ရခိုင်မှာ ကျောင်းတွေဖွင့်ကြသည်၊ ကျောင်းတွေတက်ကြသည်မှာ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ရခိုင်ပြည်နယ်မှာတော့ ကျောင်းတွေ ဖွင့်ပြီး ကျောင်းတွေ တက်ကြပါတယ်။ ပြည်နယ်ရဲ့ ပြင်ပ မြန်မာနိုင်ငံ မြို့နယ်အားလုံးလိုလိုမှာတော့ အခုလို မတွေ့ရပါဘူး။ စစ်ကျွန်ပညာရေးဆိုပြီး ကျောင်းမတက်ရေး သပိတ်ကို လှုပ်ရှားနေကြပါတယ်။ ရခိုင်မှာတော့ ရာနှုန်းပြည့်လုနီးပါးကို အခု စာသင်နှစ်မှာ တက်ရောက်လျက်ရှိနေပါတယ်။ တပ်မတော်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ခုလုံးမှာ သပိတ်လှုပ်ရှားမှုတွေ ဆက်တိုက်ရှိနေပေမယ့် ရခိုင်မှာ အခု ပညာရေးကိစ္စတစ်ခုတည်းမကဘဲ […]

 37 total views,  1 views today

NUG ၏ ရိုဟင်ဂျာတွေအပေါ် သဘောထားကို ALP လက်မခံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရိုဟင်ဂျာများအပေါ် သဘောထားမူဝါဒမှာ အလွန်ပင်စဉ်းစားစရာ ဖြစ်နေပြီး တည်ငြိမ်စပြုနေသော ပြဿနာကို ပိုမိုရှုပ်ထွေးအောင်လုပ်နေသည်ဟု ရှုမြင်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) က ထုတ်ပြန်သည်။ သို့ဖြစ်၍ ထိလွယ် ရှလွယ်ဖြစ်သော ယင်းပြဿနာ၏ ဇစ်မြစ်ကို သေချာလေ့လာလုပ်ဆောင်မှ ပြေလည်နိုင်မည် ဖြစ်ပြီး ရခိုင်တို့၏ သဘောထားဆန္ဒမပါဘဲ ဆုံးဖြတ်လုပ်ဆောင်သည့် မည်သည့်ပါတီနှင့် အစိုးရ၏ လုပ်ရပ်ကိုမျှ […]

 63 total views,  1 views today

ရခိုင်ပြည်နယ်| အလုပ်အကိုင်ရှားပါးသည့် ဘဝများတွင် ရုန်းကန်ရသူ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ဒေသမတည် မငြိမ်မှုများတဲ့ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ တဖြည်းဖြည်း ရှားပါးလာနေပြီး စားဝတ်နေရေးဟာ အခြေခံ လူတန်းစားတွေအဖို့ တိုက်ပွဲတစ်ရပ်အသွင် ကူးပြောင်းလာခဲ့ပါတယ်။ ဒီလိုအခက် ခဲတွေကြောင့် လူတွေဟာ ရရာ လုပ်ငန်းခွင် ပြေးဝင်ပြီး ဝမ်းရေးအတွက် တိုက်ပွဲဝင်ကြရပါတော့တယ်။ ဒါပေမယ့် ဒေသအခြေအနေအလိုက် လုပ်ကိုင်ရပြီး အစိုးမရတော့တဲ့ လုပ်ငန်းခွင် အများစုမှာ အလုပ်တွေ ရပ်နားရတာ၊ ပုံမှန် […]

 50 total views,  2 views today

တင်းမကျေးရွာသားတွေရဲ့ ပြည်နယ်ကောင်စီထံ တောင်းဆိုချက် ထူးခြားမှုမရှိ

Arakan Yoma | တိုက်ပွဲကာလအတွင်း မီးရှို့ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာသားတွေရဲ့ ပြည်နယ် ကောင်စီထံ တင်ပြချက်မှာ ထူးခြားမှု မရှိသေးဘူးလို့ တင်းမဆရာတော်က မိန့်ပါတယ်။ စစ်ဘေးရှောင်နေရတဲ့ တင်းမကျေးရွာသားတွေဟာ ကျေးရွာအတွင်း ပြန်လည်နေထိုင်ခွင့်ရဖို့အတွက် မိုင်းရှင်း လင်းပေးဖို့နဲ့ တပ်စွဲထားတာကို ရုပ်သိမ်းပေးဖို့၊ ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ ပညာရေး၊ ဘာသာရေး အဆောက် အဦးတွေကို ပြုပြင်မွမ်းမံပေးဖို့၊ […]

 72 total views,  1 views today

ဆယ်စုနှစ် ကြာ ပိတ်လှောင် ခံထားရသူများ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း စာရေးဆရာကြီး Noah Gordon ရဲ့ El Medico ဆိုတဲ့ ဝတ္ထုကို အသက်သွင်းရိုက်ကူးထားတဲ့ “The Physician” ဇာတ်ကားထဲက အဓိကဇာတ်ကောင် ရောဘတ်ကိုးလ် ဟာ အင်္ဂလန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ခရစ်ယာန်ဘာသာဝင် တစ်ယောက်ပါ။ ကပ်ရောဂါကြောင့် မိခင်ကို ဆုံးရှုံးလိုက်ရပြီး ညီအစ်ကိုမောင်နှမတွေ တကွဲတပြား ဖြစ်ခဲ့ရတဲ့ သူဟာ နယ်လှည့် ဆေးသမား […]

 51 total views,  1 views today

ခမီး စစ်ဘေးရှောင် အမျိုးသမီးကို အဓမ္မပြုကျင့်တဲ့ တရားခံ ဖမ်းဆီးရမိ

Arakan Yoma| ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်မြို့ပေါ်ရှိ ဂန္ဓာရီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းက ဒုက္ခသည် အမျိုးသမီးတစ်ဦးဟာ မေလ ၂၀ ရက်နေ့က အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။ ပြုကျင့်ခံခဲ့ရသူဟာ အသက် (၂၇) အရွယ် ခမီလူမျိုး အမျိုးသမီးဖြစ်ပြီး မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဘုန်းတော်ကြီးကျောင်း အနောက်ဖက်က တောင်ပေါ်မှာ တောင်ယာလုပ်ကိုင်နေစဉ် ပြုကျင့် ခံခဲ့ရတာလို့ ကျောင်းထိုင်ဆရာတော်က […]

 75 total views,  2 views today

စစ်တွေမှာ ကိုဗစ်ကူးစက်ခံရသူ ၅ ဦးရှိလာ

Arakan Yoma | စစ်တွေမြို့မှာ မေလ ၁၄ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၅ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကတော့ ကူးစက်ခံရ သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ် တတိယလှိုင်းဖြစ်ပေါ်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာတဲ့ စစ်တွေနယ်စပ် ကုန်သွယ်ရေးသင်္ဘော […]

 232 total views