ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ပန်းရံအတတ်ပညာကို အမျိုးသားတိကရာ သင်ယူတတ်မြောက်ပြီးကေ လုပ်ငန်းခွင်တိမှာ ဦးစီးဦးဆောင် လုပ်ကိုင်လျှက်ရှိကတ်ပြီးကေ အမျိုးသမီးတိကတော့ နောက်လိုက်အနီနဲ့ သဲပြောင်း၊ အုပ်ထမ်း၊ မဆလာပြောင်းစတဲ့ အောက်ခြေသိမ်းအလုပ်တိကိုရာ လုပ်ကိုင်ကတ် ပါရေ။

ယကေလေ့ ယင်းပိုင်အောက်ခြီသိမ်းအလုပ်တိ မဟုတ်ဘဲ ပန်းရံအတတ်ပညာကို ကိုယ်တိုင်သင်ယူတတ်မြောက်ထားပနာ ယင်းပညာနဲ့ ဗျာလ် သက်မွေးဝမ်းကြောင်းပြုနီပြီးကေ အမျိုးသားတိနဲ့ တန်းတူ ဦးစီးလုပ်ကိုင်နီရေ အမျိုးသမီးတစ်ဦးလည်း ရှိနီပါရေ။ သူ့အကြောင်းကို ဒေတစ်ပါတ်မှာ တင်ပြပီးချင်ပါရေ။

သူကတော့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တေ စစ်တွေမြို့သူ ဒေါ်ခင်ခင်ဝင်းပါ။

“ကိုယ့်လက်အောက်မှာဆိုကေ ပန်းရံဆရာအငယ်ချေတိရှိရေ။ ဒုတိယအဆင့်ပေါ့။ ပထမအဆင့်လည်း မဟုတ်သိ။ နောက်လှည့်ကြည့်ပိုက်ပေါ့။ ဆရာက ဒေပိုင်ဒေပိုင်လုပ်ဆိုကေ အားလုံးကို ကိုယ်တိုင်လုပ်လို့ရရေ။ ပန်းရံဆရာအများနဲ့ဆိုကေ ကိုယ် ဦးဆောင်ရရေ။ ဒေချင့်ကို မင်းဒေပိုင်လုပ်။ ဒေချင့်ကို မင်းဒေပိုင်လုပ်။ ဆရာကို ညွှန်ပြလိုက်တယ်။ ဆရာကြီး ဒေတစ်ခုကို ဇာပိုင်လုပ်ရဖို့ လဲလို့ ဖုန်းနဲ့ဖြစ်ဖြစ် လှမ်းမီးကေ ဒေပိုင်လုပ်လိုက်ပါဆိုကေ အလုပ်သမားတိကို ကိုယ်ကပြောရရေပေါ့။ ခိုင်းရရေ။ ပထမအဆင့်ဆိုကေ ပြောစရာက မလိုယာ။ ကိုယ့်စွာကိုယ် ဆွဲလို့နိုင်ရေဆိုကေ ပထမအဆင့်ခေါ်ရေ။ အကျွန်ကတော့ ဒုတိယအဆင့်ပေါ့။ ဆရာပြောစွာကို အားလုံး လုပ်နိုင်ရေ။”

ပန်းရံဆရာမတစ်ယောက်ဖြစ်လာဖို့စော်က သူ့ရည်မှန်းချက်မဟုတ်တေပိုင် သူဝါသနာပါလို့ လုပ်ခစွာလည်း မဟုတ်ပါ။ အဖဖြစ်သူဆုံး လားပြီးနောက်ပိုင်း အသက် ၁၈ နှစ်အရွယ်မှာ မိသားစုစားဝတ်နီရေး အကျပ်အတည်းကြောင့် ကျရာအလုပ်ဝင်လုပ်ရာကနီ ပန်းရံလုပ် ငန်းခွင်ထဲ ဝင်ရောက်ခဲ့စွာလို့ ဆိုပါရေ။

“အိမ်မှာ စားဝတ်နီရေး အခက်ခဲကြောင့်နဲ့ပေါ့။ အိမ်မှာ မေမေကလေ့ နယ်ကိုလားလို့။ ယင်းခါက အလုပ်ကလည်း ရှားရေ။ မိသားစု အတိုင်းအတာမှာ မမချေတိအတွက် ဒေအလုပ်တစ်ခုရာ အလွယ်ချေနဲ့ရရေအလုပ်။ ကိုယ်မှာလည်း ပညာအရည် အချင်းမရှိလို့ ခက်ခက်ခဲခဲ အလုပ်ကို မရှာလိုက်ဗျာလ်။ အလွယ်တကူရရေ အလုပ်ကိုဘဲ လိုက်လို့ လုပ်လိုက်စွာပါ။ အခက်ခဲဆိုစွာက ဟိုမှာ လုပ်ဖို့ဆိုကေလေ့ ဟိုထောက်ခံချက်၊ ဒေထောက်ခံချက်၊ အသိတိလေ့လိုရေ။ ယင်းပိုင်ကဏ္ဍတိရှိရေ။ ဒေအလုပ်ဆိုကေ ဟို အခက်ခဲ၊ ဒေအခက်ခဲ မရှိ။ ကိုယ့်မှာ သူငယ်ချင်းတိလုပ်နီကတ်ကေ ငါလေ့ တစ်ယောက်လုပ်မယ်ဆိုပြီးကေ ရောက်လားစွာ။”

ဝါသနာအလျောက်လုပ်ကိုင်ခစွာ မဟုတ်ဆိုကေလေ့ သူကတော့ ဖြစ်တေဘဝမှာ အကောင်းဆုံးဖြတ်ကျော်ပြီးကေ အတတ်နိုင်ဆုံး ကြိုးစားလုပ်ကိုင်ခရေလို့ ဆိုပါရေ။

ယင်းအချိန်တုန်းကတော့ သူ့အနီနဲ့ ရည်မှန်းချက် ကြီးကြီးမားမား မရှိခဘဲ သူလုပ်တေ လုပ်ငန်းခွင်မှာ နားလည်တတ်ကျွမ်းအောင်ရာ ကြိုးစားခစွာ ဆိုပါရေ။ ယင်းအပြင် ငယ်ရွယ်သူတစ်ယောက်ဖြစ်စွာကြောင့်လည်း ရည်မှန်းချက်အများအပြားရှိဖို့ အသင့်ရှိ မနီခဘဲ လက်ရှိအလုပ်ကိုရာ ဦးစားပီးလုပ်ကိုင်ရမယ်ဆိုရေ အသိတစ်ခုတည်းနဲ့ လုပ်ကိုင်ရင်း သိတတ်နားလည်လာခရေလို့ ဆိုပါရေ။

ယင်းအချိန်က သူကြိုးစားလုပ်ကိုင်ခဲ့ပုံကိုလေ့ “ယောက်ျားတနဲ့ တွဲလို့လုပ်ရရေ။ ယောက်ျားတိက ဟိုချင့်လုပ်။  ဒေ ချင့်လုပ်။ ဇာလို့ဆို ကိုယ်ပညာတစ်ခုလိုလို့ အားလုံးသူပါးမှာ အောက်ကျို့ခံရစွာလေ။ ကိုယ်မြို့ထဲမှာ ထမင်းစားပြီးကေ သူများထက် အရင်လာရေ။ ယောက်ျားပန်းရံဆရာလုပ်စွာတိကို ဝိုင်းလုပ်ပီးရေ။ ဆိုတော့ ပန်းရံဆရာကလည်း သဘောကျရေ။ နောက်လိုက်သဘော အမြဲတမ်း ဒွန်တွဲလို့ ယူလားရေ။ အမြဲတမ်း ဒွန်တွဲလို့ ယူရေခါ ကိုယ်ကလေ့ သူရို့လုပ်တေအတိုင်းအတာတိကို ကြည့်ရေ။ ကြည့်ပြီးကေ အားလုံးကို အဖက်ဖက်က ဝင်လုပ်ပီးရေ။” လို့ ပြောပြပါရေ။

သူ အလုပ်စဝင်ခါက အမျိုးသားတိက ငွေ ၄၀ လောက်ရကတ်ကေလေ့ အမျိုးသမီးတိကတော့ ၂၀ လောက်ရာရကတ်ပါရေ။ ယင်းကြောင့်လေ့ သူက အမျိုးသားတိနဲ့ တန်းတူ ဝင်ငွေရအောင် နိမအိပ်၊ ညမနားလုပ်ကိုင်ခရေလို့ ဆိုပါရေ။ ယင်းပိုင်လုပ်ကိုင်ခလို့လေ့ သူမရဲ့ ပညာသင်ဖို့ အချိန်တိကို မိသားစုတိကို လုပ်ကျွေးရင်းနဲ့ စတေးခဲ့ရပါရေ။

“နောက်ပိုင်းမှာဆိုကေ ဥက္ကဌကလေ့ အော် သူဖြစ်တယ်။ ဖြစ်နိုင်ရေ။ ဆိုပြီးကေ နောက်လှည့် ပိုက်ပုံစံမျိုးပေါ့။ ပန်းရံ ဆရာတိနဲ့ ကျွမ်းကျွမ်းကျင်ကျင်ချော။ ကိုယ့်စွာကိုယ်လုပ်။ အုပ်စီလို့ ကျွမ်းကျင်ကေ ပန်းရံတစ်ယောက်ကို ၄၀ ဆယ်။ ယင်းအချိန်မှာ နောက်လိုက် မမတစ်ယောက်ဆိုကေ ၂၀ လောက်ပဲရရေ။ ၄၀ ရကေ ယင်းအချိန်က စားရစွာက ဖူလုံရေ။ ညဥ့်လုပ်ရရေ လုပ်ကွက်တိရှိ ရေ။ ရက်မှာ တစ်ရက်။ ညဥ့်မှာ တစ်ရက်။ ယင်းပိုင် ကြိုးစားရရေ။ ဇာလို့ဆို ကိုယ်က ဖဲသာလိုချင်လို့ လုပ်စွာဖြစ်လို့ နိမရွီး။ ညမရွီး။ အ လုပ်လုပ်ရရေ။ ဖဲသာလိုချင်လို့လုပ်လို့ အပိုရလာကေ ပိုစုဆောင်းမိရေပေါ့။ ကိုယ့်မှာက ကျောင်းသားတိလေ့ရှိရေ။ အစ်မအကြီးဖြစ်တေ အတွက် စာသင်ဖို့လည်း မရလိုက်ဗျာလ်။ အစ်မကြီးလေ့ မသင်လိုက်။ ကိုယ်လေ့ မသင်လိုက်။ အမိလေ့ နီမကောင်းခါ ပိုပိုလျှံလျှံလည်း ဖြစ်တေပေါ့။ ယင်းပိုင် ကြိုးစားလို့ ဖြစ်လာစွာယာလေ။”

ယင်းပိုင် စတေးခရုံမကလို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တိထဲမှာ အမျိုးသားတိနဲ့ ယှဉ်ပြီးကေ အလုပ်လုပ်ရရေခါ အထင်သေး၊ နှာခေါင်း ရှို့မှုတိလေ့ အများကြီးခံခရရှာပါရေ။ အားလုံးသိကတ်တေအတိုင်း ပန်းရံလုပ်ငန်းဆိုစွာက ဆောက်လုပ်ရေးလုပ်ငန်းခွင်တိထဲမှာလုပ်ကိုင် ရစွာကြောင့်လေ့ တစ်ခါတစ်လီမှာ အမြင့်တက်ရစွာတိလေ့ ရှိပါရေ။ ယကေလေ့ ယင်းအခက်ခဲတိကိုလည်း မညည်းမညူကျော်ဖြတ်ခဲ့ ပါရေ။

“နှိမ်ကတ်တေ။ မမဖြစ်ပြီးကေ ဇာလုပ်နိုင်ဖို့လဲ ဒေမမ။ ယပိုင်လေ။ နောက်ကဆိုကေ ကိုယ့်လုပ်ငန်းကို လူသိလားရေခါ မနှိမ်ကတ်ယာ။ ယောက်ျားတစ်ယောက်နဲ့ Level လုပ်နိုင်ရေ။ ဒေမမက နည်းရေအဆင့် မဟုတ်ဆိုပြီးကေ ချီးမွမ်းလေ့ ခံရပါရေ။ အခု လေ့ ချီးမွမ်းခံရရေ။ ဇာလို့ဆိုကေ မမပန်းရံဆရာ မရှိရေအတွက်နဲ့ ဟုတ်တယ်။ ကောင်းကောင်းလုပ်နိုင်ရေ။ အမြင့်ကြီးဆိုကေလေ့ တက် နိုင်ရေ။ တော်ရေ။ ဟုတ်တယ်ဆိုပြီးကေ ချီးမွမ်းစကားတိလည်း ရှိရေ။”

သူက ဒေပိုင်ပြစ်တင်ရှုံ့ချအထင်သေးခံရမှုတိ၊ အခက်ခဲတိကို သူမရဲ့ကြိုးစားမှုတိနဲ့ လဲခလို့  ၂ နှစ်ကျော်လောက် အပင်ပန်းခံခရပြီးချိန် မှာတော့ အမျိုးသားတိနဲ့ ရင်ဘောင်တန်းနိုင်ရေ ပန်းရံဆရာမတစ်ယောက်ဖြစ်လာခပြီးကေ အခု အသက် ၄၄ နှစ်အရွယ်မှာ ပန်းရံဆရာမ သက်တမ်းက ၁၀ စုနှစ် ၂ ခုကျော်ရှိနီပါဗျာလ်။ လက်ရှိမှာတော့ သူက ဒုတိယအဆင့် ပန်းရံဆရာမ ဖြစ်နီဗျာလ် ဖြစ်တေပိုင် သူ့လက် အောက်မှာလေ့ လုပ်သား ၄၀ လောက်ရှိရေလို့ ဆိုပါရေ။

“ပန်းရံဆရာမဖြစ်လာရေ သက်တမ်းက ၂၃ နှစ်လောက်ရှိနီယာ။ ၁၈ နှစ်သမီးကနီလုပ်စွာ။ အလုပ်ကြမ်းကကောင်း မလုပ်ခရ။ ၂ နှစ်လောက်ရာ လုပ်ခရရေ။ အလုပ်ကြမ်း ၂ နှစ်က ပညာရေးမှူးရုံးက စရေ။ ပြီးကေ ယဉ်ကျေးမှုပြတိုက်။ အလုပ်ကြမ်း ဘဝနဲ့ပေါ့။ ယင်းချင့်ပြီးစွာနဲ့ ဈီးသစ်မှာ တစ်နှစ်နီးပါးလောက် အုပ်ပြောင်း၊ သဲပြောင်းလုပ်ပြီးမှ ကိုယ့်ကို မသိခင်တော့ မခိုင်းကတ်။ သိ လာပြီးနောက်ပိုင်းမှာတော့ ပန်းရံလောကမှာ အုပ်စီ၊ အချောသတ် ယင်းပိုင်လုပ်ရရေ။ ယင်းအချိန်ကတော့ အခက်ခဲ နည်းနည်းရှိပါတယ်။”

အမျိုးသားတိနဲ့ ရင်ပေါင်တန်းပြီး လုပ်ကိုင်နီရရေ သူမဘဝမှာတော့ စိန်ခေါ်မှုတိကတော့ အမြဲတမ်းရှိနီစမြဲပါ။

“ဇာလို့ဆို ကိုယ့်စီနီယာနဲ့ ကိုယ်ဖြစ်လို့လေ။ အရင်ကတော့ ရှိရေ။ အပြိုင်အဆိုင်တော့ လုပ်ရစွာဗျာလ်။ ယောက်ျားတိနဲ့။ ယောက်ျား တစ်ကွင်ဆို၊ ကိုယ်လည်း တစ်ကွင်ချောရရေ။ ယောက်ျား ၂ ကွင်ဆို ကိုယ်လည်း ၂ ကွင်ချောရရေ။ ယင်းပိုင်တော့ ရှိပေါ့။ အ ခုကတော့ ကိုယ့်စီနီယာနဲ့ ကိုယ်။ ဆရာကြီးမှာက ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ထားပါရေ။”

သူ့ပိုင် လုပ်ငန်းခွင်ထဲက အမျိုးသမီးတိကိုလေ့ အမျိုးသားတိရာ လုပ်ကိုင်နိုင်ရေ ဒေအလုပ်ကို အမျိုးသမီးတိက လုပ်နိုင်ရေဆိုစွာ လွယ်ကူရေကိစ္စ မဟုတ်တေအတွက် သူ့ပိုင်ဖြစ်အောင် ကြိုးစားကတ်ဖို့လေ့ ဒေါ်ခင်ခင်ဝင်းက အခုပိုင် ဂုဏ်ယူစွာနဲ့  အားပီးစကား ပါးလိုက်ပါရေ။

“ဒေလုပ်ငန်းကို လုပ်ကိုင်ရေ အမျိုးသမီးတိကိုလေ့ ပန်းရံဆရာမတစ်ယောက်ဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်း ချင်ပါ ရေ။ ဇာလို့ဆိုကေ ဒေအလုပ်က ဆရာမတစ်ယောက်ဖြစ်လားရေ အတိုင်းအတာဆိုကေ ဖဲသာလည်း ပိုလို့ရပါရေ။ ယောက်ျားနဲ့ ရင်ပေါင် တန်းလို့ လုပ်ရရေအတွက်လေ့ ချီးမွမ်းဖို့ကောင်းပါရေ။ ကိုယ်က ယောက်ျားတိနဲ့ တန်းတူလုပ်တေအတွက် ပန်းရံဆရာမတစ်ယောက်ဖြစ် အောင် တိုက်တွန်းချင်ပါရေ။”