
စစ်တွေ၊ ဇန်နဝါရီ ၁၅ ရက်။ ရခိုင်ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားရန် အတွက် နေ့စား လပေးဆရာ၊ ဆရာမဝန်ထမ်းများကို ခေါ်ယူထားရာ လျှောက်ထားသူပေါင်း ၈၀၀၀ ကျော်ခန့် ရှိကြောင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ သိရသည်။ “အဲဒါကကျနော်တို့စာရင်းပြုစုတုန်းဗျ။ လျှောက်ထားသူကများနေတော့ စာရင်းတွေကို အတိကျ ပြန်ကောက်နေရတယ်။ ၈ ထောင်ကျော် လောက်တော့ […]