Zawgyi

ထူး၊ ႐ိုးမေရဒီယိုမဂၢဇင္း

ေခတ္ဖြံ႔ၿဖိဳးတိုးတက္လာစြာနဲ႔အမွ် လူအမ်ားစုက ရွိထုံးတမ္းစဥ္လာတိကို မိေဖ်ာက္ၿပီးေက သိပၸံနည္းလမ္းအရဗ်ာလ္ စဥ္းစားေတြးေခၚက်င့္သုံးလာကတ္ပါ ေရ။ အမွန္မွာဆိုေက “ရွိထုံးေလ့ မပယ္ေက့၊ စီ်းသုံးေလ့ မလြယ္ေက့”ဆုိေရ ဆို႐ိုးအတိုင္းပါရာ။ ကြ်န္ေတာ္႐ို႕ေရ ရွိထုံးတိကိုေလ့ မပယ္သင့္ပါ။

ရွိထုံးတိေရ ကိစၥရပ္တိုင္းမွာ ရွိနီႏိုင္ပါေရ။  အခုသီတင္းပါတ္မွာေတာ့ ရခိုင္အမ်ိဳးသမီး႐ို႕ ကိုယ္ဝန္ေဆာင္စဥ္ကာလကနီ အေခ်မြီးဖြားၿပီးစီးခ်ိန္အထိ ျပဳလုပ္ က်င့္သုံးလိရွိကတ္ေတ ေရွးထုံးတမ္းဓေလ့အေၾကာင္း လက္ရွိအခ်ိန္ထိ လိုက္နာက်င့္သုံးနီလူတိ၊ ကိုယ္တိုင္ႀကံဳတြိဖူးသူတိနဲ႔တိြဆုံ မီးျမန္းထားခ်က္တိကို ေျပာျပပီးခ်င္ပါေရ။

အခုတင္ျပလားဖို႔အေၾကာင္းအရာတိက သိပၸံအရ ယူဆခ်က္တိနဲ႔ေတာ့ ကြဲလြဲႏိုင္ေကေလ့ ကတယ့္ကို လိုက္နာက်င့္သုံးနီကတ္ေတအခ်က္တိျဖစ္ပါေရ။ ယေကေလ့ တစ္ခ်ိဳ႕ကေတာ့ ေဒနည္းလမ္းတိထဲက တစ္ခ်ိဳ႕ကို က်င့္သုံးကတ္ေတပိုင္ ယင္းနည္းလမ္းအားလုံးကုိ လိုက္နာက်င့္သုံးသူတိလည္းရွိၿပီးေက တစ္ခ်ိဳ႕ကေလ့ သိေတာင္သိဖို႔ မဟုတ္ပါ။ ေဒခ်င့္က ယုံၾကည္မႈနဲ႔ေလ့ ဆိုင္ပါသိေရ။

အမ်ိဳးသမီးတစ္ဦး ကိုယ္ဝန္စတင္လြယ္ထားရဗ်ာလ္ဆုိစြာနဲ႔ အဓိကလိုအပ္ခ်က္ကေတာ့ေက ဆီးဝါးပိုင္းဆိုင္ရာနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈလို႔ ေျပာ ကတ္ဖို႔စြာက မလြဲမသြယ္ပါ။ တစ္ျခားတစ္ဖက္မွာေလ့ ေဒပိုင္ဗ်ာလ္ အေရးႀကီးေရ လိုအပ္ခ်က္တိ ရွိနီပါသိမ့္ေရ။ ပထမဦးဆုံးအနီနဲ႔ တင္ျပဖို႔ ရိွထုံးဓ ေလ့ကေတာ့ အမ်ိဳးသမီးတစ္ေယာက္မွာ ကိုယ္ဝန္ ၅ လရွိလာဗ်ာလ္ဆိုစြာနဲ႔ တေစၦမွင္စာတိရဲ႕ အႏၱရာယ္ကို ေရွာင္ရွားဖို႔ အေဆာင္လက္ဖြဲ႔တစ္ခုဖြဲ႔ရၿပီး ေက ယင္းလက္ဖြဲ႔ကို ကိုယ္နဲ႔ မကြာ ေဆာင္ထားရစြာပါ။ သူ႐ို႕က ကိုယ္ဝန္ ၅ လကနီ အေခ်မြီဖြားၿပီးလို႔ ၇ လၾကာေရအထိ ယင္းအႏၱရာယ္တိကို ႀကံဳ ကတ္ရၿပီးေက ယင္းအႏၱရယ္တိ ႀကံဳရေက အသက္သီဆုံးေရအထိ ျဖစ္တတ္ေတလို႔ ဆိုကတ္ပါေရ။ အသက္ ၄၅ ႏွစ္အရြယ္ ေဒၚခင္ေမက သူ႐ို႕ေဒသက ရွိထုံးတမ္းတိအေၾကာင္း အခုိင္ ေျပာျပပါေရ။

“တေစၦမွင္စာတိ၊ မရြတ္မတိ မလာႏိုင္ေအာင္လို႔ ကိုယ္ဝန္ ၅ လရွိယာဆိုစြာနဲ႔ မရြတ္လက္ဖြဲ႔ထိုးေရ။ အေခ်ရေကေလ့ မရြတ္မ မ လာရေအာင္လို႔ မီးေဖာ္ထားရေရ။ သီြးသနပတ္ မလိုက္ရေအာင္လို႔ မီးလည္းလႈံေရ ပုံစံမ်ိဳးနဲ႔ေပါ့။ ပူတုန္းရာသီဆိုေကေလ့ မီးေဖာ္ထားရေရ။ လူအမ်ား မေရာက္လို႔ယာဆိုေက မီြးေရထဘီကို အိမ္ဝက ကာထားရေရ။ တစီၦေၾကာက္၊ မင္စာေၾကာက္ဆိုၿပီးေက။ မီးေစာင့္ကတ္ေတ။ ၅ ရက္ဆို ၅ ရက္။ မီး ေစာင့္သားတိကို ေကြ်းလို႔၊ ေမြးလို႔။ ၅ ရက္ေလာက္နီေက မီးကိုလားပစ္ရေရ။ က်န္းမာပါစီ၊ ခ်မ္းသာပါစီဆိုၿပီးေက မီးေဖာ္ကို လားပစ္ရစြာ။ မက်န္းေရး၊ မမာေရးနဲ႔ဆိုေလ့ အေခ်တိကို လက္ဖြဲ႔၊ လက္ကာတိထိုးကတ္ေတ။ စကားမေျပာဆိုေကေလ့ ခမည္းေတာင္းေရပုံစံမ်ိဳး (ေဗဒင္) တြက္ခ်ၾကည့္ေက ဝရီးဆိုေကဝရီး၊ အဖိုးဆိုအဖိုးက ခမည္းပီးရေရ။ အျဖဴဆိုအျဖဴ။ အနီဆိုေကအနီ”

ေဒႏၱရာယ္တိက လြတ္ေျမာက္လာလို႔ ေအာင္ေအာင္ျမင္ျမင္နဲ႔ အေခ်မီြးဖြားႏိုင္ခဗ်ာလ္ၿပီဆိုေရအခါမွာေလ့ ယင္းမိခင္နဲ႔ အေခ်ကို ေစာင့္ေရွာက္ေရအနီနဲ႔ အိမ္နီးနားခ်င္းတိ၊ ေဆြးမ်ိဳးအသိုင္းအဝုိင္းတိက လာေရာက္နီထိုင္ပီးကတ္ရပါေရ။ ေဒပိုင္လာေရာက္ေစာင့္ေရွာက္ပီးေရ သေဘာကို ေဒသမွာေတာ့ “မီးေစာင့္ေရ” လို႔ေခၚဆိုကတ္ပါေရ။ မီးေစာင့္ေရအခါမွာ အရင္က မီြးဖြားဖူးသူဆိုေက ၃ ညနဲ႔ ပထမအႀကိမ္ေမြးဖြားသူဆိုေက ၅ ညတိတိ လာေရာက္ ေစာင့္ေရွာက္ကတ္ရစြာပါ။ လာေရာက္ေစာင့္ေရွာက္ပီးသူတိေရ ညလုံးေပါက္ မအိပ္ပဲ နီပီးရၿပီးေက သူတို႔တိကုိ ကာယကံရွင္မိသားစုက အေကြ်းအေမြးနဲ႔ ဧည့္ခံေကြ်းေမြးကတ္ရျပန္ပါေရ။ မီးလာေစာင့္ေရ ဓေလ့ကေလ့ ေပ်ာ္စရာေကာင္းပါေရ။

“အေကြ်းအေမြးနဲ႔ မီးေစာင့္ကတ္ေတ။ မီးေစာင္ဖို႔လာလူတိက က်န္းမာစီေၾကာင္း စိုင္တိခတ္ၿပီးေက ဝင္ကတ္ေတ။ မိစၦာတိသူ႐ို႕ ေနာက္ကပါ လာေက အေခ်လန္႔၊ ျဖန္႔မလားေအာင္လို႔ပါ။ ေဒပိုင္ေကြ်းေမြးေရအခါမွာေတာ့ေက အသူက ေကြ်းရဖို႔ဆိုၿပီးေက သတ္မွတ္ထားစြာ မရွိ။ မ်ားေသာအားျဖင့္ မိဘတိက ေကြ်းေရ။ အသူကေကြ်းေကြ်းရေရ။ ကိစၥမရွိ။ ဖဲကဇတ္တတ္ေတလူက ဖဲကစတ္ေတ။ မကစားတတ္ေက ေျပာေဟာနီကတ္ ေတ။ မိုးလင္းေရအထိေယ။ မအိပ္ဘဲနီကတ္ေတ။ အားလုံးအိပ္လို႔ မရဘူး။ မီးေစာင့္ေရဆိုစြာ တစ္တိုင္ကေတာ့ အႏိုးနီရေရ။ မိစၦာတိ မလာရေအာင္ဆိုၿပီး ေက။ ေပ်ာ္ေကာင္း၊ ေပ်ာ္ဖြယ္ေလ။ ေကာင္းေပ်ာ္ဖို႔ေကာင္းေရ။ အပ်ိဳကေခ်တိဆိုေက ကစတ္ကတ္ေတ။ အအိုတိကေတာ့ ဖဲကစတ္ကတ္ေတေပါ့။ ေကာင္းကင္လေရာင္ေအာက္မွာ ထုတ္ဆီးထိုးတမ္းကစတ္ကတ္ေတ။ မိုးထအာ႐ုံသား ၅ နာရီ ေလာက္ဆိုေက ထလားခကတ္ေတ။”

မီးေစာင့္ၿပီးလို႔ ၃ ည၊ ၅ ညစသျဖင့္ ၿပီးေျမာက္လားခ်ိန္မွာေတာ့ အေခ်နဲ႔ မိခင္ေဘးမွာေဖာ္ထားေရ မီးေဖာ္ကို ေဝးပစ္လိုက္ရပါေရ။ လႊင့္ၿပီးခ်ိန္မွာေတာ့ ေက ကေလးမီြးဖြားၿပီးလို႔ သီြးႏု၊ သားႏုခႏၶာကိုယ္ကို ပိုင္ဆိုင္ထားရေရ မိခင္ရဲ႕ အႏၱရာယ္တိကေလ့ ေျပေပ်ာက္လားေရလို႔ ယုံၾကည္ကတ္စြာပါ။ ယင္း အေၾကာင္းနဲ႔ မီးေစာင့္ေရဆိုေရ အဓိပၸာယ္ကဇာေလဆုိစြာကို သား၊ သမီး ၄ ေယာက္မိခင္ အသက္ ၅၀ ေက်ာ္အရြယ္ ေဒၚလွေစာသိန္းက အခုပိုင္ ရွင္းျပပါေရ။

“မရြတ္ဖုတ္မကို ေစာင့္ကတ္စြာ။ အေခ်မြီးေရမမတိမွာ အရင္က မရြတ္ဖုတ္မရလားေရလို႔ရွိခေရ။ မီးပစ္လိုက္ေကေတာ့ ေကာင္း လားယာ။ ကိုယ္ဝန္တည္ေက ၅ လကနီ မရြတ္မက ေနာက္ကလိုက္နီစြာ အေခ်မီြးၿပီးလို႔ ၇ လၾကာေရထိ ေစာင့္နီေရလတ္။ မီးပစ္လိုက္ေကေတာ့ အျပင္ မွာ က်န္ခယာ။ အကြ်န္႔ေအးမကို မရြတ္ဖုတ္မကိုင္ထားလို႔ ေဒအတိုင္း အိမ္သာမွာ အစာေကြ်းရေရ။ အရင္ကလူတိမွာေျပာစြာ။ အခုလူတိမွာက ဆီး႐ုံမွာ မီြးကတ္စြာ မ်ားေရ။ နယ္မွာဆိုေက နယ္ကဓေလ့ေပါ့။ အိမ္သာေအာက္မွာ ဇီးခက္ခ်ပ္ထားရေရ။ အိမ္ဝမွာေလ့သင့္။ အိမ္မွာဆိုေလ့ ပတ္ပတ္လည္ခ်ပ္ ထားရေရ။”

“မရြတ္မ”လို႔ သူ႐ို႕ေျပာကတ္ေတ အရာကေလ့ မိစၦာတစ္မ်ိဳးျဖစ္ၿပီးေက ယင္းမိစၦာေရ ကိုယ္ဝန္ေဆာင္မိခင္တိနဲ႔ မီးတြင္းက မိခင္တိကို သီစီႏိုင္ေရ အႏၱရာ ယ္ျပဳႏိုင္ေရလို႔ ဆိုကတ္ပါေရ။ သိပၸံနည္းအရေျပာရဖို႔ဆိုေကေတာ့ ေဒခ်င့္ေရ ကိုယ္ဝန္ေဆာင္နဲ႔ လတ္တေလာ အေခ်မီြးဖြားထားေရ မိခင္တိက သီြးအား နည္းၿပီး ျဖစ္တတ္စြာလို႔ ဆိုရပါဖို႔။ ေဒပိုင္အျဖစ္အပ်က္တိကိုေတာ့ ကိုယ္ဝန္ေဆာင္နဲ႔ အေခ်မိခင္တိုင္းနီးပါးက ႀကံဳဖူးကတ္ပါေရ။

“မရြတ္မရလားေရဆိုေက သီေရ။ စားေရ။ အကြ်န္႔မွာ သီလားေရ သမီးေခ် မီြးတုန္းကဆိုေက ဆံပင္ဒလေဟာနဲ႔ (ခႏၶာကိုယ္ေပၚ) တက္ခြတက္လာၿပီးေက လည္ပင့္ညႇစ္ေရ။ ယင္းပိုင္ ညႇပ္လို႔ အကြ်န္ရာ ရႈံးလားခေက အကြ်န္႔လျပာထြက္လားဖို႔(သီလားဖုိ႔)။ ဟိုလူတိ (သိပံၸအရ) ေျပာ ေတာ့ ဇာယုံကတ္ဖို႔လဲ။” လို႔ ေဒၚလွေစာသိန္းက ေျပာပါေရ။

ေဒၚခင္ေမကလည္း “မရြတ္မဆိုစြာကို အကြ်န္႔ေလ့တစ္ခါခံဖူးယာ။ ဟိုးအထက္ထက္ကနီ ရွိလာစြာ။ မရြတ္မရလို႔ သီစြာေလ့ ရွိေရ။ ယင္းေၾကာင့္ ဝမ္းမွာကိုယ္ဝန္ရွိခါကပင္ မရြတ္လက္ဖြဲ႕ဝတ္ရေရ။ အက်ြန္႐ို ႔ရြာက ေအးေရႊဆိုေရ မမေခ်ေလ့ မရြတ္မရလို႔ သီလားစြာ။ ရန္ကုန္ကညီမေခ် တိ ေရာက္ေတဆိုၿပီးေက အမိအိမ္ကို စားဖို႔၊ ေသာက္ဖို႔ဆိုၿပီးေက တစ္ေယာက္တည္းလာခါ လန္႔လားေရ။ အိမ္ကိုေရာက္ခါက မ်က္ျဖဴျပန္ပနာ သတိမိလို႔ ယင္းနရာမွာ သီလားေရ။”လို႔ ဆိုပါေရ။

ေဒပိုင္ အႏၱရာယ္တိကို ကာကြယ္ေရွာင္ရွားႏိုင္ဖို႔ ကိုယ္ဝန္ေဆာင္စဥ္မွာ လက္ဖြဲ႔ေဆာင္ထားစြာ၊ အေခ်မီြးဖြားၿပီးခ်ိန္မွာေလ့ အိမ္ဝနဲ႔ အိမ္သာ႐ို႕မွာ ဇီးကိုင္း ကို ခ်ပ္ထားရစြာစေရအရာတိကို ျပဳလုပ္ေလ့ရွိကတ္ပါေရ။ ေနာက္ၿပီးေက လတ္တေလာ မီြးဖြားထားေရ မိခင္က ညထမင္းကို နီမေစာင္းခင္စားရစြာ၊ နီညိဳ ေက အျပင္မထြက္ရစြာ၊ အိမ္ကလူတိ ထမင္းစားေက လဲေလ်ာင္းမနီဘဲ ထိုင္နီရစြာစေရ အရာတိကိုေလ့ ေရွာင္ရွားရပါေရ။

“အေခ်အမိမွာဆိုလို႔ရွိေက ထမင္းကို နီမဝင္ခင္ ၄ နာရီကနီစားရေရ။ ကိုယ့္အေခ်နဲ႔ ကိုယ္နီရေရ။ ျပင္ကိုမထြက္ရ။ အိမ္သားတိ ထမင္းစားနီေက အိပ္မနီရ။ ကိုယ္စားၿပီးေကေလ့ အိမ္သားတိ မစားရသိခင္ ထိုင္နီရေရ။ ယင္းပိုင္အိပ္နီလိုက္လို႔ အက်ြန္႐ို႕ရြာအနားက ေအးမတစ္ ေယာက္ကို (ထဘီ) ရင္တင္ဝတ္ၿပီးေက လည္ပင္းလာညႇစ္လို႔ အကြ်န္႔ကို ေအာ္ေခၚခါ ဆံပင္ျခဴၿပီးတြိလို႔ အကြ်န္ေတာင္လန္႔ေအာ္လိုက္မိေရ။ ယပိုင္ေလ့ ရွိေရ။ အထက္ထက္ကနီခ်င့္။ အခုေတာ့ခါ ဇာပိုင္ဆိုရဖို႔လဲ။ လူၾကမ္းေက နတ္မလိုက္ႏုိင္ဆိုပိုင္ အရင္ကရွိစြာ။ အခုေတာ့ မရွိဗ်ာလ္ဟန္။ ယေကေလ့ ရခိုင္ ထုံးစံအလိုက္ နယ္ဖက္တိမွာဆိုေက လုပ္ကတ္စြာဗ်ာလ္။ စစ္ေတြ႐ို႕မွာေတာ့ မလုပ္ကတ္ယာ။ မရြတ္လက္ဖြဲ႔ကိုေတာ့ မဝတ္လူေလ့ရွိေရ။ ဝတ္ေတ လူေလ့ရွိကတ္စြာဗ်ာလ္။ (စစ္ေတြ) ေဒမွာေလ့။” 

မိခင္တိက က်န္းမာနီရုံနဲ႔ေလ့ မၿပီးပါသိမ့္။ အေခ်တိကို ျပဳစုေစာက္ေရွာက္ရာမွာေလ့ ေဒပိုင္ဓေလ့တိက ရွိနျပန္ပါေရ။ တကယ္လို႔ရာ အေခ်က မြီးကင္းစ ကနီ ၅ လအထိငိုေရ။ ၆ လအထိငိုေရ။ စသျဖင့္ အတိုင္းအတာတစ္ခုအထိ ငိုလာဗ်ာလ္ဆိုေက ယၾတာေခ်စြာတိလည္းျပဳလုပ္ကတ္ရပါယာ။ ၃ ရက္ဆို ၃ ရက္၊ ၇ ရက္ဆို ၇ ရက္စသျဖင့္ ရက္ခ်ိန္းတစ္ခု သတ္မွတ္လိုက္ၿပီးေက ယင္းနိရက္အတြင္းမွာ နီရဲနီအာင္မီးဖုတ္ထားေရ ထင္းမီးက်ည့္ကို  အသင့္ထည့္ ထားေရ ရီဇလုံထဲမွာႏွစ္ပနာ ထမင္း ၇ ဆုပ္ကို ရီမွာတစ္ခ်က္စီႏွစ္ရင္း နီအိမ္ရဲ႕အရပ္ေလးမ်က္မွာကို ပတ္ဗ်ာလ္ အေခ်ကို အငိုတိတ္ေအာင္လုပ္ပီဖို႔ က တိကဝတ္တိျပဳ ဆုေတာင္းရရင္း ထမင္းဆုပ္ေတြကို လႊင့္ပစ္ရစြာေလ့ ရွိပါေရ။

“ဝမ္းကက်စြာနဲ႔ ၅ လငိုေရအေခ်ငိုေရ။ ၆ လ ငိုေရအေခ်ငိုေရ။ အကြ်န္႔သားဆိုေက ၆ လတိတိငိုေရ။ အငိုးေဝးေရလို႔ အိမ္ေခါင္မိုး ကို ထမင္းခုနစ္ဆုပ္ဆုပ္ၿပီးေက ရီဇလုံမွာ ထမင္းကိုထည့္ေရ။ ၿပီးေက ၃ ရက္ဆို ၃ ရက္၊ ၇ ရက္ဆို ၇ ရက္ လႊင့္ပါ့မယ္လို႔ဆိုၿပီးေက (ကတိျပဳ) မီးက်ည့္ကို ရီမွာႏွစ္တယ္။ ထမင္းတဆုပ္စီဆုပ္ေတ။ မီးက်ည့္ကို ရီမွာတစ္ခ်က္ညႇစ္ၿပီးေက ဟိုဖက္အိမ္ေခါင္၊ ေဒဖက္အိမ္ေခါင္မိုးေက်ာ္ေအာင္ ေျမႇာက္ပစ္ရေရ။ အကြ်န္႔သားတုန္းကဆိုေက ၃ ရက္ယာ ေျမႇာက္ေတ။ (အငို)ေပ်ာက္လားေရ။ ယင္းထုံးစံတိရွိေရ။ အမ်ိဳးမ်ိဳးအဖုံဖုံ မီြးစတ္ရေရ။ အေခ်တိကို။”

အခုပိုင္ လုပ္႐ုံနဲ႔ေတာင္ အငိုတိတ္မလာသိမ့္၊ ဖ်ားလာသိေရ၊ ေနာက္ၿပီးေက တစ္ျခားသြင္ျပင္လကၡာဏာတိ ေပၚေပါက္လာသိေရဆိုေကေတာ့  မဒါန္းလား ပစ္ရတယ္လို႔ ဆိုပါေရ။ မဒါန္းလားပစ္ေတခါ အေခ်တိအတြက္ သီးသန္႔လမ္းညႊန္စာအုပ္ကို ဖတ္ရၿပီးေက ယင္းစာအုပ္မွာပါေရအတိုင္းလိုက္ လုပ္ရပါေရ။ ဥပမာတစ္ခု ျပရဖို႔ဆိုေက ႏွီးနဲ႔ရက္လုပ္ထားေရ ျခံပိုင္ပုံဥ႑ာန္ရွိေရအရာေခ်ထဲမွာ ထမင္းဆိုထမင္း၊ အေၾကာ္ဆိုအေၾကာ္စသျဖင့္ လမ္းညႊန္ခ်က္မွာပါေရ အတိုင္းထည့္ၿပီးေက လူသူကင္းမဲ့ေရ ေတာၿခံဳစပ္တိ၊ အပင္ေအာက္ေတြမွာလားၿပီးေက ပစ္ထားခရစြာပါ။ ေဒပိုင္ မဒါန္းလားပစ္ေတအခါမွာေလ့ အဖ၊ အဖိုး၊ အေဘာင္႐ို႕က လားရေကေလ့ မေခ်မိကေတာ့ လားးခြင့္မရွိပါဘူး။

“အဖပစ္ေလ့ရေရ။ မဒါန္းလားပစ္ေက ဓားတစ္ေခ်ာင္း၊ မဒါန္းပစ္ဖို႔ ခြက္ခ်ဖို႔ ေနရာမွာစည္းဝိုင္းပခဲ့ရေရ။ အေခ်တိငိုစြာနဲ႔ ထမင္း ရစိမ္ပစ္ရဖို႔ဆိုၿပီးေက အိမ္မွာက်န္ေရ ထမင္းက်န္ကို အေခ်ရွိေရ အိမ္တိမွာ အေခ်ကို မဒါန္းမၾကည့္ရသိဆိုေက ထမင္းက်န္ကို ဇလုံတလုံးမွာထည့္ပနာ စားကတ္၊ ေသာက္ကတ္၊ ကေခ်ကို မငိုစီေက့၊ ႏုိ႔စို႔ခိုင္းပီးပါ။ ဆိုၿပီးေက အိမ္ရွိအိမ္ေနာက္ မထင္းရစိမ္ပတ္ကဲလိုက္ရေရ။”

ေဒအဆင့္တိကို ေက်ာ္လြန္လာႏိုင္ခယာဆိုေက ကင္းပြန္းကိုင္ေရအဆင့္ကို ေရာက္လာပါဗ်ာလ္။ ကင္းပြန္းကိုင္ေရဆိုေရ ဓေလ့ကေလ့ ထူးဆန္းပါေရ။ အေခ်လလွည့္ေရခါ (သို႔မဟုတ္) တစ္လျပည့္ေရခါ (သို႔မဟုတ္) သုံးလျပည့္ေရခါမွာ စသျဖင့္ အသက္အပိုင္းအျခားတစ္ခုကို ေရာက္လာဗ်ာလ္ ဆုိစြာနဲ႔ ေဒခ်င့္ကို ျပဳလုပ္ကတ္ပါယာ။

“ကင္းပြန္းကိုင္ေရဆိုစြာက လလွည့္ေရအခါျဖစ္ျဖစ္၊ တစ္လျပည့္ေရအခါျဖစ္ျဖစ္၊ ကင္းပြန္းကိုင္လိုက္တယ္။ ကင္းပြန္းသီး၊ ဆီ၊ ဆႏြင္းထည့္ၿပီးေက လူတိကို ပတ္ေခၚေရ။ အေကြ်းအေမြးနဲ႔ေပါ့။ လဘက္ရည္ဆို၊ လဘက္ရည္၊ မုန္႔တီဆုိရင္ မုန္႔တီ ယပိုင္ေကြ်းလို႔၊ ေမြးလို႔။ ယင္းမွာ ေက်ာက္သီး၊ ဓါး၊ ဆန္ေလ့ထည့္ကတ္ေတ။ သံဇကာတစ္ခုမွာ။ ကင္းပြန္းကိုင္ဖို႔လာေရလူဟာ ကင္းပြန္းခြက္ကို ကိုင္ၿပီးေက အေခ်ကို က်န္းမာပါစီ။ ခ်မ္းသာပါစီ ဆုေတာင္းၿပီးေက အေခ်ကို တို႔ကတ္ေတ။”

ကင္းပြန္းကိုင္လိုက္ေတ အေခ်ေရ တစ္ျခားအေခ်တိပိုင္ မဟုတ္ယာဘဲနဲ႔ က်န္းမာလန္းဆန္းၿပီးေက အရင္ကထက္ပိုၿပီးေက လာဘ္လာဘေကာင္းလာ ေရလို႔ ယူဆကတ္စြာေလ့ ျဖစ္ပါေရ။ အေခ်က အသက္အရြယ္တစ္ခုထိ ႀကီးျပင္းလာဗ်ာလ္။ စကားမေျပာသိမ့္။ တြားမလားတတ္သိမ့္ဆိုေရအခါမွာ ျပဳလုပ္ရေရ ဓေလ့တစ္ခ်ိဳ႕ရွိပါသိမ့္ေရ။

ေဒဓေလ့ကိုေတာ့ “ခမည္း” ပီးေရလို႔ ေဒသက ေခၚပါေရ။ ခမည္းေပးတဲ့အခါမွာ ေဗဒင္နကၡၾကည့္လို႔ရာ ဝရီးေတာ္စပ္သူက သူ႔ကိုတစ္ခုခုပီးရဖုိ႔။ အဘိုး၊ အေဒၚ၊ အေဘာင္စသူ႐ို႕က တစ္ခုခုပီးရမယ္လို႔ အေျဖေပၚေက မပီးမနီပီးရၿပီးေက မေပးဘဲနဲ႔ ေဒအတိုင္းထားလိုက္ေက ယင္းအေခ်မွာ အ သက္ႀကီးေရ အထိ ခ်ိဳ႕ယြင္းမႈတိပါလားႏိုင္ေရလို႔ ေဒၚလွေစာသိန္းက ဆိုပါေရ။

“အကြ်န္႔သားအငယ္ခါက ဘုန္းႀကီးပါးက ခမည္းေတာင္းေရ။ ဘုန္းႀကီးပါးကအနီေရာင္ေတာင္းလို႔ ကင္ဆီျပာအက်ီဝယ္ဖို႔ ေဖသာ ၂၀၀၀ ေပးလိုက္ေတ။ ယင္းခ်င့္ ဘုန္းႀကီးကို လားဝတ္မခိုင္းဘဲ ကိုယ့္စြာ ကိုယ္ဝတ္လိုက္ေတ။ အကြ်န္ေလ့မထပ္ၿပီးေက လားေတာင္းဖို႔ အားနာလို႔  အကြ်န္႔သားက နားေကာင္းမၾကားဘဲ ျဖစ္လားေရ။ အကြ်န္သား ေနာက္တစ္ေယာက္ အငယ္ခါ အဖမွာ အကိုပါးက ေတာင္းေရ။ ၅ ႏွစ္ျပည့္လားယာ စ ကားမေျပာလို႔ ေရႊေတာင္းေရလတ္။ စတီးႀကိဳးမွာ ေရႊရည္ဆန္းလို႔ ပီးလိုက္ရေရ။ ေအခ်င့္စြာေလ့ အမွန္တိခ်င့္။”

မီးေစာင့္ေရခါ၊ ကင္းပြန္းကိုင္ေရခါတိမွာ ဝရီး၊ အရီးမစေရလူတိက တကာခံေကြ်းေမြးရဖို႔လို႔ သတ္မွတ္ခ်က္မရွိေကေလ့ ခမည္းေတာင္းေရခါမွာေတာ့ သူ႐ို႕ကိုယ္တိုင္က မျဖစ္မေနပီးရစြာေလ့ ျဖစ္ပါေရ။ ေဒပိုင္ဓေလ့တိကို နယ္ကလူတိက မ်ားေသာအားျဖင့္ ျပဳလုပ္ေလ့ရွိၿပီးေက ဆီးပီးခန္း၊ က်န္းမာေရး စင္တာတိပိုင္ နရာတိနဲ႔ အနီနီးေရ ဖြံ႔ၿဖိဳးေရေဒသျဖစ္ေတ ၿမိဳ႕ေပၚတိမွာေတာ့ ျပဳလုပ္ေလ့ မရွိကတ္ပါ။ တစ္ခ်ိဳ႕ကေတာ့ ေဒခ်င့္တိေရ ဗုဒၶဘာသာမဟုတ္ပဲ ျဗဟၼဏဝါဒက ဆင္းသက္လာစြာလို႔ေလ့ ဆိုကတ္ပါေရ။

ဇာပိုင္ပင္ ေျပာနီကတ္ပါစီ ယုံၾကည္လူတိအဖို႔ကေတာ့ “ရွိထုံးေလ့ မပယ္ေက့၊ စ်ီသုံးေလ့ မလြယ္ေက့” ဆိုေရ ဆို႐ိုးစကားပုံကေလ့ သက္သီရွိနီေရ မဟုတ္ပါလား။

ဓာတ္ပုံ – ေအာင္ေအာင္ထူး

Unicode:

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ခေတ်ဖွံ့ဖြိုးတိုးတက်လာစွာနဲ့အမျှ လူအများစုက ရှိထုံးတမ်းစဉ်လာတိကို မိဖျောက်ပြီးကေ သိပ္ပံနည်းလမ်းအရဗျာလ် စဉ်းစားတွေးခေါ်ကျင့်သုံးလာကတ်ပါ ရေ။ အမှန်မှာဆိုကေ “ရှိထုံးလေ့ မပယ်ကေ့၊ စျီးသုံးလေ့ မလွယ်ကေ့”ဆိုရေ ဆိုရိုးအတိုင်းပါရာ။ ကျွန်တော်ရို့ရေ ရှိထုံးတိကိုလေ့ မပယ်သင့်ပါ။

ရှိထုံးတိရေ ကိစ္စရပ်တိုင်းမှာ ရှိနီနိုင်ပါရေ။ အခုသီတင်းပါတ်မှာတော့ ရခိုင်အမျိုးသမီးရို့ ကိုယ်ဝန်ဆောင်စဉ်ကာလကနီ အချေမွီးဖွားပြီးစီးချိန်အထိ ပြုလုပ် ကျင့်သုံးလိရှိကတ်တေ ရှေးထုံးတမ်းဓလေ့အကြောင်း လက်ရှိအချိန်ထိ လိုက်နာကျင့်သုံးနီလူတိ၊ ကိုယ်တိုင်ကြုံတွိဖူးသူတိနဲ့တွိဆုံ မီးမြန်းထားချက်တိကို ပြောပြပီးချင်ပါရေ။

အခုတင်ပြလားဖို့အကြောင်းအရာတိက သိပ္ပံအရ ယူဆချက်တိနဲ့တော့ ကွဲလွဲနိုင်ကေလေ့ ကတယ့်ကို လိုက်နာကျင့်သုံးနီကတ်တေအချက်တိဖြစ်ပါရေ။ ယကေလေ့ တစ်ချို့ကတော့ ဒေနည်းလမ်းတိထဲက တစ်ချို့ကို ကျင့်သုံးကတ်တေပိုင် ယင်းနည်းလမ်းအားလုံးကို လိုက်နာကျင့်သုံးသူတိလည်းရှိပြီးကေ တစ်ချို့ကလေ့ သိတောင်သိဖို့ မဟုတ်ပါ။ ဒေချင့်က ယုံကြည်မှုနဲ့လေ့ ဆိုင်ပါသိရေ။

အမျိုးသမီးတစ်ဦး ကိုယ်ဝန်စတင်လွယ်ထားရဗျာလ်ဆိုစွာနဲ့ အဓိကလိုအပ်ချက်ကတော့ကေ ဆီးဝါးပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလို့ ပြော ကတ်ဖို့စွာက မလွဲမသွယ်ပါ။ တစ်ခြားတစ်ဖက်မှာလေ့ ဒေပိုင်ဗျာလ် အရေးကြီးရေ လိုအပ်ချက်တိ ရှိနီပါသိမ့်ရေ။ ပထမဦးဆုံးအနီနဲ့ တင်ပြဖို့ ရှိထုံးဓ လေ့ကတော့ အမျိုးသမီးတစ်ယောက်မှာ ကိုယ်ဝန် ၅ လရှိလာဗျာလ်ဆိုစွာနဲ့ တစ္ဆေမှင်စာတိရဲ့ အန္တရာယ်ကို ရှောင်ရှားဖို့ အဆောင်လက်ဖွဲ့တစ်ခုဖွဲ့ရပြီး ကေ ယင်းလက်ဖွဲ့ကို ကိုယ်နဲ့ မကွာ ဆောင်ထားရစွာပါ။ သူရို့က ကိုယ်ဝန် ၅ လကနီ အချေမွီဖွားပြီးလို့ ၇ လကြာရေအထိ ယင်းအန္တရာယ်တိကို ကြုံ ကတ်ရပြီးကေ ယင်းအန္တရယ်တိ ကြုံရကေ အသက်သီဆုံးရေအထိ ဖြစ်တတ်တေလို့ ဆိုကတ်ပါရေ။ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်မေက သူရို့ဒေသက ရှိထုံးတမ်းတိအကြောင်း အခိုင် ပြောပြပါရေ။

“တစ္ဆေမှင်စာတိ၊ မရွတ်မတိ မလာနိုင်အောင်လို့ ကိုယ်ဝန် ၅ လရှိယာဆိုစွာနဲ့ မရွတ်လက်ဖွဲ့ထိုးရေ။ အချေရကေလေ့ မရွတ်မ မ လာရအောင်လို့ မီးဖော်ထားရရေ။ သွီးသနပတ် မလိုက်ရအောင်လို့ မီးလည်းလှုံရေ ပုံစံမျိုးနဲ့ပေါ့။ ပူတုန်းရာသီဆိုကေလေ့ မီးဖော်ထားရရေ။ လူအများ မရောက်လို့ယာဆိုကေ မွီးရေထဘီကို အိမ်ဝက ကာထားရရေ။ တစ္ဆီကြောက်၊ မင်စာကြောက်ဆိုပြီးကေ။ မီးစောင့်ကတ်တေ။ ၅ ရက်ဆို ၅ ရက်။ မီး စောင့်သားတိကို ကျွေးလို့၊ မွေးလို့။ ၅ ရက်လောက်နီကေ မီးကိုလားပစ်ရရေ။ ကျန်းမာပါစီ၊ ချမ်းသာပါစီဆိုပြီးကေ မီးဖော်ကို လားပစ်ရစွာ။ မကျန်းရေး၊ မမာရေးနဲ့ဆိုလေ့ အချေတိကို လက်ဖွဲ့၊ လက်ကာတိထိုးကတ်တေ။ စကားမပြောဆိုကေလေ့ ခမည်းတောင်းရေပုံစံမျိုး (ဗေဒင်) တွက်ချကြည့်ကေ ဝရီးဆိုကေဝရီး၊ အဖိုးဆိုအဖိုးက ခမည်းပီးရရေ။ အဖြူဆိုအဖြူ။ အနီဆိုကေအနီ”

ဒေန္တရာယ်တိက လွတ်မြောက်လာလို့ အောင်အောင်မြင်မြင်နဲ့ အချေမွီးဖွားနိုင်ခဗျာလ်ပြီဆိုရေအခါမှာလေ့ ယင်းမိခင်နဲ့ အချေကို စောင့်ရှောက်ရေအနီနဲ့ အိမ်နီးနားချင်းတိ၊ ဆွေးမျိုးအသိုင်းအဝိုင်းတိက လာရောက်နီထိုင်ပီးကတ်ရပါရေ။ ဒေပိုင်လာရောက်စောင့်ရှောက်ပီးရေ သဘောကို ဒေသမှာတော့ “မီးစောင့်ရေ” လို့ခေါ်ဆိုကတ်ပါရေ။ မီးစောင့်ရေအခါမှာ အရင်က မွီးဖွားဖူးသူဆိုကေ ၃ ညနဲ့ ပထမအကြိမ်မွေးဖွားသူဆိုကေ ၅ ညတိတိ လာရောက် စောင့်ရှောက်ကတ်ရစွာပါ။ လာရောက်စောင့်ရှောက်ပီးသူတိရေ ညလုံးပေါက် မအိပ်ပဲ နီပီးရပြီးကေ သူတို့တိကို ကာယကံရှင်မိသားစုက အကျွေးအမွေးနဲ့ ဧည့်ခံကျွေးမွေးကတ်ရပြန်ပါရေ။ မီးလာစောင့်ရေ ဓလေ့ကလေ့ ပျော်စရာကောင်းပါရေ။

“အကျွေးအမွေးနဲ့ မီးစောင့်ကတ်တေ။ မီးစောင်ဖို့လာလူတိက ကျန်းမာစီကြောင်း စိုင်တိခတ်ပြီးကေ ဝင်ကတ်တေ။ မိစ္ဆာတိသူရို့ နောက်ကပါ လာကေ အချေလန့်၊ ဖြန့်မလားအောင်လို့ပါ။ ဒေပိုင်ကျွေးမွေးရေအခါမှာတော့ကေ အသူက ကျွေးရဖို့ဆိုပြီးကေ သတ်မှတ်ထားစွာ မရှိ။ များသောအားဖြင့် မိဘတိက ကျွေးရေ။ အသူကကျွေးကျွေးရရေ။ ကိစ္စမရှိ။ ဖဲကဇတ်တတ်တေလူက ဖဲကစတ်တေ။ မကစားတတ်ကေ ပြောဟောနီကတ် တေ။ မိုးလင်းရေအထိယေ။ မအိပ်ဘဲနီကတ်တေ။ အားလုံးအိပ်လို့ မရဘူး။ မီးစောင့်ရေဆိုစွာ တစ်တိုင်ကတော့ အနိုးနီရရေ။ မိစ္ဆာတိ မလာရအောင်ဆိုပြီး ကေ။ ပျော်ကောင်း၊ ပျော်ဖွယ်လေ။ ကောင်းပျော်ဖို့ကောင်းရေ။ အပျိုကချေတိဆိုကေ ကစတ်ကတ်တေ။ အအိုတိကတော့ ဖဲကစတ်ကတ်တေပေါ့။ ကောင်းကင်လရောင်အောက်မှာ ထုတ်ဆီးထိုးတမ်းကစတ်ကတ်တေ။ မိုးထအာရုံသား ၅ နာရီ လောက်ဆိုကေ ထလားခကတ်တေ။”

မီးစောင့်ပြီးလို့ ၃ ည၊ ၅ ညစသဖြင့် ပြီးမြောက်လားချိန်မှာတော့ အချေနဲ့ မိခင်ဘေးမှာဖော်ထားရေ မီးဖော်ကို ဝေးပစ်လိုက်ရပါရေ။ လွှင့်ပြီးချိန်မှာတော့ ကေ ကလေးမွီးဖွားပြီးလို့ သွီးနု၊ သားနုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရရေ မိခင်ရဲ့ အန္တရာယ်တိကလေ့ ပြေပျောက်လားရေလို့ ယုံကြည်ကတ်စွာပါ။ ယင်း အကြောင်းနဲ့ မီးစောင့်ရေဆိုရေ အဓိပ္ပာယ်ကဇာလေဆိုစွာကို သား၊ သမီး ၄ ယောက်မိခင် အသက် ၅၀ ကျော်အရွယ် ဒေါ်လှစောသိန်းက အခုပိုင် ရှင်းပြပါရေ။

“မရွတ်ဖုတ်မကို စောင့်ကတ်စွာ။ အချေမွီးရေမမတိမှာ အရင်က မရွတ်ဖုတ်မရလားရေလို့ရှိခရေ။ မီးပစ်လိုက်ကေတော့ ကောင်း လားယာ။ ကိုယ်ဝန်တည်ကေ ၅ လကနီ မရွတ်မက နောက်ကလိုက်နီစွာ အချေမွီးပြီးလို့ ၇ လကြာရေထိ စောင့်နီရေလတ်။ မီးပစ်လိုက်ကေတော့ အပြင် မှာ ကျန်ခယာ။ အကျွန့်အေးမကို မရွတ်ဖုတ်မကိုင်ထားလို့ ဒေအတိုင်း အိမ်သာမှာ အစာကျွေးရရေ။ အရင်ကလူတိမှာပြောစွာ။ အခုလူတိမှာက ဆီးရုံမှာ မွီးကတ်စွာ များရေ။ နယ်မှာဆိုကေ နယ်ကဓလေ့ပေါ့။ အိမ်သာအောက်မှာ ဇီးခက်ချပ်ထားရရေ။ အိမ်ဝမှာလေ့သင့်။ အိမ်မှာဆိုလေ့ ပတ်ပတ်လည်ချပ် ထားရရေ။”

“မရွတ်မ”လို့ သူရို့ပြောကတ်တေ အရာကလေ့ မိစ္ဆာတစ်မျိုးဖြစ်ပြီးကေ ယင်းမိစ္ဆာရေ ကိုယ်ဝန်ဆောင်မိခင်တိနဲ့ မီးတွင်းက မိခင်တိကို သီစီနိုင်ရေ အန္တရာ ယ်ပြုနိုင်ရေလို့ ဆိုကတ်ပါရေ။ သိပ္ပံနည်းအရပြောရဖို့ဆိုကေတော့ ဒေချင့်ရေ ကိုယ်ဝန်ဆောင်နဲ့ လတ်တလော အချေမွီးဖွားထားရေ မိခင်တိက သွီးအား နည်းပြီး ဖြစ်တတ်စွာလို့ ဆိုရပါဖို့။ ဒေပိုင်အဖြစ်အပျက်တိကိုတော့ ကိုယ်ဝန်ဆောင်နဲ့ အချေမိခင်တိုင်းနီးပါးက ကြုံဖူးကတ်ပါရေ။

“မရွတ်မရလားရေဆိုကေ သီရေ။ စားရေ။ အကျွန့်မှာ သီလားရေ သမီးချေ မွီးတုန်းကဆိုကေ ဆံပင်ဒလဟောနဲ့ (ခန္ဓာကိုယ်ပေါ်) တက်ခွတက်လာပြီးကေ လည်ပင့်ညှစ်ရေ။ ယင်းပိုင် ညှပ်လို့ အကျွန်ရာ ရှုံးလားခကေ အကျွန့်လပြာထွက်လားဖို့(သီလားဖို့)။ ဟိုလူတိ (သိပ္ပံအရ) ပြော တော့ ဇာယုံကတ်ဖို့လဲ။” လို့ ဒေါ်လှစောသိန်းက ပြောပါရေ။

ဒေါ်ခင်မေကလည်း “မရွတ်မဆိုစွာကို အကျွန့်လေ့တစ်ခါခံဖူးယာ။ ဟိုးအထက်ထက်ကနီ ရှိလာစွာ။ မရွတ်မရလို့ သီစွာလေ့ ရှိရေ။ ယင်းကြောင့် ဝမ်းမှာကိုယ်ဝန်ရှိခါကပင် မရွတ်လက်ဖွဲ့ဝတ်ရရေ။ အကျွန်ရို ့ရွာက အေးရွှေဆိုရေ မမချေလေ့ မရွတ်မရလို့ သီလားစွာ။ ရန်ကုန်ကညီမချေ တိ ရောက်တေဆိုပြီးကေ အမိအိမ်ကို စားဖို့၊ သောက်ဖို့ဆိုပြီးကေ တစ်ယောက်တည်းလာခါ လန့်လားရေ။ အိမ်ကိုရောက်ခါက မျက်ဖြူပြန်ပနာ သတိမိလို့ ယင်းနရာမှာ သီလားရေ။”လို့ ဆိုပါရေ။

ဒေပိုင် အန္တရာယ်တိကို ကာကွယ်ရှောင်ရှားနိုင်ဖို့ ကိုယ်ဝန်ဆောင်စဉ်မှာ လက်ဖွဲ့ဆောင်ထားစွာ၊ အချေမွီးဖွားပြီးချိန်မှာလေ့ အိမ်ဝနဲ့ အိမ်သာရို့မှာ ဇီးကိုင်း ကို ချပ်ထားရစွာစရေအရာတိကို ပြုလုပ်လေ့ရှိကတ်ပါရေ။ နောက်ပြီးကေ လတ်တလော မွီးဖွားထားရေ မိခင်က ညထမင်းကို နီမစောင်းခင်စားရစွာ၊ နီညို ကေ အပြင်မထွက်ရစွာ၊ အိမ်ကလူတိ ထမင်းစားကေ လဲလျောင်းမနီဘဲ ထိုင်နီရစွာစရေ အရာတိကိုလေ့ ရှောင်ရှားရပါရေ။

“အချေအမိမှာဆိုလို့ရှိကေ ထမင်းကို နီမဝင်ခင် ၄ နာရီကနီစားရရေ။ ကိုယ့်အချေနဲ့ ကိုယ်နီရရေ။ ပြင်ကိုမထွက်ရ။ အိမ်သားတိ ထမင်းစားနီကေ အိပ်မနီရ။ ကိုယ်စားပြီးကေလေ့ အိမ်သားတိ မစားရသိခင် ထိုင်နီရရေ။ ယင်းပိုင်အိပ်နီလိုက်လို့ အကျွန်ရို့ရွာအနားက အေးမတစ် ယောက်ကို (ထဘီ) ရင်တင်ဝတ်ပြီးကေ လည်ပင်းလာညှစ်လို့ အကျွန့်ကို အော်ခေါ်ခါ ဆံပင်ခြူပြီးတွိလို့ အကျွန်တောင်လန့်အော်လိုက်မိရေ။ ယပိုင်လေ့ ရှိရေ။ အထက်ထက်ကနီချင့်။ အခုတော့ခါ ဇာပိုင်ဆိုရဖို့လဲ။ လူကြမ်းကေ နတ်မလိုက်နိုင်ဆိုပိုင် အရင်ကရှိစွာ။ အခုတော့ မရှိဗျာလ်ဟန်။ ယကေလေ့ ရခိုင် ထုံးစံအလိုက် နယ်ဖက်တိမှာဆိုကေ လုပ်ကတ်စွာဗျာလ်။ စစ်တွေရို့မှာတော့ မလုပ်ကတ်ယာ။ မရွတ်လက်ဖွဲ့ကိုတော့ မဝတ်လူလေ့ရှိရေ။ ဝတ်တေ လူလေ့ရှိကတ်စွာဗျာလ်။ (စစ်တွေ) ဒေမှာလေ့။”

မိခင်တိက ကျန်းမာနီရုံနဲ့လေ့ မပြီးပါသိမ့်။ အချေတိကို ပြုစုစောက်ရှောက်ရာမှာလေ့ ဒေပိုင်ဓလေ့တိက ရှိနပြန်ပါရေ။ တကယ်လို့ရာ အချေက မွီးကင်းစ ကနီ ၅ လအထိငိုရေ။ ၆ လအထိငိုရေ။ စသဖြင့် အတိုင်းအတာတစ်ခုအထိ ငိုလာဗျာလ်ဆိုကေ ယတြာချေစွာတိလည်းပြုလုပ်ကတ်ရပါယာ။ ၃ ရက်ဆို ၃ ရက်၊ ၇ ရက်ဆို ၇ ရက်စသဖြင့် ရက်ချိန်းတစ်ခု သတ်မှတ်လိုက်ပြီးကေ ယင်းနိရက်အတွင်းမှာ နီရဲနီအာင်မီးဖုတ်ထားရေ ထင်းမီးကျည့်ကို အသင့်ထည့် ထားရေ ရီဇလုံထဲမှာနှစ်ပနာ ထမင်း ၇ ဆုပ်ကို ရီမှာတစ်ချက်စီနှစ်ရင်း နီအိမ်ရဲ့အရပ်လေးမျက်မှာကို ပတ်ဗျာလ် အချေကို အငိုတိတ်အောင်လုပ်ပီဖို့ က တိကဝတ်တိပြု ဆုတောင်းရရင်း ထမင်းဆုပ်တွေကို လွှင့်ပစ်ရစွာလေ့ ရှိပါရေ။

“ဝမ်းကကျစွာနဲ့ ၅ လငိုရေအချေငိုရေ။ ၆ လ ငိုရေအချေငိုရေ။ အကျွန့်သားဆိုကေ ၆ လတိတိငိုရေ။ အငိုးဝေးရေလို့ အိမ်ခေါင်မိုး ကို ထမင်းခုနစ်ဆုပ်ဆုပ်ပြီးကေ ရီဇလုံမှာ ထမင်းကိုထည့်ရေ။ ပြီးကေ ၃ ရက်ဆို ၃ ရက်၊ ၇ ရက်ဆို ၇ ရက် လွှင့်ပါ့မယ်လို့ဆိုပြီးကေ (ကတိပြု) မီးကျည့်ကို ရီမှာနှစ်တယ်။ ထမင်းတဆုပ်စီဆုပ်တေ။ မီးကျည့်ကို ရီမှာတစ်ချက်ညှစ်ပြီးကေ ဟိုဖက်အိမ်ခေါင်၊ ဒေဖက်အိမ်ခေါင်မိုးကျော်အောင် မြှောက်ပစ်ရရေ။ အကျွန့်သားတုန်းကဆိုကေ ၃ ရက်ယာ မြှောက်တေ။ (အငို)ပျောက်လားရေ။ ယင်းထုံးစံတိရှိရေ။ အမျိုးမျိုးအဖုံဖုံ မွီးစတ်ရရေ။ အချေတိကို။”

အခုပိုင် လုပ်ရုံနဲ့တောင် အငိုတိတ်မလာသိမ့်၊ ဖျားလာသိရေ၊ နောက်ပြီးကေ တစ်ခြားသွင်ပြင်လက္ခာဏာတိ ပေါ်ပေါက်လာသိရေဆိုကေတော့ မဒါန်းလား ပစ်ရတယ်လို့ ဆိုပါရေ။ မဒါန်းလားပစ်တေခါ အချေတိအတွက် သီးသန့်လမ်းညွှန်စာအုပ်ကို ဖတ်ရပြီးကေ ယင်းစာအုပ်မှာပါရေအတိုင်းလိုက် လုပ်ရပါရေ။ ဥပမာတစ်ခု ပြရဖို့ဆိုကေ နှီးနဲ့ရက်လုပ်ထားရေ ခြံပိုင်ပုံဥဏ္ဍာန်ရှိရေအရာချေထဲမှာ ထမင်းဆိုထမင်း၊ အကြော်ဆိုအကြော်စသဖြင့် လမ်းညွှန်ချက်မှာပါရေ အတိုင်းထည့်ပြီးကေ လူသူကင်းမဲ့ရေ တောခြုံစပ်တိ၊ အပင်အောက်တွေမှာလားပြီးကေ ပစ်ထားခရစွာပါ။ ဒေပိုင် မဒါန်းလားပစ်တေအခါမှာလေ့ အဖ၊ အဖိုး၊ အဘောင်ရို့က လားရကေလေ့ မချေမိကတော့ လားးခွင့်မရှိပါဘူး။

“အဖပစ်လေ့ရရေ။ မဒါန်းလားပစ်ကေ ဓားတစ်ချောင်း၊ မဒါန်းပစ်ဖို့ ခွက်ချဖို့ နေရာမှာစည်းဝိုင်းပခဲ့ရရေ။ အချေတိငိုစွာနဲ့ ထမင်း ရစိမ်ပစ်ရဖို့ဆိုပြီးကေ အိမ်မှာကျန်ရေ ထမင်းကျန်ကို အချေရှိရေ အိမ်တိမှာ အချေကို မဒါန်းမကြည့်ရသိဆိုကေ ထမင်းကျန်ကို ဇလုံတလုံးမှာထည့်ပနာ စားကတ်၊ သောက်ကတ်၊ ကချေကို မငိုစီကေ့၊ နို့စို့ခိုင်းပီးပါ။ ဆိုပြီးကေ အိမ်ရှိအိမ်နောက် မထင်းရစိမ်ပတ်ကဲလိုက်ရရေ။”

ဒေအဆင့်တိကို ကျော်လွန်လာနိုင်ခယာဆိုကေ ကင်းပွန်းကိုင်ရေအဆင့်ကို ရောက်လာပါဗျာလ်။ ကင်းပွန်းကိုင်ရေဆိုရေ ဓလေ့ကလေ့ ထူးဆန်းပါရေ။ အချေလလှည့်ရေခါ (သို့မဟုတ်) တစ်လပြည့်ရေခါ (သို့မဟုတ်) သုံးလပြည့်ရေခါမှာ စသဖြင့် အသက်အပိုင်းအခြားတစ်ခုကို ရောက်လာဗျာလ် ဆိုစွာနဲ့ ဒေချင့်ကို ပြုလုပ်ကတ်ပါယာ။

“ကင်းပွန်းကိုင်ရေဆိုစွာက လလှည့်ရေအခါဖြစ်ဖြစ်၊ တစ်လပြည့်ရေအခါဖြစ်ဖြစ်၊ ကင်းပွန်းကိုင်လိုက်တယ်။ ကင်းပွန်းသီး၊ ဆီ၊ ဆနွင်းထည့်ပြီးကေ လူတိကို ပတ်ခေါ်ရေ။ အကျွေးအမွေးနဲ့ပေါ့။ လဘက်ရည်ဆို၊ လဘက်ရည်၊ မုန့်တီဆိုရင် မုန့်တီ ယပိုင်ကျွေးလို့၊ မွေးလို့။ ယင်းမှာ ကျောက်သီး၊ ဓါး၊ ဆန်လေ့ထည့်ကတ်တေ။ သံဇကာတစ်ခုမှာ။ ကင်းပွန်းကိုင်ဖို့လာရေလူဟာ ကင်းပွန်းခွက်ကို ကိုင်ပြီးကေ အချေကို ကျန်းမာပါစီ။ ချမ်းသာပါစီ ဆုတောင်းပြီးကေ အချေကို တို့ကတ်တေ။”

ကင်းပွန်းကိုင်လိုက်တေ အချေရေ တစ်ခြားအချေတိပိုင် မဟုတ်ယာဘဲနဲ့ ကျန်းမာလန်းဆန်းပြီးကေ အရင်ကထက်ပိုပြီးကေ လာဘ်လာဘကောင်းလာ ရေလို့ ယူဆကတ်စွာလေ့ ဖြစ်ပါရေ။ အချေက အသက်အရွယ်တစ်ခုထိ ကြီးပြင်းလာဗျာလ်။ စကားမပြောသိမ့်။ တွားမလားတတ်သိမ့်ဆိုရေအခါမှာ ပြုလုပ်ရရေ ဓလေ့တစ်ချို့ရှိပါသိမ့်ရေ။

ဒေဓလေ့ကိုတော့ “ခမည်း” ပီးရေလို့ ဒေသက ခေါ်ပါရေ။ ခမည်းပေးတဲ့အခါမှာ ဗေဒင်နက္ခကြည့်လို့ရာ ဝရီးတော်စပ်သူက သူ့ကိုတစ်ခုခုပီးရဖို့။ အဘိုး၊ အဒေါ်၊ အဘောင်စသူရို့က တစ်ခုခုပီးရမယ်လို့ အဖြေပေါ်ကေ မပီးမနီပီးရပြီးကေ မပေးဘဲနဲ့ ဒေအတိုင်းထားလိုက်ကေ ယင်းအချေမှာ အ သက်ကြီးရေ အထိ ချို့ယွင်းမှုတိပါလားနိုင်ရေလို့ ဒေါ်လှစောသိန်းက ဆိုပါရေ။

“အကျွန့်သားအငယ်ခါက ဘုန်းကြီးပါးက ခမည်းတောင်းရေ။ ဘုန်းကြီးပါးကအနီရောင်တောင်းလို့ ကင်ဆီပြာအကျီဝယ်ဖို့ ဖေသာ ၂၀၀၀ ပေးလိုက်တေ။ ယင်းချင့် ဘုန်းကြီးကို လားဝတ်မခိုင်းဘဲ ကိုယ့်စွာ ကိုယ်ဝတ်လိုက်တေ။ အကျွန်လေ့မထပ်ပြီးကေ လားတောင်းဖို့ အားနာလို့ အကျွန့်သားက နားကောင်းမကြားဘဲ ဖြစ်လားရေ။ အကျွန်သား နောက်တစ်ယောက် အငယ်ခါ အဖမှာ အကိုပါးက တောင်းရေ။ ၅ နှစ်ပြည့်လားယာ စ ကားမပြောလို့ ရွှေတောင်းရေလတ်။ စတီးကြိုးမှာ ရွှေရည်ဆန်းလို့ ပီးလိုက်ရရေ။ အေချင့်စွာလေ့ အမှန်တိချင့်။”

မီးစောင့်ရေခါ၊ ကင်းပွန်းကိုင်ရေခါတိမှာ ဝရီး၊ အရီးမစရေလူတိက တကာခံကျွေးမွေးရဖို့လို့ သတ်မှတ်ချက်မရှိကေလေ့ ခမည်းတောင်းရေခါမှာတော့ သူရို့ကိုယ်တိုင်က မဖြစ်မနေပီးရစွာလေ့ ဖြစ်ပါရေ။ ဒေပိုင်ဓလေ့တိကို နယ်ကလူတိက များသောအားဖြင့် ပြုလုပ်လေ့ရှိပြီးကေ ဆီးပီးခန်း၊ ကျန်းမာရေး စင်တာတိပိုင် နရာတိနဲ့ အနီနီးရေ ဖွံ့ဖြိုးရေဒေသဖြစ်တေ မြို့ပေါ်တိမှာတော့ ပြုလုပ်လေ့ မရှိကတ်ပါ။ တစ်ချို့ကတော့ ဒေချင့်တိရေ ဗုဒ္ဓဘာသာမဟုတ်ပဲ ဗြဟ္မဏဝါဒက ဆင်းသက်လာစွာလို့လေ့ ဆိုကတ်ပါရေ။

ဇာပိုင်ပင် ပြောနီကတ်ပါစီ ယုံကြည်လူတိအဖို့ကတော့ “ရှိထုံးလေ့ မပယ်ကေ့၊ စျီသုံးလေ့ မလွယ်ကေ့” ဆိုရေ ဆိုရိုးစကားပုံကလေ့ သက်သီရှိနီရေ မဟုတ်ပါလား။

ဓာတ်ပုံ – အောင်အောင်ထူး