ရခိုင်မှာ မြန်နှုန်းမြင့် 4G အင်တာနက်ရရေး တောင်းဆိုကြရာဝယ်

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း သတင်းထောက် သူငယ်ချင်းတစ်ယောက်နှင့် မက်ဆင်ဂျာကနေ ဗီဒီယိုကောပြောနေရင်း ဖုန်းမှန်သားပြင်တွင် Connecting ဟုပေါ်လာပြီး တစ်ဖက်မှ စကားသံ ရပ်သွားသည်။ အင်တာနက်ကို စစ်ကြည့်လိုက်တော့ 4G ဟုပေါ်နေသည့် ကွန်ယက်မှာ ပျောက်နေသည်။ အနီးတွင် ပါလာသည့် သူငယ်ချင်းကို မေးကြည့်ရာ မင်းပြားမြို့နယ် ဘက်ခြမ်းသို့ကူးပြီ ဖြစ်သောကြောင့် ထင်သည်ဟု ဆို၏။ ထိုအချိန်တွင် ကားပြတင်းပေါက်မှ ဘေးဘီဝဲယာသို့ […]

 74 total views,  1 views today

ရခိုင်မှာ သက်ငယ် မုဒိန်းမှုတွေ ဘာကြောင့် အဖြစ်များလာရတာလဲ

Photo credit to the UNICEF Myanmar/2017/Kyaw Kyaw Winn

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း သမီးဖြစ်သူ ပျောက်နေသဖြင့် လိုက်ရှာရန် ထွက်သွားသော ဖခင်သည် အမောတကြီးဖြင့် အိမ်သို့ ပြန်ပြေးလာသည်။ အိမ်အနီးသို့ အရောက်တွင် “ကိုယ့်သမီးအဝတ်တွေက ဘယ်လိုဟာလဲ”ဟု အလောတကြီးဖြင့် အော်မေးရာ ဇနီးဖြစ်သူက အိမ်အောက်သို့ ပြေးဆင်းလာပြီး “အကျႌအဝါဝတ်ထားတယ်”ဟု ပြန်ဖြေသည်။ ယင်းနောက် ဖခင်ဖြစ်သူက “အကျႌတထည်၊ ဖိနပ်တစ်ရံ မြင်ခဲ့တယ်”ဟု ဇနီးသည်ကို ပြောလိုက်သည်။ ထိုအချိန်တွင် သူတို့ဇနီးမောင်နှံသည် […]

 84 total views

ထပ်မံအနိုင်ရရှိခဲ့တဲ့ NLD ပါတီရဲ့ အစိုးရအသစ်အပေါ် မျှော်လင့်ထားကြတဲ့ ကမန်လူငယ်များ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း တန်းတူအခွင့်အရေး မရခြင်းနှင့် လွတ်လပ်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးနေသည့် အကြောင်းကို ပြောပြနေရင်း ငယ်ဘဝက အကြောင်းအရာ တချို့ပါလာသည်ကို သတိထားမိသည်။ ပြည်နယ်၏ မြို့တော်သည် သူ့ မွေးရပ်ဖြစ်ပြီး ယင်းမြို့တွင် နာမည်ကြီးသည်ဟု ဆိုကြသောအထက်တန်း ကျောင်းတွင် ဆယ်တန်းအောင်ခဲ့ကာ ယင်းမြို့ရှိ တက္ကသိုလ်မှ ဘွဲ့ယူခဲ့သည် ဆိုသည့် အကြောင်းတို့ပါသည်။ ယခင်နှင့် ယခုအခြေအနေမှာ များစွာပြောင်းလဲသွားပြီဟု […]

 99 total views

စစ်တွေက ရွေ့ပြောင်း အမျိုးသမီးအလုပ်သမားတွေ ကိုဗစ်ကာလ ဘယ်လို ရုန်းကန်ကြသလဲ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း လူဦးရေ ၃၂ သိန်းခန့်ရှိသည့် ရခိုင်ပြည်နယ်တွင် ပြည်ပနှင့် တခြားတိုင်းနှင့် ပြည်နယ်များသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာနေသူ တစ်နေ့လျှင် လူဦးရေ ၃၀၀ ခန့်ရှိနေကြောင်း ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ဖူးသည်။ သို့သော် ယခု ကိုဗစ်ကာလတွင်တော့ ဟုတ်မည် မထင်ချေ။ မြန်မာနိုင်ငံကို ကိုဗစ် စတင်ပျံ့နှံ့လာခဲ့သော ပြီးခဲ့သည့် မတ်လလောက်မှ စတင်၍ ရခိုင်ပြည်နယ်မှ ပြည်ပနှင့် […]

 1,010 total views

စစ်ဘေးသင့် လူငယ်တွေရဲ့ဘဝ ဘယ်လိုရှေ့ဆက်ရဦးမှာလဲ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း “မိဘမွေးလိုက်တုန်းက အကောင်း။ ကားအက်စီးဒန့် ဖြစ်သွားတယ်။ ဆိုင်ကယ်အက်စီးဒန့် ဖြစ်သွားတယ်ဆိုရင် ကျွန်မတို့က ဖြေသာ သေးတယ်။ ခုက ဘာမှမဖြစ်ဘဲ ရွာနားမှာ တိုက်ပွဲတစ်ခါလဲ မဖြစ်ဖူးဘဲ လက်နက် ကျလာတာ ဆိုတော့ ကျွန်မ အရမ်းစိတ်ထိခိုက်ရတယ်။ ” ဟု ဆိုရင်း ဖြေမဆည်နိုင်ဘဲ စီးကျလာသည့် မျက်ရည်များကို ဒေါ်မာမာအေး တစ်ယောက် လက်တစ်ဖက်နှင့် […]

 147 total views

အင်္ဂလန်ဘုရင်မကြီးဆီက မွေးနေ့လက်ဆောင်|စစ်တွေနာရီစင်

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း စစ်တွေမြို့သားတို့ဟာ သူတို့ကိုယ် သူတို့ “နာရီစင်”ကို ခြေကန်ပြီး မွေးလာတာပါဆိုပြီး ဂုဏ်ယူဝင့်ကြွားလေ့ရှိကြပါတယ်။ တကယ်လည်း ဂုဏ်ယူစရာပါ။ စစ်တွေမြို့ရဲ့ အထင်ရှားဆုံး သမိုင်းဝင်လက်ရာတွေထဲမှာ စစ်တွေမြို့လယ်က သက်တမ်း ၁၃၃ နှစ်ကြာ ရှည်နေပြီဖြစ်တဲ့ နာရီစင်ဟောင်းကြီးလည်း ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဗြိတိသျှနယ်ချဲ့တို့ရဲ့ သိမ်းပိုက်မှုအောက်မှာ ရှိစဉ်ကာလ ၁၈၈၇ ခုနှစ်မှာ ကျရောက်တဲ့ အင်္ဂလန်ဘုရင်မကြီး ဗစ်တိုးရီး […]

 690 total views,  1 views today

မဒေးကျွန်းစီမံကိန်းနဲ့ ဒေသခံများရဲ့ အိပ်မက်

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း မဒေးကျွန်းလို့ ကြားမိလိုက်တာနဲ့ ဘယ်နေရာ၊ ဘယ်ဒေသမှာ ရှိတယ်ဆိုတာကို မသိရင်တောင် တရုတ်-မြန်မာ ရေနံပိုက်လိုင်းစီမံကိန်း တည်ရှိတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာကို သိထားပြီးသား ဖြစ်ကြပါလိမ့်မယ်။ ဒီဒေသဟာ ဆိုရင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေထဲမှာ သဘာဝသယံဇာတတွေကို ထုတ်ရောင်းတဲ့ဝင်ငွေက အများဆုံး ဖြစ်ပါတယ်။ အဲဒီထဲမှာ သဘာဝဓာ တ်ငွေ့ရောင်းလို့ရတဲ့ ဝင်ငွေကလည်း […]

 175 total views

စစ်တွေက ပထမဦးဆုံး ပုဂ္ဂလိက ရေကူးကန်

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ပင်လယ်ကမ်းရိုးတမ်းဒေသတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ မိုးကြီးရေလျှံတာ၊ ရေကြီးတာတွေကို နှစ်စဉ်ခံစားရလေ့ရှိပါတယ်။ ဒီလို အရေးပေါ် အခြေအနေတွေကြုံလာရင် မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ တချို့အခြေခံအချက်လေးတွေကို တတ်မြောက်ထားဖို့အရေးကြီး ပါတယ်။ ဒီလိုတတ်မြောက်ထားသင့်တဲ့ထဲမှာ ရေကူးပညာဟာလည်း ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်မှာ လက်ရှိ အနေအထားအရ ပြောရမယ်ဆိုရင် မြစ်ချောင်းနဲ့ ပင်လယ်တွေပေါများသလောက် ရေကူးကန်တွေဖွင့်လှစ်ပြီး ရေကူးသင်တန်းပေးတာတွေ အခု ၂၁ ရာစုအထိ ရှိလာသေးတာ […]

 224 total views

ပညာရေးနယ်ပယ်မှာ အမှောင်ခွင်းပြီး အလင်းဆောင်စေလိုသူ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း ဒီဘက်ခေတ်မှာတော့ နေရာတိုင်းမှာ လူငယ်တွေ ဦးဆောင်မှုကို တွေ့မြင်ရတာ မဆန်းတော့ပါဘူး။ အောင်မြင်နေတာဖြစ်ဖြစ် ကြိုးစားနေဆဲဖြစ်ဖြစ် မြင်ရတာဟာ ရိုးအီနေကြပါပြီ။ ဒါပေမယ့် ရခိုင်ပြည်နယ်လို ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ဒေသမှာ စွန့်ဦးတီထွင် လူငယ်များအဖို့ကတော့ ထူးခြားပါတယ်။ မိဘမျိုးရိုးက ချမ်းသာပြီး၊ အသိုင်းအဝန်းကပါ ပံ့ပိုးမှုကြောင့် ဦးဆောင်နေရာကို ရှိနှင့်ပြီး အစွမ်းအစနှင့် ထပ်မံ ဆန်းသစ်တီထွင်ကြတာမျိုး မဟုတ်ဘဲ နွမ်းပါးတဲ့မိဘနှစ်ပါးကနေ […]

 240 total views

သုဿနာ|ခေတ်တစ်ခုရဲ့ ပြယုဂ် ရခိုင်ရှေးခေတ်အိမ်များ

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း အခုခေတ်လူငယ်တွေအနေနဲ့ ယခင် ခေတ်တွေကို မမှီလိုက်ကြပေမယ့် အဲဒီခေတ်ရဲ့သားကောင်တွေဖြစ်ခဲ့တဲ့ မိဘ ဘိုးဘွားတွေ ပြောပြလို့ သိသူတွေလည်း ရှိသလို မသိကြသေးသူတွေလည်း ရှိမှာပါ။ ဒီအကြောင်းတွေနဲ့ဆက်နွှယ်ပြီး ဇာတ်လမ်းလေး တစ်ပုဒ် အကြောင်းကို ပြောပြပေးချင်ပါတယ်။ ရခိုင်ဒေသခံတချို့က ပြောက်ကျားခေတ်၊ ဓါးပြခေတ်နဲ့ အဲဒီခေတ်နှစ်ခုရဲ့ ကြားကာလ စသဖြင့် ခေါ်ဝေါ်ကြတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ကျော်လောက်က […]

 229 total views