရောင်းရတာပေါ့။ အဲဒီလို ကားမောင်းတဲ့ သူတွေဆိုလည်း အထပ်ချေကို ဝအောင်စားသွား ကြပြီးရင် ရောက်တဲ့နေရာမှာ စားရတဲ့နေ့စားရတယ်။ မစားရတဲ့ နေ့တွေဆို ငတ်ရင်လည်း ငတ်မှာပေါ့။ သူတို့ကလည်း ပြောတယ်။ အထပ်ချေစားသွားလို့ အန်တီရယ်။ မဟုတ်ရင် ကျနော်တို့ ထမင်းငတ်ပါတယ်တဲ့။”

စားသုံးသူတွေထဲမှာ လူကြီးလူငယ်၊ အမျိုးသမီး၊ အမျိုးသားမရွေး ပါဝင်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေအများကြီး လာရောက်ကြတာ ကြောင့် တချို့အမျိုးသမီးတွေဆိုရင် တစ်ယောက်ထဲမလာကြဘဲ အဖွဲ့လိုက်ဖြစ်ဖြစ်၊ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေမှာဆိုရင် အမျိုးသား နဲ့ ဖြစ်ဖြစ် လာရောက်ကြပါတယ်။

“အပျိုအအိုရယ်လို့မရှိဘူး။ မိန်းမတွေလည်း လာစားတယ်။ မိန်းမသာများသွားရင် သူတို့ကို သီးသန့် တစ်ဝိုင်းပြင်ပေးရတယ်။ တစ်ချို့ဆို ရင် အိမ်ရှင်မနဲ့ အိမ်ရှင်နဲ့ လာစားကြတယ်။ အဲဒီလိုဆိုရင် သူတို့ကို သီးသန့်လုပ်ပေးတယ်။ အပျိုလေးတွေကလည်း တစ်ခါတစ်လေ အခုလို ဆောင်းတွင်းမျိုးမှာဆိုရင် လမ်းလျှောက်ရင်းနဲ့ ဝင်စားသွားကြတယ်။ မိန်းကလေးတွေလည်း ကြိုက်ကြတယ်။ ဒါပေမယ့် တစ်ခါ တစ်လေ ကျရင် ယောက်ျားများနေလို့ပဲလားမသိဘူး။ သူတို့ မဝင်ခဲ့ကြတာဘဲ ရှိမယ်။”

အခုလို အားသာချက်တွေရှိပြီး အာဟာရဖြစ်တဲ့ အထပ်ချေကို စစ်တွေမြို့ပေါ်က ဒေသခံတွေသာမက တစ်ခြားမြို့နယ်က ဧည့်သည်တွေ ဟာလည်း အချက်ကြုံရင် ကြုံသလို စားကြတာလည်း ရှိပါတယ်။ တစ်ချို့လူငယ်တွေဆိုရင် မနက်စောစောကထပြီး သူ့တို့ဆီကို အလည် ရောက်နေတဲ့ သူငယ်ချင်းတွေကို အရေးတယူလုပ်ပြီး အထပ်ချေလိုက်ကျွေးတာလည်း ရှိပါတယ်။ စစ်တွေမြို့မှာနေထိုင်တဲ့ ပေါက်တော မြို့နယ်က ကိုကျော်တင်ဝင်းက အခုလို ပြောပါတယ်။

“ကျနော်ဆိုလို့ရှိရင် ပေါက်တောမြို့နယ်ကဗျာ။ နယ်ဖက်ဆိုတော့ အဲဒါတွေ မရှိဘူးပေါ့။ ဆိုတော့ ကျနော် စစ်တွေမှာစနေတုန်းက သူငယ်ချင်းတွေခေါ်လို့ လိုက်စားဖူးတယ်။ ဒါနဲ့ ကျနော်က မကြာမကြာစားဖြစ်တယ်ပေါ့။ အခုလည်း တစ်ခြားမြို့နယ်က သူငယ်ချင်း တွေအလည်လာရင် မနက်အစောကြီး လမ်းလျှောက်သွားရင်ဖြစ်ဖြစ်၊ သီးသန့်ဖြစ်ဖြစ် ခေါ်ကျွေးဖြစ်တာပေါ့။”

အန်တီဒေါ်ခင်လှနုနဲ့ ကိုသန်းမောင်တို့ မိသားစုတွေကတော့ အခုလို စားသုံးသူပရိသတ်တွေ အခိုင်အမာရရှိနေပြီဖြစ်တာကြောင့် အခါကြီးနေ့တွေမှာ ဆိုင်ပိတ်ရမှာကိုတောင် ပရိသတ်တွေ အားနာမိတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့်ပါ။

“Decoration ပိုင်းနဲ့ ဆင်ပြင်ပြီးတော့ လုပ်ရင်လည်း လာကြမယ်တော့ ထင်ပါတယ်။ ကျနော့်စိတ်ထဲမှာတော့ မနက်ပိုင်းသား ဆိုင်ကြီး ကြီးမားမားနဲ့ အထပ်ချေသီးသန့်ရောင်းမယ်ဆိုရင်လည်း လာစားကြမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လူတွေကတော့ နည်းနည်းရှိန်သွားမှာ ပေါ့။ ဘာလို့ဆိုတော့ သူရဲ့ခင်းကျင်းမှုအပိုင်းနဲ့မို့လို့လေ။ ဒါပေမဲ့ တစ်ခါ ၂ ခါစားဖူးရင်တော့ တစ်ယောက်စကားတစ်ရာနား လာစားကြမှာ ပဲ။ အများအားဖြင့်တော့ အထပ်ချေဆိုတာကိ အရုဏ်ကို ဦးစားပေးလို့ရောင်းတာပါ။ မွန်းတည့်နဲ့ မတူဘူးလေ။” လို့ ကိုသန်းမောင်က ဆို ပြန်ပါတယ်။

အထပ်ချေမစားဖူးသေးတဲ့ တစ်ခြားမြို့နယ်က ဧည့်သည်တွေအနေနဲ့လည်း စစ်တွေကို ရောက်ဖြစ်ရင် မနက်ပိုင်းအစောကြီးထပြီးစားရတဲ့ အထပ်ချေကို မြည်းစမ်းကြည့်ရင်း ဒီချစ်စရာကောင်းတဲ့ ဓလေ့ရဲ့အရသာကို ခံစားကြည့်ကြပါဦး။