ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က မြေငူကျွန်းဟာ ပင်လယ်မြစ်ဝကျွန်းပေါ်တစ်ခု ဖြစ်တဲ့အလျာက် ရေလုပ်ငန်းကို လုပ်ကိုင်ကြသလို တောင်ယာလုပ်ငန်းကိုလုပ်ကိုင်သူတွေလည်း ရှိပါတယ်။ အုန်းတောဆိုတဲ့ ရွာလေးမှာတော့ အိမ်တိုင်းလိုလိုမှာ အရက်ချက်တဲ့ လုပ်ငန်း ကို လုပ်ကိုင်ရင်းနဲ့ သက်မွေးဝမ်းကြောင်း ပြုကြပါတယ်။   

အခုသီတင်းပါတ်မှာတော့ ဒီအရက်ချက်လုပ်ဖို့ အဓိကလိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းကဘာလဲ။ သဘာဝအရက်ကို ဘယ်လိုချက်လုပ်ရသ လဲ။ ဘယ်သူတွေက သောက်သုံးကြသလဲ။ အစိုးရက အသိအမှတ်ပြုထားတဲ့ အရက်၊ ဘီယာတွေနဲ့ကော ဘယ်လို ကွာခြားမှုတွေ ရှိလဲ။ တောအရက်ချက်လုပ်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံနေကြရသလဲ။ စသဖြင့် အရက်ချက်လုပ်သူတွေ ၊သောက်သုံးသူ တွေနဲ့ တွေ့ဆုံမေးမြန်းပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

“တောအရက်”လို့ အရပ်ကခေါ်တဲ့ သဘာဝအရက်ဟာ ဓာတုပစ္စည်းတွေမပါ။ ဆန်နဲ့ တဆေးတို့ကို အချိုးတူပေါင်းစပ်ပြီး ထုတ်လုပ်ထား တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ ဒီအရက်ချက်လုပ်ဖို့အတွက် ပထမဆုံးအနေနဲ့ ဆန်ခွဲ (ဆန်ကွဲ) ကို ထမင်းလိုချက်ရပြီးတော့ ချက်ပြီးတာနဲ့ အအေးခံ ကာ တဆေးနဲ့ အချိုးညီအောင်ပေါင်းစပ်ရပါတယ်။ ပြီးတာနဲ့ အသင့်လုပ်ထားတဲ့ စည်းပိုင်းမှာထည့်ကာ အဖုံးလုံအောင် ပိတ်ပြီး ၂ ရက်ခန့် ထားရပါတယ်။

၃ ရက်မြောက်တဲ့နေ့မှာ အဖုံးဖွင့်ပြီး ရေပေါင်းထည့်ကာ ၄ ရက်မြောက်တဲ့နေမှာ ပြန်ချက်ပါတယ်။ ၂ နှစ်ကြာကြာအရက် ချက်လုပ်လာတဲ့ ဒေါ်မဖြူချေက အခုလို ပြောပြပါတယ်။

“ရေနွေးတည်ထားရတယ်။ ပြီးတော့ ဆန်ခွဲ ၃ သစ်ထည့်တယ်။ (နို့စည်ဗူးနဲ့) ၁၂ ဗူးပေါ့။ ထမင်းချက်သလို ချက်တာပေါ့။ ထမင်းလို နှပ် တာနဲ့ ဖျာမှာခင်းပြီးတော့ အအေးခံတယ်။ ရေကို လက်မှာစိုရုံလေး ဆွတ်ပြီးတော့ နယ်ပေးရတယ်။ ထမင်းခဲတွေကိုဖြိုရတယ်။ ပြီးတော့ သဆေး ၃၀ ထည့်တယ်။ ထမင်းကိုလည်း ဗူးမှာထည့်ပြီးတော့ သေချာဖုံးထားရတယ်။ ပြီးတော့ ရေမပါပဲ ၂ ညထားရတယ်။ ၃ ရက် မြောက်နေ့မှာ ရေထည့်တယ်။ ၄ ရက်မြောက်မှာ ချက်ရတယ်။ အခုလို ဆောင်းတွင်းဆိုရင် ၅ ညထားရတယ်။”

ချက်လုပ်တဲ့အခါမှာ နိုစည်ဗူး ၁၂ ဗူးကို တစ်ဒင်လို့ သတ်မှတ်ပြီး တစ်ဒင်ချက်ရင် အရက် ၅ ပုလင်းစီရပါတယ်။ ချက်လုပ်ရတဲ့ပုံစံက လ ည်း မရိုးရှင်းလှတာတော့ မဟုတ်ပါဘူး။

ထင်းမီးဖိုပေါ်မှာ သံစည်ပိုင်းကိုတည်ရပြီး အဲဒီအပေါ်မှာ ထမင်းအိုးတည်ရပါတယ်။ ထမင်းအိုးကို အလယ်က ပေါင်းအိုးသဖွယ် ပြုလုပ် ထားပြီး အဲဒီအပေါ်မှာ သံဇလုံတစ်ခုကို ရေထည့်ပြီး ထားရပါတယ်။ အပူပေးထားတဲ့ အဲဒီအိုးတွေနဲ့ပြွန်တစ်ပြွန်ချိတ်ဆက်ထားရပြီး ရေ ဆူပွက်လာတာနဲ့ ပုလင်းထဲမှာ ချွဲရည်တစ်စက်ချင်းစီ စီးကျလာတာပါ။

“အရင်ဆုံးစည်ပိုင်းကိုတည်တယ်။ တည်ပြီးတော့ အိုးကိုတည်တယ်။ အိုးထဲမှာ ခြံငယ်လေးတစ်ခုပါတယ်။ ပြီးတော့ ဇလုံထည့်တယ်။ ဇ လုံကို ကြိုးပတ်တယ်။ ပတ်ပြီးတော့ ရေထည့်ရတယ်။ ရေထည့်လို့ပြီးတာနဲ့ အောက်မှာပါတဲ့ ပြွန်ကို ဝါးလုံးလေးမှာစွပ်တယ်။ ပြီးတော့ ပု လင်းတစ်လုံးမှာ ပြွန်ကိုစွပ်လိုက်ရင်ပြီးရောပေါ့။ မီးကိုတော့ မကျသေးခင် ပြင်းပြင်းလေးထည့်ရတယ်။ ကျရင်တော့ လျှော့ပြီးထည့်ရတယ်။ အပြင်းကြီးထည့်လို့မရတော့ဘူး။”

တစ်ပုလင်းစီပြည့်ဖို့အတွက် မိနစ်ပိုင်းလောက်သာကြာမြင့်တတ်ပြီး တစ်ပုလင်းပြည့်ရင် တစ်ပုလင်းလဲလှယ်ပေးရပါတယ်။ ပုလင်းထဲမှာ စီး ကျလာတဲ့ ချွဲရည်ကို အအေးခံလို့အပြီးမှာတော့ တောအရက်လို့ခေါ်တဲ့ သဘာဝအရက်အဖြစ် သောက်သုံးနိုင်ပါပြီ။

“အကျကတော့ သိပ်မကြာဘူး။ ၂ မိနစ်၊ ၃ မိနစ်လောက်ပဲကြာတယ်။ ဆောင်းတွင်းဆိုတော့ ပိုပြီးတော့ အကျကောင်းတာနေမယ်။ ကြာ ရင်လည်း ၅ မိနစ်ပဲ။ တစ်ဒင်ပြီးဖို့အတွက်ဆိုရင်တော့ ၁ နာရီကျော်လောက်ကြာတယ်။ မကောင်းရင်ပေါ့။ ထင်တွေမကောင်းရင်တော့ ၁ နာရီခွဲလောက်ကြာသွားတယ်။”

ချက်လုပ်ကြတယ်ဆိုပေမယ့်လည်း တစ်ပိုင်တစ်နိုင်သာလုပ်ကြတာဖြစ်ပြီး တစ်ရက်ကို ၂ ဒင် (၁၀ ပုလင်း) လောက်စီသာထုတ်ကြပါတ ယ်။ ထုတ်လုပ်လို့ အပြီးမှာတော့ သူတို့နေအိမ်တွေမာ ရောင်းလေ့မရှိကြပါဘူး။ တစ်ဆင့်ခံရောင်းသူတွေကို သူတို့က တစ်ပုလင်းကို ငွေ ၁၀၀၀၊ ၁၅၀၀ နှုန်းနဲ့ ရောင်းချပြီး တဆင့်ခံရောင်းချသူတွေကတော့ ၂၀၀၀ ဈေးလောက်နဲ့ ပြန်ရောင်းကြတယ်လို့ ဆိုပါတယ်။

အရက်ချက်လုပ်ရောင်းချနေတဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်နီမကလည်း အခုလို ပြောပြပါတယ်။

“တစ်ခုလုပ်မယ်ဆိုရင် ဆန်ခွဲ ၆ သစ်။ သဆေးက တစ်ဒင်မှာ ၇ လုံးစီထည့်ရတယ်။ ထင်း ၄ ထောင်ဖိုးဝယ်ရတယ်။ ဒီလောက်ရင်းလိုက် ရင် ၁၀ လုံးရတယ်။ ၁၀ လုံးကို လက်ကားဈေးနဲ့ဆိုရင် ၁ သောင်းရတယ်။ သောက်သမားတွေကို တစ်လုံးချင်းထုတ် ရောင်းရင်တော့ တစ်လုံးကို ၁၅၀၀ ပေါ့။ ရေသန့်တစ်ဗူးဆိုရင် ၂ ထောင်ရောင်းတယ်။ အန်တီတို့ကတော့ အလွတ်သမားတွေကို ရောင်းလည်းမရောင်းပါဘူး။ လက္ကားသမားကို ရောင်းတယ်။”

ဆန်ကထုတ်လုပ်ထားတဲ့ အရက်ဖြစ်လို့ ဓာတုပစ္စည်းတွေမပါဝင်တာကြောင့်လည်း အဲဒီနယ်ဖက်က လူကြီးတွေသာမက လူငယ်တွေဟာ လည်း ဒီအရက်ကို အကြိုက်တွေ့ကြပါတယ်။ မြို့အရက်တွေနဲ့ယှဉ် သူတို့ဒေသကထွက်တဲ့ တောအရက်ကိုပဲ ပိုသောက်ဖြစ်တယ်လို့ပြော လာသူက ကိုညီထွန်းချေပါ။

“မြို့အရက်တွေကကျတော့ ဈေးလည်းကြီးတယ်။ သောက်ရတာလည်း မကောင်းဘူးပေါ့။ ဒီအရက်ကကျတော့ အမူးလည်း အရင်ပြေ တယ်။ ကောင်းလည်းကောင်းတယ်။ ဈေးလည်းတန်တယ်လေ။ ကျမ်းမာရေးအတွက်လည်း ကောင်းတာပေါ့။ ဆန်ကထွက်တဲ့အရက်မို့ လို့လေ။ ဟိုအရက်တွေကကျတော့ ဆိုးဆေးတွေလည်းပါတော့ ကျနော်တို့က အသောက်နည်းတယ်။”

နယ်မှာပဲကျင်းပတဲ့ မင်္ဂလာဆောင်တို့လို ပွဲလမ်းသဘင်တွေမှာလည်း တောအရက်ကတော့ မပါမဖြစ်ပါဘူး။

“ပွဲလမ်းသဘင်တွေမှာလည်း ဒီအရက်သာရှိရင် တစ်ချို့လူတွေ ဈေးကြီးအရက်တွေကို မသောက်ကြတော့ဘူး။ ဒီဟာကိုပဲ တောင်းဆိုကြတယ်။ ဘာလို့လဲဆိုတော့ အဝင်လည်းကောင်းသလို အမူးလည်း အရင်ပြေတာကြောင့်လို့ ထင်တယ်။ ပြီးတော့ ကျမ်းမာရေးအတွက်လည်း ဆိုးကျိုးမှမရှိတာကိုး။ ပွဲတွေမှာလည်း ဒီအရက်ပါရင် အများကြီးကောင်းတယ်။ ဒီဟာဆိုရင် ဒီဟာပဲပေါ့။ ဟိုအရက်တွေနဲ့ပေါင်းသောက်ရင် ပိုမူးတတ်တယ်။”

ဒါကြောင့် ရွာမှပဲ စွဲစွဲမြဲမြဲရှိနေတဲ့ လူငယ်တွေကတော့ ဧည့်သည်တွေ၊ သူငယ်ချင်းတွေ ရွာကိုအလည်လာပြီဆိုရင် ဒီအရက်နဲ့ ဧည့်ခံလေ့ ရှိကြသလို သူတို့သွားတဲ့အခါမှာလည်း လက်ဆောင်အနေနဲ့ ပေးကမ်းလိုက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“တောအရက်ဆိုတာက မသောက်ဖူးတဲ့လူတွေအတွက်လည်း ကောင်းတယ်။ ဗိုက်နာတာတွေ အတွက်လည်း ကောင်းသေးတယ်။ သူ ငယ်ချင်းတွေအလည်လာရင်လည်း တိုက်ဖြစ်တယ်။ ဘာလို့ဆို ဒါကရှားတယ်လေ။ နယ်ဖက်တွေမှာပဲရတာ။ နယ်မှာလည်း ရှားသေး တယ်။ မြို့မှာဆိုရင် တော်ရုံတန်ရုံနဲ့ မသောက်ရဘူး။ ဒါကြောင့် အမှတ်တရအဖြစ် လက်ဆောင်အဖြစ်လည်း တကူးတကပေးဖြစ်တယ်။”

ဒါ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းသေးတာကြောင့် ဆေးတွေနဲ့ ရောစပ်သောက်ဖို့ တစ်ခါတစ်ခါလာဝယ်ကြတာလည်းရှိတယ် လို့ ချက်လုပ်ရောင်းချသူတွေက ဒေါ်မဖြူချေက ပြောပါတယ်။

“တစ်ချို့တစ်လေက နေမကောင်းဖြစ်ရင် ဒီအရက်နဲ့ရောသောက်ဖြစ်ရင် ကောင်းတယ်လို့ ပြောကြတယ်။ ဆေးနဲ့ စပ်သောက်လို့ ကောင်း တယ်။ အဲဒီလို ပြောကြတယ်။ လာဝယ်သူတွေကိုတော့ ရောင်းကြတာပဲလေ။ အရောင်းလည်း ရေလိုပဲဖြူလို့ပဲလေ။”

နိုင်ငံခြားကလာတဲ့ အရက်ဘီယာတွေ၊ ပြည်တွင်းကထုတ်တဲ့ တစ်ချို့ဝီစကီတွေစတဲ့ အရက်တွေကို အစိုးရကခွင့်ပြုထားပေမယ့် တစ်ပိုင် တစ်နိုင်လုပ် ကြတဲ့ ဒီသာဘာဝအရက်ချက်လုပ်ငန်းတွေကိုတော့ အစိုးရက တရားဝင်ခွင့်ပြုထားတာမရှိပါဘူး။ ဒါကြောင့် သူတို့အနေနဲ့ သူတို့ကျေးရွာ အဆင့်မှာသာ ရောင်းချကြရပြီး မြို့ပေါ်တွေကို တင်သွင်းကြတာ မတွေ့ရပါဘူး။

“ခွင့်ပြုတယ်ဆိုရင်တော့ မြို့ပေါ်တွေအထိတင်မှာပေါ့။ မြို့ပေါ်အထိတော့ ခွင့်ပြုမယ်လို့ မထင်ပါဘူး။ ဒီအလုပ်လုပ်ရတာလည်း မသက် သာဘူး။ အလုပ်မရှိလို့သာ လုပ်နေရတာ။ ရှိမယ်ဆိုရင်လည်း ဒီအလုပ်ကို လုပ်စားဖြစ်မှာ မဟုတ်ဘူး။ ကောင်းလည်း မကောင်းဘူးလေ။ ရင်းနှီးမယ့်ငွေလည်း ဒီလောက်ထက် ရှိမှမရှိတာ။ သူများတွေလည်း အပြောရမကောင်းဘူး။”

ဒီလုပ်ငန်းဟာတော့ ရာသီပေါ်လုပ်ငန်းတစ်ခုဆိုလည်း မမှာပါဘူး။ ဘာလို့လဲဆိုတော့ မိုးရာသီတို့၊ နွေရာသီတို့မှာ သာချက်လုပ်ရင် အ ချဉ်ပေါက်သွားတာ၊ (ဂျိုးတူး) တူးသွားတာတွေ ဖြစ်ပေါ်တတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့အတွက် ဆောင်းရာသီဟာ ခွင်ကောင်းတစ်ခု ဖြစ်ပါတယ်။

“မိုးရာသီဆိုရင် ချက်လို့မကောင်းဘူး။ ပျော့တယ်။ ဒီဆောင်းရာသီဟာ အကောင်းဆုံးပဲ။ (မနက်ဖြန်သဘက်ခါ) နက်ဖန်သန်ဖက်ဆိုရင် ပူလာမယ်။ မကျည်းရွက် ထလာမယ်ဆိုရင် ချက်လို့အဆင်မပြေတော့ဘူး။ ပျက်စီးလာတယ်။ ချဉ်လာတယ်။ တူးလာတယ်။ ဒီဆောင်းတွင်းမှာတော့ သိပ်ကောင်း နေတယ်။ မိုလည်းမကောင်းဘူး။ ချက်လို့တော့ရတယ်။ ဒါပေမဲ့ ထင်းနဲ့အခက်ခဲခံရတယ်။ ဆန်ခွဲတွေလည်း မရှိတော့ တစ်အိတ်လောက်ပဲ ဝယ်နိုင်တယ်။ ရှိတဲ့သူတွေမှာတော့ ၄၊ ၅ အိတ် တင်ထားကြတာပေါ့။ ကျမတို့မှာတော့ တစ်အိတ်လာက်ပဲဝယ်နိုင်တယ်။ မိုးတွင်းဆိုတော့ ဈေးလည်းကြီးတယ်။ ဆိုတော့ မိုးတွင်းဆိုမလုပ်ဖြစ်ဘူး။”